ရေဘေးကြုံတွေ့နေရသည့် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက် ၅ ပေခန့်ကျော်လွန်နေပြီး ၄၈ နာရီအတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်နိုင်

 1098

သန့်ဇင် (NP News) - ဇူလိုင် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၅ ပေခန့်ကျော်လွန်နေပြီး ၄၈ နာရီအတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဇူလိုင်လ ၁ ရက်) မွန်းလွဲပိုင်းက အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် မြစ်ကြီးနားမြို့တွင် ယနေ့(ဇူလိုင်လ ၁ ရက်)၊ မွန်းလွဲ ၁ နာရီခွဲ အချိန်တိုင်းထွာ ချက် အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၅ ပေခန့်ကျော်လွန်နေပြီးနောက် ၂ ရက် အတွင်း ဧရာဝတီမြစ်ရေ ၂ ပေခန့် ဆက်လက်မြင့်တက်နိုင်ပြီး မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုပြောဆိုထားသည်။

ထို့ပြင် နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင် ပြည်နယ်တို့တွင် မိုး ဆက်လက်ပိုနိုင်ကြောင်း သိရသည်။

ထို့ပြင် မြစ်ကြီးနားမြို့ရေကြီးမှုသည် Flood level “RED” အနီရောင်အဆင့်သို့ ရောက်ရှိနေပြီး ချင်းတွင်းမြစ်ရေ သည် တနိုင်းမြို့တွင် အနီရောင်အဆင့်ထက်မြင့်သော ခရမ်းရောင်အဆင့်ထိရောက်ရှိနေကြောင်း မိုးလေဝသပညာ ရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာထက်တွင် အသိပေးပြောထားသည်။

လက်ရှိရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် မြစ်ကြီးနားမြို့တွင် မြို့ခံပြည်သူလူထုအချို့ပိတ်မိနေသည့်အတွက် ကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်ရန် လိုနေကြောင်း ဒေသခံများက လူမှုကွန်ရက် Facebook စာမျက်နှာထက်တွင် ဖော်ပြထားချက်များအရ သိရသည်။

Zawgyi Version;
ေရေဘးႀကဳံေတြ႕ေနရသည့္ ျမစ္ႀကီးနားၿမိဳ႕တြင္ စိုးရိမ္ေရမွတ္အထက္ ၅ ေပခန႔္ေက်ာ္လြန္ေနၿပီး ၄၈ နာရီအတြင္း ၂ ေပခန႔္ ဆက္လက္ျမင့္တက္ႏိုင္
သန႔္ဇင္ (NP News) - ဇူလိုင္ ၁

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ဧရာဝတီျမစ္ေရသည္ စိုးရိမ္ေရမွတ္အထက္ ၅ ေပခန႔္ေက်ာ္လြန္ေနၿပီး ၄၈ နာရီအတြင္း ၂ ေပခန႔္ ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္း ထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ဇူလိုင္လ ၁ ရက္) မြန္းလြဲပိုင္းက အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ေရႀကီးေရလွ်ံမႈျဖစ္ေပၚေနသည့္ ျမစ္ႀကီးနားၿမိဳ႕တြင္ ယေန႔(ဇူလိုင္လ ၁ ရက္)၊ မြန္းလြဲ ၁ နာရီခြဲ အခ်ိန္တိုင္းထြာ ခ်က္ အရ ဧရာဝတီျမစ္ေရသည္ ျမစ္ႀကီးနားၿမိဳ႕၏ စိုးရိမ္ေရအမွတ္အထက္ ၅ ေပခန႔္ေက်ာ္လြန္ေနၿပီးေနာက္ ၂ ရက္ အတြင္း ဧရာဝတီျမစ္ေရ ၂ ေပခန႔္ ဆက္လက္ျမင့္တက္ႏိုင္ၿပီး ျမစ္ႀကီးနားၿမိဳ႕၏ စိုးရိမ္ေရအမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္းရွိ ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္းေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳ ေနထိုင္ၾကပါရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အႀကံျပဳေျပာဆိုထားသည္။

ထို႔ျပင္ ေနာက္(၂)ရက္အတြင္း စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ ႏွင့္ ရခိုင္ ျပည္နယ္တို႔တြင္ မိုး ဆက္လက္ပိုႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမစ္ႀကီးနားၿမိဳ႕ေရႀကီးမႈသည္ Flood level “RED” အနီေရာင္အဆင့္သို႔ ေရာက္ရွိေနၿပီး ခ်င္းတြင္းျမစ္ေရ သည္ တႏိုင္းၿမိဳ႕တြင္ အနီေရာင္အဆင့္ထက္ျမင့္ေသာ ခရမ္းေရာင္အဆင့္ထိေရာက္ရွိေနေၾကာင္း မိုးေလဝသပညာ ရွင္ ဦးဝင္းႏိုင္က ၎၏ လူမႈကြန္ရက္ Facebook စာမ်က္ႏွာထက္တြင္ အသိေပးေျပာထားသည္။

လက္ရွိေရႀကီးေရလွ်ံမႈျဖစ္ေပၚေနသည့္ ျမစ္ႀကီးနားၿမိဳ႕တြင္ ၿမိဳ႕ခံျပည္သူလူထုအခ်ိဳ႕ပိတ္မိေနသည့္အတြက္ ကူညီ ကယ္ဆယ္ေရးမ်ား လုပ္ေဆာင္ရန္ လိုေနေၾကာင္း ေဒသခံမ်ားက လူမႈကြန္ရက္ Facebook စာမ်က္ႏွာထက္တြင္ ေဖာ္ျပထားခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.