ပါကစ္စတန်မှာ ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦး အပါအဝင် လူ(၅)ဦး သေဆုံး
375
Pika(NP News) - ဇူလိုင် ၄
ဇူလိုင်လ(၃)ရက်က အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်အနီးက ပါကစ္စတန်တာလီဘန်တွေရဲ့ယခင်နယ်မြေဟောင်းမှာ အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦးနဲ့ ၎င်းရဲ့ထောက်ခံသူတွေကို တင်ဆောင်လာတဲ့ကားတစ်စီး ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး အထက်လွှတ်တော်အမတ်ဟောင်း အပါအဝင် လူ(၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အထက်လွှတ်တော်အမတ်ဟောင်း Hidayatullah Khan ဟာ ရွေးကောက်ပွဲ ချီတက်ပွဲကို တက်ရောက်ဖို့အတွက် ယာဉ်တန်းနဲ့ခရီးသွားလာနေချိန်မှာ ယခုလိုဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံရဲချုပ် Bakhat Bunar က ပြောကြားခဲ့ပါတယ်။
အဲဒီဗုံးခွဲတိုက်ခိုက်မှုကို ပါကစ္စတန်သမ္မတ Asif Ali Zardari နဲ့ အခြားအရာရှိတွေက ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ ၎င်းတို့မှာ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားတာမျိုး မရှိသလို ပါကစ္စတန်တာလီဘန်အဖွဲ့ကလည်း ၎င်းတို့ ပါဝင်ပတ်သက်တာမျိုးမရှိဘူးလို့ ထုတ်ပြန်ပြောကြားထား ပါတယ်။
Bajur ခရိုင်ဟာ အာဖဂန်တာလီဘန်တွေရဲ့မိတ်ဖက်ဖြစ်တဲ့ ပါကစ္စတန်တာလီဘန် ဒါမှမဟုတ် TTP အဖွဲ့လို့ လူသိများတဲ့အဖွဲ့ရဲ့အမာခံနယ်မြေဟောင်းဖြစ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ Bajur ခရိုင်မှာ Jamiat Ulema Islam ပါတီရဲ့ နိုင်ငံရေး ချီတက်ပွဲကို အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူဒါဇင်ချီသေဆုံးခဲ့ပြီး အခြားလူ(၂၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိပြီးနောက် တစ်နှစ်ခန့်အကြာမှာ အထက်လွှတ်တော်အမတ်ဟောင်းရဲ့ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Zawgyi Version;
ပါကစၥတန္မွာ ဗုံးခြဲတိုက္ခိုက္မႈတစ္ခုေၾကာင့္ အထက္လႊတ္ေတာ္အမတ္ေဟာင္းတစ္ဦး အပါအဝင္ လူ(၅)ဦး ေသဆုံး
Pika(NP News) - ဇူလိုင္ ၄
ဇူလိုင္လ(၃)ရက္က အာဖဂန္နစၥတန္ႏိုင္ငံ နယ္စပ္အနီးက ပါကစၥတန္တာလီဘန္ေတြရဲ႕ယခင္နယ္ေျမေဟာင္းမွာ အထက္လႊတ္ေတာ္အမတ္ေဟာင္းတစ္ဦးနဲ႔ ၎ရဲ႕ေထာက္ခံသူေတြကို တင္ေဆာင္လာတဲ့ကားတစ္စီး ဗုံးခြဲ တိုက္ခိုက္ခံခဲ့ရၿပီး အထက္လႊတ္ေတာ္အမတ္ေဟာင္း အပါအဝင္ လူ(၅)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အထက္လႊတ္ေတာ္အမတ္ေဟာင္း Hidayatullah Khan ဟာ ေ႐ြးေကာက္ပြဲ ခ်ီတက္ပြဲကို တက္ေရာက္ဖို႔အတြက္ ယာဥ္တန္းနဲ႔ခရီးသြားလာေနခ်ိန္မွာ ယခုလိုဗုံးခြဲတိုက္ခိုက္ခံခဲ့ရတာျဖစ္တယ္လို႔ ေဒသခံရဲခ်ဳပ္ Bakhat Bunar က ေျပာၾကားခဲ့ပါတယ္။
အဲဒီဗုံးခြဲတိုက္ခိုက္မႈကို ပါကစၥတန္သမၼတ Asif Ali Zardari နဲ႔ အျခားအရာရွိေတြက ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီဗုံးခြဲတိုက္ခိုက္မႈအတြက္ ဘယ္အဖြဲ႕ကမွ ၎တို႔မွာ တာဝန္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားတာမ်ိဳး မရွိသလို ပါကစၥတန္တာလီဘန္အဖြဲ႕ကလည္း ၎တို႔ ပါဝင္ပတ္သက္တာမ်ိဳးမရွိဘူးလို႔ ထုတ္ျပန္ေျပာၾကားထား ပါတယ္။
Bajur ခ႐ိုင္ဟာ အာဖဂန္တာလီဘန္ေတြရဲ႕မိတ္ဖက္ျဖစ္တဲ့ ပါကစၥတန္တာလီဘန္ ဒါမွမဟုတ္ TTP အဖြဲ႕လို႔ လူသိမ်ားတဲ့အဖြဲ႕ရဲ႕အမာခံနယ္ေျမေဟာင္းျဖစ္ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။ Bajur ခ႐ိုင္မွာ Jamiat Ulema Islam ပါတီရဲ႕ ႏိုင္ငံေရး ခ်ီတက္ပြဲကို အေသခံဗုံးခြဲသမားတစ္ဦးက ဗုံးခြဲတိုက္ခိုက္ခဲ့ရာ လူဒါဇင္ခ်ီေသဆုံးခဲ့ၿပီး အျခားလူ(၂၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိၿပီးေနာက္ တစ္ႏွစ္ခန႔္အၾကာမွာ အထက္လႊတ္ေတာ္အမတ္ေဟာင္းရဲ႕ယာဥ္တန္းကို ဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။