နိုင်ဂျီးရီးယားနိုင်ငံမှာ သံသယရှိ အသေခံဗုံးခွဲတိုက်ခိုက်မှု ၁၈ ခုထိ ရှိ
592
ရောင်နီ (NP News) - ဇူလိုင် ၁
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ စနေနေ့(ဇွန်လ ၂၉ ရက်) က ဗုံးခွဲတိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကာ အခြား ၃၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီအကြီးအကဲက ပြောကြားပါတယ်။
ဘော်နိုပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီရဲ့ညွှန်ကြားရေးမှူးချုပ် ဘာကင်ဒို ဆိုင်ဒူးက ဗုံးခွဲတိုက်ခိုက်မှုဟာ မင်္ဂလာဆောင်၊ အသုဘနဲ့ ဆေးရုံတွေကို သီးခြား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂါဝါဇာမြို့မှာ လူ ၁၈ ဦး သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး၊ လူကြီး နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါဝင်ပြီး ဒဏ်ရာတွေကတော့ ဝမ်းဗိုက် ပွင့်ထွက်တာ၊ ဦးခေါင်း ကျိုးတာနဲ့ ခြေလက်ကျိုးတာတွေပဲ ဖြစ်နေတာ ကြောင့် ၎င်းတို့က အသေခံဗုံးခွဲသမားတွေလားဆိုတာ သံသယရှိနေပါတယ်။ ဒီတိုက်ခိုက်မှုတွေ ဘယ်ဘက်က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။
ဘော်နိုပြည်နယ်ဟာ ၁၅ နှစ်ကြာမြင့်တဲ့ အစ္စလာမ္မစ်သူပုန်တိုက်ခိုက်မှုဗဟိုမှာ တည်ရှိပြီး တိုက်ပွဲတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးကာ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်နေရတဲ့နေရာဖြစ်ပါတယ်။ နိုင်ဂျီးရီးယား စစ်တပ်ဟာ စစ်သွေးကြွတိုက်ခိုက်မှုတွေကို ကျဆင်းစေခဲ့ပေမယ့် အရပ်သားပစ်မှတ်နေရာတွေမှာတော့ သေစေ လောက်တဲ့တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
Zawgyi Version;
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ သံသယရွိ အေသခံဗုံးခြဲတိုက္ခိုက္မႈ ၁၈ ခုထိ ရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၁
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ေဘာ္ႏိုျပည္နယ္မွာ စေနေန႔(ဇြန္လ ၂၉ ရက္) က ဗုံးခြဲတိုက္ခိုက္မႈ ဆက္တိုက္ ျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ ၁၈ ဦး ေသဆုံးခဲ့ကာ အျခား ၃၀ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာ အေရးေပၚ စီမံခန႔္ခြဲမႈေအဂ်င္စီအႀကီးအကဲက ေျပာၾကားပါတယ္။
ေဘာ္ႏိုျပည္နယ္ အေရးေပၚစီမံခန႔္ခြဲမႈေအဂ်င္စီရဲ႕ၫႊန္ၾကားေရးမႉးခ်ဳပ္ ဘာကင္ဒို ဆိုင္ဒူးက ဗုံးခြဲတိုက္ခိုက္မႈဟာ မဂၤလာေဆာင္၊ အသုဘနဲ႔ ေဆး႐ုံေတြကို သီးျခား တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ဂါဝါဇာၿမိဳ႕မွာ လူ ၁၈ ဦး ေသဆုံးကာ ဒဏ္ရာရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ေသဆုံးသူေတြထဲမွာ ကေလး၊ လူႀကီး နဲ႔ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ ပါဝင္ၿပီး ဒဏ္ရာေတြကေတာ့ ဝမ္းဗိုက္ ပြင့္ထြက္တာ၊ ဦးေခါင္း က်ိဳးတာနဲ႔ ေျခလက္က်ိဳးတာေတြပဲ ျဖစ္ေနတာ ေၾကာင့္ ၎တို႔က အေသခံဗုံးခြဲသမားေတြလားဆိုတာ သံသယရွိေနပါတယ္။ ဒီတိုက္ခိုက္မႈေတြ ဘယ္ဘက္က လုပ္တယ္ဆိုတာ မသိရေသးပါဘူး။
ေဘာ္ႏိုျပည္နယ္ဟာ ၁၅ ႏွစ္ၾကာျမင့္တဲ့ အစၥလာမၼစ္သူပုန္တိုက္ခိုက္မႈဗဟိုမွာ တည္ရွိၿပီး တိုက္ပြဲေတြေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ ေသဆုံးကာ သန္းေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ျဖစ္ေနရတဲ့ေနရာျဖစ္ပါတယ္။ ႏိုင္ဂ်ီးရီးယား စစ္တပ္ဟာ စစ္ေသြးႂကြတိုက္ခိုက္မႈေတြကို က်ဆင္းေစခဲ့ေပမယ့္ အရပ္သားပစ္မွတ္ေနရာေတြမွာေတာ့ ေသေစ ေလာက္တဲ့တိုက္ခိုက္မႈေတြ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ပါတယ္။