မြန်မာနိုင်ငံကိုစစ်လက်နက်ပစ္စည်းများရရှိစေရန် ကူညီနေသည်ဆိုသော စွပ်စွဲချက်များကို ထိုင်း TBA အဖွဲ့ ငြင်းဆန်
2149
ဂျန်ဇက် (NP News) - ဇွန် ၃ဝ
မြန်မာအစိုးရအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရရှိစေရန် ငွေကြေးများ လွှဲပြောင်းပေးနေသည့်ဆိုသော စွပ်စွဲချက်များကို ထိုင်းနိုင်ငံရှိ ဘဏ်အစည်းအရုံး (TBA) ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့၏လူအခွင့်အရေးအထူးကိုယ်စားလှယ်တွန်အန်ဒရူးသည် ဇွန်လ ၂၆ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ထိုင်းဘဏ်များသည် မြန်မာအစိုးရကို စစ်လက်နက်ပစ္စည်းများ ဝယ်ယူရရှိစေရန်အတွက် ကူညီပေးနေကြောင်း၊ မြန်မာအစိုးရ စစ်လက်နက်ဝယ်ယူမှုများတွင် ငွေကြေးလွှဲပြောင်းနိုင်ရန် နိုင်ငံတကာ ဘဏ်ပေါင်း ၁၆ ခု ပါဝင်ပတ်သက်နေကာ ထိုင်းဘဏ် ငါးခု ပါဝင်နေကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ထိုင်းနိုင်ငံ၏ဘဏ်အစည်းအရုံး (TBA) က "အဖွဲ့ဝင်ဘဏ်အားလုံးဟာ ပြည်သူတွေ၊ အဖွဲ့အစည်း တွေနဲ့ နိုင်ငံတွေနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအချက်အလက်တွေကို ရရှိနိုင်အောင် ကိုယ်ပိုင်ယူနစ်တွေ ရှိနေပါတယ်။ စီးပွားရေးမလုပ်ဖို့ တားမြစ်ထားတာတွေလည်း ရှိနေပါတယ်။ ထိုင်းဘဏ်တွေဟာ မြန်မာအစိုးရရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို စစ်လက်နက်ပစ္စည်းတွေ ဒါမှမဟုတ် အခြားစစ်လက်နက်ပစ္စည်းထုတ်ရာမှာ အသုံးပြုတဲ့ကုန်ကြမ်းတွေ ဝယ်ယူရရှိအောင် ကူညီထောက်ပံ့ပေးတာမျိုးမလုပ်ဖို့ဆိုတဲ့ မူဝါဒတွေကို ထိန်းသိမ်း လိုက်နာနေတယ်" ဟု ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံရှိ ဘဏ်များ နှင့် ငွေကြေး အင်စတီကျူရှင်းများသည် အခြားအဓိက ဘဏ္ဍာရေးဝန်ဆောင်မှုအဖွဲ့အစည်းများလိုမျိုး protocols တွေကို လိုက်နာဆောင်ရွက်နေပါတယ်" ဟု ပြောသည်။
Zawgyi Version;
ဂျန်ဇက် (NP News) - ဇွန် ၃ဝ