၂၀၂၄ ခုနှစ် ပဲရစ်နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် မီးရှူးတိုင်ကိုင်ဆောင်သူအဖြစ် ပါဝင်သွားမယ့် BTS အဖွဲ့ဝင်ဂျင်

 580

Pika (NP News) - ဇူလိုင် ၄

တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်သည် ၂၀၂၄ ခုနှစ် ပဲရစ် နွေရာသီအိုလံပစ်ပြိုင်ပွဲအတွက် မီးရှူးတိုင်ကို ကိုင်ဆောင်သူအဖြစ် ပါဝင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဂျင်သည် မကြာမီအချိန်အတွင်း ပြင်သစ်နိုင်ငံသို့ ထွက်ခွာရန်စီစဉ်ထားသော်လည်း ရက်စွဲနှင့်နေရာအတိအကျကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ မကြာသေးမီက စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့သော ဂျင်သည် ၎င်း၏ လှုပ်ရှားမှုများကို မြှင့်တင်နေပြီး မီးရှူးတိုင်ကိုင်ဆောင်ခြင်း အပါအဝင် သီချင်းအသစ်များကို ရိုက်ကူးနေ ကြောင်း သိရသည်။

ဂရိနိုင်ငံတွင် ထွန်းညှိထားသော ပဲရစ်အိုလံပစ်မီးရှူးတိုင်သည် ပြီးခဲ့သည့်လတွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာခဲ့ ကြောင်းသိရသည်။ ဂျင်၊ ထင်ရှားကျော်ကြားသော အားကစားသမားများ၊ Holocaust ဖြစ်ရပ်ဆိုးမှ အသက်ရှင် ကျန်ရစ်သူများ၊ Nice အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများ၏ ဆွေမျိုးများ၊ အာကာသယာဉ်မှူးများ နှင့် သန့်ရှင်းရေးသမားများ အပါအဝင် မီးရှူးတိုင်ကိုင်ဆောင်သူ(၁၁၀၀၀)ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် ပဲရစ်နွေရာသီအိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လ(၂၆)ရက်မှ ဩဂုတ်လ(၁၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း(၂၀၆)နိုင်ငံမှ အားကစားသမားပေါင်း(၁၅၀၀၀)ကျော်သည် အားကစား(၃၂)မျိုးနှင့်အတူ ပြိုင်ပွဲ(၃၂၉)ပွဲ ကို ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရသည် မြှားပစ်၊ ဓါးရေး၊ ကြက်တောင်၊ တိုက်ကွမ်ဒိုတို့အပါအဝင် အားကစား(၂၁)မျိုးတွင် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ရန် မျှော်လင့်ချက်ဖြင့် အားကစားသမား(၁၄၂)ဦးကို စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားအသင်း၏ အိုလံပစ်ပြိုင်ပွဲသို့ စေလွှတ်ခြင်းအခမ်းအနားကို ဇူလိုင်လ(၉)ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Zawgyi Version;
၂၀၂၄ ခုႏွစ္ ပဲရစ္ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲတြင္ မီးရႉးတိုင္ကိုင္ေဆာင္သူအျဖစ္ ပါဝင္သြားမယ့္ BTS အဖြဲ႕ဝင္ဂ်င္
Pika (NP News) - ဇူလိုင္ ၄

ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္သည္ ၂၀၂၄ ခုႏွစ္ ပဲရစ္ ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲအတြက္ မီးရႉးတိုင္ကို ကိုင္ေဆာင္သူအျဖစ္ ပါဝင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

ဂ်င္သည္ မၾကာမီအခ်ိန္အတြင္း ျပင္သစ္ႏိုင္ငံသို႔ ထြက္ခြာရန္စီစဥ္ထားေသာ္လည္း ရက္စြဲႏွင့္ေနရာအတိအက်ကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ မၾကာေသးမီက စစ္မႈထမ္းတာဝန္ၿပီးဆုံးခဲ့ေသာ ဂ်င္သည္ ၎၏ လႈပ္ရွားမႈမ်ားကို ျမႇင့္တင္ေနၿပီး မီးရႉးတိုင္ကိုင္ေဆာင္ျခင္း အပါအဝင္ သီခ်င္းအသစ္မ်ားကို ႐ိုက္ကူးေန ေၾကာင္း သိရသည္။

ဂရိႏိုင္ငံတြင္ ထြန္းညႇိထားေသာ ပဲရစ္အိုလံပစ္မီးရႉးတိုင္သည္ ၿပီးခဲ့သည့္လတြင္ ျပင္သစ္ႏိုင္ငံသို႔ ေရာက္ရွိလာခဲ့ ေၾကာင္းသိရသည္။ ဂ်င္၊ ထင္ရွားေက်ာ္ၾကားေသာ အားကစားသမားမ်ား၊ Holocaust ျဖစ္ရပ္ဆိုးမွ အသက္ရွင္ က်န္ရစ္သူမ်ား၊ Nice အၾကမ္းဖက္တိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့သူမ်ား၏ ေဆြမ်ိဳးမ်ား၊ အာကာသယာဥ္မႉးမ်ား ႏွင့္ သန႔္ရွင္းေရးသမားမ်ား အပါအဝင္ မီးရႉးတိုင္ကိုင္ေဆာင္သူ(၁၁၀၀၀)ခန႔္ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

၂ဝ၂၄ ခုႏွစ္ ပဲရစ္ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲကို ဇူလိုင္လ(၂၆)ရက္မွ ဩဂုတ္လ(၁၁)ရက္အထိ က်င္းပသြားမည္ျဖစ္ၿပီး ႏိုင္ငံေပါင္း(၂၀၆)ႏိုင္ငံမွ အားကစားသမားေပါင္း(၁၅၀၀၀)ေက်ာ္သည္ အားကစား(၃၂)မ်ိဳးႏွင့္အတူ ၿပိဳင္ပြဲ(၃၂၉)ပြဲ ကို ပါဝင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္ကိုရီးယားအစိုးရသည္ ျမႇားပစ္၊ ဓါးေရး၊ ၾကက္ေတာင္၊ တိုက္ကြမ္ဒိုတို႔အပါအဝင္ အားကစား(၂၁)မ်ိဳးတြင္ ေ႐ႊတံဆိပ္မ်ား ဆြတ္ခူးႏိုင္ရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ အားကစားသမား(၁၄၂)ဦးကို ေစလႊတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ေတာင္ကိုရီးယားအသင္း၏ အိုလံပစ္ၿပိဳင္ပြဲသို႔ ေစလႊတ္ျခင္းအခမ္းအနားကို ဇူလိုင္လ(၉)ရက္တြင္ ျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.