EAO အချို့၏စစ်ရေးအောင်ပွဲများသည်ယာယီမျှသာဖြစ်ပြီး နယ်မြေသိမ်းနိုင်ရုံဖြင့် အာမခံချက်ရှိသော အမျိုးသားအခွင့်အရေးကို မရရှိနိုင်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော

 643

မြူနစ် (NP News) - ဇွန် ၃ဝ

EAO အချို့၏ စစ်ရေးအောင်ပွဲများသည် ယာယီမျှသာဖြစ်ပြီး နယ်မြေသိမ်းနိုင်ရုံဖြင့် အာမခံချက်ရှိသော အမျိုးသားအခွင့်အရေးကို မရရှိနိုင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက NP News ကို ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် စစ်ရေးအရ အသာစီးရခြင်းနှင့် နယ်မြေသိမ်းနိုင်သည့် အခြေအနေများကို တွေ့ရှိရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူး ကြီးခွန်ဥက္ကာကဆိုသည်။

‘ကျွန်တော်တို့ EAO တွေကတော့ လက်ရှိဗဟိုချက်မှာ အားနည်းနေတဲ့အခါကျတော့ တစ်သက်လုံး အင်အားကြီး တဲ့ တပ်မတော်ဆိုတာကြီးက အခုဆိုရင် အင်အားအနည်းဆုံးအခြေအနေဖြစ်တယ်။ စစ်ဘက်ရေးရာ အကျဆုံးအခြေ အနေဖြစ်တော့ စစ်ရေးအရ အသားစီရတာတွေ၊ နယ်မြေသိမ်းတာတွေ ကျွန်တော်တို့တွေ့ရပါတယ်။ သို့သော် နယ်မြေ တစ်ခုလုံးကို သိမ်းထားသော်လည်းပဲ တရားဝင်မှုပေါ့၊ နိုင်ငံရေးအရ တရားဝင်မှုကတော့ ရချင်မှရမှာပေါ့’ဟု ၎င်းကပြောသည်။

မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ဖြစ်သော ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA ၊ တအာင်းလက်နက် ကိုင်အဖွဲ့ TNLA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများကို စတင်ဖော်ဆောင်ကာ မြို့နယ်အချို့ကို သိမ်းပိုက်နိုင်ခဲ့သည့် အခြေအနေရှိခဲ့သည်။ ‘အခုလက်နက်နဲ့ တိုက်နေကြရင်တော့ အောင်ပွဲရရင် တစ်ဖက်ကအားနည်းတုန်း တစ်ဖက်က ခဏယာယီသာမယ်။ နောက်တစ်ဖက်က အားပြန်များလာရင် တစ်ဖက်က အားပြန်နည်းမယ်။ အဲဒီလိုနဲ့ နိမ့်တုန်၊ မြင့်တုန်ပေါ့ဗျာ လက်နက်ကိုင်တိုက်ပွဲရဲ့ သဘောက လက်နက်ကိုင်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးရသွားတယ်၊ လက်နက် ကိုင်တိုက်ပွဲကြောင့် နိုင်ငံရေးရလဒ်တွေ ထွက်သွားတယ်ဆိုတာတော့ ကျွန်တော်တော့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

အလားတူ ရခိုင်ပြည်နယ်တွင်လည်း ရခိုင်လက်နက်ကိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် မြို့အချို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်နေသည့် သဘောရှိနေသည်။
‘နယ်မြေသိမ်းနိုင်ရုံနဲ့တော့ တရားဝင်သွားတယ်၊ ကိုယ့်အမျိုးသားအခွင့်အရေးတွေ ရသွားတယ် ဆိုတာက တော့ မရှိပါဘူး။ အားလုံးက ညှိနှိုင်းအဖြေရှာ ပြီးတော့ အားလုံးသဘောတူပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲရလဒ်နဲ့မှ အာမခံရှိသော ဒီအမျိုးသားအခွင့်အရေးတွေကို ရမှာဖြစ်ပါတယ်လို့ ဖြည့်စွက်ပြော ကြားချင်ပါတယ်’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြောသည်။

နိုင်ငံရေးသဘောတူညီချက်မရရှိဘဲ စစ်ရေး သက်သက်ဖြင့် ငြိမ်းချမ်းရေးရရှိရန်၊ နိုင်ငံရေးအခွင့် အရေးရရှိရန် မဖြစ်နိုင်သေးကြောင်းနှင့် လက်ရှိစစ်ရေးအောင်ပွဲများသည် ယာယီမျှသာဖြစ်ကြောင်း ၎င်းကဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြို့ရွာနယ်မြေများကို လက်နက်ကိုင် တိုက်ယူခဲ့ခြင်းသည် တည်မြဲမှုမရှိနိုင်ကြောင်းနှင့် တပ်မတော်ဘက်ကလည်း ပြန်လည်တိုက်ခိုက်ရယူနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးပါတီအချို့က သုံးသပ်ထားသည်။
ထို့ပြင် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း လက်နက်ဖြင့် နယ်မြေများကို ရယူခြင်းသည် တရားဝင်မှုမရှိကြောင်း လွန်ခဲ့သော အစည်းအဝေးများအတွင်း၌ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

‘ငြိမ်းချမ်းရေးကတော့ နိုင်ငံရေးသဘောတူညီချက်နဲ့မှငြိမ်းနိုင်တာကို။ ဒါကြောင့် ဒီနိုင်ငံရေးသဘော တူညီချက် မရဘဲနဲ့ စစ်ရေးသက်သက်နဲ့ပဲ ငြိမ်းချမ်းရေးရဖို့၊ နိုင်ငံရေးအခွင့်အရေးရဖို့ မဖြစ်နိုင်သေးဘူး။ စစ်ရေးအောင်ပွဲတွေဟာ ယာယီမျှသာဖြစ်တယ်။ တကယ့်အနှစ်သာရရှိရှိ တွေ့ဆုံဆွေးနွေးပြီးတော့ သဘောတူလက်မှတ်ရေးထိုးတဲ့ စာချုပ်စာ တမ်းတွေ၊ နိုင်ငံရေးရ လဒ်တွေ၊ အဲဒီကနေတစ်ဆင့် ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်ဖြင့် အများသဘော တူပေါ်လာရင်တော့ အဲဒါမှ ငြိမ်းချမ်းတယ်။ ပဋိပက္ခတွေ ချုပ်ငြိမ်းတယ်ဆိုတာ ဖြစ်နိုင်တယ်’ဟု PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ် ပြောကြားသည်။
လက်ရှိအချိန်တွင် တပ်မတော်နှင့် AA၊ ကချင် လက်နက်ကိုင်အဖွဲ့ KIA၊ ကရင်အမျိုးသားအစည်း အရုံး KNU ၊ CNF ၊ KNPP တို့ကြားတွင် နယ်မြေ အသီးသီး၌ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

zawgyi version
EAO အခ်ိဳ႕၏စစ္ေရးေအာင္ပြဲမ်ားသည္ယာယီမွ်သာျဖစ္ၿပီး နယ္ေျမသိမ္းႏိုင္႐ုံျဖင့္ အာမခံခ်က္ရွိေသာ အမ်ိဳးသားအခြင့္အေရးကို မရရွိႏိုင္ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာေျပာ
ျမဴနစ္ (NP News) - ဇြန္ ၃ဝ

EAO အခ်ိဳ႕၏ စစ္ေရးေအာင္ပြဲမ်ားသည္ ယာယီမွ်သာျဖစ္ၿပီး နယ္ေျမသိမ္းႏိုင္႐ုံျဖင့္ အာမခံခ်က္ရွိေသာ အမ်ိဳးသားအခြင့္အေရးကို မရရွိႏိုင္ေၾကာင္း ဗိုလ္မႉးႀကီး ခြန္ဥကၠာက NP News ကို ေျပာသည္။

လက္ရွိတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕သည္ စစ္ေရးအရ အသာစီးရျခင္းႏွင့္ နယ္ေျမသိမ္းႏိုင္သည့္ အေျခအေနမ်ားကို ေတြ႕ရွိရေၾကာင္း ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ ေရးအဖြဲ႕ခ်ဳပ္ (PNLO) ဦးေဆာင္နာယက ဗိုလ္မႉး ႀကီးခြန္ဥကၠာကဆိုသည္။

‘ကြၽန္ေတာ္တို႔ EAO ေတြကေတာ့ လက္ရွိဗဟိုခ်က္မွာ အားနည္းေနတဲ့အခါက်ေတာ့ တစ္သက္လုံး အင္အားႀကီး တဲ့ တပ္မေတာ္ဆိုတာႀကီးက အခုဆိုရင္ အင္အားအနည္းဆုံးအေျခအေနျဖစ္တယ္။ စစ္ဘက္ေရးရာ အက်ဆုံးအေျခ အေနျဖစ္ေတာ့ စစ္ေရးအရ အသားစီရတာေတြ၊ နယ္ေျမသိမ္းတာေတြ ကြၽန္ေတာ္တို႔ေတြ႕ရပါတယ္။ သို႔ေသာ္ နယ္ေျမ တစ္ခုလုံးကို သိမ္းထားေသာ္လည္းပဲ တရားဝင္မႈေပါ့၊ ႏိုင္ငံေရးအရ တရားဝင္မႈကေတာ့ ရခ်င္မွရမွာေပါ့’ဟု ၎ကေျပာသည္။

ေျမာက္ပိုင္းမဟာမိတ္ (၃)ဖြဲ႕ျဖစ္ေသာ ကိုးကန႔္ လက္နက္ကိုင္အဖြဲ႕ MNDAA ၊ တအာင္းလက္နက္ ကိုင္အဖြဲ႕ TNLA ၊ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔သည္ ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာ ၂၇ ရက္တြင္ ၁၀၂၇ စစ္ဆင္ေရး အမည္ျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တိုက္ပြဲမ်ားကို စတင္ေဖာ္ေဆာင္ကာ ၿမိဳ႕နယ္အခ်ိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့သည့္ အေျခအေနရွိခဲ့သည္။ ‘အခုလက္နက္နဲ႔ တိုက္ေနၾကရင္ေတာ့ ေအာင္ပြဲရရင္ တစ္ဖက္ကအားနည္းတုန္း တစ္ဖက္က ခဏယာယီသာမယ္။ ေနာက္တစ္ဖက္က အားျပန္မ်ားလာရင္ တစ္ဖက္က အားျပန္နည္းမယ္။ အဲဒီလိုနဲ႔ နိမ့္တုန္၊ ျမင့္တုန္ေပါ့ဗ်ာ လက္နက္ကိုင္တိုက္ပြဲရဲ႕ သေဘာက လက္နက္ကိုင္တိုက္ပြဲေၾကာင့္ ၿငိမ္းခ်မ္းေရးရသြားတယ္၊ လက္နက္ ကိုင္တိုက္ပြဲေၾကာင့္ ႏိုင္ငံေရးရလဒ္ေတြ ထြက္သြားတယ္ဆိုတာေတာ့ ကြၽန္ေတာ္ေတာ့ မျဖစ္ႏိုင္ဘူးလို႔ ယူဆပါတယ္’ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာကေျပာသည္။

အလားတူ ရခိုင္ျပည္နယ္တြင္လည္း ရခိုင္လက္နက္ကိုင္အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ ၁၃ ရက္မွစတင္ကာ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့ၿပီး လက္ရွိတြင္ ၿမိဳ႕အခ်ိဳ႕ကို သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ေနသည့္ သေဘာရွိေနသည္။
‘နယ္ေျမသိမ္းႏိုင္႐ုံနဲ႔ေတာ့ တရားဝင္သြားတယ္၊ ကိုယ့္အမ်ိဳးသားအခြင့္အေရးေတြ ရသြားတယ္ ဆိုတာက ေတာ့ မရွိပါဘူး။ အားလုံးက ညႇိႏႈိင္းအေျဖရွာ ၿပီးေတာ့ အားလုံးသေဘာတူၿပီးေတာ့မွ ႏိုင္ငံေရး ေဆြးေႏြးပြဲရလဒ္နဲ႔မွ အာမခံရွိေသာ ဒီအမ်ိဳးသားအခြင့္အေရးေတြကို ရမွာျဖစ္ပါတယ္လို႔ ျဖည့္စြက္ေျပာ ၾကားခ်င္ပါတယ္’ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာက ဆက္လက္ေျပာသည္။

ႏိုင္ငံေရးသေဘာတူညီခ်က္မရရွိဘဲ စစ္ေရး သက္သက္ျဖင့္ ၿငိမ္းခ်မ္းေရးရရွိရန္၊ ႏိုင္ငံေရးအခြင့္ အေရးရရွိရန္ မျဖစ္ႏိုင္ေသးေၾကာင္းႏွင့္ လက္ရွိစစ္ေရးေအာင္ပြဲမ်ားသည္ ယာယီမွ်သာျဖစ္ေၾကာင္း ၎ကဆိုသည္။ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ၿမိဳ႕႐ြာနယ္ေျမမ်ားကို လက္နက္ကိုင္ တိုက္ယူခဲ့ျခင္းသည္ တည္ၿမဲမႈမရွိႏိုင္ေၾကာင္းႏွင့္ တပ္မေတာ္ဘက္ကလည္း ျပန္လည္တိုက္ခိုက္ရယူႏိုင္ဖြယ္ရွိေၾကာင္း ႏိုင္ငံေရးပါတီအခ်ိဳ႕က သုံးသပ္ထားသည္။
ထို႔ျပင္ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း လက္နက္ျဖင့္ နယ္ေျမမ်ားကို ရယူျခင္းသည္ တရားဝင္မႈမရွိေၾကာင္း လြန္ခဲ့ေသာ အစည္းအေဝးမ်ားအတြင္း၌ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။

‘ၿငိမ္းခ်မ္းေရးကေတာ့ ႏိုင္ငံေရးသေဘာတူညီခ်က္နဲ႔မွၿငိမ္းႏိုင္တာကို။ ဒါေၾကာင့္ ဒီႏိုင္ငံေရးသေဘာ တူညီခ်က္ မရဘဲနဲ႔ စစ္ေရးသက္သက္နဲ႔ပဲ ၿငိမ္းခ်မ္းေရးရဖို႔၊ ႏိုင္ငံေရးအခြင့္အေရးရဖို႔ မျဖစ္ႏိုင္ေသးဘူး။ စစ္ေရးေအာင္ပြဲေတြဟာ ယာယီမွ်သာျဖစ္တယ္။ တကယ့္အႏွစ္သာရရွိရွိ ေတြ႕ဆုံေဆြးေႏြးၿပီးေတာ့ သေဘာတူလက္မွတ္ေရးထိုးတဲ့ စာခ်ဳပ္စာ တမ္းေတြ၊ ႏိုင္ငံေရးရ လဒ္ေတြ၊ အဲဒီကေနတစ္ဆင့္ ေပၚလာတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ စသည္ျဖင့္ အမ်ားသေဘာ တူေပၚလာရင္ေတာ့ အဲဒါမွ ၿငိမ္းခ်မ္းတယ္။ ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းတယ္ဆိုတာ ျဖစ္ႏိုင္တယ္’ဟု PNLO ဦးေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာက သုံးသပ္ ေျပာၾကားသည္။
လက္ရွိအခ်ိန္တြင္ တပ္မေတာ္ႏွင့္ AA၊ ကခ်င္ လက္နက္ကိုင္အဖြဲ႕ KIA၊ ကရင္အမ်ိဳးသားအစည္း အ႐ုံး KNU ၊ CNF ၊ KNPP တို႔ၾကားတြင္ နယ္ေျမ အသီးသီး၌ တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.