အင်ဒိုနီးရှားနိုင်ငံ၊ အာရှဂျူနီယာရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရင်း အသက် ၁၇ နှစ်အရွယ် တရုတ် ကြက်တောင်ရိုက် ကစားသမား လဲကျသေဆုံး

 4016

ရောင်နီ (NP News) - ဇူလိုင် ၂

အသက် (၁၇) နှစ်အရွယ် တရုတ်ကြက်တောင် အားကစားသမားတစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ အာရှဂျူနီယာရှစ် ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရင်း ရုတ်တရက် လဲကျ၊ နှလုံးရပ်ကာ သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက တနင်္လာနေ့ (ဇူလိုင် ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ကျန်ကျီဆီ အမည်ရှိ အဆိုပါ တရုတ်ကြက်တောင်အားကစားသမားဟာ တနင်္ဂနွေနေ့(ဇွန်လ ၃၀ ရက်နေ့) နှောင်းပိုင်းက ဂျပန်အားကစားသမား ကာဇူမာကာဝါနို နဲ့ ယှဉ်ပြိုင်ကစားနေရင်း ရုတ်တရက် လဲကျသွားတာဖြစ်ပါတယ်။ ကျန် လဲကျချိန်ဟာ ပထမပွဲ ရမှတ် 11-11 ရရှိနေချိန်ဖြစ်ပါတယ်။

အဲဒီနောက် ၎င်းကိုနေရာမှာတင် အရေးပေါ်ဆေးကုသမှုပြုလုပ်ပြီး ဆေးရုံကို ပို့ဆောင်ပေမယ့် အဲဒီနေ့ ညမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဆေးဘက်ဆိုင်ရာကောက်ချက်ချမှု အရ ရုတ်တရက် နှလုံးရပ်သေဆုံးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကျန် ဟာ သူငယ်တန်း အရွယ်ကတည်းက ကြက်တောင်ရိုက် အားကစားဝါသနာ ပါခဲ့ပြီး ယမန်နှစ်ကလည်း တရုတ်နိုင်ငံရဲ့အမျိုးသားလူငယ်အသင်းမှာ ပါဝင်ခဲ့သူဖြစ်ကာ ယခုနှစ်အစောပိုင်းက နာမည်ကြီးလူငယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Dutch Junior International မှာ တစ်ဦးတည်း ချန်ပီယံဆု ရရှိထားသူဖြစ်ပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံ၊ အာရွဂ်ဴနီယာရွစ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနရင္း အသက္ ၁၇ ႏွစ္အ႐ြယ္ တ႐ုတ္ ၾကက္ေတာင္႐ိုက္ ကစားသမား လဲက်ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၂

အသက္ (၁၇) ႏွစ္အ႐ြယ္ တ႐ုတ္ၾကက္ေတာင္ အားကစားသမားတစ္ဦးဟာ အင္ဒိုနီးရွားႏိုင္ငံမွာ ျပဳလုပ္တဲ့ အာရွဂ်ဴနီယာရွစ္ ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနရင္း ႐ုတ္တရက္ လဲက်၊ ႏွလုံးရပ္ကာ ေသဆုံးသြားခဲ့တယ္လို႔ တာဝန္ရွိသူေတြက တနလၤာေန႔ (ဇူလိုင္ ၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

က်န္က်ီဆီ အမည္ရွိ အဆိုပါ တ႐ုတ္ၾကက္ေတာင္အားကစားသမားဟာ တနဂၤေႏြေန႔(ဇြန္လ ၃၀ ရက္ေန႔) ေႏွာင္းပိုင္းက ဂ်ပန္အားကစားသမား ကာဇူမာကာဝါႏို နဲ႔ ယွဥ္ၿပိဳင္ကစားေနရင္း ႐ုတ္တရက္ လဲက်သြားတာျဖစ္ပါတယ္။ က်န္ လဲက်ခ်ိန္ဟာ ပထမပြဲ ရမွတ္ 11-11 ရရွိေနခ်ိန္ျဖစ္ပါတယ္။

အဲဒီေနာက္ ၎ကိုေနရာမွာတင္ အေရးေပၚေဆးကုသမႈျပဳလုပ္ၿပီး ေဆး႐ုံကို ပို႔ေဆာင္ေပမယ့္ အဲဒီေန႔ ညမွာပဲ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ေဆးဘက္ဆိုင္ရာေကာက္ခ်က္ခ်မႈ အရ ႐ုတ္တရက္ ႏွလုံးရပ္ေသဆုံးသြားျခင္းျဖစ္တယ္လို႔ သိရပါတယ္။

က်န္ ဟာ သူငယ္တန္း အ႐ြယ္ကတည္းက ၾကက္ေတာင္႐ိုက္ အားကစားဝါသနာ ပါခဲ့ၿပီး ယမန္ႏွစ္ကလည္း တ႐ုတ္ႏိုင္ငံရဲ႕အမ်ိဳးသားလူငယ္အသင္းမွာ ပါဝင္ခဲ့သူျဖစ္ကာ ယခုႏွစ္အေစာပိုင္းက နာမည္ႀကီးလူငယ္ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Dutch Junior International မွာ တစ္ဦးတည္း ခ်န္ပီယံဆု ရရွိထားသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.