ပဲခူး-ရန်ကုန်အဝေးပြေးယာဉ်လိုင်း (၉)လိုင်းကို အောင်မင်္ဂလာအဝေးပြေးကားကြီးဝင်းသို့ ပြောင်းလဲပြေးဆွဲသွားမည်

 11606

စော (NP News) - ဇူလိုင် ၃

မကြာမီကာလအတွင်း ပဲခူး-ရန်ကုန် ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း(၉)လိုင်းကို အောင်မင်္ဂလာအဝေးပြေးကားကြီးဝင်းသို့ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း ပဲခူးအဝေးပြေးကော်မတီဝင် ဦးဘမြင့်က ပြောသည်။ ဦးဘမြင့်က ဇူလိုင်လ ၂ ရက်က YRTC ၌ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်

"ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ယာဉ်လိုင်းအားလုံးပေါင်း (၁၀)လိုင်းရှိပါတယ်။ အဲဒီ (၁၀)လိုင်းမှာ တစ်လိုင်းကတော့ ပဲခူး-ဧရာဝတီတိုင်း ဆက်စပ်ဖို့အတွက် ဒဂုံဧရာမှာပဲဆက်လက်ပြေးဆွဲပြီးတော့ ကျန်တဲ့ယာဉ်လိုင်း (၉)လိုင်းက အောင်မင်္ဂလာကိုရွှေ့ပြီးတော့ ပြေးဆွဲမှာ ဖြစ်ပါတယ်။အဲဒီအတွက်ကို ကျွန်တော်တို့ YRTC ကနေ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြပြီး ခွင့်ပြုချက်ယူတဲ့အခါမှာ ခွင့်ပြုတဲ့အတွက် YCDC နဲ့ညှိနှိုင်းပြီးတော့ ဂိတ်နေရာလေးကို ရွေးချယ်သတ်မှတ်ထားပါတယ်"ဟု ၎င်းက ပြောသည်။

YCDC ၏ခွင့်ပြုချက်အရ ဂိတ် ၁ အနီးတွင် ပေ ၂၀၀ × ပေ ၆၀ ၌ အဆောက်အအုံဆောက် လုပ်ပြီး ဂိတ်ဖွင့်လှစ်ကာ ပဲခူး-ရန်ကုန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဂိတ်ဆောက်လုပ်မှု ၅၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ယခုလ(ဇူလိုင်လ)ကုန်တွင် ရာခိုင်နှုန်းပြည့်ပြီးစီးသွားမည်ဖြစ်ကြောင်း ဦးဘမြင့်က ခန့်မှန်းပြောဆိုထားသည်။

"အဲဒီအတွက်ခရီးသည်တွေဟာ အောင်မင်္ဂလာအဝေးပြေးဝင်း ဂိတ် ၁ ရှေ့လမ်းဘေးမှာ လာရောက်ပြီး စီးနင်းလို့ရပါတယ်။ သူတို့ရဲ့အထွက်ကားကတော့ ကျွန်တော်တို့ အကြမ်းဖျဉ်း ညှိနှိုင်းချက်အရ တစ်နေ့ကို အစီး ၂၀၊ ၃၀ ရှိနေမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ပဲခူး-ရန်ကုန် အဝေးပြေးယာဉ်လိုင်းများသည် သတ်မှတ်လမ်းကြောင်းများအတိုင်း ပြေးဆွဲလျက်ရှိပြီး ယာဉ်စီးခများကိုလည်း ပုံမှန်အတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ယာဉ်စီးခများကို ပိုမိုကောက်ခံသွားပါက အရေးယူသွားမည်ဖြစ်ကြောင်း ဦးဘမြင့်က ပြောသည်။

လက်ရှိတွင် ပဲခူး-ရန်ကုန်ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း၌ အစီးရေ (၃၉၀)ရှိကြောင်း သိရသည်။

zawgyi version
ပဲခူး-ရန္ကုန္အေဝးေျပးယာဥ္လိုင္း (၉)လိုင္းကို ေအာင္မဂၤလာအေဝးေျပးကားႀကီးဝင္းသို့ ေျပာင္းလဲေျပးဆြဲသြားမည္

ေစာ (NP News) - ဇူလိုင္ ၃

မၾကာမီကာလအတြင္း ပဲခူး-ရန္ကုန္ ေျပးဆြဲေနေသာ အေဝးေျပးယာဥ္လိုင္း(၉)လိုင္းကို ေအာင္မဂၤလာအေဝးေျပးကားႀကီးဝင္းသို့ ေျပာင္းလဲေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ပဲခူးအေဝးေျပးေကာ္မတီဝင္ ဦးဘျမင့္က ေျပာသည္။ ဦးဘျမင့္က ဇူလိုင္လ ၂ ရက္က YRTC ၌က်င္းပျပဳလုပ္ေသာ မီဒီယာေတြ႕ဆုံပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္

"ပဲခူး-ရန္ကုန္ ေျပးဆြဲေနတဲ့ယာဥ္လိုင္းအားလုံးေပါင္း (၁၀)လိုင္းရွိပါတယ္။ အဲဒီ (၁၀)လိုင္းမွာ တစ္လိုင္းကေတာ့ ပဲခူး-ဧရာဝတီတိုင္း ဆက္စပ္ဖို႔အတြက္ ဒဂုံဧရာမွာပဲဆက္လက္ေျပးဆြဲၿပီးေတာ့ က်န္တဲ့ယာဥ္လိုင္း (၉)လိုင္းက ေအာင္မဂၤလာကိုေ႐ႊ႕ၿပီးေတာ့ ေျပးဆြဲမွာ ျဖစ္ပါတယ္။အဲဒီအတြက္ကို ကြၽန္ေတာ္တို႔ YRTC ကေန တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကိုတင္ျပၿပီး ခြင့္ျပဳခ်က္ယူတဲ့အခါမွာ ခြင့္ျပဳတဲ့အတြက္ YCDC နဲ႔ညႇိႏႈိင္းၿပီးေတာ့ ဂိတ္ေနရာေလးကို ေ႐ြးခ်ယ္သတ္မွတ္ထားပါတယ္"ဟု ၎က ေျပာသည္။

YCDC ၏ခြင့္ျပဳခ်က္အရ ဂိတ္ ၁ အနီးတြင္ ေပ ၂၀၀ × ေပ ၆၀ ၌ အေဆာက္အအုံေဆာက္ လုပ္ၿပီး ဂိတ္ဖြင့္လွစ္ကာ ပဲခူး-ရန္ကုန္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ဂိတ္ေဆာက္လုပ္မႈ ၅၀ ရာခိုင္ႏႈန္းခန႔္ၿပီးစီးေနၿပီး ယခုလ(ဇူလိုင္လ)ကုန္တြင္ ရာခိုင္ႏႈန္းျပည့္ၿပီးစီးသြားမည္ျဖစ္ေၾကာင္း ဦးဘျမင့္က ခန႔္မွန္းေျပာဆိုထားသည္။

"အဲဒီအတြက္ခရီးသည္ေတြဟာ ေအာင္မဂၤလာအေဝးေျပးဝင္း ဂိတ္ ၁ ေရွ႕လမ္းေဘးမွာ လာေရာက္ၿပီး စီးနင္းလို႔ရပါတယ္။ သူတို႔ရဲ႕အထြက္ကားကေတာ့ ကြၽန္ေတာ္တို႔ အၾကမ္းဖ်ဥ္း ညႇိႏႈိင္းခ်က္အရ တစ္ေန႔ကို အစီး ၂၀၊ ၃၀ ရွိေနမွာျဖစ္ပါတယ္"ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ပဲခူး-ရန္ကုန္ အေဝးေျပးယာဥ္လိုင္းမ်ားသည္ သတ္မွတ္လမ္းေၾကာင္းမ်ားအတိုင္း ေျပးဆြဲလ်က္ရွိၿပီး ယာဥ္စီးခမ်ားကိုလည္း ပုံမွန္အတိုင္း ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္ ယာဥ္စီးခမ်ားကို ပိုမိုေကာက္ခံသြားပါက အေရးယူသြားမည္ျဖစ္ေၾကာင္း ဦးဘျမင့္က ေျပာသည္။

လက္ရွိတြင္ ပဲခူး-ရန္ကုန္ေျပးဆြဲေနေသာ အေဝးေျပးယာဥ္လိုင္း၌ အစီးေရ (၃၉၀)ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.