မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး
596
ယွန်း(NP News) - ဇွန် ၃ဝ
မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ကြောင်း နစကထံမှ သိရသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၃၆)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကို ဇွန်လ(၂၉)ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.Mongkol Visitstump နှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်း စွဲချစ်ကြည်ရင်းနှီးမှုများ နှင့် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစက မှ ဆိုထားသည်။
အလားတူ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
Zawgyi Version;
ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား တရားဥပေဒစိုးမိုးေရးႏွင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ဆိုင္ ရာကိစၥမ်ား ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရး ေဆြးေႏြး
ယြန္း(NP News) - ဇြန္ ၃ဝ
ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား တရားဥပေဒစိုးမိုးေရးႏွင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ဆိုင္ရာကိစၥမ်ား ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရးကို ေဆြးေႏြးခဲ့ေၾကာင္း နစကထံမွ သိရသည္။
ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေသာ (၃၆)ႀကိမ္ေျမာက္ ျမန္မာ-ထိုင္းေဒသဆိုင္ရာ နယ္ျခားေကာ္မတီ အစည္းအေဝးကို ဇြန္လ(၂၉)ရက္တြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးကို နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း တက္ေရာက္ခဲ့ၿပီး ထိုင္းကိုယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီး Mr.Mongkol Visitstump ႏွင့္ ထိုင္းဘုရင့္ တပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ေရာက္ခဲ့ၾကသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္း စြဲခ်စ္ၾကည္ရင္းႏွီးမႈမ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ မ်ားကို ပိုမိုတိုးျမႇင့္ခိုင္မာေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးဆိုင္ရာ ကိစၥရပ္မ်ားအား ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရးကိုလည္း ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း နစက မွ ဆိုထားသည္။
အလားတူ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ႏွင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဆိုင္ရာမ်ားကို ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ားႏွင့္ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးကို ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးကိုလည္း အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။