ဒေါ်နယ်ထရမ့် နှင့် ဂျိုးဘိုင်ဒန်တို့၏ စကားစစ်ထိုးပွဲအတွင်းက စိတ်ဝင်စားဖွယ်ကောင်းသော အဓိကအချက်(၅)ချက်

 2896

Pika (NP News) - ဇူလိုင် ၂

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် သမ္မတ ဟောင်းဒေါ်နယ်ထရမ့်တို့သည် ဇွန်လ(၂၇)ရက်နေ့က ပြုလုပ်သော ၎င်းတို့၏ပထမဆုံးအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲအတွင်း စီးပွားရေး၊ ကိုယ်ဝန်ဖျက်ချမှု နှင့် လူဝင်မှုကြီးကြပ်ရေးတို့အပါအဝင် အခြားကိစ္စရပ်များကို အပြန်အလှန်ပြစ်တင် ဝေဖန် ခဲ့ကြကြောင်းသိရသည်။ ဂျိုးဘိုင်ဒန်နှင့် ဒေါ်နယ် ထရမ့်တို့သည် ဇွန်လ(၂၇)ရက်နေ့ညတွင် အတ္တ လန္တာမြို့ရှိ စင်မြင့်ပေါ်တွင် စကားစစ်ထိုးခဲ့ ကြ ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါစကားစစ်ထိုး ပွဲကို အမေရိကန်သတင်းထောက်များဖြစ်သည့် ဒါနာဘက်ရှ်နှင့် ဂျိတ်ခ်တပ်ပါတို့က အကဲဖြတ်မှုများ လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။

ဂျိုးဘိုင်ဒန် နှင့် ဒေါ်နယ်ထရမ့်တို့၏ စကား စစ်ထိုးပွဲအတွင်းမှ စိတ်ဝင်စားဖွယ်ကောင်းသော အဓိကအချက်(၅)ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

အသက်အရွယ်ပိုင်းဆိုင်ရာ
ဂျိုးဘိုင်ဒန် နှင့် ဒေါ်နယ်ထရမ့်တို့သည် ၎င်းတို့ ၏ အသက်အရွယ်နှင့်ပတ်သက်သော စိုးရိမ်မှုများ ကို ဖယ်ရှားရန်အတွက် အခွင့်အရေးတစ်ခုအဖြစ် စကားစစ်ထိုးခဲ့ကြသည်။ ဂျိုးဘိုင်ဒန်နှင့်ဒေါ်နယ် ထရမ့်တို့၏ ဆရာဝန်များက ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို မပြသခဲ့သော်လည်း မဲဆန္ဒရှင်အများစုထံတွင် ၎င်းတို့နှစ်ဦးစလုံးမှာ နောက်ထပ်သမ္မတ သက်တမ်းတစ်ခုကို ထမ်းဆောင်ရန်အတွက် အသက်ကြီးနေပြီ လားဆိုသည့် မေးခွန်းများရှိကြကြောင်း စစ်တမ်းများ တွင်ဖော်ပြထားသည်။ ဂျိုးဘိုင်ဒန်သည် ၎င်း၏စွမ်းဆောင်ရည်များနှင့်ပတ်သက်ပြီး ဒီမိုကရက်တစ် နှင့် ရီပတ်ဘလစ်ကန်ပါတီဝင်တို့ထံမှ ပြစ်တင်ဝေဖန်မှု များနှင့်ရင်ဆိုင်နေရသည်။ ထို့ပြင် အသက်အရွယ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများအကြောင်း မေးခွန်းများကို ဒေါ်နယ်ထရမ့်နှင့်ဂျိုးဘိုင်ဒန်တို့က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြသည်။ ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်သည် ၎င်းထက်(၃)နှစ်ငယ်သော်လည်း စီးပွားရေးပိုင်းတွင် စွမ်း ဆောင်ရည်နည်းပါးကြောင်း ပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်က ၎င်းသည် အသိÓဏ်စမ်းသပ်မှု နှစ်ခုကို အောင်မြင်ခဲ့ကြောင်းနှင့် ဂျိုးဘိုင်ဒန်အနေ ဖြင့် အသိညဏ်စမ်းသပ်မှုကို တစ်ကြိမ်မျှပင် အောင်မြင်နိုင်မည်မဟုတ်ဟု ယုံကြည်ကြောင်း ပြန် လည်ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်ဟု ဒေါ်နယ်ထရမ့်ပြော
ဒေါ်နယ်ထရမ့်အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို လက်ခံရန်အတွက် ကတိပြုမည်လားဆိုသည့် အချက်ကို သတင်းထောက် ဒါနာဘက်ရှ်က မေးမြန်းခဲ့သည်။ လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ တွင် တရားမျှတမည်ဆိုပါက ရလဒ်များကို လက်ခံသွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။ သက်သေအထောက်အထားများမရှိသော် လည်း ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် ကျယ်ပြန့်သော လိမ်လည်မှုတစ်ခုမှတစ်ဆင့် ၎င်းထံမှ ခိုးယူခံခဲ့ရကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ စကားစစ်ထိုးပွဲ အစောပိုင်းတွင် သတင်းထောက် ဂျိတ်ခ်တပ်ပါသည် ဒေါ်နယ်ထရမ့်၏ ထောက်ခံသူများက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၆) ရက်နေ့တွင် အမေရိကန် လွှတ်တော်အ ဆောက်အအုံကို တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို ဖိအားပေးခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဒေါ်နယ်ထရမ့်က ပါဝင်ပတ်သက်နေသည်ဟု ယူဆထားသော မဲဆန္ဒ ရှင်များကို ဘာပြောမလဲဆိုသည့် မေးခွန်းကို ဂျိတ်ခ် တပ်ပါကမေးမြန်းခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ၎င်းနှင့် တိုက်ရိုက်ပတ်သက်ဆက်နွှယ်ခြင်းမျိုး မရှိ ကြောင်း ဒေါ်နယ်ထရမ့်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့သည်။

ကိုယ်ဝန်ဖျက်ချမှုနှင့် ပတ်သက်၍
ဒေါ်နယ်ထရမ့်သည် ကိုယ်ဝန်ဖျက်ချမှုနှင့် ပတ်သက်ပြီး ၎င်း၏ရပ်တည်ချက်များကို ထပ်မံပြောဆိုခဲ့ ကာ စကားစစ်ထိုးခဲ့ကြောင်းသိရသည်။ နိုင်ငံတွင်း ကိုယ်ဝန်ဖျက်ချခြင်းကို ဂျိုးဘိုင်ဒန်က ထောက်ခံသည်ဟု ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ကြောင်း လည်းသိရသည်။ သို့သော်လည်း ဂျိုးဘိုင်ဒန်နှင့် ဒီမိုကရက်တစ်ပါတီတို့သည် အဆိုပါကိုယ်ဝန်ဖျက် ချခြင်းမူဝါဒကို ထောက်ခံခြင်းမျိုးမရှိကြောင်းလည်းသိရသည်။ အမေရိကန်နိုင်ငံတွင်း မည်သည့်ကိုယ်ဝန် ဖျက်ချမှုကိုမဆို ဗီတိုအာဏာသုံးရန် ဂျိုးဘိုင်ဒန်က ကတိပြုခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်၍
လူဝင်မှုကြီးကြပ်ရေးကဲ့သို့သော ပြဿနာများ သည် ဂျိုးဘိုင်ဒန်ကို ပြစ်တင်ဝေဖန်မှုများ ခံနေရ စေသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ တရားမဝင်လူဝင်မှု ကြီးကြပ်ရေးလျှော့ချရေး ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ထပ်နယ်ခြား စောင့်တပ်ဖွဲ့များကို ငှားရမ်းရန်အတွက် လုပ်ဆောင် သွားမည်ဟု ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့သည်။ ဂျိုးဘိုင် ဒန်သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်၏ ကွန်ဆာဗေးတစ်ဝါဒီ ချဉ်းကပ်မှုများကို ဆက်လက်ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါနည်းလမ်းမှာ မှန်ကန်သော နည်းလမ်းတစ်ခု မဟုတ်ကြောင်း ပြော ဆိုခဲ့သည်။ ရီပတ်ဘလစ်ကန် ပါတီဝင်များသည် အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ဝင် ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများမြင့် တက် လာခြင်းအပါအဝင် ဂျိုးဘိုင်ဒန် အုပ်ချုပ်ရေး၏ နယ်စပ်မူဝါဒကို ပြစ်တင်ဝေဖန်ခဲ့ကြ ကြောင်းသိရ သည်။ ထို့ပြင် ဂျိုးဘိုင်ဒန်သည် နယ်စပ်ကိစ္စများကို အလေးအနက်ထားကာ လုပ်ဆောင်ခြင်းမျိုးမရှိ ကြောင်း ရီပတ်ဘလစ်ကန်ပါတီဝင်များက စွပ်စွဲပြောဆိုထားသည်။

နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍
ယူကရိန်းနှင့်အစ္စရေးတို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများအပါအဝင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြဿနာအများအပြားကို ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဂျိုးဘိုင်ဒန်ကို ဒေါ်နယ်ထရမ့်က စကားစစ်ထိုးခဲ့သည်။ သို့သော်လည်း ဂျိုးဘိုင်ဒန်က ယူကရိန်းအတွက် ၎င်း၏ ထောက်ခံမှုများကို အလေးပေးပြောကြားခဲ့ပြီး ရုရှားကိုဆန့်ကျင်ကာ ကိုယ့်ကိုယ်ကိုယ်ခုခံ ကာကွယ်နေသည့် ယူကရိန်းအတွက် ၎င်း၏အစိုးရက ကျောထောက်နောက်ခံပြုမှု များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ယူကရိန်းစစ်ပွဲကို အဆုံး သတ်ရန်အတွက် ပူတင်၏ ကမ်းလှမ်းချက်များမှာ လက်ခံနိုင်စရာ မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သော်လည်း ယူကရိန်းသို့ အမေရိကန်က ပေးပို့ခဲ့သည့် အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာကို မေးခွန်း ထုတ်ခဲ့ကြောင်းသိရသည်။ ဂျိုးဘိုင် ဒန်နှင့် ဒေါ်နယ်ထရမ့်တို့နှစ်ဦးလုံးသည် ၎င်းတို့ ကိုယ်တိုင် အစ္စရေး၏မိတ်ဖက်များအဖြစ် ပြောဆိုခဲ့ ကြသည်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ မှထောက်ခံမှု များရရှိထားသော ၎င်း၏အစီအစဉ်များကို ဂျိုးဘိုင် ဒန်က ကြွေးကြော်ပြောဆိုခဲ့ကြောင်းသိရသည်။ ဂျိုးဘိုင်ဒန်က 'ကျွန်တော်ငြင်းထားတဲ့ တစ်ခုတည်းသောအရာက ပေါင် (၂၀ဝဝ)အလေးချိန်ရှိတဲ့ ဗုံးတွေပါ။ ဒီဗုံးတွေဟာ အပြစ်မဲ့ ပြည်သူတွေ အများအပြားကို သတ်ပစ်နိုင်ပါတယ်။ အစ္စရေးလိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေအား လုံးကို သူတို့လိုအပ်နေတဲ့အချိန်မှာ ကျွန်တော် တို့ထောက်ပံ့ပေးနေပါတယ်'ဟုပြောဆိုခဲ့သည်။ သို့သော်လည်း ဂါဇာကမ်းမြောင်ဒေသတွင် သေ ဆုံးသူအရေအတွက်တိုးမြင့်လာနိုင်ခြေအပေါ် စိုးရိမ်နေသည့် ဂျိုးဘိုင်ဒန်ကို ဒေါ်နယ်ထရမ့်က ပြစ် တင်ဝေဖန်မှုများလုပ်ဆောင်ခဲ့ပြီး အမေရိကန်အနေဖြင့် အစ္စရေးကို ၎င်း၏အလုပ်ကိုပြီးဆုံး အောင်လုပ်ရန် ခွင့်ပြုပေးသင့်ကြောင်းပြောဆိုခဲ့သည်။ ဂျိုးဘိုင်ဒန်နှင့်ဒေါ်နယ်ထရမ့်တို့သည် အစ္စရေး-ဟားမတ်စ်စစ်ပွဲကို ဖြေရှင်းရန် လိုလားနေသော ကိုယ်စားလှယ်လောင်းများအဖြစ် သရုပ်ဖော်ရန် ကြိုးပမ်းခဲ့ကြသောကြောင့် အဆိုပါ စစ်ပွဲမှာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအပေါ် လွှမ်းမိုးထားကြောင်းလည်း သိရသည်။

zawgyi version
ေဒၚနယ္ထရမ့္ ႏွင့္ ဂ်ိဳးဘိုင္ဒန္တို႔၏ စကားစစ္ထိုးပြဲအတြင္းက စိတ္ဝင္စားဖြယ္ေကာင္းေသာ အဓိကအခ်က္(၅)ခ်က္
Pika (NP News) - ဇူလိုင္ ၂

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ႏွင့္ သမၼတ ေဟာင္းေဒၚနယ္ထရမ့္တို႔သည္ ဇြန္လ(၂၇)ရက္ေန႔က ျပဳလုပ္ေသာ ၎တို႔၏ပထမဆုံးအႀကိမ္ သမၼတေလာင္း စကားစစ္ထိုးပြဲအတြင္း စီးပြားေရး၊ ကိုယ္ဝန္ဖ်က္ခ်မႈ ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးတို႔အပါအဝင္ အျခားကိစၥရပ္မ်ားကို အျပန္အလွန္ျပစ္တင္ ေဝဖန္ ခဲ့ၾကေၾကာင္းသိရသည္။ ဂ်ိဳးဘိုင္ဒန္ႏွင့္ ေဒၚနယ္ ထရမ့္တို႔သည္ ဇြန္လ(၂၇)ရက္ေန႔ညတြင္ အတၱ လႏၲာၿမိဳ႕ရွိ စင္ျမင့္ေပၚတြင္ စကားစစ္ထိုးခဲ့ ၾက ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါစကားစစ္ထိုး ပြဲကို အေမရိကန္သတင္းေထာက္မ်ားျဖစ္သည့္ ဒါနာဘက္ရွ္ႏွင့္ ဂ်ိတ္ခ္တပ္ပါတို႔က အကဲျဖတ္မႈမ်ား လုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။

ဂ်ိဳးဘိုင္ဒန္ ႏွင့္ ေဒၚနယ္ထရမ့္တို႔၏ စကား စစ္ထိုးပြဲအတြင္းမွ စိတ္ဝင္စားဖြယ္ေကာင္းေသာ အဓိကအခ်က္(၅)ခ်က္မွာ ေအာက္ပါအတိုင္းျဖစ္သည္။

အသက္အ႐ြယ္ပိုင္းဆိုင္ရာ
ဂ်ိဳးဘိုင္ဒန္ ႏွင့္ ေဒၚနယ္ထရမ့္တို႔သည္ ၎တို႔ ၏ အသက္အ႐ြယ္ႏွင့္ပတ္သက္ေသာ စိုးရိမ္မႈမ်ား ကို ဖယ္ရွားရန္အတြက္ အခြင့္အေရးတစ္ခုအျဖစ္ စကားစစ္ထိုးခဲ့ၾကသည္။ ဂ်ိဳးဘိုင္ဒန္ႏွင့္ေဒၚနယ္ ထရမ့္တို႔၏ ဆရာဝန္မ်ားက ၎တို႔၏ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားကို မျပသခဲ့ေသာ္လည္း မဲဆႏၵရွင္အမ်ားစုထံတြင္ ၎တို႔ႏွစ္ဦးစလုံးမွာ ေနာက္ထပ္သမၼတ သက္တမ္းတစ္ခုကို ထမ္းေဆာင္ရန္အတြက္ အသက္ႀကီးေနၿပီ လားဆိုသည့္ ေမးခြန္းမ်ားရွိၾကေၾကာင္း စစ္တမ္းမ်ား တြင္ေဖာ္ျပထားသည္။ ဂ်ိဳးဘိုင္ဒန္သည္ ၎၏စြမ္းေဆာင္ရည္မ်ားႏွင့္ပတ္သက္ၿပီး ဒီမိုကရက္တစ္ ႏွင့္ ရီပတ္ဘလစ္ကန္ပါတီဝင္တို႔ထံမွ ျပစ္တင္ေဝဖန္မႈ မ်ားႏွင့္ရင္ဆိုင္ေနရသည္။ ထို႔ျပင္ အသက္အ႐ြယ္ဆိုင္ရာ စိုးရိမ္ပူပန္မႈမ်ားအေၾကာင္း ေမးခြန္းမ်ားကို ေဒၚနယ္ထရမ့္ႏွင့္ဂ်ိဳးဘိုင္ဒန္တို႔က ျပန္လည္တုံ႔ျပန္ေျဖဆိုခဲ့ၾကသည္။ ဂ်ိဳးဘိုင္ဒန္က ေဒၚနယ္ထရမ့္သည္ ၎ထက္(၃)ႏွစ္ငယ္ေသာ္လည္း စီးပြားေရးပိုင္းတြင္ စြမ္း ေဆာင္ရည္နည္းပါးေၾကာင္း ေျပာဆိုခဲ့သည္။ ေဒၚနယ္ထရမ့္က ၎သည္ အသိÓဏ္စမ္းသပ္မႈ ႏွစ္ခုကို ေအာင္ျမင္ခဲ့ေၾကာင္းႏွင့္ ဂ်ိဳးဘိုင္ဒန္အေန ျဖင့္ အသိညဏ္စမ္းသပ္မႈကို တစ္ႀကိမ္မွ်ပင္ ေအာင္ျမင္ႏိုင္မည္မဟုတ္ဟု ယုံၾကည္ေၾကာင္း ျပန္ လည္ေျပာဆိုခဲ့သည္။

ေ႐ြးေကာက္ပြဲရလဒ္မ်ားကို လက္ခံမည္ဟု ေဒၚနယ္ထရမ့္ေျပာ
ေဒၚနယ္ထရမ့္အေနျဖင့္ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို လက္ခံရန္အတြက္ ကတိျပဳမည္လားဆိုသည့္ အခ်က္ကို သတင္းေထာက္ ဒါနာဘက္ရွ္က ေမးျမန္းခဲ့သည္။ လာမည့္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲ တြင္ တရားမွ်တမည္ဆိုပါက ရလဒ္မ်ားကို လက္ခံသြားမည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့သည္။ သက္ေသအေထာက္အထားမ်ားမရွိေသာ္ လည္း ၂၀၂၀ ျပည့္ႏွစ္တြင္ က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲသည္ က်ယ္ျပန႔္ေသာ လိမ္လည္မႈတစ္ခုမွတစ္ဆင့္ ၎ထံမွ ခိုးယူခံခဲ့ရေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ စကားစစ္ထိုးပြဲ အေစာပိုင္းတြင္ သတင္းေထာက္ ဂ်ိတ္ခ္တပ္ပါသည္ ေဒၚနယ္ထရမ့္၏ ေထာက္ခံသူမ်ားက ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ(၆) ရက္ေန႔တြင္ အေမရိကန္ လႊတ္ေတာ္အ ေဆာက္အအုံကို တိုက္ခိုက္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ကို ဖိအားေပးခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါ တိုက္ခိုက္မႈတြင္ ေဒၚနယ္ထရမ့္က ပါဝင္ပတ္သက္ေနသည္ဟု ယူဆထားေသာ မဲဆႏၵ ရွင္မ်ားကို ဘာေျပာမလဲဆိုသည့္ ေမးခြန္းကို ဂ်ိတ္ခ္ တပ္ပါကေမးျမန္းခဲ့ေၾကာင္း သိရသည္။ အဆိုပါ တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး ၎ႏွင့္ တိုက္႐ိုက္ပတ္သက္ဆက္ႏႊယ္ျခင္းမ်ိဳး မရွိ ေၾကာင္း ေဒၚနယ္ထရမ့္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့သည္။

ကိုယ္ဝန္ဖ်က္ခ်မႈႏွင့္ ပတ္သက္၍
ေဒၚနယ္ထရမ့္သည္ ကိုယ္ဝန္ဖ်က္ခ်မႈႏွင့္ ပတ္သက္ၿပီး ၎၏ရပ္တည္ခ်က္မ်ားကို ထပ္မံေျပာဆိုခဲ့ ကာ စကားစစ္ထိုးခဲ့ေၾကာင္းသိရသည္။ ႏိုင္ငံတြင္း ကိုယ္ဝန္ဖ်က္ခ်ျခင္းကို ဂ်ိဳးဘိုင္ဒန္က ေထာက္ခံသည္ဟု ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့ေၾကာင္း လည္းသိရသည္။ သို႔ေသာ္လည္း ဂ်ိဳးဘိုင္ဒန္ႏွင့္ ဒီမိုကရက္တစ္ပါတီတို႔သည္ အဆိုပါကိုယ္ဝန္ဖ်က္ ခ်ျခင္းမူဝါဒကို ေထာက္ခံျခင္းမ်ိဳးမရွိေၾကာင္းလည္းသိရသည္။ အေမရိကန္ႏိုင္ငံတြင္း မည္သည့္ကိုယ္ဝန္ ဖ်က္ခ်မႈကိုမဆို ဗီတိုအာဏာသုံးရန္ ဂ်ိဳးဘိုင္ဒန္က ကတိျပဳခဲ့သည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ပတ္သက္၍
လူဝင္မႈႀကီးၾကပ္ေရးကဲ့သို႔ေသာ ျပႆနာမ်ား သည္ ဂ်ိဳးဘိုင္ဒန္ကို ျပစ္တင္ေဝဖန္မႈမ်ား ခံေနရ ေစသည့္ ကိစၥရပ္တစ္ခုျဖစ္သည္။ တရားမဝင္လူဝင္မႈ ႀကီးၾကပ္ေရးေလွ်ာ့ခ်ေရး ႀကိဳးပမ္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ေနာက္ထပ္နယ္ျခား ေစာင့္တပ္ဖြဲ႕မ်ားကို ငွားရမ္းရန္အတြက္ လုပ္ေဆာင္ သြားမည္ဟု ဂ်ိဳးဘိုင္ဒန္က ေျပာဆိုခဲ့သည္။ ဂ်ိဳးဘိုင္ ဒန္သည္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ပတ္သက္၍ ေဒၚနယ္ထရမ့္၏ ကြန္ဆာေဗးတစ္ဝါဒီ ခ်ဥ္းကပ္မႈမ်ားကို ဆက္လက္ျပစ္တင္ေဝဖန္ခဲ့ၿပီး အဆိုပါနည္းလမ္းမွာ မွန္ကန္ေသာ နည္းလမ္းတစ္ခု မဟုတ္ေၾကာင္း ေျပာ ဆိုခဲ့သည္။ ရီပတ္ဘလစ္ကန္ ပါတီဝင္မ်ားသည္ အေမရိကန္-မကၠဆီကိုနယ္စပ္ကို ျဖတ္ေက်ာ္ဝင္ ေရာက္လာသည့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားျမင့္ တက္ လာျခင္းအပါအဝင္ ဂ်ိဳးဘိုင္ဒန္ အုပ္ခ်ဳပ္ေရး၏ နယ္စပ္မူဝါဒကို ျပစ္တင္ေဝဖန္ခဲ့ၾက ေၾကာင္းသိရ သည္။ ထို႔ျပင္ ဂ်ိဳးဘိုင္ဒန္သည္ နယ္စပ္ကိစၥမ်ားကို အေလးအနက္ထားကာ လုပ္ေဆာင္ျခင္းမ်ိဳးမရွိ ေၾကာင္း ရီပတ္ဘလစ္ကန္ပါတီဝင္မ်ားက စြပ္စြဲေျပာဆိုထားသည္။

ႏိုင္ငံျခားေရးမူဝါဒႏွင့္ပတ္သက္၍
ယူကရိန္းႏွင့္အစၥေရးတို႔တြင္ျဖစ္ပြားေနေသာ ပဋိပကၡမ်ားအပါအဝင္ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ ျပႆနာအမ်ားအျပားကို ကိုင္တြယ္ေျဖရွင္းမႈႏွင့္ ပတ္သက္၍ ဂ်ိဳးဘိုင္ဒန္ကို ေဒၚနယ္ထရမ့္က စကားစစ္ထိုးခဲ့သည္။ သို႔ေသာ္လည္း ဂ်ိဳးဘိုင္ဒန္က ယူကရိန္းအတြက္ ၎၏ ေထာက္ခံမႈမ်ားကို အေလးေပးေျပာၾကားခဲ့ၿပီး ႐ုရွားကိုဆန႔္က်င္ကာ ကိုယ့္ကိုယ္ကိုယ္ခုခံ ကာကြယ္ေနသည့္ ယူကရိန္းအတြက္ ၎၏အစိုးရက ေက်ာေထာက္ေနာက္ခံျပဳမႈ မ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။ ယူကရိန္းစစ္ပြဲကို အဆုံး သတ္ရန္အတြက္ ပူတင္၏ ကမ္းလွမ္းခ်က္မ်ားမွာ လက္ခံႏိုင္စရာ မဟုတ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ေသာ္လည္း ယူကရိန္းသို႔ အေမရိကန္က ေပးပို႔ခဲ့သည့္ အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာကို ေမးခြန္း ထုတ္ခဲ့ေၾကာင္းသိရသည္။ ဂ်ိဳးဘိုင္ ဒန္ႏွင့္ ေဒၚနယ္ထရမ့္တို႔ႏွစ္ဦးလုံးသည္ ၎တို႔ ကိုယ္တိုင္ အစၥေရး၏မိတ္ဖက္မ်ားအျဖစ္ ေျပာဆိုခဲ့ ၾကသည္။ အစၥေရး-ဟားမတ္စ္စစ္ပြဲ အပစ္အခတ္ရပ္စဲေရးႏွင့္ ပတ္သက္ၿပီး ႏိုင္ငံတကာ မွေထာက္ခံမႈ မ်ားရရွိထားေသာ ၎၏အစီအစဥ္မ်ားကို ဂ်ိဳးဘိုင္ ဒန္က ေႂကြးေၾကာ္ေျပာဆိုခဲ့ေၾကာင္းသိရသည္။ ဂ်ိဳးဘိုင္ဒန္က 'ကြၽန္ေတာ္ျငင္းထားတဲ့ တစ္ခုတည္းေသာအရာက ေပါင္ (၂၀ဝဝ)အေလးခ်ိန္ရွိတဲ့ ဗုံးေတြပါ။ ဒီဗုံးေတြဟာ အျပစ္မဲ့ ျပည္သူေတြ အမ်ားအျပားကို သတ္ပစ္ႏိုင္ပါတယ္။ အစၥေရးလိုအပ္တဲ့ စစ္လက္နက္ပစၥည္းေတြအား လုံးကို သူတို႔လိုအပ္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္ တို႔ေထာက္ပံ့ေပးေနပါတယ္'ဟုေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ဂါဇာကမ္းေျမာင္ေဒသတြင္ ေသ ဆုံးသူအေရအတြက္တိုးျမင့္လာႏိုင္ေျခအေပၚ စိုးရိမ္ေနသည့္ ဂ်ိဳးဘိုင္ဒန္ကို ေဒၚနယ္ထရမ့္က ျပစ္ တင္ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး အေမရိကန္အေနျဖင့္ အစၥေရးကို ၎၏အလုပ္ကိုၿပီးဆုံး ေအာင္လုပ္ရန္ ခြင့္ျပဳေပးသင့္ေၾကာင္းေျပာဆိုခဲ့သည္။ ဂ်ိဳးဘိုင္ဒန္ႏွင့္ေဒၚနယ္ထရမ့္တို႔သည္ အစၥေရး-ဟားမတ္စ္စစ္ပြဲကို ေျဖရွင္းရန္ လိုလားေနေသာ ကိုယ္စားလွယ္ေလာင္းမ်ားအျဖစ္ သ႐ုပ္ေဖာ္ရန္ ႀကိဳးပမ္းခဲ့ၾကေသာေၾကာင့္ အဆိုပါ စစ္ပြဲမွာ ၂၀၂၄ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲအေပၚ လႊမ္းမိုးထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.