မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး ဒေသခံအချို့ပိတ်မိနေ

 788

သန့်ဇင် (NP News) - ဇူလိုင် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုဖြစ်ပြီး ဒေသခံအချို့ပိတ်မိနေကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကစတင်ကာ ဧရာတီမြစ်ဖျားပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာခဲ့ပြီး မြစ်ကြီးနားမြို့အပါအဝင် ဧရာဝတီမြစ်ကြောတစ်လျှောက်ရှိ ကျေးရွာများတွင်ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယနေ့(ဇူလိုင်လ ၁ ရက်)၊ နံနက် ၉နာရီတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်ထိမြင့်တက်နေပြီး မြစ်ရေဆက်လက်မြင့်မားနေကြောင်း သိရသည်။

ထိုသို့ ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့ရှိ ရမ်ပူရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက်၊ စီတာပူရပ်ကွက်၊ အနောက်လယ်ကုန်းရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံနေသဖြင့် မြို့ခံအချို့နေအိမ်များအတွင်း ပိတ်မိနေကာ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

ထို့ပြင် ဝိုင်းမော်မြို့တွင်လည်း ဧရာဝတီမြစ်ရေမြင့်တက်နေခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များရေကြီးရေလျှံကာ မြို့ခံပြည်သူများအား ဘေးလွတ်ရာသို့ရွှေပြောင်းနေရကြောင်း မွန်မြတ်စေတနာပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

“ဝိုင်းမော်မှာက ဧရာဝတီမြစ်ရေက တက်လာနေတာ။ အခုထိဆို ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ အကုန်ရေကြီးနေတယ်။ မြို့ခံတွေကိုလည်း မြို့အလယ်က အမြင့်ပိုင်းမှာရှိတဲ့ စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့ကို ပို့ထားရတယ်။ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေပြီး တစ်ခါတစ်လေမှ လိုင်းမိတယ်။ အိမ်ထောင်စုအရေအတွက်ကိုတော့ ကယ်ဆယ်နေတုန်းဆိုတော့ ပြောလို့ မရသေးဘူး” ဟု ၎င်းကဆိုသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ အင်ဂန်း၊ နောင်တာလော၊ မိုင်းနား၊ နောင်ချိန်းရှိ နေရပ်စွန့်ခွာ စစ်ဘေးရှောင်စခန်းများတွင်လည်း မြစ်ရေဝင်ရောက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် အရေးပေါ်ကူညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၉ ရက်မှစတင်ကာ ကချင်ပြည်နယ်အထက်ပိုင်းဒေသများဖြစ်သည့် ပူတာအို၊ တနိုင်း၊ ချီဖွေ၊ ဖီမော်၊ ကမ်းဖန့်၊ ပန်ဝါမြို့တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းလျက်ရှိနေကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ ဇူလိုင်လ၏ ပထမ (၁၀)ရက်တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေဘူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၆)ပေမှ (၁၀)ပေခန့်အထိ ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

zawgyi version
မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ဧရာဝတီျမစ္ေရျမင့္တက္ကာ ျမစ္ႀကီးနားၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈျဖစ္ၿပီး ေဒသခံအခ်ိဳ႕ပိတ္မိေန

သန႔္ဇင္ (NP News) - ဇူလိုင္ ၁

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ဧရာဝတီျမစ္ေရျမင့္တက္ကာ ေရႀကီးေရလွ်ံမႈျဖစ္ၿပီး ေဒသခံအခ်ိဳ႕ပိတ္မိေနေၾကာင္း ေဒသတြင္း မီဒီယာမ်ား၏ ေဖာ္ျပခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းကစတင္ကာ ဧရာတီျမစ္ဖ်ားပိုင္းတြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ဧရာဝတီျမစ္ေရျမင့္တက္လာခဲ့ၿပီး ျမစ္ႀကီးနားၿမိဳ႕အပါအဝင္ ဧရာဝတီျမစ္ေၾကာတစ္ေလွ်ာက္ရွိ ေက်း႐ြာမ်ားတြင္ေရႀကီးေရလွ်ံမႈမ်ား စတင္ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။ ယေန႔(ဇူလိုင္လ ၁ ရက္)၊ နံနက္ ၉နာရီတြင္ ဧရာဝတီျမစ္ေရျမင့္တက္မႈသည္ ျမစ္ႀကီးနားၿမိဳ႕၏ စိုးရိမ္ေရအမွတ္ထက္ ၄ ေပေက်ာ္ထိျမင့္တက္ေနၿပီး ျမစ္ေရဆက္လက္ျမင့္မားေနေၾကာင္း သိရသည္။

ထိုသို႔ ဧရာဝတီျမစ္ေရဆက္လက္ျမင့္တက္လာမႈေၾကာင့္ ျမစ္ႀကီးနားၿမိဳ႕ရွိ ရမ္ပူရပ္ကြက္၊ ၾကက္ေပါင္ၿခံရပ္ကြက္၊ စီတာပူရပ္ကြက္၊ အေနာက္လယ္ကုန္းရပ္ကြက္၊ ၿမိဳ႕သစ္ႀကီးရပ္ကြက္ႏွင့္ ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံေနသျဖင့္ ၿမိဳ႕ခံအခ်ိဳ႕ေနအိမ္မ်ားအတြင္း ပိတ္မိေနကာ အင္တာနက္လိုင္းႏွင့္ ဖုန္းလိုင္းမ်ားလည္း ျပတ္ေတာက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ဝိုင္းေမာ္ၿမိဳ႕တြင္လည္း ဧရာဝတီျမစ္ေရျမင့္တက္ေနျခင္းေၾကာင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ားေရႀကီးေရလွ်ံကာ ၿမိဳ႕ခံျပည္သူမ်ားအား ေဘးလြတ္ရာသို႔ေ႐ႊေျပာင္းေနရေၾကာင္း မြန္ျမတ္ေစတနာပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

“ဝိုင္းေမာ္မွာက ဧရာဝတီျမစ္ေရက တက္လာေနတာ။ အခုထိဆို ရပ္ကြက္ ၁၊ ၂၊ ၃၊ ၄၊ ၅ အကုန္ေရႀကီးေနတယ္။ ၿမိဳ႕ခံေတြကိုလည္း ၿမိဳ႕အလယ္က အျမင့္ပိုင္းမွာရွိတဲ့ စာသင္ေက်ာင္းတို႔ ဘုန္းႀကီးေက်ာင္းတို႔ကို ပို႔ထားရတယ္။ ဆက္သြယ္ေရးလိုင္းေတြလည္း ျပတ္ေတာက္ေနၿပီး တစ္ခါတစ္ေလမွ လိုင္းမိတယ္။ အိမ္ေထာင္စုအေရအတြက္ကိုေတာ့ ကယ္ဆယ္ေနတုန္းဆိုေတာ့ ေျပာလို႔ မရေသးဘူး” ဟု ၎ကဆိုသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ဧရာဝတီျမစ္ကမ္းေဘးရွိ အင္ဂန္း၊ ေနာင္တာေလာ၊ မိုင္းနား၊ ေနာင္ခ်ိန္းရွိ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္စခန္းမ်ားတြင္လည္း ျမစ္ေရဝင္ေရာက္၍ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနသည့္အတြက္ အေရးေပၚကူညီမ်ား လိုအပ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ဇြန္လ ၂၉ ရက္မွစတင္ကာ ကခ်င္ျပည္နယ္အထက္ပိုင္းေဒသမ်ားျဖစ္သည့္ ပူတာအို၊ တႏိုင္း၊ ခ်ီေဖြ၊ ဖီေမာ္၊ ကမ္းဖန႔္၊ ပန္ဝါၿမိဳ႕တို႔တြင္လည္း မိုးသည္းထန္စြာ႐ြာသြန္းလ်က္ရွိေနေၾကာင္း ေဒသတြင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္မ်ားအရ သိရသည္။ ဇူလိုင္လ၏ ပထမ (၁၀)ရက္တြင္ ဧရာဝတီျမစ္ေရသည္ ျမစ္ႀကီးနားၿမိဳ႕၊ ဗန္းေမာ္ၿမိဳ႕၊ ေ႐ႊဘူၿမိဳ႕၊ ကသာၿမိဳ႕၊ သပိတ္က်င္းၿမိဳ႕၊ မႏၲေလးၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕ႏွင့္ ျမင္းမူၿမိဳ႕တို႔တြင္ (၆)ေပမွ (၁၀)ေပခန႔္အထိ ဆက္လက္ျမင့္တက္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.