ဂျပန်မှာ လူကြီးဖြည့်စွက်စာနဲ့ဆက်စပ်ပြီး သေဆုံးမှု ၈ဝ ဦးအထိ ရှိနေ
1258
ရောင်နီ (NP News) - ဇွန် ၂၉
ဂျပန်နိုင်ငံမှာ ဖြန့်ဖြူးရောင်းချနေတဲ့ ဂျပန်ဆေးဝါးကုမ္ပဏီတစ်ခုမှ ထုတ်လုပ်တဲ့ လူကြီး ဖြည့်စွက်စာနဲ့ဆက်နွယ် သေဆုံးသူ ၈၀ ဦးထိ ရှိနေတယ်လို့ နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆေးကုမ္ပဏီကြီးကတော့ Kobayashi Pharmaceutical ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ၄င်းရဲ့ CholesteHelp ဖြည့်စွက်ဆန်နဲ့ဆက်စပ်ပြီး သေဆုံးမှုငါးဦး တွေ့ရှိလာရတာကနေ ဆက်လက်စုံစမ်းခဲ့ရာမှာ ဒီနေ့ထိအတွင်း အဆိုပါ ဖြည့်စွက်ဆေးနဲ့ဆက်နွယ်ပြီး ဆေးရုံတက်ရသူ ၂၈၉ ဦး၊ သေဆုံးသူ ၈ဝ ကျော်ထိ ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ "ကိုလက်စထရော လျှော့ချပေးနိုင်တယ်" လို့ ဆိုထားတဲ့ အဆိုပါဖြည့်စွက်စာမှာ မှိုထွက်ပစ္စည်းတစ်ခုဖြစ်တဲ့ အဆိပ်ပြင်းတဲ့ puberulic acid ပါ၀င်နေတယ်လို့ ဂျပန်ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
CholesteHelp ဖြည့်စွက်အားဆေးဟာ ဂျပန်၊ တရုတ်နဲ့ အမေရိကန်မှာပါ ဖြန့်ဖြူးရောင်းချနေတဲ့ ဆေးဖြစ်တာ ကြောင့် ၎င်းတို့ကို ဆိုင်တွေမှ ပြန်လည်သိမ်းဆည်းနေတယ်လို့ သိရပါတယ်။ ကုမ္ပဏီကလည်း ဖြည့်စွက်ဆေးဝါးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုထားပါတယ်။
Kobayashi Pharmaceutical ဆိုတဲ့ ကုမ္ပဏီဟာ ၁၉၁၉ ခုနှစ်မှာ စတင်တည်ထောင်ပြီး ကျန်းမာရေးဆိုင်ရာ ဖြည့်စွက်စာတွေနဲ့ ကျန်းမာရေးဆိုင်ရာထုတ်ကုန်များကို အဓိက ထုတ်လုပ်ပါတယ်။
Zawgyi Version;
ဂ်ပန္မွာ လူႀကီးျဖည့္စြက္စာနဲ႔ဆက္စပ္ၿပီး ေသဆုံးမႈ ၈ဝ ဦးအထိ ရွိေန
ေရာင္နီ (NP News) - ဇြန္ ၂၉
ဂ်ပန္ႏိုင္ငံမွာ ျဖန႔္ျဖဴးေရာင္းခ်ေနတဲ့ ဂ်ပန္ေဆးဝါးကုမၸဏီတစ္ခုမွ ထုတ္လုပ္တဲ့ လူႀကီး ျဖည့္စြက္စာနဲ႔ဆက္ႏြယ္ ေသဆုံးသူ ၈၀ ဦးထိ ရွိေနတယ္လို႔ ႏိုင္ငံက်န္းမာေရးဝန္ႀကီးဌာနက ဇြန္လ ၂၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ေဆးကုမၸဏီႀကီးကေတာ့ Kobayashi Pharmaceutical ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မတ္လက ၄င္းရဲ႕ CholesteHelp ျဖည့္စြက္ဆန္နဲ႔ဆက္စပ္ၿပီး ေသဆုံးမႈငါးဦး ေတြ႕ရွိလာရတာကေန ဆက္လက္စုံစမ္းခဲ့ရာမွာ ဒီေန႔ထိအတြင္း အဆိုပါ ျဖည့္စြက္ေဆးနဲ႔ဆက္ႏြယ္ၿပီး ေဆး႐ုံတက္ရသူ ၂၈၉ ဦး၊ ေသဆုံးသူ ၈ဝ ေက်ာ္ထိ ရွိလာခဲ့ျခင္းျဖစ္ပါတယ္။ "ကိုလက္စထေရာ ေလွ်ာ့ခ်ေပးႏိုင္တယ္" လို႔ ဆိုထားတဲ့ အဆိုပါျဖည့္စြက္စာမွာ မႈိထြက္ပစၥည္းတစ္ခုျဖစ္တဲ့ အဆိပ္ျပင္းတဲ့ puberulic acid ပါ၀င္ေနတယ္လို႔ ဂ်ပန္က်န္းမာေရးအရာရွိေတြက ေျပာပါတယ္။
CholesteHelp ျဖည့္စြက္အားေဆးဟာ ဂ်ပန္၊ တ႐ုတ္နဲ႔ အေမရိကန္မွာပါ ျဖန႔္ျဖဴးေရာင္းခ်ေနတဲ့ ေဆးျဖစ္တာ ေၾကာင့္ ၎တို႔ကို ဆိုင္ေတြမွ ျပန္လည္သိမ္းဆည္းေနတယ္လို႔ သိရပါတယ္။ ကုမၸဏီကလည္း ျဖည့္စြက္ေဆးဝါးနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနတယ္လို႔ ဆိုထားပါတယ္။
Kobayashi Pharmaceutical ဆိုတဲ့ ကုမၸဏီဟာ ၁၉၁၉ ခုႏွစ္မွာ စတင္တည္ေထာင္ၿပီး က်န္းမာေရးဆိုင္ရာ ျဖည့္စြက္စာေတြနဲ႔ က်န္းမာေရးဆိုင္ရာထုတ္ကုန္မ်ားကို အဓိက ထုတ္လုပ္ပါတယ္။