စစ်ကိုင်း-မုံရွာကားလမ်း‌ပေါ်တွင် ခရီးသည်တင်ကားအများအပြား ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးကာ (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

 2655

မြူနစ် (NP News) - ဇွန် ၃ဝ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာကားလမ်း‌ပေါ်တွင် ခရီးသည်တင်ကားအများအပြား ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးကာ (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇွန် ၃ဝ ရက်) နံနက် ၈ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာကားလမ်းပေါ် တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ မြင်းမူနဲ့ ချောင်းဦးမြို့ကြား ငလျှံကျေးရွာ၊ စစ်ကိုင်း-မုံရွာလမ်းမပေါ်မှာ လုံခြုံရေး လှည့်ကင်းအဖွဲ့ကို PDF အင်အား ၁၅၀ လောက်က လာပစ်တာ။ အဲဒီမှာ လမ်းမပေါ်မှာရှိနေတဲ့ ခရီးသည်တင်ကား တွေ ပစ်ခတ်ခံရတာရှိတယ်။ PDF တွေ ပစ်တာပေါ့။ အဲဒီမှာ ခရီးသည်တွေ သေတာရှိသလို ဒဏ်ရာရတာတွေလည်း ရှိတယ်။ စစ်ကိုင်းအစိုးရအဖွဲ့ကတော့ ဆေးရုံတွေမှာ သွားကူညီပေးနေကြတယ်" ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် နစကအစိုးရ၏ လှည့်ကင်းအဖွဲ့ကို အင်အား (၁၅၀)ခန့် ရှိသော PDF အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်စဉ် စစ်ကိုင်း-မုံရွာလမ်းပေါ်၌ ပစ်ခတ်မှုဖြစ်စဉ်များကြောင့် ရပ်တန့်ထားသည့် ခရီးသည် တင်ကားအများအပြား ထိမှန်မှုများရှိခဲ့‌ကြောင်း သိရသည်။
ယင်းကဲ့သို့ ပစ်ခတ်ခံရသည့် ခရီးသည်တင်ကားများထဲတွင် လူသိများသော ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်၊ Famous ခရီးသည်တင်ယာဉ်များ အပါအဝင် အခြားခရီးသည်တင်ယာဉ်အများအပြား ပါဝင်ကြောင်း သိရသည်။

PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် ခရီးသည်အမျိုးသား (၁၄)ဦး နှင့် အမျိုးသမီး (၁၀)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ယင်းတို့အနက်မှ အသက် (၂၉)နှစ်အရွယ်ရှိ မပပ၀င်းသည် ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင့် လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆိုသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသည့်လူနာများလည်း ရှိနေကြောင်း သိရသည်။
"အဓိကတော့ လမ်းပေါ်မှာရှိတဲ့ လုံခြုံရေးအဖွဲ့ကို လာပစ်တာ။ လာပစ်တော့ တိုက်ပွဲဖြစ်တာပေါ့။ အဲဒီတော့ တိုက်ပွဲ ဖြစ်လို့ ရပ်ထားတဲ့ကားတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်သွားတာပေါ့" ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက်လက် ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို မုံရွာဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးနေလျက်ရှိပြီး ၎င်းတို့နှင့် ပတ်သက်၍လည် လိုအပ်သောအကူအညီများကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဖြည့်ဆည်းပေးနေလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
စစ္ကိုင္း-မုံ႐ြာကားလမ္း‌ေပၚတြင္ ခရီးသည္တင္ကားအမ်ားအျပား ပစ္ခတ္ခံရ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံးကာ (၂၀)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရ
ျမဴနစ္ (NP News) - ဇြန္ ၃ဝ

စစ္ကိုင္းတိုင္း၊ စစ္ကိုင္း-မုံ႐ြာကားလမ္း‌ေပၚတြင္ ခရီးသည္တင္ကားအမ်ားအျပား ပစ္ခတ္ခံရ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံးကာ (၂၀)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇြန္ ၃ဝ ရက္) နံနက္ ၈ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္း-မုံ႐ြာကားလမ္းေပၚ တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီေန႔မနက္ ၈ နာရီခြဲေလာက္မွာ ျမင္းမူနဲ႔ ေခ်ာင္းဦးၿမိဳ႕ၾကား ငလွ်ံေက်း႐ြာ၊ စစ္ကိုင္း-မုံ႐ြာလမ္းမေပၚမွာ လုံၿခဳံေရး လွည့္ကင္းအဖြဲ႕ကို PDF အင္အား ၁၅၀ ေလာက္က လာပစ္တာ။ အဲဒီမွာ လမ္းမေပၚမွာရွိေနတဲ့ ခရီးသည္တင္ကား ေတြ ပစ္ခတ္ခံရတာရွိတယ္။ PDF ေတြ ပစ္တာေပါ့။ အဲဒီမွာ ခရီးသည္ေတြ ေသတာရွိသလို ဒဏ္ရာရတာေတြလည္း ရွိတယ္။ စစ္ကိုင္းအစိုးရအဖြဲ႕ကေတာ့ ေဆး႐ုံေတြမွာ သြားကူညီေပးေနၾကတယ္" ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

စစ္ကိုင္း-မုံ႐ြာလမ္းေပၚတြင္ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ နစကအစိုးရ၏ လွည့္ကင္းအဖြဲ႕ကို အင္အား (၁၅၀)ခန႔္ ရွိေသာ PDF အဖြဲ႕က လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္တိုက္ခိုက္စဥ္ စစ္ကိုင္း-မုံ႐ြာလမ္းေပၚ၌ ပစ္ခတ္မႈျဖစ္စဥ္မ်ားေၾကာင့္ ရပ္တန႔္ထားသည့္ ခရီးသည္ တင္ကားအမ်ားအျပား ထိမွန္မႈမ်ားရွိခဲ့‌ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ ပစ္ခတ္ခံရသည့္ ခရီးသည္တင္ကားမ်ားထဲတြင္ လူသိမ်ားေသာ ေ႐ႊစင္စၾကၤာခရီးသည္တင္ယာဥ္၊ Famous ခရီးသည္တင္ယာဥ္မ်ား အပါအဝင္ အျခားခရီးသည္တင္ယာဥ္အမ်ားအျပား ပါဝင္ေၾကာင္း သိရသည္။

PDF အဖြဲ႕၏ ပစ္ခတ္မႈေၾကာင့္ ခရီးသည္အမ်ိဳးသား (၁၄)ဦး ႏွင့္ အမ်ိဳးသမီး (၁၀)ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ယင္းတို႔အနက္မွ အသက္ (၂၉)ႏွစ္အ႐ြယ္ရွိ မပပ၀င္းသည္ ထိခိုက္ဒဏ္ရာမ်ားေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင့္ လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ဆိုသည္။
ထို႔အျပင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲတြင္ အသက္အႏၲရာယ္စိုးရိမ္ရသည့္လူနာမ်ားလည္း ရွိေနေၾကာင္း သိရသည္။
"အဓိကေတာ့ လမ္းေပၚမွာရွိတဲ့ လုံၿခဳံေရးအဖြဲ႕ကို လာပစ္တာ။ လာပစ္ေတာ့ တိုက္ပြဲျဖစ္တာေပါ့။ အဲဒီေတာ့ တိုက္ပြဲ ျဖစ္လို႔ ရပ္ထားတဲ့ကားေတြကိုပါ ရည္႐ြယ္ခ်က္ရွိရွိ ပစ္သြားတာေပါ့" ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ဆက္လက္ ေျပာသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို မုံ႐ြာေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးကုသေပးေနလ်က္ရွိၿပီး ၎တို႔ႏွင့္ ပတ္သက္၍လည္ လိုအပ္ေသာအကူအညီမ်ားကို စစ္ကိုင်းတိုင္းအစိုးရအဖြဲ႕က ျဖည့္ဆည္းေပးေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.