ဖုန်းအော်ပရေတာထံမှ ကံစမ်းမဲပေါက်သည်ဆိုသော လိမ်လည်မှုများ ခပ်စိပ်စိပ်ဖြစ်လာ
5011
သုတကျော် (NP News) - ဇွန် ၃ဝ
ဖုန်းအော်ပရေတာထံက ကံစမ်းမဲပေါက် သည်ဟုဆိုကာ လိမ်လည်သည့်ဖြစ်စဉ်များ ယခုနောက်ပိုင်းတွင် စိပ်လာပြီးပိရိသည့်အတွက် ဗဟုသုတနည်းပါသော အခြေခံပြည်သူအများစု အလိမ်ခံနေရကြောင်း အဆိုပါလိမ်လည် သည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ လိုက်လံသုတေ သနပြုစုံစမ်းနေသူတစ်ဦးက NP News ကို ပြောသည်။
ဆက်သွယ်ရေးအော်ပရေတာတစ်ခုခု၏ အမည်ကိုအသုံးပြုကာ ကံစမ်းမဲပေါက်ကြောင်းနှင့် ဆုငွေ ထုတ်ယူရန်အတွက် ဖုန်းဘေလ် ပမာဏတစ်ခုကို ထည့်သွင်းရန် စေခိုင်းခြင်းဖြစ်ကြောင်း ၎င်းဆိုသည်။
‘သူတို့က ကံစမ်းမဲပေါက်တယ်ဆိုပြီး မက်လောက်စရာငွေပမာဏတစ်ခုကိုပြောတယ်။ ပြီးရင် အဲဒီငွေကို ထုတ်ဖို့ အတွက် ဖုန်းဘေလ်သောင်း ဂဏန်းဖြည့်ပေးဖို့ပြောတယ်။ ကျွန်တော်မေးကြည့် သလောက်တော့ အများဆုံးသုံးသောင်း လောက်ပဲ တောင်းတာ။ ပြီးရင် ငွေဝင်၊ မဝင်ကို သူတို့ စစ်မယ်ပေါ့။ အဲဒီအတွက် တစ်ခါသုံး OTP ကုတ်ပေးမယ် ပြော တာ။ ပြီးတော့ တစ်ဖက်မှာ သူတို့ကသက်ဆိုင်တဲ့ အော်ပရေတာရဲ့ APP ကို ဖွင့်ထားတယ်။ ဒါက သူတို့ လိမ်တဲ့ပုံစံပေါ့နော်။ ဒီဘက်ကို OTP ဝင်ရင် သူတို့ဘက်ကို ပြောပါပေါ့။ ပြီးတော့ သူတို့က APP ထဲက ခုနက OTP ကုတ်ကိုယူ၊ ရိုက်ထည့် ဖွင့်ပြီးဖြည့် ထားတဲ့ ဖုန်းဘေလ်သုံးသောင်းကို ယူသွားမှာ။ ပြီးရင် ဖုန်းဆက် လည်းကိုင်တော့မှာမဟုတ်ဘူး’ ဟု ၎င်းက ဆိုသည်။
ထိုသို့ လိမ်လည်သည့် ဖြစ်စဉ်များမှာ ယခု နောက်ပိုင်းကာလများတွင် ပိုမိုများပြားလာပြီး အလားတူ ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်လာသည်ကို တွေ့ မြင်ရကြောင်း ၎င်းကဆိုသည်။
‘အဲဒါမျိုးက ခဏခဏကို တွေ့နေရတယ်။ ပိုပြီး စိပ်လာတယ်ပြောရမယ်။ သူတို့က မသိနားမ လည်တဲ့သူတွေကို ပစ်မှတ်ထားလာတဲ့ သဘောမျိုးပဲ။ အော်ပရေတာတွေက OTP မပေးပါနဲ့ ဘယ်လောက်ပဲပြောပြော နားမလည်တဲ့သူ ကတော့ ဪသာ် ဒါလေးပေးလို့ ဘာဖြစ်မှာလဲဆိုပြီး ပေးလိုက်တာ များတယ်။ လိမ်တာက ရိုးရှင်းတယ်။ ဒါပေမဲ့ မသိတဲ့သူအတွက်ကတော့ ပိုက်ဆံ သုံးသောင်းပါသွားမှာပဲ။ ပမာဏကနည်းပေမယ့် တစ်နေ့တစ်နေ့ သူတို့ လူဘယ်နှ ယောက်ကို ပစ်မှတ်ထားနေမလဲ မသိနိုင်ဘူး’ ဟု ၎င်းက ဆိုသည်။
အလားတူ လိမ်လည်နည်းဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက လိမ်လည်ရန်အတွက် ဆက်သွယ်ခြင်း ခံရသူ အမျိုးသမီး တစ်ဦးဖြစ်သည့် မမီမီကျော်ကမူ ၎င်း၏ဖုန်းကို နံနက်ပိုင်းအချိန်တွင် ဆက်လာပြီး ကံစမ်းမဲပေါက်သည်ဟု ပြောကြောင်း ဆိုသည်။ ‘မနက်ပိုင်း ၈ နာရီလောက်မှာ မဲပေါက်တယ်ဆိုပြီးပြောတယ်။ ၁၀ သိန်းပေါက်တယ် ဖုန်းဘေလ်တော့ သုံးသောင်း ဖြည့်ရမယ်ပေါ့။ ပြီးရင် ငွေလွှဲပေးမယ်ပြောတယ်။ ကျွန်မကတော့မယုံတော့ ငွေမလွှဲပါဘူး။ ဖုန်းဆက် တဲ့အသံက အမျိုးသမီးတစ်ယောက်အသံပါ။ ဒါပေမဲ့ သူတို့ ဘယ်လိုလိမ်မလဲသိချင်တော့ OTP ပေးလိုက် မိတယ်။ အဲဒါ ဖုန်းဘေလ်(၂)ထောင်လောက် ကျန်တာကို လွှဲယူသွားတယ်’ဟု ၎င်းကဆိုသည်။
zawgyi version
ဖုန္းေအာ္ပေရတာထံမွ ကံစမ္းမဲေပါက္သည္ဆိုေသာ လိမ္လည္မႈမ်ား ခပ္စိပ္စိပ္ျဖစ္လာ
သုတေက်ာ္ (NP News) - ဇြန္ ၃ဝ
ဖုန္းေအာ္ပေရတာထံက ကံစမ္းမဲေပါက္ သည္ဟုဆိုကာ လိမ္လည္သည့္ျဖစ္စဥ္မ်ား ယခုေနာက္ပိုင္းတြင္ စိပ္လာၿပီးပိရိသည့္အတြက္ ဗဟုသုတနည္းပါေသာ အေျခခံျပည္သူအမ်ားစု အလိမ္ခံေနရေၾကာင္း အဆိုပါလိမ္လည္ သည့္ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ လိုက္လံသုေတ သနျပဳစုံစမ္းေနသူတစ္ဦးက NP News ကို ေျပာသည္။
ဆက္သြယ္ေရးေအာ္ပေရတာတစ္ခုခု၏ အမည္ကိုအသုံးျပဳကာ ကံစမ္းမဲေပါက္ေၾကာင္းႏွင့္ ဆုေငြ ထုတ္ယူရန္အတြက္ ဖုန္းေဘလ္ ပမာဏတစ္ခုကို ထည့္သြင္းရန္ ေစခိုင္းျခင္းျဖစ္ေၾကာင္း ၎ဆိုသည္။
‘သူတို႔က ကံစမ္းမဲေပါက္တယ္ဆိုၿပီး မက္ေလာက္စရာေငြပမာဏတစ္ခုကိုေျပာတယ္။ ၿပီးရင္ အဲဒီေငြကို ထုတ္ဖို႔ အတြက္ ဖုန္းေဘလ္ေသာင္း ဂဏန္းျဖည့္ေပးဖို႔ေျပာတယ္။ ကြၽန္ေတာ္ေမးၾကည့္ သေလာက္ေတာ့ အမ်ားဆုံးသုံးေသာင္း ေလာက္ပဲ ေတာင္းတာ။ ၿပီးရင္ ေငြဝင္၊ မဝင္ကို သူတို႔ စစ္မယ္ေပါ့။ အဲဒီအတြက္ တစ္ခါသုံး OTP ကုတ္ေပးမယ္ ေျပာ တာ။ ၿပီးေတာ့ တစ္ဖက္မွာ သူတို႔ကသက္ဆိုင္တဲ့ ေအာ္ပေရတာရဲ႕ APP ကို ဖြင့္ထားတယ္။ ဒါက သူတို႔ လိမ္တဲ့ပုံစံေပါ့ေနာ္။ ဒီဘက္ကို OTP ဝင္ရင္ သူတို႔ဘက္ကို ေျပာပါေပါ့။ ၿပီးေတာ့ သူတို႔က APP ထဲက ခုနက OTP ကုတ္ကိုယူ၊ ႐ိုက္ထည့္ ဖြင့္ၿပီးျဖည့္ ထားတဲ့ ဖုန္းေဘလ္သုံးေသာင္းကို ယူသြားမွာ။ ၿပီးရင္ ဖုန္းဆက္ လည္းကိုင္ေတာ့မွာမဟုတ္ဘူး’ ဟု ၎က ဆိုသည္။
ထိုသို႔ လိမ္လည္သည့္ ျဖစ္စဥ္မ်ားမွာ ယခု ေနာက္ပိုင္းကာလမ်ားတြင္ ပိုမိုမ်ားျပားလာၿပီး အလားတူ ျဖစ္စဥ္မ်ိဳး မၾကာခဏ ျဖစ္လာသည္ကို ေတြ႕ ျမင္ရေၾကာင္း ၎ကဆိုသည္။
‘အဲဒါမ်ိဳးက ခဏခဏကို ေတြ႕ေနရတယ္။ ပိုၿပီး စိပ္လာတယ္ေျပာရမယ္။ သူတို႔က မသိနားမ လည္တဲ့သူေတြကို ပစ္မွတ္ထားလာတဲ့ သေဘာမ်ိဳးပဲ။ ေအာ္ပေရတာေတြက OTP မေပးပါနဲ႔ ဘယ္ေလာက္ပဲေျပာေျပာ နားမလည္တဲ့သူ ကေတာ့ ဪသာ္ ဒါေလးေပးလို႔ ဘာျဖစ္မွာလဲဆိုၿပီး ေပးလိုက္တာ မ်ားတယ္။ လိမ္တာက ႐ိုးရွင္းတယ္။ ဒါေပမဲ့ မသိတဲ့သူအတြက္ကေတာ့ ပိုက္ဆံ သုံးေသာင္းပါသြားမွာပဲ။ ပမာဏကနည္းေပမယ့္ တစ္ေန႔တစ္ေန႔ သူတို႔ လူဘယ္ႏွ ေယာက္ကို ပစ္မွတ္ထားေနမလဲ မသိႏိုင္ဘူး’ ဟု ၎က ဆိုသည္။
အလားတူ လိမ္လည္နည္းျဖင့္ ၿပီးခဲ့သည့္ရက္ပိုင္းက လိမ္လည္ရန္အတြက္ ဆက္သြယ္ျခင္း ခံရသူ အမ်ိဳးသမီး တစ္ဦးျဖစ္သည့္ မမီမီေက်ာ္ကမူ ၎၏ဖုန္းကို နံနက္ပိုင္းအခ်ိန္တြင္ ဆက္လာၿပီး ကံစမ္းမဲေပါက္သည္ဟု ေျပာေၾကာင္း ဆိုသည္။ ‘မနက္ပိုင္း ၈ နာရီေလာက္မွာ မဲေပါက္တယ္ဆိုၿပီးေျပာတယ္။ ၁၀ သိန္းေပါက္တယ္ ဖုန္းေဘလ္ေတာ့ သုံးေသာင္း ျဖည့္ရမယ္ေပါ့။ ၿပီးရင္ ေငြလႊဲေပးမယ္ေျပာတယ္။ ကြၽန္မကေတာ့မယုံေတာ့ ေငြမလႊဲပါဘူး။ ဖုန္းဆက္ တဲ့အသံက အမ်ိဳးသမီးတစ္ေယာက္အသံပါ။ ဒါေပမဲ့ သူတို႔ ဘယ္လိုလိမ္မလဲသိခ်င္ေတာ့ OTP ေပးလိုက္ မိတယ္။ အဲဒါ ဖုန္းေဘလ္(၂)ေထာင္ေလာက္ က်န္တာကို လႊဲယူသြားတယ္’ဟု ၎ကဆိုသည္။