နီပေါနိုင်ငံမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်(၃)ဦး အပါအဝင် လူ(၉)ဦး သေဆုံး

 385

Pika (NP News) - ဇွန် ၃ဝ

နီပေါနိုင်ငံအနောက်ပိုင်းမှာ မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ကလေးငယ်(၃)ဦး အပါအဝင် အနည်းဆုံးလူ(၉)ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ဇွန်လ(၂၉)ရက်မှာ ပြောကြားခဲ့ပါတယ်။
Kathmandu မြို့ အနောက်ဘက် (၂၅၀)ကီလိုမီတာအကွာ Gulmi ခရိုင် Malika ရွာမှာ မိသားစုဝင်(၅)ဦး အိပ်ပျော် နေစဉ်အချိန်အတွင်း ၎င်းတို့နေအိမ်အပေါ် မြေပြိုကျမှုဖြစ်ပွားခဲ့တာလို့ အမျိုးသားဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ လျော့ပါးရေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ Dizan Bhattarai က ပြောကြားခဲ့သည်။

၎င်းက “အဲဒီမိသားစုဝင်(၅)ဦးစလုံးရဲ့ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။ အိမ်နီးချင်း Syangja ခရိုင်မှာ အမျိုးသမီးတစ်ဦးနဲ့ ၎င်းရဲ့ (၃)နှစ်အရွယ်သမီးတို့နေတဲ့နေအိမ်အပေါ် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး Baglung ခရိုင်မှာ မြေပြိုကျမှုတစ်ခုအတွင်း အခြားလူ(၂)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်စဉ်မုတ်သုံမိုး စတင်ရွာသွန်းတဲ့ ဇွန်လလယ်ကစပြီး နီပေါနိုင်ငံတစ်ဝှမ်းမှာ ရေကြီးမှု၊ မြေပြိုမှု နဲ့ မိုးကြိုးပစ်မှုတွေ ကြောင့် အနည်းဆုံးလူ(၃၅)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မုတ်သုံရာသီအတွင်း နီပေါနိုင်ငံရဲ့ တောင်တန်း ထူထပ်တဲ့ဒေသတွေမှာ မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေ အဖြစ်များလေ့ရှိပြီး နှစ်စဉ်လူရာချီ သေဆုံးလေ့ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
နီေပါႏိုင္ငံမွာ ေျမၿပိဳမႈျဖစ္ပြားခဲ့ၿပီး ကေလးငယ္(၃)ဦး အပါအဝင္ လူ(၉)ဦး ေသဆုံး
Pika (NP News) - ဇြန္ ၃ဝ

နီေပါႏိုင္ငံအေနာက္ပိုင္းမွာ မုတ္သုံမိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီး ကေလးငယ္(၃)ဦး အပါအဝင္ အနည္းဆုံးလူ(၉)ဦး ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူတစ္ဦးက ဇြန္လ(၂၉)ရက္မွာ ေျပာၾကားခဲ့ပါတယ္။
Kathmandu ၿမိဳ႕ အေနာက္ဘက္ (၂၅၀)ကီလိုမီတာအကြာ Gulmi ခ႐ိုင္ Malika ႐ြာမွာ မိသားစုဝင္(၅)ဦး အိပ္ေပ်ာ္ ေနစဥ္အခ်ိန္အတြင္း ၎တို႔ေနအိမ္အေပၚ ေျမၿပိဳက်မႈျဖစ္ပြားခဲ့တာလို႔ အမ်ိဳးသားေဘးအႏၲရာယ္ ကယ္ဆယ္ေရးနဲ႔ ေလ်ာ့ပါးေရးစီမံခန႔္ခြဲမႈအာဏာပိုင္အဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူ Dizan Bhattarai က ေျပာၾကားခဲ့သည္။

၎က “အဲဒီမိသားစုဝင္(၅)ဦးစလုံးရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္ဆယ္ယူၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။ အိမ္နီးခ်င္း Syangja ခ႐ိုင္မွာ အမ်ိဳးသမီးတစ္ဦးနဲ႔ ၎ရဲ႕ (၃)ႏွစ္အ႐ြယ္သမီးတို႔ေနတဲ့ေနအိမ္အေပၚ ေျမၿပိဳက်မႈ ျဖစ္ပြားခဲ့ၿပီး Baglung ခ႐ိုင္မွာ ေျမၿပိဳက်မႈတစ္ခုအတြင္း အျခားလူ(၂)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ႏွစ္စဥ္မုတ္သုံမိုး စတင္႐ြာသြန္းတဲ့ ဇြန္လလယ္ကစၿပီး နီေပါႏိုင္ငံတစ္ဝွမ္းမွာ ေရႀကီးမႈ၊ ေျမၿပိဳမႈ နဲ႔ မိုးႀကိဳးပစ္မႈေတြ ေၾကာင့္ အနည္းဆုံးလူ(၃၅)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ မုတ္သုံရာသီအတြင္း နီေပါႏိုင္ငံရဲ႕ ေတာင္တန္း ထူထပ္တဲ့ေဒသေတြမွာ ေျမၿပိဳမႈေတြနဲ႔ ေရႀကီးမႈေတြ အျဖစ္မ်ားေလ့ရွိၿပီး ႏွစ္စဥ္လူရာခ်ီ ေသဆုံးေလ့ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.