ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၂ ဒသမ ၃)ဘီလျံကို အမေရိကန်အစိုးရကတိပြု

 876

Pika (NP News) - ဇူလိုင် ၃

ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၂ ဒသမ ၃)ဘီလျံကို အမေရိကန်အစိုးရက မကြာခင်ထုတ်ပြန်ကြေညာမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ယူကရိန်းကာကွယ်ရေးဝန်ကြီး ယူစတန်ယူမဲရော့ဗ်နဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ ဇူလိုင်လ(၂)ရက်နေ့က တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ပြင် ယူကရိန်းအတွက် အမေရိကန်ရဲ့ မယိမ်းယိုင်တဲ့ ပံ့ပိုးကူညီမှုတွေကို လွိုက်အော်စတင်က ထပ်မံအတည်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၂ ဒသမ ၃)ဘီလျံအပါအဝင် အရေးကြီးတဲ့ စစ်ရေးလိုအပ် ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို လွိုက်အော်စတင်က မီးမောင်းထိုးပြခဲ့တယ်လို့လည်းသိရပါတယ်။ ပင်တဂွန်ဟာ စစ်ရေးအကူအညီအသစ်ပေးပို့မှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိပေမယ့်လည်း အကူအညီအသစ်တွေထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပါဝင်တယ်လို့ သတင်းတွေအရသိရပါတယ်။

လွိုက်အော်စတင်က 'ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ် အမေရိကန်ဒေါ်လာ (၂ ဒသမ ၃) ဘီလျံကျော်ကို အမေရိကန်အစိုးရက မကြာခင်ကြေညာတော့မှာနဲ့ပတ်သက်ပြီး ဂုဏ်ယူမိပါတယ်။ ဒီစစ်ရေးအကူအညီအသစ်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊တင့်ကားဖျက်လက်နက်တွေနဲ့ အမေရိကန်ရဲ့လက်နက်သိုလှောင်ရုံထဲက အခြားအရေးကြီးတဲ့ ခဲယမ်းမီးကျည်တွေ ပါဝင်ပါတယ်'လို့ပြောဆိုခဲ့ပါတယ်။ ယခုဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းကို အနောက်အုပ်စုနိုင်ငံတွေရဲ့ စစ်ရေးကူညီပံ့ပိုးပေးမှုတွေဟာ ပဋိပက္ခကို ပိုမိုရှည် ကြာစေပြီး သွေးထွက်သံယိုဖြစ်ပွားမှုတွေကိုပဲ တိုးလာစေနိုင်တယ်လို့ ရုရှားဘက်က ယခင်တည်းကသတိပေးပြောဆိုခဲ့ဖူးပါတယ်။ ရုရှား-ယူကရိန်းပဋိပက္ခဟာ အချိန်(၂)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်အထိ နှစ်ဖက်စလုံးက သဘောတူညီချက်ရယူနိုင်တာမျိုးလည်း မရှိသေးဘူးလို့သိရပါတယ်။

zawgyi version
ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၂ ဒသမ ၃)ဘီလ်ံကို အေမရိကန္အစိုးရကတိျပဳ
Pika (NP News) - ဇူလိုင္ ၃

ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၂ ဒသမ ၃)ဘီလ်ံကို အေမရိကန္အစိုးရက မၾကာခင္ထုတ္ျပန္ေၾကညာမယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္က ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္ဟာ ယူကရိန္းကာကြယ္ေရးဝန္ႀကီး ယူစတန္ယူမဲေရာ့ဗ္နဲ႔ ပင္တဂြန္စစ္ဌာနခ်ဳပ္မွာ ဇူလိုင္လ(၂)ရက္ေန႔က ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့ျပင္ ယူကရိန္းအတြက္ အေမရိကန္ရဲ႕ မယိမ္းယိုင္တဲ့ ပံ့ပိုးကူညီမႈေတြကို လြိဳက္ေအာ္စတင္က ထပ္မံအတည္ျပဳေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၂ ဒသမ ၃)ဘီလ်ံအပါအဝင္ အေရးႀကီးတဲ့ စစ္ေရးလိုအပ္ ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔အတြက္ အေမရိကန္ရဲ႕ႀကိဳးပမ္းအားထုတ္မႈေတြကို လြိဳက္ေအာ္စတင္က မီးေမာင္းထိုးျပခဲ့တယ္လို႔လည္းသိရပါတယ္။ ပင္တဂြန္ဟာ စစ္ေရးအကူအညီအသစ္ေပးပို႔မႈနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိေပမယ့္လည္း အကူအညီအသစ္ေတြထဲမွာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ ပါဝင္တယ္လို႔ သတင္းေတြအရသိရပါတယ္။

လြိဳက္ေအာ္စတင္က 'ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ အေမရိကန္ေဒၚလာ (၂ ဒသမ ၃) ဘီလ်ံေက်ာ္ကို အေမရိကန္အစိုးရက မၾကာခင္ေၾကညာေတာ့မွာနဲ႔ပတ္သက္ၿပီး ဂုဏ္ယူမိပါတယ္။ ဒီစစ္ေရးအကူအညီအသစ္မွာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ၊တင့္ကားဖ်က္လက္နက္ေတြနဲ႔ အေမရိကန္ရဲ႕လက္နက္သိုေလွာင္႐ုံထဲက အျခားအေရးႀကီးတဲ့ ခဲယမ္းမီးက်ည္ေတြ ပါဝင္ပါတယ္'လို႔ေျပာဆိုခဲ့ပါတယ္။ ယခုျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ယူကရိန္းကို အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ စစ္ေရးကူညီပံ့ပိုးေပးမႈေတြဟာ ပဋိပကၡကို ပိုမိုရွည္ ၾကာေစၿပီး ေသြးထြက္သံယိုျဖစ္ပြားမႈေတြကိုပဲ တိုးလာေစႏိုင္တယ္လို႔ ႐ုရွားဘက္က ယခင္တည္းကသတိေပးေျပာဆိုခဲ့ဖူးပါတယ္။ ႐ုရွား-ယူကရိန္းပဋိပကၡဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ၿပီး ယခုအခ်ိန္အထိ ႏွစ္ဖက္စလုံးက သေဘာတူညီခ်က္ရယူႏိုင္တာမ်ိဳးလည္း မရွိေသးဘူးလို႔သိရပါတယ္။

Related news

© 2021. All rights reserved.