သန်လျင်တံတားသစ်ပေါ်မှာ YBS ယာဉ်များ ပြေးဆွဲခွင့်ရရန် မသေချာသည့်အခြေအနေရှိနေ

 3659

စော (NP News) - ဇူလိုင် ၄

ပဲခူးမြစ်ကူးတံတားသစ် (သန်လျင်တံတားအမှတ်-၃) ကို YBS ယာဉ်များ ပြေးဆွဲခွင့်ရရန် မသေချာသည့်အခြေအနေ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က (ဇူလိုင်လ ၂ ရက်) တွင် YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကို ဇွန်လ ၈ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ် သည့်နေ့မှစ၍ ဇွန်လ ၁၅ ရက်အထိ တံတားပေါ်မှ ယာဉ်များကို အခမဲ့ဖြတ်သန်းမောင်းနှင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဇွန်လ (၈)ရက်မှာ တံတားသစ်ဖွင့်တယ်။ အဲဒီနေ့ကနေ တစ်ပတ်ကို တံတားအသုံးပြုခ ပေးစရာမလိုဘဲနဲ့ ဖြတ်သန်းခွင့်ပြုထားတယ်။ အဲဒီချိန်မှာ ၈ ရက်၊ ၉ ရက်(က) တံတားသစ်ဆိုတော့ ကျွန်တော်တို့ BUS ကားတွေ လည်း သွားကြတယ်။ တံတားသစ်က သွားတော့ ၉ ရက်မှာ လမ်းဦးစီး၊ တံတားဦးစီးညွှန်ချုပ်က ဖုန်းလှမ်းဆက် တယ်။ BUS ကားတွေ တံတားပေါ်မှာ ပြိုင်မောင်းနေကြတယ်။ ပြိုင်မောင်းပြီးတော့ ဘောင်တောင်မှ တိုက်တော့ မလိုဖြစ်တယ်ဆိုပြီး ဖုန်းဆက်တော့။ အဲဒါဆိုရင် ကင်းလွတ်ခွင့်ဘာမှပေးစရာမလိုတဲ့ ဒီတစ်ပတ်အတွင်းလည်း မမောင်းကြနဲ့တော့ အဟောင်းကပဲ သွားကြတော့ပေါ့။ YBS ကုမ္ပဏီတွေကို ညွှန်ကြားလိုက်ရတယ်” ဟု ဦးလျန်ကျင့်မန်က ပြောသည်။

ပဲခူးမြစ်ကူးတံတားသည် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအမျိုးအစားမှာ သံကူ ကွန်ကရစ်သံမဏိကြိုးဆိုင်း ဖြစ်ကာ အရှည် (၈၆၃၈ ဒသမ ၈၆) ပေ ရှိ၍ တံတားခံနိုင်ဝန်သည် ယာဉ်တစ်စီးချင်း (၇၅)တန်ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ကျွန်တော်တို့က အဲဒီလိုဟာကို အခြေခံလူတန်းစားတွေစီးတဲ့ BUS ကားတွေကို လမ်းအသုံးပြုခ တွေ ကောက်တဲ့အခါမှာ ကင်းလွတ်ခွင့် ပါမစ် ဆောက်လုပ်ရေးဝန်ကြီးဌာနပေါ့။ လမ်းဦးစီးဌာနတို့မှာ တောင်းတယ်။ ဒါပေမယ့် မပေးဘူး။ မပေးတော့ ဒီတစ်ခါလည်း သူတို့ပေးမှာလည်း မဟုတ်ဘူး။ မပေးဘူးဆိုတော့ အဟောင်းက သွားရင် မကောက်ဘူးဆိုတော့ အဟောင်းကပဲ သွားခိုင်းလိုက်တယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

ပဲခူးမြစ်ကူးသန်လျင်တံတားအား ဖြတ်သန်းအသုံးပြုခများမှာ အိမ်စီးကား ၃ တန်အောက်ဖြစ်ပါက ငွေကျပ် (၅၀၀)၊ ခရီးသည်တင်ယာဉ် (ငယ်) ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာယာဉ်ဖြစ်ပါက ငွေကျပ် (၁၀၀၀) နှင့် Minibus၊ ခရီးသည် တင်ယာဉ် (ကြီး) ဟီးနိုး၊ ဟွန်ဒိုင်းယာဉ်ဖြစ်ပါက ငွေကျပ် ၂၀၀၀၊ ကုန်တင်ကား(ငယ်) ၆ ဘီး၊ ၈ ဘီး၊ ကုန်တင်ယာဉ်ဖြစ်ပါက ငွေကျပ် (၄၀၀၀)နှင့် တန်ပိုဒဏ်ကြေး ငွေကျပ် (၁၂၀၀၀) တို့ကို ကောက်ခံနေကြောင်း သိရသည်။

ထို့ပြင် ကုန်တင်ကား(ကြီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တွဲကားများ ဖြစ်ပါက ငွေကျပ် (၁၂၀၀၀) နှင့် တန်ပိုဒဏ်ကြေး ငွေကျပ် (၂၂၀၀၀)၊ ကုန်တင်တွဲကား ၁၈ ဘီး၊ ၂၂ ဘီး တွဲကားဖြစ်ပါက ငွေကျပ် (၂၂၀၀၀) နှင့် တန်ပိုဒဏ်ကြေး ငွေကျပ်(၆၆၀၀၀) ဖြစ်ပြီး ကုန်မပါသော ကုန်တင်တွဲကားများဖြစ်ပါက ငွေကျပ် ( ၄၀၀၀)တို့ကို ကောက်ခံနေကြောင်း သိရသည်။

Zawgyi Version;
သန္လ်င္တံတားသစ္ေပၚမွာ YBS ယာဥ္မ်ား ေျပးဆြဲခြင့္ရရန္ မေသခ်ာသည့္အေျခအေနရွိေန
ေစာ (NP News) - ဇူလိုင္ ၄

ပဲခူးျမစ္ကူးတံတားသစ္ (သန္လ်င္တံတားအမွတ္-၃) ကို YBS ယာဥ္မ်ား ေျပးဆြဲခြင့္ရရန္ မေသခ်ာသည့္အေျခအေန ရွိေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) မွ တြဲဖက္ အတြင္းေရးမႉး ဦးလ်န္က်င့္မန္က (ဇူလိုင္လ ၂ ရက္) တြင္ YRTC ႐ုံးခ်ဳပ္၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါ ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတား အမွတ္-၃) ကို ဇြန္လ ၈ ရက္က ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး စတင္ဖြင့္လွစ္ သည့္ေန႔မွစ၍ ဇြန္လ ၁၅ ရက္အထိ တံတားေပၚမွ ယာဥ္မ်ားကို အခမဲ့ျဖတ္သန္းေမာင္းႏွင္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

“ဇြန္လ (၈)ရက္မွာ တံတားသစ္ဖြင့္တယ္။ အဲဒီေန႔ကေန တစ္ပတ္ကို တံတားအသုံးျပဳခ ေပးစရာမလိုဘဲနဲ႔ ျဖတ္သန္းခြင့္ျပဳထားတယ္။ အဲဒီခ်ိန္မွာ ၈ ရက္၊ ၉ ရက္(က) တံတားသစ္ဆိုေတာ့ ကြၽန္ေတာ္တို႔ BUS ကားေတြ လည္း သြားၾကတယ္။ တံတားသစ္က သြားေတာ့ ၉ ရက္မွာ လမ္းဦးစီး၊ တံတားဦးစီးၫႊန္ခ်ဳပ္က ဖုန္းလွမ္းဆက္ တယ္။ BUS ကားေတြ တံတားေပၚမွာ ၿပိဳင္ေမာင္းေနၾကတယ္။ ၿပိဳင္ေမာင္းၿပီးေတာ့ ေဘာင္ေတာင္မွ တိုက္ေတာ့ မလိုျဖစ္တယ္ဆိုၿပီး ဖုန္းဆက္ေတာ့။ အဲဒါဆိုရင္ ကင္းလြတ္ခြင့္ဘာမွေပးစရာမလိုတဲ့ ဒီတစ္ပတ္အတြင္းလည္း မေမာင္းၾကနဲ႔ေတာ့ အေဟာင္းကပဲ သြားၾကေတာ့ေပါ့။ YBS ကုမၸဏီေတြကို ၫႊန္ၾကားလိုက္ရတယ္” ဟု ဦးလ်န္က်င့္မန္က ေျပာသည္။

ပဲခူးျမစ္ကူးတံတားသည္ ဂ်ပန္ႏိုင္ငံ၏ အကူအညီျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး တံတားအမ်ိဳးအစားမွာ သံကူ ကြန္ကရစ္သံမဏိႀကိဳးဆိုင္း ျဖစ္ကာ အရွည္ (၈၆၃၈ ဒသမ ၈၆) ေပ ရွိ၍ တံတားခံႏိုင္ဝန္သည္ ယာဥ္တစ္စီးခ်င္း (၇၅)တန္ျဖစ္ေၾကာင္း သိရသည္။

“အရင္တုန္းက ကြၽန္ေတာ္တို႔က အဲဒီလိုဟာကို အေျခခံလူတန္းစားေတြစီးတဲ့ BUS ကားေတြကို လမ္းအသုံးျပဳခ ေတြ ေကာက္တဲ့အခါမွာ ကင္းလြတ္ခြင့္ ပါမစ္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနေပါ့။ လမ္းဦးစီးဌာနတို႔မွာ ေတာင္းတယ္။ ဒါေပမယ့္ မေပးဘူး။ မေပးေတာ့ ဒီတစ္ခါလည္း သူတို႔ေပးမွာလည္း မဟုတ္ဘူး။ မေပးဘူးဆိုေတာ့ အေဟာင္းက သြားရင္ မေကာက္ဘူးဆိုေတာ့ အေဟာင္းကပဲ သြားခိုင္းလိုက္တယ္” ဟု ၎က သတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာၾကားသည္။

ပဲခူးျမစ္ကူးသန္လ်င္တံတားအား ျဖတ္သန္းအသုံးျပဳခမ်ားမွာ အိမ္စီးကား ၃ တန္ေအာက္ျဖစ္ပါက ေငြက်ပ္ (၅၀၀)၊ ခရီးသည္တင္ယာဥ္ (ငယ္) ဟိုင္းလတ္၊ လိုက္ထရပ္၊ ဒိုင္နာ၊ ကင္တာယာဥ္ျဖစ္ပါက ေငြက်ပ္ (၁၀၀၀) ႏွင့္ Minibus၊ ခရီးသည္ တင္ယာဥ္ (ႀကီး) ဟီးႏိုး၊ ဟြန္ဒိုင္းယာဥ္ျဖစ္ပါက ေငြက်ပ္ ၂၀၀၀၊ ကုန္တင္ကား(ငယ္) ၆ ဘီး၊ ၈ ဘီး၊ ကုန္တင္ယာဥ္ျဖစ္ပါက ေငြက်ပ္ (၄၀၀၀)ႏွင့္ တန္ပိုဒဏ္ေၾကး ေငြက်ပ္ (၁၂၀၀၀) တို႔ကို ေကာက္ခံေနေၾကာင္း သိရသည္။

ထို႔ျပင္ ကုန္တင္ကား(ႀကီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တြဲကားမ်ား ျဖစ္ပါက ေငြက်ပ္ (၁၂၀၀၀) ႏွင့္ တန္ပိုဒဏ္ေၾကး ေငြက်ပ္ (၂၂၀၀၀)၊ ကုန္တင္တြဲကား ၁၈ ဘီး၊ ၂၂ ဘီး တြဲကားျဖစ္ပါက ေငြက်ပ္ (၂၂၀၀၀) ႏွင့္ တန္ပိုဒဏ္ေၾကး ေငြက်ပ္(၆၆၀၀၀) ျဖစ္ၿပီး ကုန္မပါေသာ ကုန္တင္တြဲကားမ်ားျဖစ္ပါက ေငြက်ပ္ ( ၄၀၀၀)တို႔ကို ေကာက္ခံေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.