ဆလိုဗက်ကီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ အင်္ဂလန်အသင်းကစားသမားတွေကို ဖျော်ဖြေမှုတွေလုပ်ဆောင်ပေးခဲ့တဲ့ အဆိုတော် Ed Sheeran

 1297

Pika (NP News) - ဇူလိုင် ၄

ယူရို ၂၀၂၄ (၁၆)သင်းရှုံးထွက်အဆင့်တွင် အင်္ဂလန်အသင်းက ဆလိုဗက်ကီးယားအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဗြိတိန်အဆိုတော် Ed Sheeran သည် အင်္ဂလန်အသင်းကစားသမားများအတွက် သီးသန့် ဖျော်ဖြေမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ed Sheeranသည် ဇူလိုင်လ(၁)ရက်က လုပ်ဆောင်ခဲ့သော ပြန်လည်ထူထောင်ရေးအစီအစဉ်အပြီးတွင် Blankenhain မြို့ရှိ အင်္ဂလန်အသင်းကစားသမားများ၏ စခန်းကို သွားရောက်လည်ပတ်ကာ ဖျော်ဖြေမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက်(၃၃)နှစ်အရွယ် Ed Sheeran သည် အင်္ဂလန်နှင့် ဒိန်းမတ် အသင်းတို့ (၁)ဂိုးစီသရေကျခဲ့သော ပွဲစဉ်နှင့် အင်္ဂလန်အသင်းက ဆလိုဗက်ကီးယားအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတို့တွင် လာရောက်အားပေးခဲ့ကြောင်းလည်း သိရသည်။

Ed Sheeran သည် Ipswich Town ဘောလုံးအသင်းကို နှစ်ရှည်လများ အားပေးခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်မေလတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရခဲ့ပြီးနောက် အဆိုပါအသင်းနှင့်အတူ ဂုဏ်ပြုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် Ed Sheeran သည် အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့သော ယူရို ၂၀၂ဝ ဖိုင်နယ်ပွဲမတိုင်မီ အင်္ဂလန်အသင်းထံသို့ သွားရောက်လည်ပတ်မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်းလည်း သိရသည်။ အင်္ဂလန်အသင်းသည် လာမည့်ဇူလိုင်လ(၆)ရက်တွင် ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆွစ်ဇာလန်အသင်း နှင့် အကြိတ် အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Zawgyi Version;
ဆလိုဗက္ကီးယားအသင္းကို အႏိုင္ရရွိခဲ့တဲ့ အဂၤလန္အသင္းကစားသမားေတြကို ေဖ်ာ္ေျဖမႈေတြလုပ္ေဆာင္ေပးခဲ့ တဲ့ အဆိုေတာ္ Ed Sheeran
Pika (NP News) - ဇူလိုင္ ၄

ယူ႐ို ၂၀၂၄ (၁၆)သင္းရႈံးထြက္အဆင့္တြင္ အဂၤလန္အသင္းက ဆလိုဗက္ကီးယားအသင္းကို အႏိုင္ရရွိခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ ၿဗိတိန္အဆိုေတာ္ Ed Sheeran သည္ အဂၤလန္အသင္းကစားသမားမ်ားအတြက္ သီးသန႔္ ေဖ်ာ္ေျဖမႈမ်ား လုပ္ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Ed Sheeranသည္ ဇူလိုင္လ(၁)ရက္က လုပ္ေဆာင္ခဲ့ေသာ ျပန္လည္ထူေထာင္ေရးအစီအစဥ္အၿပီးတြင္ Blankenhain ၿမိဳ႕ရွိ အဂၤလန္အသင္းကစားသမားမ်ား၏ စခန္းကို သြားေရာက္လည္ပတ္ကာ ေဖ်ာ္ေျဖမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အသက္(၃၃)ႏွစ္အ႐ြယ္ Ed Sheeran သည္ အဂၤလန္ႏွင့္ ဒိန္းမတ္ အသင္းတို႔ (၁)ဂိုးစီသေရက်ခဲ့ေသာ ပြဲစဥ္ႏွင့္ အဂၤလန္အသင္းက ဆလိုဗက္ကီးယားအသင္းကို (၂)ဂိုး (၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ေသာပြဲတို႔တြင္ လာေရာက္အားေပးခဲ့ေၾကာင္းလည္း သိရသည္။

Ed Sheeran သည္ Ipswich Town ေဘာလုံးအသင္းကို ႏွစ္ရွည္လမ်ား အားေပးခဲ့သူျဖစ္ၿပီး ၿပီးခဲ့သည့္ေမလတြင္ ပရီးမီးယားလိဂ္သို႔ တန္းတက္ခြင့္ရခဲ့ၿပီးေနာက္ အဆိုပါအသင္းႏွင့္အတူ ဂုဏ္ျပဳမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ Ed Sheeran သည္ အီတလီအသင္းကို ပင္နယ္တီအဆုံးအျဖတ္တြင္ ရႈံးနိမ့္ခဲ့ေသာ ယူ႐ို ၂၀၂ဝ ဖိုင္နယ္ပြဲမတိုင္မီ အဂၤလန္အသင္းထံသို႔ သြားေရာက္လည္ပတ္မႈမ်ား လုပ္ေဆာင္ခဲ့ဖူးေၾကာင္းလည္း သိရသည္။ အဂၤလန္အသင္းသည္ လာမည့္ဇူလိုင္လ(၆)ရက္တြင္ ကြာတားဖိုင္နယ္ပြဲစဥ္ကို ဆြစ္ဇာလန္အသင္း ႏွင့္ အႀကိတ္ အနယ္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။

Related news

© 2021. All rights reserved.