အိန္ဒိယရဲ့သူဋ္ဌေးကြီး ရာတန်တာတာက နေမကောင်းဖြစ်နေတဲ့ ခွေးကလေးအတွက် သွေးအလှူခံနေ
1562
ရောင်နီ (NP News) - ဇွန် ၃ဝ
အိန္ဒိယရဲ့အလွန်ချမ်းသာတဲ့စီးပွားရေးသမားသူဋ္ဌေးကြီး ရာတန်တာတာဟာ သူ့ရဲ့ခွေးလေးတစ်ကောင် နာမကျန်း ဖြစ်နေတာကြောင့် ဆိုရှယ်မီဒီယာကနေတဆင့် အခြားကျန်းမာတဲ့ခွေးလေးတွေဆီမှ အရေးပေါ်သွေး အလှူခံခဲ့ပါ တယ်။
အသက် ၈၆ နှစ် အရွယ် ရာတန်တာတာ ဟာ မွန်ဘိုင်းအခြေစိုက် Tata Group ရဲ့တည်ထောင်သူဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ကုမ္ပဏီရဲ့ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့ပြီးနောက် အိန္ဒိယနိုင်ငံရဲ့လေလွင့်တိရစ္ဆာန်များစွာကို ထိန်းသိမ်းစာင့်ရှောက်မှု တွေ ဆက်တိုက် လုပ်ဆောင်ပေးနေပါတယ်။ သွေးအလှူခံခြင်းကိုတော့ Follower ၉.၁ သန်းရှိတဲ့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်) က post တင်ခဲ့တာဖြစ်ပါတယ်။ ပို့စ်မှာတော့ အပြာရောင် ပတ်တီးနဲ့ ခွေးကလေး တစ်ကောင်ပုံကို ဖော်ပြထားပြီး၊ ၇ လသားအရွယ် ခွေးလေး ခြင်ကိုက်အဖျား နဲ့ အရေးပေါ်သွေးသွင်းဖို့ လိုအပ်နေတာကြောင့် သွေးအလှူခံချင်တယ်လို့ ဖော်ပြခဲ့တာပါ။ ပို့စ်မှာတော့ ခွေးရဲ့ အမည်နဲ့ လိင်အမျိုးအစားကို မဖော်ပြထားပါဘူး။
သွေးလှူမယ့် အလှူရှင်ခွေးလေးတွေအနေနဲ့ အသက် ၁ နှစ်မှ ၈ နှစ်ကြားအရွယ်ဖြစ်ရမှာဖြစ်ပြီး၊ အနည်းဆုံး ၂၅ ကီလိုဂရမ် (၅၅ ပေါင်) အလေးချိန်ရှိကာ ကျန်းမာရမယ်လို့ ဆိုထားပါတယ်။ အဲဒီသွေးအလှူခံ ပိုစ့်တင်ပြီး ရက် အနည်းငယ်အကြာမှာပဲ အလှူရှင်တွေ ရရှိခဲ့တာကြောင့် ကျေးဇူးတင်တဲ့အကြောင်းလည်း သူဋ္ဌေးကြီးက သူ့ရဲ့ အကောင့်မှာ ပြန်လည်ပြောကြားခဲ့ပါတယ်။
Zawgyi Version;
အိႏၵိယရဲ႕သူေ႒းႀကီး ရာတန္တာတာက ေနမေကာင္းျဖစ္ေနတဲ့ ေခြးကေလးအတြက္ ေသြးအလႉခံေန
ေရာင္နီ (NP News) - ဇြန္ ၃ဝ
အိႏၵိယရဲ႕အလြန္ခ်မ္းသာတဲ့စီးပြားေရးသမားသူေ႒းႀကီး ရာတန္တာတာဟာ သူ႔ရဲ႕ေခြးေလးတစ္ေကာင္ နာမက်န္း ျဖစ္ေနတာေၾကာင့္ ဆိုရွယ္မီဒီယာကေနတဆင့္ အျခားက်န္းမာတဲ့ေခြးေလးေတြဆီမွ အေရးေပၚေသြး အလႉခံခဲ့ပါ တယ္။
အသက္ ၈၆ ႏွစ္ အ႐ြယ္ ရာတန္တာတာ ဟာ မြန္ဘိုင္းအေျခစိုက္ Tata Group ရဲ႕တည္ေထာင္သူျဖစ္ၿပီး ၂၀၁၂ ခုႏွစ္၊ ကုမၸဏီရဲ႕ဥကၠ႒အျဖစ္မွ အနားယူခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံရဲ႕ေလလြင့္တိရစာၦန္မ်ားစြာကို ထိန္းသိမ္းစာင့္ေရွာက္မႈ ေတြ ဆက္တိုက္ လုပ္ေဆာင္ေပးေနပါတယ္။ ေသြးအလႉခံျခင္းကိုေတာ့ Follower ၉.၁ သန္းရွိတဲ့ သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ ၾကာသပေတးေန႔ (ဇြန္လ ၂၇ ရက္) က post တင္ခဲ့တာျဖစ္ပါတယ္။ ပို႔စ္မွာေတာ့ အျပာေရာင္ ပတ္တီးနဲ႔ ေခြးကေလး တစ္ေကာင္ပုံကို ေဖာ္ျပထားၿပီး၊ ၇ လသားအ႐ြယ္ ေခြးေလး ျခင္ကိုက္အဖ်ား နဲ႔ အေရးေပၚေသြးသြင္းဖို႔ လိုအပ္ေနတာေၾကာင့္ ေသြးအလႉခံခ်င္တယ္လို႔ ေဖာ္ျပခဲ့တာပါ။ ပို႔စ္မွာေတာ့ ေခြးရဲ႕ အမည္နဲ႔ လိင္အမ်ိဳးအစားကို မေဖာ္ျပထားပါဘူး။
ေသြးလႉမယ့္ အလႉရွင္ေခြးေလးေတြအေနနဲ႔ အသက္ ၁ ႏွစ္မွ ၈ ႏွစ္ၾကားအ႐ြယ္ျဖစ္ရမွာျဖစ္ၿပီး၊ အနည္းဆုံး ၂၅ ကီလိုဂရမ္ (၅၅ ေပါင္) အေလးခ်ိန္ရွိကာ က်န္းမာရမယ္လို႔ ဆိုထားပါတယ္။ အဲဒီေသြးအလႉခံ ပိုစ့္တင္ၿပီး ရက္ အနည္းငယ္အၾကာမွာပဲ အလႉရွင္ေတြ ရရွိခဲ့တာေၾကာင့္ ေက်းဇူးတင္တဲ့အေၾကာင္းလည္း သူေ႒းႀကီးက သူ႔ရဲ႕ အေကာင့္မွာ ျပန္လည္ေျပာၾကားခဲ့ပါတယ္။