ကိုယ်ဝန်ဆောင်ဝမ်းချုပ်ခြင်း(constipation& pregnancy) (ကျန်းမာရေးဆောင်းပါး)

 336

ဒေါက်တာလွင်သန့် (NP News) - ဇူလိုင် ၂

ဝမ်းချုပ်တာကို ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုတို့ခံစားရတတ်ပြီး ကိုယ်ဝန် ဆောင်တတိယသုံးလပတ်မှာပိုမိုခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဖြစ်တာကြောင့်ဝမ်းချုပ်တာဖြေရှင်းရာမှာ ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်မပါပဲ အလွယ်တကူမသောက်သုံးသင့်ဘူး။ ဒါကြောင့် သဘာဝနည်းလမ်းတွေအသုံးပြုပြီးဖြေရှင်းတာကပိုသင့်တော်ပါတယ်။

ဘာကြောင့်ဝမ်းချုပ်ရသလဲဆိုရင် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သားအိမ်က အူတွေနဲ့အစာ ဟောင်းအိမ်ကို ဖိထားတာကြောင့်အူတွေရဲ့လှုပ်ရှားမှုနည်းလာပြီး ဝမ်းချုပ်စေပါတယ်။ဟော်မုန်းပရိုဂျက်စတုန်းက အူလမ်းကြောင်းတလျောက်အားတွေဖြတ်သန်းမှုကို နှေးကွေးစေတာကြောင့် ဝမ်းချုပ်တာဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာသောက်သုံးတဲ့ သံဓာတ်ပါတဲ့အားဆေးတွေကလည်း ဝမ်းချုပ်စေပါတယ်။ ဒါ့ပြင်စိုးရိမ်စိတ်များတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ အမျှင်ဓာတ်စားသုံးမှုနည်းတာတွေလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာဖြစ်စေပါတယ်။

ဝမ်းချုပ်နေတဲ့လက္ခဏာတွေကလူတိုင်းနီးပါးဝမ်းချုပ်တာကိုခံစားဖူးကြသလို ကိုယ် ဝန်ဆောင်စဉ်မှာလည်း အများစုက ဝမ်းချုပ်တာကိုခံစားကြရတာကြောင့်ဝမ်းချုပ်တဲ့အခါခံစားရတဲ့လက္ခဏာရပ်တွေနဲ့ရင်းနှီးပြီးသားဖြစ်ကြတယ်။ အချို့ဝမ်းချုပ်တာကိုဆိုးဆိုးရွားရွားခံစားကြရတဲ့အခါဝမ်းသွားချိန်မျက်ရည်ကျရတဲ့ထိဖြစ်တတ်ပါတယ်။ ဘယ်လိုဖြေရှင်းမလဲဆိုရင် ဝမ်းချုပ်တာကိုဆိုးဆိုးရွားရွားခံစားရပါကနောက်ဆက်တွဲအနေနဲ့လိပ်ခေါင်းဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေဝမ်းချုပ်တဲ့အခါဆေးဝါးတွေကို လက်လွတ်စပယ်သောက်လို့မသင့်တော်တာကြောင့် သဘာဝနည်းလမ်းတွေလိုက်နာကြည့်သင့်ပါတယ်။

အမျှင်ဓာတ်များများပါဝင်အောင်စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့တစ်နေ့ကိုအမျှင်ဓာတ်(၂၈)ဂရမ်လောက်ပါဝင်အောင်စားသင့်ပါတယ်။ အမျှင်ဓာတ်က ဝမ်းပျော့ပျော့သွားစေဖို့ကူညီပေးပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အောက်ပါအစားအစာတွေကိုနေ့စဉ်စားသုံးမှုများပါဝင်အောင် စားသင့်ပါတယ်။
(၁)သစ်သီးမျိုးစုံစားသင့်ပါတယ်။ ဘယ်ရီသီး၊ မက်မန်သီး၊ ပန်းသစ်တော်၊သစ်တော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းသီး၊ မန်ကျည်းသီးစတာတွေမှာအမျှင်ဓာတ်တွေများစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့သစ်သီးတွေစားပေးရင် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။
(၂)အားလူးနဲ့ကန်စွန်းဥစားသင့်ပါတယ်။ မြေအောက်မှရရှိနိုင်တဲ့အာလူးနဲ့ကန်စွန်းဥ စတာတွေလည်း အမျှင်ဓာတ်ကိုရရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့စားသင့်ပါတယ်။
(၃)ဟင်းသီးဟင်းရွက်စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကာကွယ်နိုင်ဖို့အတွက် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်စတဲ့ အစိမ်းရင့်ရောင်၊ အနီရောင်၊ အဝါရောင်ဟင်းသီးဟင်းရွက်တွေစားပေးသင့်ပါတယ်။
(၄)အစေ့အဆန်စားပေးသင့်ပါတယ်။ ဗာဒံစေ့၊ နေကြာစေ့၊ သစ်ကြားသီး၊ မြေပဲစတဲ့အစေ့အဆန်တွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်လို့နေ့စဉ်စားသုံးပေးသင့်ပါတယ်။
(၅)ပဲအမျိုးမျိုးစားသင့်ပါတယ်။ ပဲအမျိုးမျိုးမှာ ပါဝင်တဲ့အမျှင်ဓာတ်ဟာဟင်းသီး ဟင်းရွက်နဲ့ သစ်သီးတွေထက် နှစ်ဆပိုမိုပါတယ်။ ပဲကြီးစေ့၊ ပဲထောပတ်၊ ပဲနီလေး၊ ဆိုကိတ်ပဲစတာတွေမှာအမျှင်ဓာတ်တွေများစွာ ပါဝင်ပါတယ်။
(၆)သရေစာစားသင့်ပါတယ်။ အသင့်အမြန်စားစနပ်(snaps)တွေ သရေစာအဖြစ်စားသုံးမယ့်အစား၊ ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ မက်မန်းသီးခြောက်၊ စွန်ပလွန်သီးခြောက် စတာတွေကို စားပေးတာက ဝမ်းပျော့ပျော့သွားစေတဲ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်အလေးချိန်မတက်အောင်လည်း ကူညီပေးနိုင်ပါတယ်။
(၇)ကောက်နှံတစ်ခုလုံးပါအစာစားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့မနက်စာကိုအမျှင်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာ(တွေကာ)ကို စားသုံးသင့်ပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာတစ်ခွက်စားပါကအမျှင်ဓာတ်(၅)ဂရမ်ရရှိပါတယ်။
ကိုယ်လက်လှုပ်ရှားအားကစားလုပ်သင့်ပါတယ်။ ကိုယ်ဝန်နုစဉ်မှာ လူတိုင်းနေ့စဉ်နာရီ ဝက်မှတစ်နာရီကြာအပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီစီး၊ ရေကူးပြုသင့်ပါတယ်။
(က)ကိုယ်ဝန်ဆောင်ချိန်မှာလမ်းလျှောက်တာကအကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပဲဖြစ်တယ်။ လမ်းလျှောက်တာအပြင် ရေကူးတာ၊ ယောဂကျင့်တာနဲ့ အိမ်ကွင်းမှာပဲသင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုပြုလုပ်ပေးတာက အစာအိမ်နဲ့အူလမ်းကြောင်းလှုပ်ရှားမှုကိုကောင်းစေပါတယ်။
(ခ)ကီဇ(Hegel)လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ တင်ပဆုံးကြွက်သားတွေအားနည်းတဲ့အခါမှာလည်းဝမ်းသွားတဲ့အကျင့်ကိုပြောင်းလဲစေပြီး ဝမ်းချုပ်တတ်ပါတယ်။ တင်ပဆုံးကြွက် သားတွေအားကောင်းဖို့ ကီဇ(Hegel)လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဝမ်းချုပ်တာတွေကာကွယ်နိုင်တဲ့အခြားအကြောင်းရင်းတွေလုပ်နိုင်ပါတယ်။
(၁)ရေများများသောက်သင့်ပါတယ်။ ရေသောက်နည်းတာကဝမ်းချုပ်စတဲ့အကြောင်းတစ်ခုဖြစ်တယ်။ တစ်နေ့ကိုရေ(၆-၈)ဖန်ခွက်(သို့မဟုတ်)ရေသန့်(၂-၃)လီတာသောက်သင့်ပါတယ်။မနက်အိပ်ရာထထချင်းမှာရေအဝသောက်ပေးတာကဝမ်းသွားတဲ့အကျင့်ကိုပုံမှန်ဖြစ်စေပါတယ်။
(၂)အဆီများတဲ့အစားအစာများရှောင်သင့်ပါတယ်။ အဆီများတဲ့အစားအစာဖြစ်တဲ့အသားမှရတဲ့အဆီတွေ ဆီကြော်စာတွေ၊ ထပ်ပြန်ကြော်ဆီနဲ့ကြော်ထားတာတွေကိုတတ်နိုင်သမျှရှောင်သင့်ပါတယ်။ ဝမ်းချုပ်စေနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်မှာ ကိုယ်အလေးချိန်ပါတတ်လာနိုင်လာတာကြောင့်ပဲဖြစ်ပါတယ်။
(၃)အားဆေးများညွှန်ကြားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆရာဝန်တွေက သံဓာတ်ပါတဲ့အားဆေးတွေသောက်သုံးဖို့ညွှန်ကြားပါတယ်။ သံဓာတ်(၃၀)မီလီဂရမ်နဲ့အထက်ပါဝင်တဲ့ ဗီတာမင်သတ္တုဓာတ်မျိုးစုံပါတဲ့အားဆေးတွေက ကိုယ်ဝန်ဆောင်တွေမှာဝမ်းချုပ်တာဖြစ်စေပါတယ်။ အမျှင်ဓာတ်များတဲ့အသီးအနှံတွေစားတာ၊ ရေများများသောက်တာ စတဲ့ဟာတွေလိုက်နာဆောင်ရွက်ပေမယ့်ဝမ်းချုပ်တာကို ဆိုးဆိုးရွားရွားခံစားနေရတယ်ဆိုရင်တော့ဝမ်းချုပ်တာနဲ့ဝမ်းချူပေးသင့်ပါတယ်။(သို့မဟုတ်)ဆရာဝန်နဲ့ပြန်လည်ပြောပြတိုင်ပင်သင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်ဝမ်းနုတ်ဆေးမသောက်သင့်ပါဘူး။
(၄)အိမ်တွင်းကုထုံးဖြစ်စေတဲ့ချင်းလက်ဖက်ရည်သောက်ပေးသင့်တယ်။ကိုယ်ဝန် ဆောင်ဝမ်းချုပ်တာအတွက် အကောင်းဆုံး၊ အိမ်တွင်ကုထုံးတစ်လက်ပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာဝမ်းချုပ်စေတဲ့အကြောင်းရင်းအများအပြားရှိပါတယ်။ပထမဆုံးတစ်ချက်က ပရိုဂျက်စတုန်း(progesterone)လို့ခေါ်တဲ့ ဟော်မုန်းထွက်ရှိမှုများပြားလာခြင်းကြောင့်ဖြစ်တယ်။ အဆိုပါဟော်မုန်းဟာအစာအိမ်နဲ့အူလမ်းကြောင်းမှာရှိတဲ့ကြွက်သားတွေကိုပိုမိုပြေလျော့စေပါတယ်။ ပုံမှန်အနေနဲ့အူလမ်းကြောင်းထဲကအစာတွေတစ်နေရာကနေနောက်တစ်နေရာကိုရွေ့လျားနိုင်စေဖို့၊အူမှာရှိတဲ့ကြွက်သားတွေကတင်းတင်းညှစ်လိုက်၊ဖြေလျော့ပေးလိုက်တလှည့်စီလုပ်ပေးမယ်။ပရိုချက်စတုန်းဟော်မုန်းကြောင့်အူကြွက်သားတွေပိုမိုပြေလျော့သွားတဲ့အခါအစာစီးဆင်းမှုနှောင့်နှေးလာပါတယ်။ဒါကြောင့်နောက်ဆက်တွဲအနေနဲ့ဝမ်းချုပ်တဲ့ပြဿနာဖြစ်ပေါ်လာရပါတယ်။ကိုယ်ဝန်ဆောင်အားဆေးမှာပါတဲ့သံဓာတ်ကဝမ်းချုပ်တာကိုအားပေးပါတယ်။သံဓာတ်ပမာဏများများပါတဲ့ဖြည့်စွက်အားဆေးကိုရှောင်သင့်ပါတယ်။ကိုယ်ဝန်လရင့်လာချိန်မှာသားအိမ်မှာလည်းအရွယ်အစား၊အထူးကြီးမားလာလို့၊အူမကြီးအဖျားပိုင်း(Rectum)ပေါ်ကိုအားများများနဲ့ဖိချထားတဲ့အခါဝမ်းချုပ်စေပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တဲ့အခါ ဝမ်းနှုတ်တာတွေမသောက်သုံးသင့်ပါဘူး။ဝမ်းနုတ်ဆေးတွေက သားအိမ်ရဲ့ကျုံ့ညှစ်တာကိုအားပေးပြီး ရေးဓာတ်ခန်းခြောက်မှုကိုဖြစ်စေပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါရှိပဲ ကိုယ့်သဘောနဲ့ကိုယ်ဆေးဝါးသောက်သုံးမှုရှောင်ကြဥ်သင့်ပါတယ်။။

zawgyi version
ကိုယ္ဝန္ေဆာင္ဝမ္းခ်ဳပ္ျခင္း(constipation& pregnancy) (က်န္းမာေရးေဆာင္းပါး)
ေဒါက္တာလြင္သန႔္ (NP News) - ဇူလိုင္ ၂

ဝမ္းခ်ဳပ္တာကို ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအမ်ားစုတို႔ခံစားရတတ္ၿပီး ကိုယ္ဝန္ ေဆာင္တတိယသုံးလပတ္မွာပိုမိုခံစားရတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ျဖစ္တာေၾကာင့္ဝမ္းခ်ဳပ္တာေျဖရွင္းရာမွာ ေဆးဝါးေတြကို ဆရာဝန္ၫႊန္ၾကားခ်က္မပါပဲ အလြယ္တကူမေသာက္သုံးသင့္ဘူး။ ဒါေၾကာင့္ သဘာဝနည္းလမ္းေတြအသုံးျပဳၿပီးေျဖရွင္းတာကပိုသင့္ေတာ္ပါတယ္။

ဘာေၾကာင့္ဝမ္းခ်ဳပ္ရသလဲဆိုရင္ ကိုယ္ဝန္ရင့္လာတာနဲ႔အမွ် သားအိမ္က အူေတြနဲ႔အစာ ေဟာင္းအိမ္ကို ဖိထားတာေၾကာင့္အူေတြရဲ႕လႈပ္ရွားမႈနည္းလာၿပီး ဝမ္းခ်ဳပ္ေစပါတယ္။ေဟာ္မုန္းပ႐ိုဂ်က္စတုန္းက အူလမ္းေၾကာင္းတေလ်ာက္အားေတြျဖတ္သန္းမႈကို ေႏွးေကြးေစတာေၾကာင့္ ဝမ္းခ်ဳပ္တာျဖစ္ေစပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေသာက္သုံးတဲ့ သံဓာတ္ပါတဲ့အားေဆးေတြကလည္း ဝမ္းခ်ဳပ္ေစပါတယ္။ ဒါ့ျပင္စိုးရိမ္စိတ္မ်ားတာ၊ ေလ့က်င့္ခန္းမလုပ္တာ၊ အမွ်င္ဓာတ္စားသုံးမႈနည္းတာေတြလည္း ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဝမ္းခ်ဳပ္တာျဖစ္ေစပါတယ္။

ဝမ္းခ်ဳပ္ေနတဲ့လကၡဏာေတြကလူတိုင္းနီးပါးဝမ္းခ်ဳပ္တာကိုခံစားဖူးၾကသလို ကိုယ္ ဝန္ေဆာင္စဥ္မွာလည္း အမ်ားစုက ဝမ္းခ်ဳပ္တာကိုခံစားၾကရတာေၾကာင့္ဝမ္းခ်ဳပ္တဲ့အခါခံစားရတဲ့လကၡဏာရပ္ေတြနဲ႔ရင္းႏွီးၿပီးသားျဖစ္ၾကတယ္။ အခ်ိဳ႕ဝမ္းခ်ဳပ္တာကိုဆိုးဆိုး႐ြား႐ြားခံစားၾကရတဲ့အခါဝမ္းသြားခ်ိန္မ်က္ရည္က်ရတဲ့ထိျဖစ္တတ္ပါတယ္။ ဘယ္လိုေျဖရွင္းမလဲဆိုရင္ ဝမ္းခ်ဳပ္တာကိုဆိုးဆိုး႐ြား႐ြားခံစားရပါကေနာက္ဆက္တြဲအေနနဲ႔လိပ္ေခါင္းျဖစ္လာႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ေတြဝမ္းခ်ဳပ္တဲ့အခါေဆးဝါးေတြကို လက္လြတ္စပယ္ေသာက္လို႔မသင့္ေတာ္တာေၾကာင့္ သဘာဝနည္းလမ္းေတြလိုက္နာၾကည့္သင့္ပါတယ္။

အမွ်င္ဓာတ္မ်ားမ်ားပါဝင္ေအာင္စားသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔တစ္ေန႔ကိုအမွ်င္ဓာတ္(၂၈)ဂရမ္ေလာက္ပါဝင္ေအာင္စားသင့္ပါတယ္။ အမွ်င္ဓာတ္က ဝမ္းေပ်ာ့ေပ်ာ့သြားေစဖို႔ကူညီေပးပါတယ္။ အမွ်င္ဓာတ္ပါဝင္မႈမ်ားတဲ့ ေအာက္ပါအစားအစာေတြကိုေန႔စဥ္စားသုံးမႈမ်ားပါဝင္ေအာင္ စားသင့္ပါတယ္။
(၁)သစ္သီးမ်ိဳးစုံစားသင့္ပါတယ္။ ဘယ္ရီသီး၊ မက္မန္သီး၊ ပန္းသစ္ေတာ္၊သစ္ေတာ္သီး၊ စေတာ္ဘယ္ရီသီး၊ ပန္းသီး၊ မန္က်ည္းသီးစတာေတြမွာအမွ်င္ဓာတ္ေတြမ်ားစြာပါဝင္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမွ်င္ဓာတ္ႂကြယ္ဝတဲ့သစ္သီးေတြစားေပးရင္ ဝမ္းခ်ဳပ္တာကို ကာကြယ္ေပးပါတယ္။
(၂)အားလူးနဲ႔ကန္စြန္းဥစားသင့္ပါတယ္။ ေျမေအာက္မွရရွိႏိုင္တဲ့အာလူးနဲ႔ကန္စြန္းဥ စတာေတြလည္း အမွ်င္ဓာတ္ကိုရရွိႏိုင္တာေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔စားသင့္ပါတယ္။
(၃)ဟင္းသီးဟင္း႐ြက္စားသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဝမ္းခ်ဳပ္တာကာကြယ္ႏိုင္ဖို႔အတြက္ ပန္းေဂၚဖီ၊ ေဂၚဖီထုပ္၊ ပဲပင္ေပါက္၊ မုန္လာဥနီ၊ ဟင္းႏုႏြယ္႐ြက္စတဲ့ အစိမ္းရင့္ေရာင္၊ အနီေရာင္၊ အဝါေရာင္ဟင္းသီးဟင္း႐ြက္ေတြစားေပးသင့္ပါတယ္။
(၄)အေစ့အဆန္စားေပးသင့္ပါတယ္။ ဗာဒံေစ့၊ ေနၾကာေစ့၊ သစ္ၾကားသီး၊ ေျမပဲစတဲ့အေစ့အဆန္ေတြကလည္း ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဝမ္းခ်ဳပ္တာကိုကာကြယ္ေပးႏိုင္လို႔ေန႔စဥ္စားသုံးေပးသင့္ပါတယ္။
(၅)ပဲအမ်ိဳးမ်ိဳးစားသင့္ပါတယ္။ ပဲအမ်ိဳးမ်ိဳးမွာ ပါဝင္တဲ့အမွ်င္ဓာတ္ဟာဟင္းသီး ဟင္း႐ြက္နဲ႔ သစ္သီးေတြထက္ ႏွစ္ဆပိုမိုပါတယ္။ ပဲႀကီးေစ့၊ ပဲေထာပတ္၊ ပဲနီေလး၊ ဆိုကိတ္ပဲစတာေတြမွာအမွ်င္ဓာတ္ေတြမ်ားစြာ ပါဝင္ပါတယ္။
(၆)သေရစာစားသင့္ပါတယ္။ အသင့္အျမန္စားစနပ္(snaps)ေတြ သေရစာအျဖစ္စားသုံးမယ့္အစား၊ ဆီးသီးေျခာက္၊ စပ်စ္သီးေျခာက္၊ မက္မန္းသီးေျခာက္၊ စြန္ပလြန္သီးေျခာက္ စတာေတြကို စားေပးတာက ဝမ္းေပ်ာ့ေပ်ာ့သြားေစတဲ့အျပင္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာကိုယ္အေလးခ်ိန္မတက္ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။
(၇)ေကာက္ႏွံတစ္ခုလုံးပါအစာစားသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္တစ္ေယာက္အေနနဲ႔မနက္စာကိုအမွ်င္ဓာတ္ျပည့္ဝစြာပါဝင္တဲ့ ေကာက္ႏွံတစ္ခုလုံးပါဝင္စာ(ေတြကာ)ကို စားသုံးသင့္ပါတယ္။ ေကာက္ႏွံတစ္ခုလုံးပါဝင္စာတစ္ခြက္စားပါကအမွ်င္ဓာတ္(၅)ဂရမ္ရရွိပါတယ္။
ကိုယ္လက္လႈပ္ရွားအားကစားလုပ္သင့္ပါတယ္။ ကိုယ္ဝန္ႏုစဥ္မွာ လူတိုင္းေန႔စဥ္နာရီ ဝက္မွတစ္နာရီၾကာအေျပး၊ ႐ြ႐ြေျပး၊ လမ္းေလွ်ာက္၊ စက္ဘီစီး၊ ေရကူးျပဳသင့္ပါတယ္။
(က)ကိုယ္ဝန္ေဆာင္ခ်ိန္မွာလမ္းေလွ်ာက္တာကအေကာင္းဆုံးေလ့က်င့္ခန္းတစ္ခုပဲျဖစ္တယ္။ လမ္းေလွ်ာက္တာအျပင္ ေရကူးတာ၊ ေယာဂက်င့္တာနဲ႔ အိမ္ကြင္းမွာပဲသင့္တင့္တဲ့ကိုယ္လက္လႈပ္ရွားမႈေတြကိုျပဳလုပ္ေပးတာက အစာအိမ္နဲ႔အူလမ္းေၾကာင္းလႈပ္ရွားမႈကိုေကာင္းေစပါတယ္။
(ခ)ကီဇ(Hegel)ေလ့က်င့္ခန္းလုပ္သင့္ပါတယ္။ တင္ပဆုံးႂကြက္သားေတြအားနည္းတဲ့အခါမွာလည္းဝမ္းသြားတဲ့အက်င့္ကိုေျပာင္းလဲေစၿပီး ဝမ္းခ်ဳပ္တတ္ပါတယ္။ တင္ပဆုံးႂကြက္ သားေတြအားေကာင္းဖို႔ ကီဇ(Hegel)ေလ့က်င့္ခန္းလုပ္သင့္ပါတယ္။ ဝမ္းခ်ဳပ္တာေတြကာကြယ္ႏိုင္တဲ့အျခားအေၾကာင္းရင္းေတြလုပ္ႏိုင္ပါတယ္။
(၁)ေရမ်ားမ်ားေသာက္သင့္ပါတယ္။ ေရေသာက္နည္းတာကဝမ္းခ်ဳပ္စတဲ့အေၾကာင္းတစ္ခုျဖစ္တယ္။ တစ္ေန႔ကိုေရ(၆-၈)ဖန္ခြက္(သို႔မဟုတ္)ေရသန႔္(၂-၃)လီတာေသာက္သင့္ပါတယ္။မနက္အိပ္ရာထထခ်င္းမွာေရအဝေသာက္ေပးတာကဝမ္းသြားတဲ့အက်င့္ကိုပုံမွန္ျဖစ္ေစပါတယ္။
(၂)အဆီမ်ားတဲ့အစားအစာမ်ားေရွာင္သင့္ပါတယ္။ အဆီမ်ားတဲ့အစားအစာျဖစ္တဲ့အသားမွရတဲ့အဆီေတြ ဆီေၾကာ္စာေတြ၊ ထပ္ျပန္ေၾကာ္ဆီနဲ႔ေၾကာ္ထားတာေတြကိုတတ္ႏိုင္သမွ်ေရွာင္သင့္ပါတယ္။ ဝမ္းခ်ဳပ္ေစႏိုင္တဲ့အျပင္ ကိုယ္ဝန္ေဆာင္မွာ ကိုယ္အေလးခ်ိန္ပါတတ္လာႏိုင္လာတာေၾကာင့္ပဲျဖစ္ပါတယ္။
(၃)အားေဆးမ်ားၫႊန္ၾကားတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာဆရာဝန္ေတြက သံဓာတ္ပါတဲ့အားေဆးေတြေသာက္သုံးဖို႔ၫႊန္ၾကားပါတယ္။ သံဓာတ္(၃၀)မီလီဂရမ္နဲ႔အထက္ပါဝင္တဲ့ ဗီတာမင္သတၱဳဓာတ္မ်ိဳးစုံပါတဲ့အားေဆးေတြက ကိုယ္ဝန္ေဆာင္ေတြမွာဝမ္းခ်ဳပ္တာျဖစ္ေစပါတယ္။ အမွ်င္ဓာတ္မ်ားတဲ့အသီးအႏွံေတြစားတာ၊ ေရမ်ားမ်ားေသာက္တာ စတဲ့ဟာေတြလိုက္နာေဆာင္႐ြက္ေပမယ့္ဝမ္းခ်ဳပ္တာကို ဆိုးဆိုး႐ြား႐ြားခံစားေနရတယ္ဆိုရင္ေတာ့ဝမ္းခ်ဳပ္တာနဲ႔ဝမ္းခ်ဴေပးသင့္ပါတယ္။(သို႔မဟုတ္)ဆရာဝန္နဲ႔ျပန္လည္ေျပာျပတိုင္ပင္သင့္ပါတယ္။ ကိုယ့္သေဘာနဲ႔ကိုယ္ဝမ္းႏုတ္ေဆးမေသာက္သင့္ပါဘူး။
(၄)အိမ္တြင္းကုထုံးျဖစ္ေစတဲ့ခ်င္းလက္ဖက္ရည္ေသာက္ေပးသင့္တယ္။ကိုယ္ဝန္ ေဆာင္ဝမ္းခ်ဳပ္တာအတြက္ အေကာင္းဆုံး၊ အိမ္တြင္ကုထုံးတစ္လက္ပဲျဖစ္ပါတယ္။
ကိုယ္ဝန္ေဆာင္ကာလမွာဝမ္းခ်ဳပ္ေစတဲ့အေၾကာင္းရင္းအမ်ားအျပားရွိပါတယ္။ပထမဆုံးတစ္ခ်က္က ပ႐ိုဂ်က္စတုန္း(progesterone)လို႔ေခၚတဲ့ ေဟာ္မုန္းထြက္ရွိမႈမ်ားျပားလာျခင္းေၾကာင့္ျဖစ္တယ္။ အဆိုပါေဟာ္မုန္းဟာအစာအိမ္နဲ႔အူလမ္းေၾကာင္းမွာရွိတဲ့ႂကြက္သားေတြကိုပိုမိုေျပေလ်ာ့ေစပါတယ္။ ပုံမွန္အေနနဲ႔အူလမ္းေၾကာင္းထဲကအစာေတြတစ္ေနရာကေနေနာက္တစ္ေနရာကိုေ႐ြ႕လ်ားႏိုင္ေစဖို႔၊အူမွာရွိတဲ့ႂကြက္သားေတြကတင္းတင္းညႇစ္လိုက္၊ေျဖေလ်ာ့ေပးလိုက္တလွည့္စီလုပ္ေပးမယ္။ပ႐ိုခ်က္စတုန္းေဟာ္မုန္းေၾကာင့္အူႂကြက္သားေတြပိုမိုေျပေလ်ာ့သြားတဲ့အခါအစာစီးဆင္းမႈေႏွာင့္ေႏွးလာပါတယ္။ဒါေၾကာင့္ေနာက္ဆက္တြဲအေနနဲ႔ဝမ္းခ်ဳပ္တဲ့ျပႆနာျဖစ္ေပၚလာရပါတယ္။ကိုယ္ဝန္ေဆာင္အားေဆးမွာပါတဲ့သံဓာတ္ကဝမ္းခ်ဳပ္တာကိုအားေပးပါတယ္။သံဓာတ္ပမာဏမ်ားမ်ားပါတဲ့ျဖည့္စြက္အားေဆးကိုေရွာင္သင့္ပါတယ္။ကိုယ္ဝန္လရင့္လာခ်ိန္မွာသားအိမ္မွာလည္းအ႐ြယ္အစား၊အထူးႀကီးမားလာလို႔၊အူမႀကီးအဖ်ားပိုင္း(Rectum)ေပၚကိုအားမ်ားမ်ားနဲ႔ဖိခ်ထားတဲ့အခါဝမ္းခ်ဳပ္ေစပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ ဝမ္းခ်ဳပ္တဲ့အခါ ဝမ္းႏႈတ္တာေတြမေသာက္သုံးသင့္ပါဘူး။ဝမ္းႏုတ္ေဆးေတြက သားအိမ္ရဲ႕က်ဳံ႕ညႇစ္တာကိုအားေပးၿပီး ေရးဓာတ္ခန္းေျခာက္မႈကိုျဖစ္ေစပါတယ္။ ဆရာဝန္ၫႊန္ၾကားခ်က္မပါရွိပဲ ကိုယ့္သေဘာနဲ႔ကိုယ္ေဆးဝါးေသာက္သုံးမႈေရွာင္ၾကဥ္သင့္ပါတယ္။။

Related news

© 2021. All rights reserved.