လူတွေကြောင့် ဆင်တွေ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့ တောရိုင်းတိရစ္ဆာန်ပညာရှင်များ ပြော

 583

ရောင်နီ (NP News) - ဇွန် ၃ဝ

စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ သစ်ခုတ်ခြင်းနဲ့ အခြားလုပ်ဆောင်မှုတွေကြောင့် အရှေ့တောင်အာရှမှာ ဆင်တွေ မျိုးသုဉ်းနိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ ဇွန် ၂၇ ရက်က ထုတ်ပြန်တဲ့ တောရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူတွေရဲ့ အကဲဖြတ်ထားပါတယ်။

တိရစ္ဆာန်မျိုးစိတ်တွေ မျိုးသုဉ်းမယ့်အန္တရာယ်ကို အကဲဖြတ်တဲ့ အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN) ရဲ့အဆိုအရ အခုဆိုရင် တောရိုင်းဘော်နီဆင်ကောင်ရေ ၁,၀၀၀ ခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ထိန်းသိမ်းမှု၊ ကြိုးပမ်းအားထုတ်မှုတွေ မလုပ်ဆောင်ရင် တိရစ္ဆာန်တွေ မျိုးသုဉ်းဖို့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ပြင်းပြင်းထန်ထန်သစ်ခုတ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၇၅ နှစ်အတွင်း ဆင်အကောင်ရေ တော်တော်များများ လျော့နည်းသွားခဲ့ပြီဖြစ်တယ်လို့ IUCN က ဆိုပါတယ်။ ဒါကြောင့် နယ်မြေသတ်မှတ်ချက်နည်းလာတဲ့ ဆင်တွေဟာ အစာရှာဖွေရန် လူသားတွေ ကြီးစိုးရာ စိုက်ပျိုးရေး နယ်မြေတွေဆီ ဝင်ရောက်လာကြပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေး၊ သစ်စိုက်ခင်း၊ သတ္တုတူးဖော်ခြင်းနဲ့ အဓိက အခြေခံအဆောက်အဦ စီမံကိန်းတွေကြောင့် ၄င်းတို့ရဲ့စားကျက်မြေတွေ ပိုဆုံးရှုံးရတယ်လို့ ဆိုပါတယ်။
ဒီအတွက် မလေးရှားနဲ့ အင်ဒိုနီးရှားအစိုးရတွေကတော့ ကော်ပိုရေးရှင်းတွေ၊ ပုဂ္ဂလိက မြေပိုင်ရှင်တွေ၊ ထိန်းသိမ်း ရေးသမားတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်တွေ ချမှတ်ထားပြီး ဆင်တွေ ဘေးကင်းစွာ ရွှေ့ပြောင်းသွားလာနိုင်စေဖို့ စင်္ကြံတွေ ဖန်တီးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါ တယ်။

Zawgyi Version;
လူေတြေၾကာင့္ ဆင္ေတြ မ်ိဳးတုံးေပ်ာက္ကြယ္သြားႏိုင္တယ္လို႔ ေတာ႐ိုင္းတိရစာၦန္ပညာရွင္မ်ား ေျပာ
ေရာင္နီ (NP News) - ဇြန္ ၃ဝ

စိုက္ပ်ိဳးေရး၊ သတၱဳတူးေဖာ္ေရး၊ သစ္ခုတ္ျခင္းနဲ႔ အျခားလုပ္ေဆာင္မႈေတြေၾကာင့္ အေရွ႕ေတာင္အာရွမွာ ဆင္ေတြ မ်ိဳးသုဥ္းႏိုင္တဲ့အႏၲရာယ္ရွိေနတယ္လို႔ ဇြန္ ၂၇ ရက္က ထုတ္ျပန္တဲ့ ေတာ႐ိုင္းတိရစာၦန္ ကြၽမ္းက်င္သူေတြရဲ႕ အကဲျဖတ္ထားပါတယ္။

တိရစာၦန္မ်ိဳးစိတ္ေတြ မ်ိဳးသုဥ္းမယ့္အႏၲရာယ္ကို အကဲျဖတ္တဲ့ အျပည္ျပည္ဆိုင္ရာသဘာဝထိန္းသိမ္းေရးသမဂၢ (IUCN) ရဲ႕အဆိုအရ အခုဆိုရင္ ေတာ႐ိုင္းေဘာ္နီဆင္ေကာင္ေရ ၁,၀၀၀ ခန႔္သာ က်န္ရွိေတာ့တယ္လို႔ သိရပါတယ္။ ထိန္းသိမ္းမႈ၊ ႀကိဳးပမ္းအားထုတ္မႈေတြ မလုပ္ေဆာင္ရင္ တိရစာၦန္ေတြ မ်ိဳးသုဥ္းဖို႔ အႏၲရာယ္ရွိတယ္လို႔ ဆိုပါတယ္။ ျပင္းျပင္းထန္ထန္သစ္ခုတ္မႈေတြေၾကာင့္ လြန္ခဲ့တဲ့ ၇၅ ႏွစ္အတြင္း ဆင္အေကာင္ေရ ေတာ္ေတာ္မ်ားမ်ား ေလ်ာ့နည္းသြားခဲ့ၿပီျဖစ္တယ္လို႔ IUCN က ဆိုပါတယ္။ ဒါေၾကာင့္ နယ္ေျမသတ္မွတ္ခ်က္နည္းလာတဲ့ ဆင္ေတြဟာ အစာရွာေဖြရန္ လူသားေတြ ႀကီးစိုးရာ စိုက္ပ်ိဳးေရး နယ္ေျမေတြဆီ ဝင္ေရာက္လာၾကပါတယ္။

အထူးသျဖင့္ စိုက္ပ်ိဳးေရး၊ သစ္စိုက္ခင္း၊ သတၱဳတူးေဖာ္ျခင္းနဲ႔ အဓိက အေျခခံအေဆာက္အဦ စီမံကိန္းေတြေၾကာင့္ ၄င္းတို႔ရဲ႕စားက်က္ေျမေတြ ပိုဆုံးရႈံးရတယ္လို႔ ဆိုပါတယ္။
ဒီအတြက္ မေလးရွားနဲ႔ အင္ဒိုနီးရွားအစိုးရေတြကေတာ့ ေကာ္ပိုေရးရွင္းေတြ၊ ပုဂၢလိက ေျမပိုင္ရွင္ေတြ၊ ထိန္းသိမ္း ေရးသမားေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ လိုအပ္တဲ့ ထိန္းသိမ္းေစာင့္ေရွာက္ေရးအစီအစဥ္ေတြ ခ်မွတ္ထားၿပီး ဆင္ေတြ ေဘးကင္းစြာ ေ႐ႊ႕ေျပာင္းသြားလာႏိုင္ေစဖို႔ စႀကႍေတြ ဖန္တီးဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါ တယ္။

Related news

© 2021. All rights reserved.