သက်ကြီးဟာသပညာရှင်များ ကန်‌တော့ပွဲကျင်းပရန် အလှူငွေရရှိမှုနည်းပါးနေပြီး အလှူရှင်များ လိုအပ်နေ

 1856

ယွန်း (NP News) - ဇွန် ၃ဝ

သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲကျင်းပရန် အလှူငွေရရှိမှု နည်းပါးနေပြီး အလှူရှင်များ လိုအပ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)ထံမှ သိရသည်။

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)အနေဖြင့် (၁၄)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲကို လာမည့် ဇူလိုင်(၇)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး စုစုပေါင်း ကန်တော့ခံဦးရေ (၁၅၀)နီးပါးရှိ ကြောင်း သိရသည်။

ကန်တော့ပွဲကျင်းပမည့်ရက်မှာ နီးကပ်နေပြီဖြစ်သော်လည်း လက်ရှိတွင် စုစုပေါင်း ငွေကျပ်သိန်း(၅၀)ခန့်သာ အလှူငွေရရှိထားပြီး အလှူငွေအခက်အခဲများ ရှိနေကြောင်း မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က NP News ကို ပြောသည်။

“အလှူငွေက သိန်း(၅၀)ကျော်ပဲ ရသေးတယ်။ အခုချိန်ထိကို အလှူငွေက ကောက်ခံနေတုန်းပဲ။ ပွဲရက်မတိုင်ခင် ၆ ရက်အထိ ကောက်ဦးမှာပေါ့။ ၇ ရက်နေ့ ကန်တော့မှာဆိုတော့ အခြေအနေမကောင်းဘူးလို့ပဲ ပြောရမှာပေါ့။ အလှူငွေက အများကြီးလိုနေတာ။ လူကြီးတစ်ယောက်ကို (၅)သိန်းကန်တော့မယ်ဆိုရင်တောင် သိန်း(၇၀၀) လောက်လိုတယ်။ (၃)သိန်းကန်တော့မယ်ဆိုရင်လည်း သိန်း(၄၅၀)လောက်လိုတယ်။ ပြီးရင် အခန်းမခ၊ LED ငှားခတွေနဲ့ဆို မနည်းဘူးကုန်မှာ။ တော်တော်လေးလည်း ခက်ခဲတယ်” ဟု ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ဆိုသည်။

အလှူရှင်များအနေဖြင့် သက်ကြီးဟာသပညာရှင် လူရွှင်တော်ကြီးများအတွက် ပါဝင်လှူဒါန်းလိုပါက ၀၉-၅၁၃၈၉၉၆ (KBZ Pay Account Name- Tin Htay) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးမကောင်းသည့်သက်ကြီးလူရွှင်တော်များ နှင့် ပွဲသို့တက်ရောက်နိုင်ခြင်းမရှိသည့် လူရွှင်တော် ကြီးများကို ယခင်နှစ်များကဲ့သို့ အိမ်တိုင်ရာရောက် ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။

“အားလုံးကို ပျော်ရွှင်ရီမောအောင်လုပ်ခဲ့တဲ့သက်ကြီးလူရွှင်တော်ကြီးတွေကို နှစ်စဥ်ကန်တော့တာကို ပါဝင်လှူဒါန်း ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုက တကယ်ကို ခက်ခဲနေတာလေ။ မကျန်းမာတဲ့သူတွေ၊ ပွဲမလာနိုင်တဲ့သူတွေ ကိုတော့ အိမ်အထိပို့ရတာပေါ့။ နှစ်တိုင်းလုပ်ရတယ်” ဟု ဥက္ကဋ္ဌ ဦးဒိန်းဒေါက်က ဆက်လက်ပြောသည်။

ထို့ပြင် ယခုနှစ်၌ ပထမဆုံးအကြိမ်အနေဖြင့် အကောင်းဆုံး ဟာသပညာရှင်ထူးချွန်ဆုများကို ပေးအပ်သွားမည် ဖြစ်ပြီး ထူးချွန်ဆုရရှိသူများကို ပေးအပ်မည့် ရုပ်ထုများကို စီစဥ်ပြီးဖြစ်သော်လည်း ချီးမြှင့်မည့် ငွေသားများကို အလှူငွေရရှိမှုပေါ်မူတည်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထူးချွန်ဆုများတွင် အကောင်းဆုံး ဟာသပညာထူးချွန်ဆု(၄)ဆု၊ ဟာသပညာပံ့ပိုးဆု (၁)ဆုနှင့် ဟာသပညာ ဖန်တီးဆု(၄)ဆု စုစုပေါင်း(၉)ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
သက္ႀကီးဟာသပညာရွင္မ်ား ကန္‌ေတာ့ပြဲက်င္းပရန္ အလႉေငြရရွိမႈနည္းပါးေနၿပီး အလႉရွင္မ်ား လိုအပ္ေန
ယြန္း (NP News) - ဇြန္ ၃ဝ

သက္ႀကီးဟာသပညာရွင္မ်ား ကန္ေတာ့ပြဲက်င္းပရန္ အလႉေငြရရွိမႈ နည္းပါးေနၿပီး အလႉရွင္မ်ား လိုအပ္လ်က္ရွိ ေၾကာင္း ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)ထံမွ သိရသည္။

ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)အေနျဖင့္ (၁၄)ႀကိမ္ေျမာက္ သက္ႀကီးဟာသပညာရွင္မ်ား ကန္ေတာ့ပြဲကို လာမည့္ ဇူလိုင္(၇)ရက္တြင္ က်င္းပသြားမည္ျဖစ္ၿပီး စုစုေပါင္း ကန္ေတာ့ခံဦးေရ (၁၅၀)နီးပါးရွိ ေၾကာင္း သိရသည္။

ကန္ေတာ့ပြဲက်င္းပမည့္ရက္မွာ နီးကပ္ေနၿပီျဖစ္ေသာ္လည္း လက္ရွိတြင္ စုစုေပါင္း ေငြက်ပ္သိန္း(၅၀)ခန႔္သာ အလႉေငြရရွိထားၿပီး အလႉေငြအခက္အခဲမ်ား ရွိေနေၾကာင္း ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး (ဗဟို) ဥကၠ႒ ဦးဒိန္းေဒါင္က NP News ကို ေျပာသည္။

“အလႉေငြက သိန္း(၅၀)ေက်ာ္ပဲ ရေသးတယ္။ အခုခ်ိန္ထိကို အလႉေငြက ေကာက္ခံေနတုန္းပဲ။ ပြဲရက္မတိုင္ခင္ ၆ ရက္အထိ ေကာက္ဦးမွာေပါ့။ ၇ ရက္ေန႔ ကန္ေတာ့မွာဆိုေတာ့ အေျခအေနမေကာင္းဘူးလို႔ပဲ ေျပာရမွာေပါ့။ အလႉေငြက အမ်ားႀကီးလိုေနတာ။ လူႀကီးတစ္ေယာက္ကို (၅)သိန္းကန္ေတာ့မယ္ဆိုရင္ေတာင္ သိန္း(၇၀၀) ေလာက္လိုတယ္။ (၃)သိန္းကန္ေတာ့မယ္ဆိုရင္လည္း သိန္း(၄၅၀)ေလာက္လိုတယ္။ ၿပီးရင္ အခန္းမခ၊ LED ငွားခေတြနဲ႔ဆို မနည္းဘူးကုန္မွာ။ ေတာ္ေတာ္ေလးလည္း ခက္ခဲတယ္” ဟု ဥကၠ႒ ဦးဒိန္းေဒါင္က ဆိုသည္။

အလႉရွင္မ်ားအေနျဖင့္ သက္ႀကီးဟာသပညာရွင္ လူ႐ႊင္ေတာ္ႀကီးမ်ားအတြက္ ပါဝင္လႉဒါန္းလိုပါက ၀၉-၅၁၃၈၉၉၆ (KBZ Pay Account Name- Tin Htay) သို႔ ဆက္သြယ္လႉဒါန္းႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ က်န္းမာေရးမေကာင္းသည့္သက္ႀကီးလူ႐ႊင္ေတာ္မ်ား ႏွင့္ ပြဲသို႔တက္ေရာက္ႏိုင္ျခင္းမရွိသည့္ လူ႐ႊင္ေတာ္ ႀကီးမ်ားကို ယခင္ႏွစ္မ်ားကဲ့သို႔ အိမ္တိုင္ရာေရာက္ ကန္ေတာ့သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အားလုံးကို ေပ်ာ္႐ႊင္ရီေမာေအာင္လုပ္ခဲ့တဲ့သက္ႀကီးလူ႐ႊင္ေတာ္ႀကီးေတြကို ႏွစ္စဥ္ကန္ေတာ့တာကို ပါဝင္လႉဒါန္း ေပးဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။ အခုက တကယ္ကို ခက္ခဲေနတာေလ။ မက်န္းမာတဲ့သူေတြ၊ ပြဲမလာႏိုင္တဲ့သူေတြ ကိုေတာ့ အိမ္အထိပို႔ရတာေပါ့။ ႏွစ္တိုင္းလုပ္ရတယ္” ဟု ဥကၠ႒ ဦးဒိန္းေဒါက္က ဆက္လက္ေျပာသည္။

ထို႔ျပင္ ယခုႏွစ္၌ ပထမဆုံးအႀကိမ္အေနျဖင့္ အေကာင္းဆုံး ဟာသပညာရွင္ထူးခြၽန္ဆုမ်ားကို ေပးအပ္သြားမည္ ျဖစ္ၿပီး ထူးခြၽန္ဆုရရွိသူမ်ားကို ေပးအပ္မည့္ ႐ုပ္ထုမ်ားကို စီစဥ္ၿပီးျဖစ္ေသာ္လည္း ခ်ီးျမႇင့္မည့္ ေငြသားမ်ားကို အလႉေငြရရွိမႈေပၚမူတည္၍ ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထူးခြၽန္ဆုမ်ားတြင္ အေကာင္းဆုံး ဟာသပညာထူးခြၽန္ဆု(၄)ဆု၊ ဟာသပညာပံ့ပိုးဆု (၁)ဆုႏွင့္ ဟာသပညာ ဖန္တီးဆု(၄)ဆု စုစုေပါင္း(၉)ဆုတို႔ကို ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Aung Kyaw Min

30/06/2024 16:56

ဥက္ကဌ ဦးဒိန်းဒေါက် လား ဦးဒိန်းဒေါင်လား

Related news

© 2021. All rights reserved.