အကွာအဝေး(၁၀)မီတာကို အမြန်ဆုံး စကိတ်စီး ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ ကြောင်လေး

 87

Pika (NP News) - ဇွန် ၃ဝ

တရုတ်နိုင်ငံမှ စကိတ်စီးသောကြောင်လေးတစ်ကောင်သည် အကွာအဝေး(၃၂)ပေ (၉ဒသမ၂၈)လက်မကို (၁၂ဒသမ၈၅)စက္ကန့်အတွင်း စကိတ်စီးပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။ Bao Zi အမည်ရှိ ကြောင်လေးသည် အသက် (၁)နှစ်နှင့် (၈)လသားအရွယ်ဖြင့် အကွာအဝေး(၁၀)မီတာကို အလျင်မြန်ဆုံး စကိတ်စီးပြ နိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Bao Zi ၏ ပိုင်ရှင်ဖြစ်သူ ခွေးလေ့ကျင့်ရေး ဆရာ Li Jiang က ၎င်းသည် အဆိုပါကြောင်လေး ကိုအိမ်သို့ခေါ်လာရခြင်း ရည်ရွယ်ချက်မှာ ကြွက်ပြဿနာကို ဖြေရှင်း ရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက"ညတိုင်း ကျွန်တော်တို့ရဲ့ မျက်နှာကျက်မှာ ကြွက်တွေက ပြေးလွှား နေတာပါ။ ဒီကြွက်တွေကို ခြောက်လှန့်ဖို့အတွက် Bao Zi ကို ကျွန်တော် ခေါ်လာခဲ့တာပါ။ ကျွန်တော်ခွေးတွေကို ဆယ်စု နှစ်တစ်ခုကျော်လောက် လေ့ကျင့်ပေးလာတာပါ။ ပြီးတော့ ကျွန်တော့်ခွေးတွေနဲ့အတူ စကိတ်စီးတာကို စတင်လုပ် ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Bao Zi က စကိတ်စီးရတာနှစ်သက်တာကြောင့် စကိတ်စီး လေ့ကျင့်ပေးဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ"ဟုပြော ဆိုခဲ့သည်။ ထို့ပြင် Bao Zi ကြောင်လေးကို စကိတ်စီးကျွမ်းကျင်အောင် တစ်နှစ်ခန့်အချိန်ယူ လေ့ကျင့်ပေးခဲ့ရကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

၎င်းက"ကြောင်တွေဟာ ခွေးတွေလို မြန်မြန် ဆန်ဆန်နဲ့ မသင်ယူ နိုင်တာမလို့ ကြောင်တစ်ကောင်ကို လေ့ကျင့်ပေးရတာ တကယ်ကို ခက်ခဲပါတယ်။ခွေးတွေက တစ်ရက်ပြီး တစ်ရက်တိုး တက်လာပြီး အဲ့ဒါတွေအကုန်လုံးကို မှတ်မိပါတယ်။ ဒါပေမယ့် ကြောင်တွေကတော့ လှည့်ကွက်တွေကို သင်ယူနိုင် ပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ အဲ့ဒါတွေကို မေ့သွား ပါတယ်”ဟုပြောဆိုခဲ့သည်။

zawgyi version
အကြာအေဝး(၁၀)မီတာကို အျမန္ဆုံး စကိတ္စီး ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ ေၾကာင္ေလး
Pika (NP News) - ဇြန္ ၃ဝ

တ႐ုတ္ႏိုင္ငံမွ စကိတ္စီးေသာေၾကာင္ေလးတစ္ေကာင္သည္ အကြာအေဝး(၃၂)ေပ (၉ဒသမ၂၈)လက္မကို (၁၂ဒသမ၈၅)စကၠန႔္အတြင္း စကိတ္စီးျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။ Bao Zi အမည္ရွိ ေၾကာင္ေလးသည္ အသက္ (၁)ႏွစ္ႏွင့္ (၈)လသားအ႐ြယ္ျဖင့္ အကြာအေဝး(၁၀)မီတာကို အလ်င္ျမန္ဆုံး စကိတ္စီးျပ ႏိုင္ခဲ့ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Bao Zi ၏ ပိုင္ရွင္ျဖစ္သူ ေခြးေလ့က်င့္ေရး ဆရာ Li Jiang က ၎သည္ အဆိုပါေၾကာင္ေလး ကိုအိမ္သို႔ေခၚလာရျခင္း ရည္႐ြယ္ခ်က္မွာ ႂကြက္ျပႆနာကို ေျဖရွင္း ရန္အတြက္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

၎က"ညတိုင္း ကြၽန္ေတာ္တို႔ရဲ႕ မ်က္ႏွာက်က္မွာ ႂကြက္ေတြက ေျပးလႊား ေနတာပါ။ ဒီႂကြက္ေတြကို ေျခာက္လွန႔္ဖို႔အတြက္ Bao Zi ကို ကြၽန္ေတာ္ ေခၚလာခဲ့တာပါ။ ကြၽန္ေတာ္ေခြးေတြကို ဆယ္စု ႏွစ္တစ္ခုေက်ာ္ေလာက္ ေလ့က်င့္ေပးလာတာပါ။ ၿပီးေတာ့ ကြၽန္ေတာ့္ေခြးေတြနဲ႔အတူ စကိတ္စီးတာကို စတင္လုပ္ ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Bao Zi က စကိတ္စီးရတာႏွစ္သက္တာေၾကာင့္ စကိတ္စီး ေလ့က်င့္ေပးဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့တာပါ"ဟုေျပာ ဆိုခဲ့သည္။ ထို႔ျပင္ Bao Zi ေၾကာင္ေလးကို စကိတ္စီးကြၽမ္းက်င္ေအာင္ တစ္ႏွစ္ခန႔္အခ်ိန္ယူ ေလ့က်င့္ေပးခဲ့ရေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။

၎က"ေၾကာင္ေတြဟာ ေခြးေတြလို ျမန္ျမန္ ဆန္ဆန္နဲ႔ မသင္ယူ ႏိုင္တာမလို႔ ေၾကာင္တစ္ေကာင္ကို ေလ့က်င့္ေပးရတာ တကယ္ကို ခက္ခဲပါတယ္။ေခြးေတြက တစ္ရက္ၿပီး တစ္ရက္တိုး တက္လာၿပီး အဲ့ဒါေတြအကုန္လုံးကို မွတ္မိပါတယ္။ ဒါေပမယ့္ ေၾကာင္ေတြကေတာ့ လွည့္ကြက္ေတြကို သင္ယူႏိုင္ ေပမယ့္ စကၠန႔္ပိုင္းအတြင္းမွာပဲ အဲ့ဒါေတြကို ေမ့သြား ပါတယ္”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.