လားရှိုးမြို့ကို MNDAA ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား(၆)ဦး ထက်မနည်းသေဆုံး

 3945

မြူနစ်(NP News) - ဇူလိုင် ၃

ရှမ်းပြည်နယ်၊ လားရှိုးမြို့အတွင်းသို့ MNDAA ပူပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ဖြစ်ပြီး အရပ်သား(၆)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့သည် ဇွန်လ ၂ ရက်၊ ည ၁၁ နာရီအချိန်ခန့်မှစတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့ခံများက NP News ကို ပြောသည်။

ယနေ့ ဇွန်လ ၃ ရက်နံနက်ပိုင်းတွင် MNDAA ပူးပေါင်းအဖွဲ့က ပစ်ခတ်သည့် ရှော့တိုက်ဒုံးများ သည် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ မိုင်းမောလမ်း၊ တိုင်းရုံးအနီးရှိ အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား(၆)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

“ည ၁၁ နာရီကတည်းက ပစ်တာ။ ဒီနေ့မနက်အထိကို တိုက်ပွဲက မပြီးသေးဘူး။ သူတို့ (MNDAA ပူးပေါင်းအဖွဲ့)က တိုင်းရုံးကို ရှော့တိုက်ဒုံးနဲ့ပစ်တာ။ ရှော့တိုက်ဒုံးက တိုင်းရုံးကို မထိပဲ ရပ်ကွက်ထဲက အိမ်တွေကိုလာထိတာ။ ဒီနေ့မနက်မှာ ရှော့တိုက်ဒုံးကျလို့ မနက်စာစားနေတဲ့ မိသားစုဝင်(၆)ဦး ဆုံးသွားတယ်။ ဆုံးသွားတဲ့အထဲမှာ ကလေးငယ်လေးတွေလည်း ပါတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် MNDAA ပူးပေါင်းအဖွဲ့သည် မိုင်းပြင်ရွာမှတစ်ဆင့် လားရှိုးမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရန်ပြင်ဆင်နေသည်ကို တွေ့ရှိရကြောင်းလည်း နောက်ထပ်လားရှိုးမြို့ခံတစ်ဦးက NP News ကို ဆက်သွယ်ပြောဆိုထားသည်။ လက်ရှိတွင် MNDAA ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၏ ပတ်ပတ်လည်တွင် ရှိနေပြီး ရှော့တိုက်ဒုံးများဖြင့် မြို့အတွင်းသို့ ပစ်ခတ်နေသည့်အတွက် တပ်မတော်ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့ခံများသည်လည်း ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းနေရ လျက်ရှိကြောင်း သိရသည်။ TNLA၊ MNDAA ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ တပ်မတော်နှင့် သဘောတူညီထားသည့် ဟိုင်ဂင်သဘောတူညီချက်ကိုချိုးဖောက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

zawgyi version
လားရႈိးၿမိဳ႕ကို MNDAA ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ စတင္ပစ္ခတ္၍ တိုက္ပြဲျဖစ္ ပြားခဲ့ၿပီး အရပ္သား(၆)ဦး ထက္မနည္းေသဆုံး
ျမဴနစ္(NP News) - ဇူလိုင္ ၃

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕အတြင္းသို႔ MNDAA ပူေပါင္းအဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ စတင္ပစ္ခတ္သည့္အတြက္ တိုက္ပြဲျဖစ္ပြားခဲ့ျဖစ္ၿပီး အရပ္သား(၆)ဦးထက္မနည္း ေသဆုံးခဲ့ရေၾကာင္း သတင္းရရွိသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA တို႔သည္ ဇြန္လ ၂ ရက္၊ ည ၁၁ နာရီအခ်ိန္ခန႔္မွစတင္ကာ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း လားရႈိးၿမိဳ႕ခံမ်ားက NP News ကို ေျပာသည္။

ယေန႔ ဇြန္လ ၃ ရက္နံနက္ပိုင္းတြင္ MNDAA ပူးေပါင္းအဖြဲ႕က ပစ္ခတ္သည့္ ေရွာ့တိုက္ဒုံးမ်ား သည္ လားရႈိးၿမိဳ႕၊ ရပ္ကြက္(၁)၊ မိုင္းေမာလမ္း၊ တိုင္း႐ုံးအနီးရွိ အရပ္သားေနအိမ္ေပၚသို႔ က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အရပ္သား(၆)ဦး ေသဆုံးခဲ့ရေၾကာင္း သိရသည္။

“ည ၁၁ နာရီကတည္းက ပစ္တာ။ ဒီေန႔မနက္အထိကို တိုက္ပြဲက မၿပီးေသးဘူး။ သူတို႔ (MNDAA ပူးေပါင္းအဖြဲ႕)က တိုင္း႐ုံးကို ေရွာ့တိုက္ဒုံးနဲ႔ပစ္တာ။ ေရွာ့တိုက္ဒုံးက တိုင္း႐ုံးကို မထိပဲ ရပ္ကြက္ထဲက အိမ္ေတြကိုလာထိတာ။ ဒီေန႔မနက္မွာ ေရွာ့တိုက္ဒုံးက်လို႔ မနက္စာစားေနတဲ့ မိသားစုဝင္(၆)ဦး ဆုံးသြားတယ္။ ဆုံးသြားတဲ့အထဲမွာ ကေလးငယ္ေလးေတြလည္း ပါတယ္”ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ MNDAA ပူးေပါင္းအဖြဲ႕သည္ မိုင္းျပင္႐ြာမွတစ္ဆင့္ လားရႈိးၿမိဳ႕အတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ရန္ျပင္ဆင္ေနသည္ကို ေတြ႕ရွိရေၾကာင္းလည္း ေနာက္ထပ္လားရႈိးၿမိဳ႕ခံတစ္ဦးက NP News ကို ဆက္သြယ္ေျပာဆိုထားသည္။ လက္ရွိတြင္ MNDAA ပူးေပါင္းအဖြဲ႕သည္ လားရႈိးၿမိဳ႕၏ ပတ္ပတ္လည္တြင္ ရွိေနၿပီး ေရွာ့တိုက္ဒုံးမ်ားျဖင့္ ၿမိဳ႕အတြင္းသို႔ ပစ္ခတ္ေနသည့္အတြက္ တပ္မေတာ္ဘက္ကလည္း ျပန္လည္ပစ္ခတ္မႈမ်ား ရွိေနေၾကာင္း သိရသည္။

ထို႔ျပင္ လားရႈိးၿမိဳ႕ခံမ်ားသည္လည္း ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ၎တို႔၏ လုပ္ငန္းေဆာင္တာမ်ားကို ရပ္ဆိုင္းေနရ လ်က္ရွိေၾကာင္း သိရသည္။ TNLA၊ MNDAA ပူးေပါင္းအဖြဲ႕သည္ ဇြန္လ ၂၅ ရက္ေန႔မွစတင္ကာ တပ္မေတာ္ႏွင့္ သေဘာတူညီထားသည့္ ဟိုင္ဂင္သေဘာတူညီခ်က္ကိုခ်ိဳးေဖာက္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

Picture

Nai Gyi

04/07/2024 07:34

ဟိုင်ဂင်သဘောတူစာချုပ်ချိုးဖောက်တာကမင်းအမေလင်မအလတပ််လေ ထိချင်ရာထိဆိုပီးပစ်တာလဲမင်းအမေလင်စောက်တပ်ကပဲပစ်တာ

Picture

Nai Gyi

04/07/2024 07:36

စောက်ပေါရေးထားတဲ့သတင်းစောက်ပေါတွေပဲယုံလိမ့်မယ်

Related news

© 2021. All rights reserved.