အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နေရာမှာအစားထိုးဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်းတောင်းဆို

 1036

ဂျန်ဇက် (NP News) - ဇွန် ၃ဝ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နေရာမှာ အခြားသူတစ်ဦးနဲ့ အစားထိုးသင့်ကြောင်း၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ သမ္မတဂျိုးဘိုင်ဒန်တို့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲအတွင်း ဂျိုးဘိုင်ဒန်ဟာ တာဝန်တွေကို အချိန်အကြာကြီး ဆက်လက်ထမ်းဆောင်နိုင်မယ့်ပုံစံမျိုး မရှိ ကြောင်းပြသခဲ့တယ်လို့ မိုက်ဂျွန်ဆန်က ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ပုံစံဟာ ခပ်ယဲ့ယဲ့ ပုံစံမျိုးဖြစ်သလို စိတ်ရှုပ်နေတဲ့ ပုံစံမျိုးဖြစ်နေကြောင်း၊ ဒါ့အပြင် ဂျိုးဘိုင်ဒန်ပြောဆိုတဲ့စကားတွေဟာ ရှုပ်ယှက်ခတ်နေပြီး သူရဲ့ပြောစကားတွေကို အဆုံးသတ်နိုင်ဖို့ ရုန်းကန်နေရ ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ စကားစစ်ထိုးခဲ့ပြီး နောက်ပိုင်း ဒီမိုကရက်တစ်ပါတီကို အားပေးထောက်ခံသူတွေနဲ့ အလှူရှင်တွေကလည်း နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့ ဂျိုးဘိုင်ဒန်ရဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပြန်ရုတ်သိမ်းဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ရီပတ်ဘလီကန်ပါတီဝင်တွေက ဂျိုးဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ ဖယ်ရှားခြင်းအပြင် သမ္မတ ရာထူးကပါ ထုတ်ပယ်ဖို့လိုလားနေကြောင်း သိရပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌက "ဒီမိုကရက် တစ်ပါတီမှာ ဆိုးရွားတဲ့အခက်ခဲတွေရှိနေပါတယ်" လို့ ပြောပါတယ်။
ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတသမိုင်းမှာ အသက်အကြီးဆုံးသမ္မတတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ အသက် ၈၁ နှစ်အရွယ်ရှိနေရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအခြေနေတွေ ပုံမှန်မဟုတ်ကြောင်း အစောပိုင်းကတည်းက ဝေဖန်ပြစ်တင်မှုတွေ ရှိနေခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ေနရာမွာအစားထိုးဖို႔ ေအာက္လႊတ္ေတာ္ဥကၠ႒ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ေနရာမွာ အျခားသူတစ္ဦးနဲ႔ အစားထိုးသင့္ေၾကာင္း၊ ေအာက္လႊတ္ေတာ္ဥကၠ႒ မိုက္ဂြၽန္ဆန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ သမၼတေဟာင္းေဒၚနယ္ထရမ့္နဲ႔ သမၼတဂ်ိဳးဘိုင္ဒန္တို႔ ပထမဆုံးအႀကိမ္ ျပဳလုပ္ခဲ့တဲ့ စကားစစ္ထိုးပြဲအတြင္း ဂ်ိဳးဘိုင္ဒန္ဟာ တာဝန္ေတြကို အခ်ိန္အၾကာႀကီး ဆက္လက္ထမ္းေဆာင္ႏိုင္မယ့္ပုံစံမ်ိဳး မရွိ ေၾကာင္းျပသခဲ့တယ္လို႔ မိုက္ဂြၽန္ဆန္က ေျပာပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ပုံစံဟာ ခပ္ယဲ့ယဲ့ ပုံစံမ်ိဳးျဖစ္သလို စိတ္ရႈပ္ေနတဲ့ ပုံစံမ်ိဳးျဖစ္ေနေၾကာင္း၊ ဒါ့အျပင္ ဂ်ိဳးဘိုင္ဒန္ေျပာဆိုတဲ့စကားေတြဟာ ရႈပ္ယွက္ခတ္ေနၿပီး သူရဲ႕ေျပာစကားေတြကို အဆုံးသတ္ႏိုင္ဖို႔ ႐ုန္းကန္ေနရ ေၾကာင္း ေအာက္လႊတ္ေတာ္ဥကၠ႒က ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ဂ်ိဳးဘိုင္ဒန္တို႔ စကားစစ္ထိုးခဲ့ၿပီး ေနာက္ပိုင္း ဒီမိုကရက္တစ္ပါတီကို အားေပးေထာက္ခံသူေတြနဲ႔ အလႉရွင္ေတြကလည္း ႏိုဝင္ဘာ ၅ ရက္မွာ က်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရထားတဲ့ ဂ်ိဳးဘိုင္ဒန္ရဲ႕ ပါဝင္ယွဥ္ၿပိဳင္ခြင့္ကို ျပန္႐ုတ္သိမ္းဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

ရီပတ္ဘလီကန္ပါတီဝင္ေတြက ဂ်ိဳးဘိုင္ဒန္ကို သမၼတေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္ဖို႔ ဖယ္ရွားျခင္းအျပင္ သမၼတ ရာထူးကပါ ထုတ္ပယ္ဖို႔လိုလားေနေၾကာင္း သိရပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒က "ဒီမိုကရက္ တစ္ပါတီမွာ ဆိုး႐ြားတဲ့အခက္ခဲေတြရွိေနပါတယ္" လို႔ ေျပာပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတသမိုင္းမွာ အသက္အႀကီးဆုံးသမၼတတစ္ဦးျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ အသက္ ၈၁ ႏွစ္အ႐ြယ္ရွိေနရာ က်န္းမာေရးနဲ႔ စိတ္ပိုင္းဆိုင္ရာအေျခေနေတြ ပုံမွန္မဟုတ္ေၾကာင္း အေစာပိုင္းကတည္းက ေဝဖန္ျပစ္တင္မႈေတြ ရွိေနခဲ့ပါတယ္။

Related news

© 2021. All rights reserved.