အိန္ဒိယတင့်ကားတစ်စီး မြစ်တစ်ခုကိုဖြတ်ကူးစဉ် နစ်မြုပ်ခဲ့ပြီး စစ်သား(၅)ဦး သေဆုံး

 326

Pika (NP News) - ဇွန် ၃ဝ

အိန္ဒိယစစ်တပ်ရဲ့တင့်ကားတစ်စီးဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဝေးလံခေါင်သီတဲ့ Ladakh ဒေသ မှာ မြစ်တစ်ခုကိုဖြတ်ကူးနေစဉ်အချိန်အတွင်း နစ်မြုပ်ခဲ့ပြီး စစ်သား(၅)ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်(၂၉)ရက်မှ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲဒီတင့်ကားဟာ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း Shyok မြစ်ရေ ရုတ်တရက်တက်လာမှုနဲ့အတူ ဇွန်လ(၂၉)ရက် အစောပိုင်းမှာ နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ အိန္ဒိယစစ်တပ်ကွပ်ကဲမှုဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ မတော်တဆမှုဟာ အိန္ဒိယနဲ့ တရုတ်တို့ကို ပိုင်းခြားထားတဲ့ Line of Actual Control အနီး Saser Brangsa လမ်းကြောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီး Rajnath Singh က “ကျွန်တော်တို့နိုင်ငံအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ စစ်သည် တွေကို ဘယ်တော့မှ မမေ့ပါဘူး။ ဒီဖြစ်ရပ်အတွင်း သေဆုံးသွားတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြောခဲ့ပါတယ်။

အိန္ဒိယ နဲ့ တရုတ်စစ်တပ်တို့ဟာ ၂ဝ၂ဝ ပြည့်နှစ် မေလတည်းက Ladakh ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး အိန္ဒိယစစ်သား(၂၀)ဦးနှင့် တရုတ်စစ်သား(၄)ဦးတို့ သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယ နဲ့ တရုတ်အစိုးရတို့ဟာ ဆယ်စုနှစ်များစွာအတွင်း ၎င်းတို့ရဲ့အဆိုးရွားဆုံး စစ်ရေးပဋိပက္ခကို ဖြေရှင်းဖို့အတွက် သံတမန်ရေးရာနဲ့ စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ နဲ့ တရုတ်တို့ကြား နယ်စပ်အငြင်းပွားမှုဟာ ၁၉၅ဝ ပြည့်နှစ်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာ နှစ်ဖက်ကြား စစ်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အိႏၵိယတင့္ကားတစ္စီး ျမစ္တစ္ခုကိုျဖတ္ကူးစဥ္ နစ္ျမဳပ္ခဲ့ၿပီး စစ္သား(၅)ဦး ေသဆုံး
Pika (NP News) - ဇြန္ ၃ဝ

အိႏၵိယစစ္တပ္ရဲ႕တင့္ကားတစ္စီးဟာ တ႐ုတ္ႏိုင္ငံနဲ႔နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ေဝးလံေခါင္သီတဲ့ Ladakh ေဒသ မွာ ျမစ္တစ္ခုကိုျဖတ္ကူးေနစဥ္အခ်ိန္အတြင္း နစ္ျမဳပ္ခဲ့ၿပီး စစ္သား(၅)ဦး ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ဇြန္(၂၉)ရက္မွ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

အဲဒီတင့္ကားဟာ စစ္ေရးေလ့က်င့္မႈတစ္ခုအတြင္း Shyok ျမစ္ေရ ႐ုတ္တရက္တက္လာမႈနဲ႔အတူ ဇြန္လ(၂၉)ရက္ အေစာပိုင္းမွာ နစ္ျမဳပ္သြားခဲ့တာျဖစ္တယ္လို႔ အိႏၵိယစစ္တပ္ကြပ္ကဲမႈဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ မေတာ္တဆမႈဟာ အိႏၵိယနဲ႔ တ႐ုတ္တို႔ကို ပိုင္းျခားထားတဲ့ Line of Actual Control အနီး Saser Brangsa လမ္းေၾကာင္းမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ကာကြယ္ေရးဝန္ႀကီး Rajnath Singh က “ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ အေကာင္းဆုံးစြမ္းေဆာင္ေပးခဲ့တဲ့ စစ္သည္ ေတြကို ဘယ္ေတာ့မွ မေမ့ပါဘူး။ ဒီျဖစ္ရပ္အတြင္း ေသဆုံးသြားတဲ့စစ္သားေတြရဲ႕မိသားစုဝင္ေတြအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

အိႏၵိယ နဲ႔ တ႐ုတ္စစ္တပ္တို႔ဟာ ၂ဝ၂ဝ ျပည့္ႏွစ္ ေမလတည္းက Ladakh ေဒသမွာ တိုက္ပြဲေတြျဖစ္ပြားခဲ့တာျဖစ္ၿပီး အိႏၵိယစစ္သား(၂၀)ဦးႏွင့္ တ႐ုတ္စစ္သား(၄)ဦးတို႔ ေသဆုံးခဲ့ဖူးတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း အိႏၵိယ နဲ႔ တ႐ုတ္အစိုးရတို႔ဟာ ဆယ္စုႏွစ္မ်ားစြာအတြင္း ၎တို႔ရဲ႕အဆိုး႐ြားဆုံး စစ္ေရးပဋိပကၡကို ေျဖရွင္းဖို႔အတြက္ သံတမန္ေရးရာနဲ႔ စစ္ေရးဆိုင္ရာ ေဆြးေႏြးပြဲေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အိႏၵိယ နဲ႔ တ႐ုတ္တို႔ၾကား နယ္စပ္အျငင္းပြားမႈဟာ ၁၉၅ဝ ျပည့္ႏွစ္မွာ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ၁၉၆၂ ခုႏွစ္မွာ ႏွစ္ဖက္ၾကား စစ္ပြဲေတြ ျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.