မလေးရှားမှာ ခရီးသွား ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် တရုတ်ခရီးသွားနှစ်ဦး သေဆုံး
322
ရောင်နီ (NP News) - ဇွန် ၃ဝ
မလေးရှားနိုင်ငံ၊ Genting Highlands ကုန်းဆင်းမှာ ဇွန်လ ၂၉ ရက်က ယာဉ်မောင်းလိုင်စင်မရှိသူတစ်ဦး မောင်းနှင်လာတဲ့ခရီးသွားကားတစ်စီး တိမ်းမှောက်မှုကြောင့် တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါ တယ်။
အဆိုပါ ခရီးသည်တင်ဘတ်စ်ကားဟာ ဇွန်လ ၂၉ ရက်၊ နံနက် ၁ဝ နာရီ ၄ဝ မိနစ် အချိန်ခန့်က တရုတ်နိုင်ငံသား ၁၈ ဦး နဲ့ မလေးရှားနိုင်ငံသား ၃ ဦး၊ စုစုပေါင်း ခရီးသည် ၂၁ ဦးကို တင်ဆောင် မောင်းနှင်လာခြင်းဖြစ်ပါတယ်။ Pahang မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ဒါရိုက်တာ ဝမ်မိုဟာမတ်ဇိုင်ဒီဝမ်အစ်စ ရဲ့ပြောကြားချက်အရ သေဆုံးသူ တရုတ် အမျိုးသားနှစ်ဦးစလုံးဟာ ယာဉ်အတွင်း ပိတ်မိနေခဲ့ပြီး၊ ဦးခေါင်းဒဏ်ရာကိုယ်စီ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခြားခရီးသည်တွေကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘတ်စ်ကား မောင်းနှင်သူဟာ အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လိုင်စင်ကိုင်ဆောင်ထားခြင်းလည်း မရှိဘူး လို့ ခရိုင်ရဲမှူးချုပ် ဇိုင်ဟန်မိုဟ်ကာဟာက ပြောကြားပါတယ်။ ဒီမတော်တဆမှုဟာ မလေးရှားနိုင်ငံမှာ ရင်ဆိုင်နေရ တဲ့ လမ်းအန္တရာယ်ကင်းရှင်းရေးပြဿနာတွေကို မီးမောင်းထိုးပြသနေပါတယ်။
အဆိုပါ Genting Highlands လမ်းကြောင်းတလျှောက်ဟာ လူအသေအပျောက်တဲ့ ဘတ်စ်ကား မတော်တဆမှု တွေ အများအပြားဖြစ်ပွားလေ့ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း Genting Highlands ရဲ့လမ်းပေါ်မှာ စင်းလုံးငှား ကားတစ်စီး ကွန်ကရစ်လမ်းခွဲတစ်ခုကို ဝင်တိုက်မိခြင်းကြောင့် လူ ခုနှစ်ဦး သေဆုံးခဲ့ပါတယ်။
Zawgyi Version;
မေလးရွားမွာ ခရီးသြား ဘတ္စ္ကား တိမ္းေမွာက္မႈေၾကာင့္ တ႐ုတ္ခရီးသြားႏွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၃ဝ
မေလးရွားႏိုင္ငံ၊ Genting Highlands ကုန္းဆင္းမွာ ဇြန္လ ၂၉ ရက္က ယာဥ္ေမာင္းလိုင္စင္မရွိသူတစ္ဦး ေမာင္းႏွင္လာတဲ့ခရီးသြားကားတစ္စီး တိမ္းေမွာက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံသားႏွစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါ တယ္။
အဆိုပါ ခရီးသည္တင္ဘတ္စ္ကားဟာ ဇြန္လ ၂၉ ရက္၊ နံနက္ ၁ဝ နာရီ ၄ဝ မိနစ္ အခ်ိန္ခန႔္က တ႐ုတ္ႏိုင္ငံသား ၁၈ ဦး နဲ႔ မေလးရွားႏိုင္ငံသား ၃ ဦး၊ စုစုေပါင္း ခရီးသည္ ၂၁ ဦးကို တင္ေဆာင္ ေမာင္းႏွင္လာျခင္းျဖစ္ပါတယ္။ Pahang မီးသတ္နဲ႔ ကယ္ဆယ္ေရးဌာန ဒါ႐ိုက္တာ ဝမ္မိုဟာမတ္ဇိုင္ဒီဝမ္အစ္စ ရဲ႕ေျပာၾကားခ်က္အရ ေသဆုံးသူ တ႐ုတ္ အမ်ိဳးသားႏွစ္ဦးစလုံးဟာ ယာဥ္အတြင္း ပိတ္မိေနခဲ့ၿပီး၊ ဦးေခါင္းဒဏ္ရာကိုယ္စီ ရရွိခဲ့တယ္လို႔ သိရပါတယ္။ အျခားခရီးသည္ေတြကေတာ့ ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ဘတ္စ္ကား ေမာင္းႏွင္သူဟာ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး လိုင္စင္ကိုင္ေဆာင္ထားျခင္းလည္း မရွိဘူး လို႔ ခ႐ိုင္ရဲမႉးခ်ဳပ္ ဇိုင္ဟန္မိုဟ္ကာဟာက ေျပာၾကားပါတယ္။ ဒီမေတာ္တဆမႈဟာ မေလးရွားႏိုင္ငံမွာ ရင္ဆိုင္ေနရ တဲ့ လမ္းအႏၲရာယ္ကင္းရွင္းေရးျပႆနာေတြကို မီးေမာင္းထိုးျပသေနပါတယ္။
အဆိုပါ Genting Highlands လမ္းေၾကာင္းတေလွ်ာက္ဟာ လူအေသအေပ်ာက္တဲ့ ဘတ္စ္ကား မေတာ္တဆမႈ ေတြ အမ်ားအျပားျဖစ္ပြားေလ့ရွိၿပီး ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလကလည္း Genting Highlands ရဲ႕လမ္းေပၚမွာ စင္းလုံးငွား ကားတစ္စီး ကြန္ကရစ္လမ္းခြဲတစ္ခုကို ဝင္တိုက္မိျခင္းေၾကာင့္ လူ ခုႏွစ္ဦး ေသဆုံးခဲ့ပါတယ္။