Online တွင် ဟိုးလေးတစ်ကျော်ဖြစ်နေသည့် ဂေါ်ဖီထုပ်ဈေးအဆမတန်မြင့်တက်နေရသည့်အကြောင်းအရင်းကို ထုတ်ဖော်ပြော

 12017

NP News - ဇူလိုင် ၄

Onlineတွင် ဟိုးလေးတစ်ကျော်ဖြစ်နေသည့် ဂေါ်ဖီထုပ်ဈေးအဆမတန်မြင့်တက်နေရသည့်အကြောင်းအရင်းမှာ စိုက်ပျိုးသူနည်းလာခြင်းနှင့် စိုက်ပျိုးဧရိယာလျှော့ခြင်းကြောင့်ဖြစ်ကြောင်း အောင်ပန်းမြို့အခြေစိုက်ကုန်စိမ်း ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမောင်မောင်က NP News သို့ မြေပြင်အခြေအနေနှင့်ပတ်သက်၍ သုံးသပ်ပြောကြား သည်။

လက်ရှိတွင် ရှမ်းပြည်နယ်ဈေးကွက်အတွင်း ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ၄၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိလည်းကောင်း ရန်ကုန်ဈေးကွက်တွင် ၇၀၀၀ ကျပ်မှ ၈၀၀၀ကျပ်ထိလည်းကောင်းပေါက်ဈေးရှိနေကာ ထိုသို့ဈေးနှုန်းအဆမတန် မြင့်တက်နေသည့်အပေါ် Online ထက်တွင် ဝေဖန်မှုများရှိခဲ့သည်။

“အရင် ၃၊ ၄ လလောက်က ဈေးတွေကမရတော့ စိုက်ရတဲ့တောင်သူတွေက စိတ်ပျက်သွားတာပါတယ်။ နောက်တစ်ခုက တိုက်ပွဲဧရိယာ တိုးလာတော့ စိုက်ပျိုးဧရိယာလျှော့တယ်။ အဲဒီလိုမျိုးကြောင့် အထွက်နှုန်းနည်း တယ်။ အထွက်နှုန်းနည်းတော့ မိုးရာသီဖြစ်တော့ အပျက်အစီးကလည်း များတယ်။ အဲဒါတွေကြောင့် အဝင်ကနည်း ပြီး ရှိတဲ့ဟာလေးတွေကို ဝိုင်းဆွဲကြတဲ့အခါမှာ ဈေးတက်တာပါ” ဟု ဦးမောင်မောင်က ပြောသည်။

ရှမ်းပြည်နယ်မှ ဂေါ်ဖီထုတ်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အများဆုံးတင်ပို့နေရပြီး တိုက်ပွဲများကြောင့် ကုန်စည် စီးဆင်းမှုလမ်းကြောင်းများထိခိုက်ပါက ဈေးဆက်လက်မြင့်တက်ဖွယ်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“စစ်ဖြစ်တာက ဖြစ်လို့ရတယ် ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေ မထိခိုက်ရင်တော့ စားဝတ်နေရေးပြေလည်ကြ သေးတယ်ပေါ့ဗျာ။ ကုန်သွယ်တဲ့လမ်းကြောင်းတွေ ထိခိုက်တာကြတော့ ရခိုင်လို ကုန်ဈေးနှုန်းအနေအထားတွေ ဖြစ်သွားမယ်” ဟု ဦးမောင်မောင်က ပြောသည်။

ထိုပြင် စိုက်ပျိုးထုတ်လုပ်မှုလုပ်သားရှားပါးလာသည့်အတွက် စိုက်ပျိုးထုတ်လုပ်မှုလျှော့နည်းကာ ဝယ်လိုအားများ နေခြင်းကြောင့်လည်း ဂေါ်ဖီထုတ်ဈေးများ အဆမတန်မြင့်တက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်ပြော ထားသည်။

ယခုနှစ်တွင် ရှမ်းပြည်နယ်ထွက် ဂေါ်ဖီထုတ်ကို အများဆုံးဝယ်ယူသည့်ဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ယခုနှစ်အဆမတန် မြင့်တက်သော်လည်း လာမည့်ကာလများတွင် ယခုဈေးနှုန်းအတိုင်းရရှိရန် မသေချာကြောင်း ဂေါ်ဖီစိုက်ပျိုးသူများက သုံးသပ်ထားကြသည်။

Zawgyi Version;
Online တြင္ ဟိုးေလးတစ္ေက်ာ္ျဖစ္ေနသည့္ ေဂၚဖီထုပ္ေဈးအဆမတန္ျမင့္တက္ေနရသည့္အေၾကာင္းအရင္းကို ထုတ္ေဖာ္ေျပာ
NP News - ဇူလိုင္ ၄

Onlineတြင္ ဟိုးေလးတစ္ေက်ာ္ျဖစ္ေနသည့္ ေဂၚဖီထုပ္ေဈးအဆမတန္ျမင့္တက္ေနရသည့္အေၾကာင္းအရင္းမွာ စိုက္ပ်ိဳးသူနည္းလာျခင္းႏွင့္ စိုက္ပ်ိဳးဧရိယာေလွ်ာ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း ေအာင္ပန္းၿမိဳ႕အေျခစိုက္ကုန္စိမ္း ေရာင္းဝယ္ေရးလုပ္ကိုင္သူ ဦးေမာင္ေမာင္က NP News သို႔ ေျမျပင္အေျခအေနႏွင့္ပတ္သက္၍ သုံးသပ္ေျပာၾကား သည္။

လက္ရွိတြင္ ရွမ္းျပည္နယ္ေဈးကြက္အတြင္း ေဂၚဖီထုတ္တစ္ထုတ္လွ်င္ ၄၀၀ က်ပ္မွ ၄၅၀၀ က်ပ္ထိလည္းေကာင္း ရန္ကုန္ေဈးကြက္တြင္ ၇၀၀၀ က်ပ္မွ ၈၀၀၀က်ပ္ထိလည္းေကာင္းေပါက္ေဈးရွိေနကာ ထိုသို႔ေဈးႏႈန္းအဆမတန္ ျမင့္တက္ေနသည့္အေပၚ Online ထက္တြင္ ေဝဖန္မႈမ်ားရွိခဲ့သည္။

“အရင္ ၃၊ ၄ လေလာက္က ေဈးေတြကမရေတာ့ စိုက္ရတဲ့ေတာင္သူေတြက စိတ္ပ်က္သြားတာပါတယ္။ ေနာက္တစ္ခုက တိုက္ပြဲဧရိယာ တိုးလာေတာ့ စိုက္ပ်ိဳးဧရိယာေလွ်ာ့တယ္။ အဲဒီလိုမ်ိဳးေၾကာင့္ အထြက္ႏႈန္းနည္း တယ္။ အထြက္ႏႈန္းနည္းေတာ့ မိုးရာသီျဖစ္ေတာ့ အပ်က္အစီးကလည္း မ်ားတယ္။ အဲဒါေတြေၾကာင့္ အဝင္ကနည္း ၿပီး ရွိတဲ့ဟာေလးေတြကို ဝိုင္းဆြဲၾကတဲ့အခါမွာ ေဈးတက္တာပါ” ဟု ဦးေမာင္ေမာင္က ေျပာသည္။

ရွမ္းျပည္နယ္မွ ေဂၚဖီထုတ္မ်ားကို ရန္ကုန္တိုင္းေဒသႀကီးသို႔ အမ်ားဆုံးတင္ပို႔ေနရၿပီး တိုက္ပြဲမ်ားေၾကာင့္ ကုန္စည္ စီးဆင္းမႈလမ္းေၾကာင္းမ်ားထိခိုက္ပါက ေဈးဆက္လက္ျမင့္တက္ဖြယ္ရွိေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

“စစ္ျဖစ္တာက ျဖစ္လို႔ရတယ္ ကုန္စည္စီးဆင္းမႈလမ္းေၾကာင္းေတြ မထိခိုက္ရင္ေတာ့ စားဝတ္ေနေရးေျပလည္ၾက ေသးတယ္ေပါ့ဗ်ာ။ ကုန္သြယ္တဲ့လမ္းေၾကာင္းေတြ ထိခိုက္တာၾကေတာ့ ရခိုင္လို ကုန္ေဈးႏႈန္းအေနအထားေတြ ျဖစ္သြားမယ္” ဟု ဦးေမာင္ေမာင္က ေျပာသည္။

ထိုျပင္ စိုက္ပ်ိဳးထုတ္လုပ္မႈလုပ္သားရွားပါးလာသည့္အတြက္ စိုက္ပ်ိဳးထုတ္လုပ္မႈေလွ်ာ့နည္းကာ ဝယ္လိုအားမ်ား ေနျခင္းေၾကာင့္လည္း ေဂၚဖီထုတ္ေဈးမ်ား အဆမတန္ျမင့္တက္ေနျခင္းျဖစ္ေၾကာင္းလည္း ၎က သုံးသပ္ေျပာ ထားသည္။

ယခုႏွစ္တြင္ ရွမ္းျပည္နယ္ထြက္ ေဂၚဖီထုတ္ကို အမ်ားဆုံးဝယ္ယူသည့္ေဒသမွာ ရန္ကုန္တိုင္းေဒသႀကီးျဖစ္ၿပီး ယခုႏွစ္အဆမတန္ ျမင့္တက္ေသာ္လည္း လာမည့္ကာလမ်ားတြင္ ယခုေဈးႏႈန္းအတိုင္းရရွိရန္ မေသခ်ာေၾကာင္း ေဂၚဖီစိုက္ပ်ိဳးသူမ်ားက သုံးသပ္ထားၾကသည္။

© 2021. All rights reserved.