“ပဋိပက္ခတွေတိုးပွားအောင်လုပ်ရင်တော့ မြတ်ဗုဒ္ဓရဲ့ဓမ္မတရားနဲ့ မညီဘူးလို့ပဲ ပြောချင်တယ်” (အင်တာဗျူး)

 12004

သုတကျော်(NP News) - ဇူလိုင် ၃

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရ၍ ပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်မှာ ပြည်ပ ရောက် မြန်မာမီဒီယာများနှင့်နိုင်ငံတကာ မီဒီယာများတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။ သို့သော် ဆရာ တော်ကြီး အပစ်ခံရသည့် ဖြစ်စဉ်အပြီး သုံးရက်အကြာတွင် ပရဟိတမော်တော်ယာဉ်ကို ကိုယ်တိုင် မောင်းနှင်ကာ လူနာပို့ပြီး ပြန်လာသည့် ဆခမကျေးရွာ မှ ဆရာတော်ကို Black Tiger အမည်ရှိ PDF အဖွဲ့ က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သောကြောင့် အဆိုပါ ဆရာတော်ပျံလွန်တော်မူသည့် ဖြစ် စဉ်မှာမူ ဟိုးလေးတကျော် ဖြစ်လာခြင်းမရှိသည့်အပြင် ရေငုံနှုတ်ပိတ်နေကြသည်ကိုပင် တွေ့မြင်ရပေသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း PDF အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ပျံလွန်တော် မူရ သည့် ဆရာတော် အရေအတွက်မှာလည်း အပါး (၁၄၀) ခန့်ပင် ရှိနေပြီ ဖြစ်သည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂအထိပင် သွားရောက်ကာ သံဃာတော်များ သတ်ဖြတ်ခံရသည့် အရေးကို ပြောကြားခဲ့သူ စတော့ဟုမ်းငြိမ်ချမ်းရေးဆုရှင် IBEC ဆရာတော် ဦးသောဘိတအား NP News က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ဒီရက်ပိုင်းမှာ ပဲခူး ဝင်းနိမ္မိတာရုံကျောင်း တိုက်ဆရာတော် ပျံလွန်တော်မူတဲ့ ဖြစ်စဉ်ဖြစ်သွား ပါတယ်ဘုရား။ ဒီဟာနဲ့ ပတ်သက်ပြီးသဘောထား မှတ်ချက်လေးတစ်ခု အရင်ဆုံးပေးလို့ရမလား ဘုရား။
ဖြေ - ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဒါကမှတ်ချက်အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ မှားယွင်းစွာ ပစ်ခတ်ခဲ့ကြတဲ့ လူတွေက သူတို့ နစက ဥက္ကဋ္ဌ ကိုယ်တိုင်က ဝန်ခံတာ တွေ့ရတယ်။ ဒီတိုင်းကတော့ ဘုန်းဘုန်းက ကြိုဆိုတယ်ပေါ့ကွာ။ ကိုယ့်အဖွဲ့အစည်းထဲက လုပ်တဲ့ဟာကို အထက်လူကြီးတွေက သိသွားတာနဲ့ တောင်းပန်တယ် ဝန်ချတယ်ဆိုတာက ဒါကတော့သူတော်ကောင်း တွေလုပ်ရမယ့် လုပ်ငန်းစဉ်ပဲလေ။ သဘောထား မှတ်ချက်အားဖြင့် ပြောရရင်တော့ နစကဘက်က သူတို့ ဝန်ချ တောင်းပန်တယ်၊ ဆောင်ရွက်မှုတွေက ဒါလွန်သွားတယ်ဆိုတာကို သူတို့သိတဲ့အတွက် ဒီဟာကို တော့ အသိအမှတ်ပြုပေးရမယ်ပေါ့နော်။ ဒုတိယ မှတ်ချက်ကတော့ ဝင်းနိမ္မိတာရုံ ဆရာတော် ဘုရားကြီး အပြင် မြန်မာပြည်မှာ အသတ်ခံရတဲ့ ရဟန်း၊ သံဃာပေါင်း ရာချီသွားပြီပေါ့။ ရာချီသွားတဲ့ ကိစ္စတွေလည်း ရှိတယ်ဆိုတာ ဒါတွေကိုလည်း ပြည်တွင်း၊ ပြည်ပကော နိုင်ငံတကာကော အားလုံးကသိဖို့ လိုအပ်တယ် ပေါ့။ ဘယ်အဖွဲ့အစည်း လက်နက်ကိုင်ကပဲ သံဃာတွေနဲ့ ပတ်သက် ပတ်သက်၊ ပြည်သူတွေ နဲ့ ပတ်သက်၊ ပတ်သက် သွေးထွက်သံယိုဖြစ်အောင် ဆောင်ရွက်တဲ့ကိစ္စ၊ အသက်သေကျေသွားအောင် ဆောင်ရွက်တဲ့ ကိစ္စတွေကို မှတ်တမ်းတစ်ခုထားပြီးတော့မှ နိုင်ငံတကာကလည်း သိဖို့လိုတယ်။ ပြည်တွင်းကလည်း သိဖို့ လိုတယ်။ အားလုံးဟာ မျှခြေနဲ့ ကြည့်ပြီးတော့မှ အားလုံးက ဒါကို ရှုမြင်သုံးသပ်ဖို့ လိုမယ်ဆိုတာကို မှတ် ချက်ပေးချင်ပါတယ်။

မေး - အခု ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူတဲ့ကိစ္စနဲ့ပတ်သက်လို့ ပြည်ပထွက်ပြေးတဲ့ မီဒီယာ တော်တော်များများနဲ့ တချို့သာ ဆရာတော်၊ သံဃာတော်အချို့က ဒါကို ဦးတည်ပြီး၊ နိုင်ငံရေးအရ ရော ယှက်ပြီး သုံးနှုန်းလာတဲ့ အသုံးအနှုန်းတွေ တွေ့ရပါတယ် ဘုရား။ ဘုန်းဘုန်းအနေနဲ့ ဒီခြေလှမ်းတွေကို ဘယ်လိုမျိုးသုံးသပ်ချင်ပါသလဲ ဘုရား။
ဖြေ - နိုင်ငံရေးသမားတို့၊ တော်လှန်ရေးသမားတို့၊ စစ်ရေးသမားတို့ဆိုတာက ခေတ်အဆက်ဆက်မှာ သူ တို့လိုချင်ရင် လိုချင်သလို ပုံဖော်ပြီးတော့မှ အသုံးချခဲ့တာပေါ့။ အဲဒါတွေက အမှန်တရားတော့ မဟုတ်ဘူး ပေါ့နော်။ အမှန်တရား မဟုတ်သလို မှားသလားဆိုတော့ လောကကြီးကမှားတယ်လို့ မပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အနိုင်ရချင်ကြတာကိုး။ အနိုင်ရချင်ကြတဲ့အတွက် အခွင့်သင့်လိုက်တာနဲ့ တဖက် အဖွဲ့အစည်းကို အပြန်ပြန်အလှန် လှန်ထိုးနှက် ကြတယ်ဆိုတာက လောကရဲ့ သဘာဝဓမ္မလေ။ အဲဒီတော့ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဒီလိုဖြစ်သွားတဲ့အတွက် ငါတို့ သံဃာတွေ အဖို့မှာ စိတ်မကောင်း ဖြစ်ရတယ်။ ကျမ်းတတ်၊ ပေတတ် အကျော် အမော်ကြီး ဖြစ်တဲ့အတွက် မဖြစ်သင့်တဲ့ကိစ္စလို့ ဒီလိုတော့ တို့ကသဘောထားမှတ်ချက်ပေးတယ်။ ဒါပေမယ့် ဒီလိုဖြစ်စဉ်မျိုးတွေ ဥပမာဆိုပါတော့ တပ်မတော်ဘက် ကနေ မှားယွင်းစွာ ဆောင်ရွက်တဲ့အပိုင်း ကဏ္ဍတွေရှိသလို NUG/PDF ဘက်က မှားယွင်းစွာ ဆောင်ရွက်ခဲ့ တာကို ကမ္ဘာ့ကုလသမဂ္ဂတွေ၊ အာဆီယံတို့မှာ မှတ်တမ်းတင်ခဲ့တာလည်း အများကြီးရှိတာပဲ။ အဲဒါကြောင့် ဒီတော်လှန်ရေး၊ နိုင်ငံရေးသမား တွေဆိုတာက လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး။ ပွင့်ပွင့် လင်းလင်း ပြောရ ရင်တော့ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ စစ်ရေးသမားဆိုတာ ကြမ်းပိုးကို လိပ် ဖြစ်အောင် ပြော တယ်။ လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတယ်ဆိုတော့ သူတို့တွေကတော့ မီဒီယာကို နိုင်ငံရေး နဲ့ တော် လှန်ရေးနဲ့ အသုံးချကြတာက ထင်ရှားတယ်ပေါ့။ ဒါကြောင့် ဒါတွေကတော့ မှန်ကန်တဲ့ လမ်းကြောင်း တော့ မဟုတ်ဘူး။ သူတို့ နိုင်ငံရေးရဲ့ မဟာ ဗျူဟာ၊ စစ်ရေးရဲ့မဟာဗျူဟာ၊ တော်လှန်ရေးရဲ့ မဟာဗျူဟာဆိုရင်တော့ ဘာမှမပြောချင်ဘူးပေါ့နော်။ အမှန်တရားမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။

မေး - ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သီတဂူ ဆရာတော်ကြီးက ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ကို သွားပါတယ်ဘုရား။ သီတဂူ ဆရာတော်ကြီးရဲ့ မိန့်ကြားလိုက်တဲ့ စကားလေးတစ်ခုရှိပါတယ်။ သံဃာထု အားလုံးကို ခွင့်လွှတ် ပါ၊ မေ့ပျောက်ပါ၊ သည်းခံပါ ဆိုပြီး မိန့်သွားတာတွေ့ရပါတယ်။ အဲဒီလို မိန့်သွားတဲ့အပေါ် သီတဂူ ဆရာ တော်ကြီးကိုပါ ပြစ်တင်ဆဲဆိုမှုတွေ ပြုကြတာတွေ့ရပါတယ်။ သံဃာတော်တစ်ပါးဟာ ဒီလိုဖြစ်ရပ်မှာ ဘယ်လို မိန့်ကြားမှ သံဃာတော် အစစ်လို့ နားလည်ရမှာပါလဲ ဘုရား။
ဖြေ - အစစ်တွေ အတုတွေတော့ မပြောချင်ပါဘူး။ ဆရာတော်ဘုရားကြီးက သူ့အလုပ်သူလုပ်တာပါ။ ဆရာတော်ဘုရားကြီးရဲ့ သဘောက ဖြစ်ပြီးသား ပြဿနာတွေကို ငြိမ်းအေးစေချင်တယ်။ နောက်ပြီးတော့ မှ ဒီဟာကို အကြောင်းပြုပြီးတော့မှ တော်လှန်ရေးသမား၊ စစ်ရေးသမား၊ နိုင်ငံရေးသမားတွေရဲ့ အသုံးချ မှုနဲ့ တိုင်းပြည်ကြီး ပျက်စီးသွားမှာကို သူမလိုချင်ဘူးပေါ့။ တစ်ဖက်ကကျတော့လည်း ဘာဖြစ်သလဲဆို တော့ တော်လှန်ရေး အယူဆောင်၊ နိုင်ငံရေး အယူဆောင်တဲ့သူတွေက ရဟန်းသံဃာတော်တွေကို ပတ္တနိက္ကုဇ္ဇန ကံဆောင်တဲ့ သပိတ်ဖြစ်အောင် လှုံ့ဆော်ကြတာပေါ့။ ဒါပေမဲ့ တစ်တိုင်းပြည်လုံးက သံဃာ တော်တွေက ဒီအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်တွင်းမှာရှိတဲ့ သံဃာတော်တွေက နှစ်ဖက် စလုံးနဲ့ ဘက်ကင်းအောင် သတိထားပြီး နေထိုင်ကြတာကို တွေ့ရပါတယ်။ သီတဂူဆရာတော်ကြီးက သူ့ အလုပ် သူလုပ်တာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဆရာတော်ကြီးက သက်တော်ရွယ်တော်လည်း ကြီးပြီ။ သူ့ဓမ္မအမြင်တွေနဲ့ သုံးသပ်ပြီးတော့မှ ဒီဟာကို အကြောင်းပြုပြီး ပဋိပက္ခအနေအထားမဖြစ်ဖို့ အ တွက် သံဃာထုကို မေတ္တာရပ်ခံတဲ့ သဘောပြောသွားတာ။ ဒါဆရာတော်ကြီးဘက်က ပြောသင့်တဲ့
စကားမို့လို့ သူပြောတာလို့ ယူဆပါတယ်။ နောက်တစ်ခုကကျတော့ ဒါကို အကြောင်းပြုပြီးတော့မှ ဒီဟာကို ခုတုံးလုပ်ပြီးတော့မှ သံဃာထုတွေ အထင်အမြင် လွဲမှားလာအောင်၊ သံဃာတွေ ဂိုဏ်းကွဲ လာအောင် နောက်တစ်ခုက နိုင်ငံတော်ရဲ့ အခြေအနေတွေ ဒါထက် ပိုပြီးဆိုးရွားသွားအောင် တွန်းပို့နေတဲ့ အနေအထားလည်း ရှိနေတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါလည်း မကြိုက်ဘူး။ ပြဿနာတွေဆို တာက ဖြစ်ပေါ်လာပြီးရင် အမှန်အမှား ဆုံးဖြတ်တာထက် ပြဿနာတွေကို ငြိမ်းအေးသွားအောင်၊ တည်ငြိမ်သွားအောင် ဆောင်ရွက်တာဟာ ဓမ္မတရားပေါ့။ အဲဒီတော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မတရားဆိုတာက ပဋိပက္ခတွေကို ချုပ်ငြိမ်းစေတဲ့ သဘောပါပဲ။ ပဋိပက္ခတွေကို တိုးပွားအောင် လုပ်ရင်တော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မတရားနဲ့မညီဘူးလို့ပဲ ငါပြောချင်ပါတယ်။ သံဃာ အစစ်တွေ၊ အတုတွေကတော့ ဘုန်းဘုန်းအနေ အထားနဲ့ ဘာမှမပြောချင်ပါဘူး။

မေး - တပည့်တော်တို့ လေ့လာမိသလောက်က အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကြောင့် ပျံလွန် တော်မူခဲ့ရတဲ့ သံဃာတော်အရေအတွက်က အပါး တစ်ရာကျော်ပြီလို့ သိရပါတယ်ဘုရား။ ဒီလိုသတ် ဖြတ်ခံရတာ ဖြစ်တဲ့အချိန်မှာ ဘယ်သူမှ အသံမထွက်ကြဘဲ ဘုန်းဘုန်းတစ်ပါးတည်းကသာ ကုလသမဂ္ဂ အထိ သွားပြီး ပြောဆိုခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်ပေါ့နော်။ ဒီကိစ္စကျမှ လုပ်လာတာလည်း တွေ့ရတယ်။ ဒီလိုလုပ်လာတဲ့ လူတစ်စုကိုကော ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ ဘုရား။
ဖြေ - ဆရာတော်တွေ၊ သံဃာတော်တွေ သတ်ဖြတ်ခံရတာကတော့ ဘယ်ဘက်ကပဲ သတ်သတ်လက် မ ခံဘူးဆိုတဲ့ ငါ့ဘက်က သဘောထားမှတ်ချက်ရှိတယ်။ မှားယွင်းသွားတာကို မှားယွင်းသွားတယ်လို့ ဝန်ခံ ရင်တော့ အသိအမှတ်ပြုပေးရမှာပေါ့။ ဪ သူတို့က မှားတာကိုမှားတယ်လို့လက်ခံတယ်ဆိုပြီး။ (၃) နှစ် တာ ကာလအတွင်းမှာဆိုရင် အသတ်ခံရတဲ့ ရဟန်း၊ သံဃာပေါင်း ၁၄၀ လောက်ရှိပြီ။ ပြောချင်တာက တစ်တိုင်းပြည်လုံးမှာရှိတဲ့ ဘုရားသာသနာတော်အတွင်းမှာ နေထိုင်ကြတဲ့ သံဃာတော်တွေကို သတ်ဖြတ် တယ်ဆိုတာ ကောင်းတာမှမဟုတ်တာ။ အဲဒီအချိန်တုန်းက ပြည်တွင်းနေ သံဃာတွေကော၊ ပြည်ပနေ သံဃာတော်တွေရောက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စကားသံတွေ မထွက်ကြဘူးပေါ့။ ဒါကြောင့် လည်း နာမည်ကြီးမှ၊ ထင်ပေါ်မှ ကျော်ကြားမှ ရပ်တည်ပေးမှာလားဆိုတဲ့ ဒါကလည်း တစ်မျိုးရှိတာပေါ့။ ဒီလိုဟာမျိုးက ပြည်တွင်း၊ ပြည်ပ၊ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြသင့်ခဲ့ပါလျက်နဲ့ မဖော်ပြခဲ့ ဘဲနဲ့ ဒီဆရာတော်ကြီးကျမှ BBC ၊ VOA တို့စသည်ဖြင့် ဟိုးလေးတကျော် ဖော်ပြကြတာက တကယ်တမ်း လူ့အခွင့်အရေးစံချိန်တွေကို သူတို့က တောင်းဆိုနေပြီးမှ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ လူအုပ်စုက လုပ်ကြတာလို့ ငါကတော့ မြင်တယ်။ ဒါကြောင့်မို့လို့ အဖွဲ့အစည်းတွေကို ပြောချင်တာက ရဟန်း၊ သံဃာ တော်တွေ တစ်တိုင်းပြည်လုံး သတ်ဖြတ်ခံရတာမှာ ကိုယ်လုပ်ခဲ့တဲ့ဟာကို ဝန်မခံရဲဘဲနဲ့ ဟိုလူ့လွှဲချ၊ ဒီလူ့ လွှဲချနဲ့ လွှဲချတဲ့ ပြဿနာမျိုးကို ငါတိုဘက်ကမဖြစ်စေချင်ဘူး။ အဲဒီအဖွဲ့အစည်းတွေကို နောက်နောင်ကျ ရင် ရဟန်းသံဃာတွေနဲ့ပဲ ပတ်သက် ပတ်သက်၊ ပြည်သူတွေနဲ့ပဲ ပတ်သက် ပတ်သက်၊ နိုင်ငံ့ဝန်ထမ်းတွေ နဲ့ပဲ ပတ်သက် ပတ်သက် အားလုံးကို ဒီဟာတွေကို အဖွဲ့အစည်းပေါင်းစုံက ရှောင်ရှားသင့်တယ်လို့ မှတ် ချက်ပေးတယ်။

မေး - ရဟန်းသံဃာတွေအနေနဲ့ ပဋိပက္ခဖြစ်ရာ အညိုရောင်နယ်မြေတွေမှာ သွားလာမယ်ဆိုရင် ဘယ်လို သတိနဲ့သွားလာသင့်တယ်လို့ ထင်ပါသလဲ ဘုရား။
ဖြေ - တရားဝင်သည် ဖြစ်စေ၊ မဝင်သည် ဖြစ်စေ သူတို့က ရပ်ခိုင်းရင် ရပ်ကိုရပ်ပေးရမယ်။ မောင်းဆိုရင် မောင်းရမယ်ပေါ့။ တံခါးဖွင့်ဆို ဖွင့်ရမယ်ပေါ့။ ဒါကတော့ ရဟန်းသံဃာတိုင်း သိထားရမယ့် အချက်လို့ ဘုန်းဘုန်းကတော့ မြင်ပါတယ်။ ဘယ်အဖွဲ့အစည်းကပဲ စစ်ဆေး၊ စစ်ဆေး စစ်ဆေးခံမယ်ဆိုရင် ပဋိပက္ခ နယ်မြေကို သွားတဲ့အခါ အန္တရာယ်လျော့နိုင်တာပေါ့။ မဟုတ်ဘဲနဲ့ ဒေသန္တရမှာရှိကြတဲ့ လက်နက်ကိုင်အဖွဲ့ အစည်း အသီးသီးရဲ့စစ်ဆေးခြင်းကို ကျော်လွန်ပြီးတော့ သွားမယ်ဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ် ရနိုင်တာပေါ့။ ဒါကြောင့်မို့လို့ ဒါတွေကိုလည်း ရဟန်းသံဃာတွေက သတိထားပြီး သွားကြလာကြဖို့ လိုအပ်မယ်လို့ ဘုန်းဘုန်း ပြောချင်ပါတယ်။

မေး - နောက်ဆုံးမေးခွန်းပါဘုရား။ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူပြီးတဲ့နောက် တခြား ဆရာတော်တွေ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်ဘုရား။ ဒီဖြစ်စဉ်တွေကို ခြုံငုံပြီးတော့ ပြည် တွင်းနေ ပြည်သူလူထုကော ပြည်ပနေသူတွေကိုကော ဘယ်လိုများ မှတ်ချက်ပေး မိန့်ကြားချင်တာ ရှိပါသလဲ ဘုရား။
ဖြေ - ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသား ပြီးတော့ မြန်မာနွယ်ဖွားတွေပေါ့။ မြန်မာပြည်မှာ မွေး ပြီး ပြည်ပမှာနေတဲ့သူတွေကော၊ ပြည်တွင်းမှာနေတဲ့ သူတွေကော အားလုံးပေါ့။ ကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုး ထားတဲ့သူဆိုရင် ဖူးဖူးမှုတ်ပြီး ထားပြီးတော့မှ သာမန်လူတန်းစာတွေကို ချောင်ထဲ ထိုးချတာ မလုပ်သင့် ဘူးပေါ့။ ဖြစ်စဉ်က နှစ်ခုလုံးဖြစ်ခဲ့တဲ့ နေရာမှာ ပိဋိကတ်အရာ အကျော်အမော်ဖြစ်တဲ့ ဆရာတော်ကြီးကျ ဟိုးလေးတကျော်နဲ့ မီဒီယာပေါင်းစုံက ပြောကြဆိုကြဒါတွေ ဖြစ်တယ်။ နောက်ထပ် မြင်းခြံကို သွားတဲ့ လူနာတင်ကားနဲ့ သွားတဲ့ ဆရာတော် ပစ်ခတ်ခံရတဲ့ ကိစ္စကကျတော့ နှုတ်ဆိတ်နေကြတယ်။ ဒါလည်း မ ဖြစ်သင့်ဘူးပေါ့။ ဆိုလိုချင်တာက သံဃာဆိုတာ ဘုရားရဲ့ ဓမ္မနဲ့အညီနေရင် အားလုံးကသံဃာတွေ ချည်းပဲ လေ။ အဲဒီတော့ သံဃာတော်တွေ ဖြစ်ရင် ဘုန်းကံကြီးမှ နာမည်ကြီးမှ မဟုတ်ဘူး။ ဘယ်သံဃာတော်တွေ ပဲဖြစ်ဖြစ် ဖြစ်စဉ်အမှန်ကို ရေးသား၊ တင်ပြတဲ့ မီဒီယာတွေရှိတာ ဝမ်းသာရမှာပါ။ နိုင်ငံတကာ မီဒီယာတွေ နဲ့ ပြည်တွင်း မီဒီယာတွေကို ပြောချင်တာက ဒီလို ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့ပြီဆိုရင် မှန်မှန်ကန်ကန် တည့်တည့်မတ်မတ်နဲ့ ဘယ်အဖွဲ့အစည်းက လုပ်ပါတယ် ဆိုတာကို တိတိကျကျ ရေးသားဖို့ လိုတာပေါ့။ နိုင်ငံရေး ထောင်ချောက်အရ၊ စစ်ရေး ထောင်ချောက်အရ လုပ်တာကိုတော့ ရှုံ့ချတယ်ပေါ့။ သံဃာတော် တွေဘယ်ရဟန်း၊ သံဃာတော်ပဲ ဖြစ်ဖြစ် သတ်ဖြတ်ခံရတယ်၊ အကြမ်းဖက်ခံရတယ်ဆိုရင် ရဟန်းသံဃာမှ မဟုတ်ဘူး ပြည်သူတွေလည်းဖြစ်တယ် ဆိုရင် တို့ကတော့ ဒါကန့်ကွက်တယ်။ ရှုတ်ချတယ်။ မနှစ်မြို့ဘူး ပေါ့။ အဲ့ဒီလို ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့ရင်တော့ (နိုင်ငံခြားရောက်) မြန်မာနွယ်ဖွားတွေနဲ့ မီဒီယာသမားတွေကို မေးချင်တာက ဘယ်သတင်းကိုပဲဖြစ်ဖြစ် မီဒီယာ ကျင့်ဝတ်နဲ့ဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်။

အခုလိုအချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဘုရား။

zawgyi version
“ပဋိပကၡေတြတိုးပြားေအာင္လုပ္ရင္ေတာ့ ျမတ္ဗုဒၶရဲ႕ဓမၼတရားနဲ႔ မညီဘူးလို႔ပဲ ေျပာခ်င္တယ္” (အင္တာဗ်ဴး)
သုတေက်ာ္(NP News) - ဇူလိုင္ ၃

ဝင္းနိမၼိတာ႐ုံေက်ာင္းဆရာေတာ္ႀကီး ပစ္ခတ္ခံရ၍ ပ်ံလြန္ေတာ္မူခဲ့သည့္ ျဖစ္စဥ္မွာ ျပည္ပ ေရာက္ ျမန္မာမီဒီယာမ်ားႏွင့္ႏိုင္ငံတကာ မီဒီယာမ်ားတြင္ ဟိုးေလးတေက်ာ္ ျဖစ္ခဲ့သည္။ သို႔ေသာ္ ဆရာ ေတာ္ႀကီး အပစ္ခံရသည့္ ျဖစ္စဥ္အၿပီး သုံးရက္အၾကာတြင္ ပရဟိတေမာ္ေတာ္ယာဥ္ကို ကိုယ္တိုင္ ေမာင္းႏွင္ကာ လူနာပို႔ၿပီး ျပန္လာသည့္ ဆခမေက်း႐ြာ မွ ဆရာေတာ္ကို Black Tiger အမည္ရွိ PDF အဖြဲ႕ က ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ေသာေၾကာင့္ အဆိုပါ ဆရာေတာ္ပ်ံလြန္ေတာ္မူသည့္ ျဖစ္ စဥ္မွာမူ ဟိုးေလးတေက်ာ္ ျဖစ္လာျခင္းမရွိသည့္အျပင္ ေရငုံႏႈတ္ပိတ္ေနၾကသည္ကိုပင္ ေတြ႕ျမင္ရေပသည္။
ထို႔ျပင္ ၂၀၂၁ ခုႏွစ္ေနာက္ပိုင္း PDF အၾကမ္းဖက္သမားမ်ား ပစ္ခတ္မႈေၾကာင့္ ပ်ံလြန္ေတာ္ မူရ သည့္ ဆရာေတာ္ အေရအတြက္မွာလည္း အပါး (၁၄၀) ခန႔္ပင္ ရွိေနၿပီ ျဖစ္သည္။ အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္၍ ကမာၻ႔ကုလသမဂၢအထိပင္ သြားေရာက္ကာ သံဃာေတာ္မ်ား သတ္ျဖတ္ခံရသည့္ အေရးကို ေျပာၾကားခဲ့သူ စေတာ့ဟုမ္းၿငိမ္ခ်မ္းေရးဆုရွင္ IBEC ဆရာေတာ္ ဦးေသာဘိတအား NP News က ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ဒီရက္ပိုင္းမွာ ပဲခူး ဝင္းနိမၼိတာ႐ုံေက်ာင္း တိုက္ဆရာေတာ္ ပ်ံလြန္ေတာ္မူတဲ့ ျဖစ္စဥ္ျဖစ္သြား ပါတယ္ဘုရား။ ဒီဟာနဲ႔ ပတ္သက္ၿပီးသေဘာထား မွတ္ခ်က္ေလးတစ္ခု အရင္ဆုံးေပးလို႔ရမလား ဘုရား။
ေျဖ - ဝင္းနိမၼိတာ႐ုံ ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူတဲ့ ကိစၥနဲ႔ပတ္သက္လို႔ ဒါကမွတ္ခ်က္အေနအထားနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ မွားယြင္းစြာ ပစ္ခတ္ခဲ့ၾကတဲ့ လူေတြက သူတို႔ နစက ဥကၠ႒ ကိုယ္တိုင္က ဝန္ခံတာ ေတြ႕ရတယ္။ ဒီတိုင္းကေတာ့ ဘုန္းဘုန္းက ႀကိဳဆိုတယ္ေပါ့ကြာ။ ကိုယ့္အဖြဲ႕အစည္းထဲက လုပ္တဲ့ဟာကို အထက္လူႀကီးေတြက သိသြားတာနဲ႔ ေတာင္းပန္တယ္ ဝန္ခ်တယ္ဆိုတာက ဒါကေတာ့သူေတာ္ေကာင္း ေတြလုပ္ရမယ့္ လုပ္ငန္းစဥ္ပဲေလ။ သေဘာထား မွတ္ခ်က္အားျဖင့္ ေျပာရရင္ေတာ့ နစကဘက္က သူတို႔ ဝန္ခ် ေတာင္းပန္တယ္၊ ေဆာင္႐ြက္မႈေတြက ဒါလြန္သြားတယ္ဆိုတာကို သူတို႔သိတဲ့အတြက္ ဒီဟာကို ေတာ့ အသိအမွတ္ျပဳေပးရမယ္ေပါ့ေနာ္။ ဒုတိယ မွတ္ခ်က္ကေတာ့ ဝင္းနိမၼိတာ႐ုံ ဆရာေတာ္ ဘုရားႀကီး အျပင္ ျမန္မာျပည္မွာ အသတ္ခံရတဲ့ ရဟန္း၊ သံဃာေပါင္း ရာခ်ီသြားၿပီေပါ့။ ရာခ်ီသြားတဲ့ ကိစၥေတြလည္း ရွိတယ္ဆိုတာ ဒါေတြကိုလည္း ျပည္တြင္း၊ ျပည္ပေကာ ႏိုင္ငံတကာေကာ အားလုံးကသိဖို႔ လိုအပ္တယ္ ေပါ့။ ဘယ္အဖြဲ႕အစည္း လက္နက္ကိုင္ကပဲ သံဃာေတြနဲ႔ ပတ္သက္ ပတ္သက္၊ ျပည္သူေတြ နဲ႔ ပတ္သက္၊ ပတ္သက္ ေသြးထြက္သံယိုျဖစ္ေအာင္ ေဆာင္႐ြက္တဲ့ကိစၥ၊ အသက္ေသေက်သြားေအာင္ ေဆာင္႐ြက္တဲ့ ကိစၥေတြကို မွတ္တမ္းတစ္ခုထားၿပီးေတာ့မွ ႏိုင္ငံတကာကလည္း သိဖို႔လိုတယ္။ ျပည္တြင္းကလည္း သိဖို႔ လိုတယ္။ အားလုံးဟာ မွ်ေျခနဲ႔ ၾကည့္ၿပီးေတာ့မွ အားလုံးက ဒါကို ရႈျမင္သုံးသပ္ဖို႔ လိုမယ္ဆိုတာကို မွတ္ ခ်က္ေပးခ်င္ပါတယ္။

ေမး - အခု ဝင္းနိမၼိတာ႐ုံဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူတဲ့ကိစၥနဲ႔ပတ္သက္လို႔ ျပည္ပထြက္ေျပးတဲ့ မီဒီယာ ေတာ္ေတာ္မ်ားမ်ားနဲ႔ တခ်ိဳ႕သာ ဆရာေတာ္၊ သံဃာေတာ္အခ်ိဳ႕က ဒါကို ဦးတည္ၿပီး၊ ႏိုင္ငံေရးအရ ေရာ ယွက္ၿပီး သုံးႏႈန္းလာတဲ့ အသုံးအႏႈန္းေတြ ေတြ႕ရပါတယ္ ဘုရား။ ဘုန္းဘုန္းအေနနဲ႔ ဒီေျခလွမ္းေတြကို ဘယ္လိုမ်ိဳးသုံးသပ္ခ်င္ပါသလဲ ဘုရား။
ေျဖ - ႏိုင္ငံေရးသမားတို႔၊ ေတာ္လွန္ေရးသမားတို႔၊ စစ္ေရးသမားတို႔ဆိုတာက ေခတ္အဆက္ဆက္မွာ သူ တို႔လိုခ်င္ရင္ လိုခ်င္သလို ပုံေဖာ္ၿပီးေတာ့မွ အသုံးခ်ခဲ့တာေပါ့။ အဲဒါေတြက အမွန္တရားေတာ့ မဟုတ္ဘူး ေပါ့ေနာ္။ အမွန္တရား မဟုတ္သလို မွားသလားဆိုေတာ့ ေလာကႀကီးကမွားတယ္လို႔ မေျပာလိုပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အႏိုင္ရခ်င္ၾကတာကိုး။ အႏိုင္ရခ်င္ၾကတဲ့အတြက္ အခြင့္သင့္လိုက္တာနဲ႔ တဖက္ အဖြဲ႕အစည္းကို အျပန္ျပန္အလွန္ လွန္ထိုးႏွက္ ၾကတယ္ဆိုတာက ေလာကရဲ႕ သဘာဝဓမၼေလ။ အဲဒီေတာ့ ဝင္းနိမၼိတာ႐ုံဆရာေတာ္ဘုရားႀကီး ဒီလိုျဖစ္သြားတဲ့အတြက္ ငါတို႔ သံဃာေတြ အဖို႔မွာ စိတ္မေကာင္း ျဖစ္ရတယ္။ က်မ္းတတ္၊ ေပတတ္ အေက်ာ္ အေမာ္ႀကီး ျဖစ္တဲ့အတြက္ မျဖစ္သင့္တဲ့ကိစၥလို႔ ဒီလိုေတာ့ တို႔ကသေဘာထားမွတ္ခ်က္ေပးတယ္။ ဒါေပမယ့္ ဒီလိုျဖစ္စဥ္မ်ိဳးေတြ ဥပမာဆိုပါေတာ့ တပ္မေတာ္ဘက္ ကေန မွားယြင္းစြာ ေဆာင္႐ြက္တဲ့အပိုင္း က႑ေတြရွိသလို NUG/PDF ဘက္က မွားယြင္းစြာ ေဆာင္႐ြက္ခဲ့ တာကို ကမာၻ႔ကုလသမဂၢေတြ၊ အာဆီယံတို႔မွာ မွတ္တမ္းတင္ခဲ့တာလည္း အမ်ားႀကီးရွိတာပဲ။ အဲဒါေၾကာင့္ ဒီေတာ္လွန္ေရး၊ ႏိုင္ငံေရးသမား ေတြဆိုတာက လိုရင္တစ္မ်ိဳး၊ မလိုရင္တစ္မ်ိဳး။ ပြင့္ပြင့္ လင္းလင္း ေျပာရ ရင္ေတာ့ ေတာ္လွန္ေရးသမား၊ ႏိုင္ငံေရးသမား၊ စစ္ေရးသမားဆိုတာ ၾကမ္းပိုးကို လိပ္ ျဖစ္ေအာင္ ေျပာ တယ္။ လိပ္ကို ၾကမ္းပိုးျဖစ္ေအာင္ ေျပာတယ္ဆိုေတာ့ သူတို႔ေတြကေတာ့ မီဒီယာကို ႏိုင္ငံေရး နဲ႔ ေတာ္ လွန္ေရးနဲ႔ အသုံးခ်ၾကတာက ထင္ရွားတယ္ေပါ့။ ဒါေၾကာင့္ ဒါေတြကေတာ့ မွန္ကန္တဲ့ လမ္းေၾကာင္း ေတာ့ မဟုတ္ဘူး။ သူတို႔ ႏိုင္ငံေရးရဲ႕ မဟာ ဗ်ဴဟာ၊ စစ္ေရးရဲ႕မဟာဗ်ဴဟာ၊ ေတာ္လွန္ေရးရဲ႕ မဟာဗ်ဴဟာဆိုရင္ေတာ့ ဘာမွမေျပာခ်င္ဘူးေပါ့ေနာ္။ အမွန္တရားမဟုတ္ဘူးလို႔ပဲ ေျပာခ်င္ပါတယ္။

ေမး - ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ သီတဂူ ဆရာေတာ္ႀကီးက ဝင္းနိမၼိတာ႐ုံ ေက်ာင္းတိုက္ကို သြားပါတယ္ဘုရား။ သီတဂူ ဆရာေတာ္ႀကီးရဲ႕ မိန႔္ၾကားလိုက္တဲ့ စကားေလးတစ္ခုရွိပါတယ္။ သံဃာထု အားလုံးကို ခြင့္လႊတ္ ပါ၊ ေမ့ေပ်ာက္ပါ၊ သည္းခံပါ ဆိုၿပီး မိန႔္သြားတာေတြ႕ရပါတယ္။ အဲဒီလို မိန႔္သြားတဲ့အေပၚ သီတဂူ ဆရာ ေတာ္ႀကီးကိုပါ ျပစ္တင္ဆဲဆိုမႈေတြ ျပဳၾကတာေတြ႕ရပါတယ္။ သံဃာေတာ္တစ္ပါးဟာ ဒီလိုျဖစ္ရပ္မွာ ဘယ္လို မိန႔္ၾကားမွ သံဃာေတာ္ အစစ္လို႔ နားလည္ရမွာပါလဲ ဘုရား။
ေျဖ - အစစ္ေတြ အတုေတြေတာ့ မေျပာခ်င္ပါဘူး။ ဆရာေတာ္ဘုရားႀကီးက သူ႔အလုပ္သူလုပ္တာပါ။ ဆရာေတာ္ဘုရားႀကီးရဲ႕ သေဘာက ျဖစ္ၿပီးသား ျပႆနာေတြကို ၿငိမ္းေအးေစခ်င္တယ္။ ေနာက္ၿပီးေတာ့ မွ ဒီဟာကို အေၾကာင္းျပဳၿပီးေတာ့မွ ေတာ္လွန္ေရးသမား၊ စစ္ေရးသမား၊ ႏိုင္ငံေရးသမားေတြရဲ႕ အသုံးခ် မႈနဲ႔ တိုင္းျပည္ႀကီး ပ်က္စီးသြားမွာကို သူမလိုခ်င္ဘူးေပါ့။ တစ္ဖက္ကက်ေတာ့လည္း ဘာျဖစ္သလဲဆို ေတာ့ ေတာ္လွန္ေရး အယူေဆာင္၊ ႏိုင္ငံေရး အယူေဆာင္တဲ့သူေတြက ရဟန္းသံဃာေတာ္ေတြကို ပတၱနိကၠဳဇၨန ကံေဆာင္တဲ့ သပိတ္ျဖစ္ေအာင္ လႈံ႕ေဆာ္ၾကတာေပါ့။ ဒါေပမဲ့ တစ္တိုင္းျပည္လုံးက သံဃာ ေတာ္ေတြက ဒီအေျခအေနကို ပြင့္ပြင့္လင္းလင္းေျပာရရင္ ျပည္တြင္းမွာရွိတဲ့ သံဃာေတာ္ေတြက ႏွစ္ဖက္ စလုံးနဲ႔ ဘက္ကင္းေအာင္ သတိထားၿပီး ေနထိုင္ၾကတာကို ေတြ႕ရပါတယ္။ သီတဂူဆရာေတာ္ႀကီးက သူ႔ အလုပ္ သူလုပ္တာေပါ့။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ဆရာေတာ္ႀကီးက သက္ေတာ္႐ြယ္ေတာ္လည္း ႀကီးၿပီ။ သူ႔ဓမၼအျမင္ေတြနဲ႔ သုံးသပ္ၿပီးေတာ့မွ ဒီဟာကို အေၾကာင္းျပဳၿပီး ပဋိပကၡအေနအထားမျဖစ္ဖို႔ အ တြက္ သံဃာထုကို ေမတၱာရပ္ခံတဲ့ သေဘာေျပာသြားတာ။ ဒါဆရာေတာ္ႀကီးဘက္က ေျပာသင့္တဲ့
စကားမို႔လို႔ သူေျပာတာလို႔ ယူဆပါတယ္။ ေနာက္တစ္ခုကက်ေတာ့ ဒါကို အေၾကာင္းျပဳၿပီးေတာ့မွ ဒီဟာကို ခုတုံးလုပ္ၿပီးေတာ့မွ သံဃာထုေတြ အထင္အျမင္ လြဲမွားလာေအာင္၊ သံဃာေတြ ဂိုဏ္းကြဲ လာေအာင္ ေနာက္တစ္ခုက ႏိုင္ငံေတာ္ရဲ႕ အေျခအေနေတြ ဒါထက္ ပိုၿပီးဆိုး႐ြားသြားေအာင္ တြန္းပို႔ေနတဲ့ အေနအထားလည္း ရွိေနတာေပါ့။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ငါလည္း မႀကိဳက္ဘူး။ ျပႆနာေတြဆို တာက ျဖစ္ေပၚလာၿပီးရင္ အမွန္အမွား ဆုံးျဖတ္တာထက္ ျပႆနာေတြကို ၿငိမ္းေအးသြားေအာင္၊ တည္ၿငိမ္သြားေအာင္ ေဆာင္႐ြက္တာဟာ ဓမၼတရားေပါ့။ အဲဒီေတာ့ ျမတ္ဗုဒၶရဲ႕ ဓမၼတရားဆိုတာက ပဋိပကၡေတြကို ခ်ဳပ္ၿငိမ္းေစတဲ့ သေဘာပါပဲ။ ပဋိပကၡေတြကို တိုးပြားေအာင္ လုပ္ရင္ေတာ့ ျမတ္ဗုဒၶရဲ႕ ဓမၼတရားနဲ႔မညီဘူးလို႔ပဲ ငါေျပာခ်င္ပါတယ္။ သံဃာ အစစ္ေတြ၊ အတုေတြကေတာ့ ဘုန္းဘုန္းအေန အထားနဲ႔ ဘာမွမေျပာခ်င္ပါဘူး။

ေမး - တပည့္ေတာ္တို႔ ေလ့လာမိသေလာက္က အၾကမ္းဖက္သမားေတြရဲ႕ သတ္ျဖတ္တာေၾကာင့္ ပ်ံလြန္ ေတာ္မူခဲ့ရတဲ့ သံဃာေတာ္အေရအတြက္က အပါး တစ္ရာေက်ာ္ၿပီလို႔ သိရပါတယ္ဘုရား။ ဒီလိုသတ္ ျဖတ္ခံရတာ ျဖစ္တဲ့အခ်ိန္မွာ ဘယ္သူမွ အသံမထြက္ၾကဘဲ ဘုန္းဘုန္းတစ္ပါးတည္းကသာ ကုလသမဂၢ အထိ သြားၿပီး ေျပာဆိုခဲ့ရတဲ့အထိ ျဖစ္ခဲ့တယ္ေပါ့ေနာ္။ ဒီကိစၥက်မွ လုပ္လာတာလည္း ေတြ႕ရတယ္။ ဒီလိုလုပ္လာတဲ့ လူတစ္စုကိုေကာ ဘယ္လိုမွတ္ခ်က္ေပးခ်င္ပါသလဲ ဘုရား။
ေျဖ - ဆရာေတာ္ေတြ၊ သံဃာေတာ္ေတြ သတ္ျဖတ္ခံရတာကေတာ့ ဘယ္ဘက္ကပဲ သတ္သတ္လက္ မ ခံဘူးဆိုတဲ့ ငါ့ဘက္က သေဘာထားမွတ္ခ်က္ရွိတယ္။ မွားယြင္းသြားတာကို မွားယြင္းသြားတယ္လို႔ ဝန္ခံ ရင္ေတာ့ အသိအမွတ္ျပဳေပးရမွာေပါ့။ ဪ သူတို႔က မွားတာကိုမွားတယ္လို႔လက္ခံတယ္ဆိုၿပီး။ (၃) ႏွစ္ တာ ကာလအတြင္းမွာဆိုရင္ အသတ္ခံရတဲ့ ရဟန္း၊ သံဃာေပါင္း ၁၄၀ ေလာက္ရွိၿပီ။ ေျပာခ်င္တာက တစ္တိုင္းျပည္လုံးမွာရွိတဲ့ ဘုရားသာသနာေတာ္အတြင္းမွာ ေနထိုင္ၾကတဲ့ သံဃာေတာ္ေတြကို သတ္ျဖတ္ တယ္ဆိုတာ ေကာင္းတာမွမဟုတ္တာ။ အဲဒီအခ်ိန္တုန္းက ျပည္တြင္းေန သံဃာေတြေကာ၊ ျပည္ပေန သံဃာေတာ္ေတြေရာက ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ စကားသံေတြ မထြက္ၾကဘူးေပါ့။ ဒါေၾကာင့္ လည္း နာမည္ႀကီးမွ၊ ထင္ေပၚမွ ေက်ာ္ၾကားမွ ရပ္တည္ေပးမွာလားဆိုတဲ့ ဒါကလည္း တစ္မ်ိဳးရွိတာေပါ့။ ဒီလိုဟာမ်ိဳးက ျပည္တြင္း၊ ျပည္ပ၊ ႏိုင္ငံတကာ သတင္းမီဒီယာေတြမွာ ေဖာ္ျပသင့္ခဲ့ပါလ်က္နဲ႔ မေဖာ္ျပခဲ့ ဘဲနဲ႔ ဒီဆရာေတာ္ႀကီးက်မွ BBC ၊ VOA တို႔စသည္ျဖင့္ ဟိုးေလးတေက်ာ္ ေဖာ္ျပၾကတာက တကယ္တမ္း လူ႔အခြင့္အေရးစံခ်ိန္ေတြကို သူတို႔က ေတာင္းဆိုေနၿပီးမွ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ေနတဲ့ လူအုပ္စုက လုပ္ၾကတာလို႔ ငါကေတာ့ ျမင္တယ္။ ဒါေၾကာင့္မို႔လို႔ အဖြဲ႕အစည္းေတြကို ေျပာခ်င္တာက ရဟန္း၊ သံဃာ ေတာ္ေတြ တစ္တိုင္းျပည္လုံး သတ္ျဖတ္ခံရတာမွာ ကိုယ္လုပ္ခဲ့တဲ့ဟာကို ဝန္မခံရဲဘဲနဲ႔ ဟိုလူ႔လႊဲခ်၊ ဒီလူ႔ လႊဲခ်နဲ႔ လႊဲခ်တဲ့ ျပႆနာမ်ိဳးကို ငါတိုဘက္ကမျဖစ္ေစခ်င္ဘူး။ အဲဒီအဖြဲ႕အစည္းေတြကို ေနာက္ေနာင္က် ရင္ ရဟန္းသံဃာေတြနဲ႔ပဲ ပတ္သက္ ပတ္သက္၊ ျပည္သူေတြနဲ႔ပဲ ပတ္သက္ ပတ္သက္၊ ႏိုင္ငံ့ဝန္ထမ္းေတြ နဲ႔ပဲ ပတ္သက္ ပတ္သက္ အားလုံးကို ဒီဟာေတြကို အဖြဲ႕အစည္းေပါင္းစုံက ေရွာင္ရွားသင့္တယ္လို႔ မွတ္ ခ်က္ေပးတယ္။

ေမး - ရဟန္းသံဃာေတြအေနနဲ႔ ပဋိပကၡျဖစ္ရာ အညိဳေရာင္နယ္ေျမေတြမွာ သြားလာမယ္ဆိုရင္ ဘယ္လို သတိနဲ႔သြားလာသင့္တယ္လို႔ ထင္ပါသလဲ ဘုရား။
ေျဖ - တရားဝင္သည္ ျဖစ္ေစ၊ မဝင္သည္ ျဖစ္ေစ သူတို႔က ရပ္ခိုင္းရင္ ရပ္ကိုရပ္ေပးရမယ္။ ေမာင္းဆိုရင္ ေမာင္းရမယ္ေပါ့။ တံခါးဖြင့္ဆို ဖြင့္ရမယ္ေပါ့။ ဒါကေတာ့ ရဟန္းသံဃာတိုင္း သိထားရမယ့္ အခ်က္လို႔ ဘုန္းဘုန္းကေတာ့ ျမင္ပါတယ္။ ဘယ္အဖြဲ႕အစည္းကပဲ စစ္ေဆး၊ စစ္ေဆး စစ္ေဆးခံမယ္ဆိုရင္ ပဋိပကၡ နယ္ေျမကို သြားတဲ့အခါ အႏၲရာယ္ေလ်ာ့ႏိုင္တာေပါ့။ မဟုတ္ဘဲနဲ႔ ေဒသႏၲရမွာရွိၾကတဲ့ လက္နက္ကိုင္အဖြဲ႕ အစည္း အသီးသီးရဲ႕စစ္ေဆးျခင္းကို ေက်ာ္လြန္ၿပီးေတာ့ သြားမယ္ဆိုရင္ေတာ့ အသက္အႏၲရာယ္ စိုးရိမ္ ရႏိုင္တာေပါ့။ ဒါေၾကာင့္မို႔လို႔ ဒါေတြကိုလည္း ရဟန္းသံဃာေတြက သတိထားၿပီး သြားၾကလာၾကဖို႔ လိုအပ္မယ္လို႔ ဘုန္းဘုန္း ေျပာခ်င္ပါတယ္။

ေမး - ေနာက္ဆုံးေမးခြန္းပါဘုရား။ ဝင္းနိမၼိတာ႐ုံ ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူၿပီးတဲ့ေနာက္ တျခား ဆရာေတာ္ေတြ ပစ္ခတ္ခံရတဲ့ျဖစ္စဥ္ေတြလည္း ရွိပါတယ္ဘုရား။ ဒီျဖစ္စဥ္ေတြကို ၿခဳံငုံၿပီးေတာ့ ျပည္ တြင္းေန ျပည္သူလူထုေကာ ျပည္ပေနသူေတြကိုေကာ ဘယ္လိုမ်ား မွတ္ခ်က္ေပး မိန႔္ၾကားခ်င္တာ ရွိပါသလဲ ဘုရား။
ေျဖ - ျပည္တြင္း၊ ျပည္ပမွာရွိတဲ့ ျမန္မာႏိုင္ငံသား ၿပီးေတာ့ ျမန္မာႏြယ္ဖြားေတြေပါ့။ ျမန္မာျပည္မွာ ေမြး ၿပီး ျပည္ပမွာေနတဲ့သူေတြေကာ၊ ျပည္တြင္းမွာေနတဲ့ သူေတြေကာ အားလုံးေပါ့။ ကိုယ္ခ်စ္တဲ့သူ ကိုယ္တန္ဖိုး ထားတဲ့သူဆိုရင္ ဖူးဖူးမႈတ္ၿပီး ထားၿပီးေတာ့မွ သာမန္လူတန္းစာေတြကို ေခ်ာင္ထဲ ထိုးခ်တာ မလုပ္သင့္ ဘူးေပါ့။ ျဖစ္စဥ္က ႏွစ္ခုလုံးျဖစ္ခဲ့တဲ့ ေနရာမွာ ပိဋိကတ္အရာ အေက်ာ္အေမာ္ျဖစ္တဲ့ ဆရာေတာ္ႀကီးက် ဟိုးေလးတေက်ာ္နဲ႔ မီဒီယာေပါင္းစုံက ေျပာၾကဆိုၾကဒါေတြ ျဖစ္တယ္။ ေနာက္ထပ္ ျမင္းၿခံကို သြားတဲ့ လူနာတင္ကားနဲ႔ သြားတဲ့ ဆရာေတာ္ ပစ္ခတ္ခံရတဲ့ ကိစၥကက်ေတာ့ ႏႈတ္ဆိတ္ေနၾကတယ္။ ဒါလည္း မ ျဖစ္သင့္ဘူးေပါ့။ ဆိုလိုခ်င္တာက သံဃာဆိုတာ ဘုရားရဲ႕ ဓမၼနဲ႔အညီေနရင္ အားလုံးကသံဃာေတြ ခ်ည္းပဲ ေလ။ အဲဒီေတာ့ သံဃာေတာ္ေတြ ျဖစ္ရင္ ဘုန္းကံႀကီးမွ နာမည္ႀကီးမွ မဟုတ္ဘူး။ ဘယ္သံဃာေတာ္ေတြ ပဲျဖစ္ျဖစ္ ျဖစ္စဥ္အမွန္ကို ေရးသား၊ တင္ျပတဲ့ မီဒီယာေတြရွိတာ ဝမ္းသာရမွာပါ။ ႏိုင္ငံတကာ မီဒီယာေတြ နဲ႔ ျပည္တြင္း မီဒီယာေတြကို ေျပာခ်င္တာက ဒီလို ျဖစ္စဥ္မ်ိဳးေတြ ျဖစ္ခဲ့ၿပီဆိုရင္ မွန္မွန္ကန္ကန္ တည့္တည့္မတ္မတ္နဲ႔ ဘယ္အဖြဲ႕အစည္းက လုပ္ပါတယ္ ဆိုတာကို တိတိက်က် ေရးသားဖို႔ လိုတာေပါ့။ ႏိုင္ငံေရး ေထာင္ေခ်ာက္အရ၊ စစ္ေရး ေထာင္ေခ်ာက္အရ လုပ္တာကိုေတာ့ ရႈံ႕ခ်တယ္ေပါ့။ သံဃာေတာ္ ေတြဘယ္ရဟန္း၊ သံဃာေတာ္ပဲ ျဖစ္ျဖစ္ သတ္ျဖတ္ခံရတယ္၊ အၾကမ္းဖက္ခံရတယ္ဆိုရင္ ရဟန္းသံဃာမွ မဟုတ္ဘူး ျပည္သူေတြလည္းျဖစ္တယ္ ဆိုရင္ တို႔ကေတာ့ ဒါကန႔္ကြက္တယ္။ ရႈတ္ခ်တယ္။ မႏွစ္ၿမိဳ႕ဘူး ေပါ့။ အဲ့ဒီလို ျဖစ္စဥ္မ်ိဳးေတြ ျဖစ္ခဲ့ရင္ေတာ့ (ႏိုင္ငံျခားေရာက္) ျမန္မာႏြယ္ဖြားေတြနဲ႔ မီဒီယာသမားေတြကို ေမးခ်င္တာက ဘယ္သတင္းကိုပဲျဖစ္ျဖစ္ မီဒီယာ က်င့္ဝတ္နဲ႔ေဆာင္႐ြက္ဖို႔ တိုက္တြန္းလိုတယ္။

အခုလိုအခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ဘုရား။

Related news

© 2021. All rights reserved.