မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ဖို့ အလေးထားတယ်လို့ သမ္မတဟောင်း ဦးသိန်းစိန်ပြော

 1584

ဂျန်ဇက် (NP News) - ဇွန် ၃ဝ

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့အလေးထားပြီး တရုတ်သမ္မတ ရှီကျင့်ဖိန် အဆိုပြုတဲ့ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတွေးအခေါ်ကို အလွန်တန်ဖိုးထား ထောက်ခံတယ်လို့ မြန်မာနိုင်ငံရဲ့သမ္မတဟောင်း ဦးသိန်းစိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့တွေ့ဆုံဆွေးနွေးချိန်မှာ ပြောခဲ့တယ်လို့ သိရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံ သမ္မတ ဟောင်းဦးသိန်းစိန်တို့ဟာ ဇွန်လ ၂၉ ရက်က ပေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန်ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံသို့ တက်ရောက်ခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်ဟာ တရုတ်ပြည်သူများရဲ့မိတ်ဆွေဟောင်းဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇ဝ က တရုတ်နိုင်ငံ ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အဆိုပြုခဲ့ရာ မြန်မာနိုင်ငံရဲ့တုံ့ပြန်မှုကို ဦးစွာ ရရှိပြီးနောက် အာရှတိုက်မှာ ကျယ်ပြန့်လာကာ အာရှနိုင်ငံများအကြား ဆက်ဆံရေးတိုးတက်မှုရဲ့ အားကောင်း တဲ့ တွန်းအားဖြစ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်က တရုတ်-မြန်မာနှစ်နိုင်ငံဟာ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ချစ်ကြည် ရင်းနှီးတဲ့အိမ်နီးချင်းနိုင်ငံများဖြစ်ပြီးနှစ်နိုင်ငံကြား နက်ရှိုင်းတဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဟာ ယခင် ခေါင်းဆောင်ဟောင်းတွေ ကိုယ်တိုင်တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သမ္မတရှီကျင့်ဖိန် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ချိန်အတွင်း မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မယ့် အရေးကြီးသဘောတူညီချက်ရရှိခဲ့တယ်လို့လည်း သမ္မတဟောင်း ဦးသိန်းစိန်က ပြောပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံက တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔ အေလးထားတယ္လို႔ သမၼတေဟာင္း ဦးသိန္းစိန္ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

ျမန္မာႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရး ဖြံ႕ၿဖိဳးတိုးတက္ဖို႔အေလးထားၿပီး တ႐ုတ္သမၼတ ရွီက်င့္ဖိန္ အဆိုျပဳတဲ့ လူသားမ်ိဳးႏြယ္ ေအးအတူပူအမွ် အသိုက္အဝန္း အေတြးအေခၚကို အလြန္တန္ဖိုးထား ေထာက္ခံတယ္လို႔ ျမန္မာႏိုင္ငံရဲ႕သမၼတေဟာင္း ဦးသိန္းစိန္က တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိနဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္မွာ ေျပာခဲ့တယ္လို႔ သိရပါတယ္။

တ႐ုတ္ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္၊ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိနဲ႔ ျမန္မာႏိုင္ငံ သမၼတ ေဟာင္းဦးသိန္းစိန္တို႔ဟာ ဇြန္လ ၂၉ ရက္က ေပက်င္းၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ၿပီး သမၼတေဟာင္း ဦးသိန္းစိန္ဟာ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီး ၅ ရပ္ ထုတ္ျပန္ျခင္း ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ ညီလာခံသို႔ တက္ေရာက္ခဲ့ရာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

သမၼတေဟာင္းဦးသိန္းစိန္ဟာ တ႐ုတ္ျပည္သူမ်ားရဲ႕မိတ္ေဆြေဟာင္းျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၇ဝ က တ႐ုတ္ႏိုင္ငံ ေခါင္းေဆာင္ေတြဟာ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရး မူႀကီး ၅ ရပ္ကို အဆိုျပဳခဲ့ရာ ျမန္မာႏိုင္ငံရဲ႕တုံ႔ျပန္မႈကို ဦးစြာ ရရွိၿပီးေနာက္ အာရွတိုက္မွာ က်ယ္ျပန႔္လာကာ အာရွႏိုင္ငံမ်ားအၾကား ဆက္ဆံေရးတိုးတက္မႈရဲ႕ အားေကာင္း တဲ့ တြန္းအားျဖစ္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

သမၼတေဟာင္းဦးသိန္းစိန္က တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံဟာ ေရရွည္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ၾကတဲ့ ခ်စ္ၾကည္ ရင္းႏွီးတဲ့အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ၿပီးႏွစ္ႏိုင္ငံၾကား နက္ရႈိင္းတဲ့ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးဟာ ယခင္ ေခါင္းေဆာင္ေဟာင္းေတြ ကိုယ္တိုင္တည္ေဆာက္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ သမၼတရွီက်င့္ဖိန္ ၂၀၂၀ ျပည့္ႏွစ္ ျမန္မာႏိုင္ငံသို႔လာေရာက္လည္ပတ္ခ်ိန္အတြင္း ျမန္မာ-တ႐ုတ္ ေအးအတူပူအမွ် အသိုက္အဝန္း တည္ေဆာက္မယ့္ အေရးႀကီးသေဘာတူညီခ်က္ရရွိခဲ့တယ္လို႔လည္း သမၼတေဟာင္း ဦးသိန္းစိန္က ေျပာပါတယ္။

Related news

© 2021. All rights reserved.