ခံတွင်းအနံ့ဆိုး (‌ကျန်းမာရေးဆောင်းပါး)

 2754

ဒေါက်တာလွင်သန့် (NP News) - ဇူလိုင် ၅

အနံ့ပြင်းတဲ့အစားအစာကို စားသုံးတာ၊ ဆေးလိပ်သောက်တာ၊ သွားကြား၊ သွားဖုံးတစ် ဝိုက် နဲ့ လျှာပေါ်ဘက်တီးရီးယားပေါက်ဖွားမှုအပါအဝင် ခံတွင်းအနံ့ဆိုးထွက်ရတဲ့အကြောင်း ရင်းများစွာရှိပါတယ်။ ခံတွင်းခြောက်သွေ့တာ၊ သွားဖုံးရောဂါ၊ သွားပိုးပေါက်ရှိတာ၊ ခံတွင်းမှိုစွဲတာ နဲ့ အခြားကျန်းမာရေးပြဿနာ၊(အာသီးရောင်တာ)စားချဉ်ပြန်တာ၊ ထိပ်ကပ်နာရှိတာ၊အဆုတ်ပိုးဝင်တာ၊ အသည်းနဲ့ကျောက်ကပ်ရောဂါ တွေကြောင့်လည်း ခံတွင်းအနံ့ဆိုးထွက်နိုင်ပါတယ်။ ကိုယ်သွားတိုက်ပြီးပေမယ့် ခံတွင်းမှ အနံ့ဆိုးမပျောက်ကွယ်ရင် အိမ်သုံးဆေးနည်းအချို့လုပ်သင့်တယ်။

ပုံမှန်နံနံပင်စားသင့်တယ်။ နံနံပင်မှာတလိုရိုဖေး(Chlorophyll)တွေက ပိုးမွှားတွေကိုတိုက်ထုတ်နိုင်တာကြောင့် ခံတွင်းအနံ့ကင်းစင်နိုင်ပါတယ်။ မုန့်ဟင်းခါးစားရင်နံနံပင်ထည့်စားသင့်ပါတယ်။ ရေသုံးမှန်မှန်သောက်သင့်ပါတယ်။ခံတွင်းခြောက်သွေ့နေတာကြောင့်အနံ့ဆိုးထွက်တတ်ပါတယ်။တံတွေးဟာခံတွင်းသန့်စင်ဖို့အရေးကြီးတဲ့ကဏ္ဍမှပါဝင်ပါတယ်။ ညအိပ်ပျော်နေစဉ်မှာခံတွင်းခြောက်သွေ့နေတာကြောင့်ခံတွင်းမှာအစိုဓာတ်ရရှိနိုင်ပြီး၊သွားကြားညှပ်နေတဲ့အစာတွေကိုဖယ်ရှားနိုင်ပါတယ်။တစ်နေ့တာလုံးရေသောက်သွားပြီး၊ခံတွင်းအနံ့ထွက်လာရင်ရေနဲ့ပလုတ်ကျင်းသင့်ပါတယ်။

ဒိန်ချဉ်စားသင့်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့အကျိုးပြုဘက်တီးရီးယားတွေကခံတွင်းမှအနံ့ဆိုးထွက်နိုင်တဲ့ဘက်တီးရီးယားပမာဏကိုလျော့ချနိုင်တဲ့ပြင် အနံ့ဆိုးထွက်စေနိုင်တဲ့ သွားချေးဖက်နဲ့သွားဖုံးရောင်တာတွေကိုပါ ပျောက်ကင်းနိုင်ပါတယ်။ သကြားပါဝင်မှုနည်းပါးတဲ့၊ဒိန်ချဉ်ကိုတစ်နေ့ခြောက်အောင်စစားသင့်တယ်။ နာနတ်သီးဖျော်ရည်သောက်သင့်ပါတယ်။ နာနတ်သီးဖျော်ရည်ကခံတွင်းအနံ့ဆိုးကို အမြန်ဆုံးနဲ့အထိရောက်ဆုံးပျောက်ကင်းစေနိုင်ပါတယ်။ အစားအစာစားပြီးတိုင်း၊ နာနတ်သီးတစ်စိတ်လောက်ကို(၁၂)မိနစ်ကြာအောင်ဝါးစားသင့်ပါတယ်။ နာနတ်သီးစားအပြီး သူ့မှာပါဝင်တဲ့သကြားတွေကုန်စင်အောင်ရေနဲ့ပလုတ် ကျင်းသင့်ပါတယ်။

သစ်ကြမ်းပိုးခေါက်သုံးသင့်ပါတယ်။ သစ်ကြမ်းပိုးခေါက်တာပိုးမွှားတွေကိုသန့်စင်နိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ လက်ဖက်ရည်သောက်သင့်ပါတယ်။ လက်ဖက်မှာပါဝင်တဲ့ပေါ်လီဖီနောတွေက ပိုးမွှားတွေနဲ့အနံ့ဆိုးတွေကိုဖယ်ရှားနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ လက်ဖက်ရည်ကြမ်း (Green Tea)နဲ့လက်ဖက်ရည်(Black Tea)နှစ်မျိုးလုံးသောက်နိုင်ပါတယ်။ လိမ္မော်သီးစားနိုင်ပါတယ်။ ဗီတာမင်စီက တံထွေးအထွက်များစေနိုင်တဲ့အတွက် ခံတွင်းအနံ့ဆိုးပျောက်စေနိုင်ပါတယ်။ ပန်းသီးစားသင့်ပါတယ်။ လေ့လာမှုအရ ပန်းသီးကကြက်သွန်ဖြူစားသုံးတာကြောင့်ဖြစ်တဲ့ ခံတွင်းအနံ့ဆိုးအပေါ်အစွမ်းထက်တဲ့ထိရောက်မှုရှိတယ်လို့သိရပါတယ်။

စမုန်စပါးစားသင့်ပါတယ်။ စမုန်စပါးကခံတွင်းနံကင်းစေနိုင်တာကြောင့် အစာစားပြီးစမုန်စပါးဝါးသင့်တယ်။ သွပ်ဓာတ်ပါဝင်တဲ့ငုံဆေးပြား၊ ပီကေ နဲ့ ခံတွင်းသန့်စင်ရည်တွေကခံတွင်းအနံ့ဆိုးပျောက်ကင်းနိုင်ပါတယ်။ သွပ်ဟာ ခံတွင်းရနံ့၊ ဆာလ်ဖာဒြပ်ပေါင်းတွေကိုလျော့ချပေးနိုင်ပါတယ်။ သွားနဲ့သွားဖုံးကိုအနည်းဆုံး၊ မနက်အိပ်ရာထနဲ့ ညဖက်အိပ်ရာဝင်မှာနှစ်ကြိမ်သန့်စင်သင့်ပါတယ်။ ဖလိုရိုက်(Fluoride)ပါတဲ့ သွားတိုက်ဆေးနဲ့အနည်းဆုံး(၂)မိနစ်ကြာအောင်သွားတိုက်သင့်တယ်။ သွားကြောထဲညှပ်နေတဲ့အစာတွေကြောင့် ဘက်တီးရီးယားမပေါက်ဖွားနိုင်အောင်သွားကြောပွတ်ကြိုးနဲ့သွားကြားတွေကို သန့်စင်သင့်ပါတယ်။ လျှာပေါ်မှာလည်း ဘက်တီးရီးယားမပေါက်ဖွားနိုင်အောင် သွားကြောပွတ်ကြိုးနဲ့သွားကြားတွေကိုသန့်စင်သင့်ပါတယ်။ သွားဆရာဝန်နဲ့ပြသသင့်ပါတယ်။ ခံတွင်းရနံ့ဆိုးအများစုက ခံတွင်းသန့်ရှင်းရေးမကောင်းတာကြောင့်ဖြစ်တဲ့အတွက် ခံတွင်းသန့်စင်အောင်ပြုလုပ်ပေးရုံနဲ့ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ အချို့အနံ့ဆိုးတွေက ဆီးချိုဓာတ်လွန်းတာ(Diabetes ketoacedosis) ကျောက်ကပ်ပျက်စီးကာ(သို့)ရောဂါပိုးကူးစက်ခံရတာကြောင့်ဖြစ်တတ်တဲ့အတွက်ဖော်ပြပါနည်းလမ်းတွေနဲ့မသက်သာရင်သွား၊ ခံတွင်းဆရာဝန်နဲ့ပြသသင့်ပါတယ်။

စကားပြောမယ်ကြံတိုင်းခံတွင်းအနံ့ဆိုးဝါးတာကြောင့်တစ်ဖက်သားအခံရခက်မှာစိတ်ညစ်ရတတ်တယ်။ သည်လိုခံတွင်းကျန်းမာရေးမကောင်းတာလိုဖော်ပြနေရုံသာမကပဲ၊ အများသူငါနဲ့ဆက်ဆံရာမှာပြောဆိုရာမှာယုံကြည်မှုကျစေပါတယ်။ ခံတွင်းအနံ့ဆိုးခြင်း(Halitosis)ဟာသာမန်ကျန်းမာတဲ့လူတွေမှာလဲဖြစ်တတ်ပြီး၊အများအားဖြင့်မနက်အိပ်ရာနိုးထချိန်မှာခံတွင်းနံ့ဆိုးထွက်လေ့ရှိပါတယ်။ ခံတွင်းအနံ့ဆိုးခြင်းဟာ အဓိကသွားပြဿနာကြောင့်ဖြစ်တယ်။ သွားကြာထဲမှာညပ်နေတဲ့အစာတွေကြောင့်ဖြစ်တယ်။ ညပ်နေတဲ့အစာတွေကြောင့် ဆာလ်ဖာ (Sulphur)ထုတ်ပေးတဲ့ ဘက်တီးရီးယားတွေပေါက်ပွါးပြီး အစာတွေက ပုပ်သိုးလာပါတယ်။အဲဒါကြောင့် အနံ့ဆိုးထွက်တယ်။ သွားတုထပ်ထားရတဲ့သူတွေမှာလည်းအစာစားပြီးတဲ့အချိန်အစာတွေညပ်ကျန်တဲ့အခါဖြစ်နိုင်ပါတယ်။ နောက်ပြဿနာတစ်ခုက သွားဖုံးရောင်တာပဲဖြစ်တယ်။သွားအောက်ခြေမှာအနည်းထိုင်သလိုဖြစ်နေတဲ့အနည်အနှစ်တွေကြောင့်သွားဖုံးရောင်တဲ့အခါမှာခံတွင်းအနံ့ဆိုးဆိုးထွက်တတ်ပါတယ်။ သွားဖုံးကနာပြီးသွားတိုက်တဲ့အခါ သွေးထွက်တက်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုက အစာတွေကိုဖြိုခွဲပြီးနောက် အစာအိမ်ကထွက်လာတဲ့ဂက်စ်တွေကြောင့်ဖြစ်တယ်။ အစာခဏဖြတ်ထားတဲ့(Fasting)လို အခြေအ နေတွေမှာဆိုပိုဆိုးတတ်တယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ အရက်၊ ကြက်အူချောင်း၊ အမဲအူချောင်းတို့လို အသားတွေကြောင့်ခံတွင်းအနံ့ပိုပြင်းတယ်။

ခံတွင်း၊ လည်ချောင်း နဲ့ အစာရည်မျိုပြွန်မှာရောဂါပိုးဝင်တာ၊ အာသီးရောင်တာ၊ နှာခေါင်းရောင်တာ၊ ထိပ်ကပ်နာရောဂါ၊ အဆုတ်ရောဂါ(ဥပမာ - တီဘီရောဂါ၊ လေပြွန်ကျယ်တာ) ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အချို့ဆေးတွေနဲ့ဆေးလိပ်သောက်ခြင်းကြောင့်လည်း ခံတွင်းနံ့ဆိုးတတ်ကြပါတယ်။ ဒါ့ပြင်စိတ်ဖိစီးမှုကြောင့်လည်းဖြစ်တတ်သလို ပါးစပ်နဲ့အသက်ရှူတဲ့အခါပါးစပ်ထဲမှာရှိတဲ့သွားတွေခြောက်ပြီး ပါးစပ်ကစိုစွတ်နေတဲ့အနေထားမဟုတ်တဲ့အခါတွေ လျှာရဲ့အနောက်မှာပေါက်ပွါးနေတဲ့ဘက်တီးရီးယားတွေကနေထုတ်တဲ့ဆလ်ဖာ(Sulphur)တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။ခံတွင်းနံ့ဆိုးထွက်တာက အန္တရာယ်ရှိတဲ့အခြေအနေမဟုတ်ပါဘူး။ ဒါပေမဲ့သည်လိုအနံ့ဆိုးထွက်တာ‌ကြောင့် အခြားသူတွေနဲ့စပြောဆိုဆက်ဆံတဲ့အခါမှာကိုယ်ရဲ့ယုံကြည်မှုပျောက်ဆုံးစေပါတယ်။ အရေးကြီးဆုံးကသွားနဲ့ခံတွင်းကိုသန့်ရှင်းနေအောင်ထားဖို့ဖြစ်တယ်။ သွားကြားထဲမှာညပ်နေတဲ့အစာတွေသွားအောက်ခြေမှာအနည်းထိုင်နေတဲ့အနှစ်တွေကိုသန့်ရှင်းဖို့အတွက် နေ့ဘက်တွေမှာအစာစားပြီးတာနဲ့ချက်ချင်းသွားတိုက်ဖို့လိုပါတယ်။ နေ့စဉ်ပုံမှန်တိုက်ပေးရပါတယ်။ အစာစားပြီးရင်ပလုပ်ကျင်းပေးရပါတယ်။ သွားကြားတွေကိုသန့်ရှင်းဖို့အတွက်သွားကြားပွတ်ကြိုးကိုအသုံးပြုသင့်ပါတယ်။ ပိုးသတ်ဆေးပါတဲ့ပါးစပ်သန့်ရှင်းဆေးရည်တွေကိုအသုံးပြုသင့်တယ်။ နူးညံ့တဲ့သွားတိုက်တံအမျှင်တွေနဲ့လျှာရဲ့နောက်ပိုင်းပွတ်သင့်တယ်။

သွားတိုက်တံတစ်ချောင်းထဲကိုအကြာကြီးမသုံးသင့်ဘူး။ (၆)လတစ်ခါအနည်းဆုံးလဲ လှယ်ပေးသင့်ပါတယ်။ ညအိပ်ရာမဝင်ခင်၊ သွားမှန်မှန်တိုက်ပေးသင့်တယ်။ တစ်နေ့ကို(၃)နပ်အချိန်မှန်မှန်စားသင့်ပါတယ်။ ကြက်သွန်၊ ငရုတ်သီး တွေလိုအရသာလွန်ကဲတဲ့အစားသောက်တွေစားပြီးတဲ့ပူစီနန်လို့အရွက်တွေဝါးသင့်ပါတယ်။ နေ့ဘက်တွေမှာနာရီအတော်ကြာအစာဖြတ်တာမျိုးရှောင်သင့်တယ်။ အစာဖြတ်ထားတဲ့အခါတွေမှာ တံထွေးဂလင်းတွေကိုလှုံ့ဆော်မှုနည်းတဲ့အတွက် တံထွေးထုက်လုပ်မှုနည်းနေပါတယ်။ ဒါကြောင့်ခံတွင်းထဲကဘက်တီးရီးယားတွေကို မကာကွယ်နိုင်တဲ့အတွက်ကြောင့် အနံ့ဆိုးထွက်တာဖြစ်တယ်။ ဆေးလိပ်ဖြတ်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် အလွန်ကျွံသောက်သုံးတာ ရှောင်ကြည့်သင့်ပါတယ်။တစ်နေ့ကိုသုံးခွက်ထက်ပိုမသောက်သင့်ဘူး။ ကိုယ့်မှာအခြားသွားနဲ့ခံတွင်းရောဂါနားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ခံတွင်းအနံ့ဆိုးမထွက်အောင်၊ခံတွင်းခြောက်တာက ရေသောက်နည်းလို့ဖြစ်ပြီး ခံတွင်းခြောက်တာအနံ့ဆိုးထွက်တယ်။ ဒါကြောင့်နေ့စဉ်ရေလုံလောက်အောင်သောက်သုံးပေးသင့်ပါတယ်။ ခံတွင်းသန့်ရှင်းရေးအား နည်းတာဖြစ်နိုင်ပါတယ်။ ခံတွင်းသန့်ရှင်းရေးကမဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်တစ်ခုဖြစ်တယ်။ တစ်နေ့ကိုမနက်တစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် သွားတိုက်ပေးဖို့မမေ့သင့်ပါဘူး။ခံတွင်းသန့်ရှင်းမှုအားနည်းတဲ့အခါ သွားနဲ့သွားဖုံးမှာပိုးဝင်ကူးစက်ပြီး ရောဂါတွေဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်လာတဲ့အခါခံတွင်းနံ့ဆိုးပါတယ်။

အနံ့ပြင်းတဲ့အစာတွေစားတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဒညင်းသီး၊ ဆူးပုတ်ရွက်တို့ကိုအနံ့ပြင်းတဲ့အစာတွေက ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။ ဖျားနာနေတာကြောင့် ခံတွင်းနံ့ဆိုးနိုင်တယ်။ ရိုးရိုးဖျားတာပြင် ဆီးချိုလိုမျိုးဝေဒနာကြောင့်လည်း ခံတွင်းနံ့ဆိုးတာဖြစ်နိုင်ပါတယ်။ ခံစားနေရတဲ့ဝေဒနာကြောင့် သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးနိုင်ပါတယ်။ ခံတွင်းအနံ့မဆိုးအောင်အစားအသောက်ပြုပြင်ရမယ့်အပြင် နေ့စဉ်အနည်း ဆုံးသွား(၂)ကြိမ်တိုက်သင့်ပါတယ်။ လိုအပ်ပါကနှစ်စဥ် သွား၊ ခံတွင်းဆရာဝန်နဲ့ပြသသင့်ပါတယ်။

zawgyi version
ခံတြင္းအနံ႔ဆိုး (‌က်န္းမာေရးေဆာင္းပါး)
ေဒါက္တာလြင္သန႔္ (NP News) - ဇူလိုင္ ၅

အနံ႔ျပင္းတဲ့အစားအစာကို စားသုံးတာ၊ ေဆးလိပ္ေသာက္တာ၊ သြားၾကား၊ သြားဖုံးတစ္ ဝိုက္ နဲ႔ လွ်ာေပၚဘက္တီးရီးယားေပါက္ဖြားမႈအပါအဝင္ ခံတြင္းအနံ႔ဆိုးထြက္ရတဲ့အေၾကာင္း ရင္းမ်ားစြာရွိပါတယ္။ ခံတြင္းေျခာက္ေသြ႕တာ၊ သြားဖုံးေရာဂါ၊ သြားပိုးေပါက္ရွိတာ၊ ခံတြင္းမႈိစြဲတာ နဲ႔ အျခားက်န္းမာေရးျပႆနာ၊(အာသီးေရာင္တာ)စားခ်ဥ္ျပန္တာ၊ ထိပ္ကပ္နာရွိတာ၊အဆုတ္ပိုးဝင္တာ၊ အသည္းနဲ႔ေက်ာက္ကပ္ေရာဂါ ေတြေၾကာင့္လည္း ခံတြင္းအနံ႔ဆိုးထြက္ႏိုင္ပါတယ္။ ကိုယ္သြားတိုက္ၿပီးေပမယ့္ ခံတြင္းမွ အနံ႔ဆိုးမေပ်ာက္ကြယ္ရင္ အိမ္သုံးေဆးနည္းအခ်ိဳ႕လုပ္သင့္တယ္။

ပုံမွန္နံနံပင္စားသင့္တယ္။ နံနံပင္မွာတလို႐ိုေဖး(Chlorophyll)ေတြက ပိုးမႊားေတြကိုတိုက္ထုတ္ႏိုင္တာေၾကာင့္ ခံတြင္းအနံ႔ကင္းစင္ႏိုင္ပါတယ္။ မုန႔္ဟင္းခါးစားရင္နံနံပင္ထည့္စားသင့္ပါတယ္။ ေရသုံးမွန္မွန္ေသာက္သင့္ပါတယ္။ခံတြင္းေျခာက္ေသြ႕ေနတာေၾကာင့္အနံ႔ဆိုးထြက္တတ္ပါတယ္။တံေတြးဟာခံတြင္းသန႔္စင္ဖို႔အေရးႀကီးတဲ့က႑မွပါဝင္ပါတယ္။ ညအိပ္ေပ်ာ္ေနစဥ္မွာခံတြင္းေျခာက္ေသြ႕ေနတာေၾကာင့္ခံတြင္းမွာအစိုဓာတ္ရရွိႏိုင္ၿပီး၊သြားၾကားညႇပ္ေနတဲ့အစာေတြကိုဖယ္ရွားႏိုင္ပါတယ္။တစ္ေန႔တာလုံးေရေသာက္သြားၿပီး၊ခံတြင္းအနံ႔ထြက္လာရင္ေရနဲ႔ပလုတ္က်င္းသင့္ပါတယ္။

ဒိန္ခ်ဥ္စားသင့္ပါတယ္။ ဒိန္ခ်ဥ္မွာပါတဲ့အက်ိဳးျပဳဘက္တီးရီးယားေတြကခံတြင္းမွအနံ႔ဆိုးထြက္ႏိုင္တဲ့ဘက္တီးရီးယားပမာဏကိုေလ်ာ့ခ်ႏိုင္တဲ့ျပင္ အနံ႔ဆိုးထြက္ေစႏိုင္တဲ့ သြားေခ်းဖက္နဲ႔သြားဖုံးေရာင္တာေတြကိုပါ ေပ်ာက္ကင္းႏိုင္ပါတယ္။ သၾကားပါဝင္မႈနည္းပါးတဲ့၊ဒိန္ခ်ဥ္ကိုတစ္ေန႔ေျခာက္ေအာင္စစားသင့္တယ္။ နာနတ္သီးေဖ်ာ္ရည္ေသာက္သင့္ပါတယ္။ နာနတ္သီးေဖ်ာ္ရည္ကခံတြင္းအနံ႔ဆိုးကို အျမန္ဆုံးနဲ႔အထိေရာက္ဆုံးေပ်ာက္ကင္းေစႏိုင္ပါတယ္။ အစားအစာစားၿပီးတိုင္း၊ နာနတ္သီးတစ္စိတ္ေလာက္ကို(၁၂)မိနစ္ၾကာေအာင္ဝါးစားသင့္ပါတယ္။ နာနတ္သီးစားအၿပီး သူ႔မွာပါဝင္တဲ့သၾကားေတြကုန္စင္ေအာင္ေရနဲ႔ပလုတ္ က်င္းသင့္ပါတယ္။

သစ္ၾကမ္းပိုးေခါက္သုံးသင့္ပါတယ္။ သစ္ၾကမ္းပိုးေခါက္တာပိုးမႊားေတြကိုသန႔္စင္ႏိုင္တဲ့ဂုဏ္သတၱိရွိပါတယ္။ လက္ဖက္ရည္ေသာက္သင့္ပါတယ္။ လက္ဖက္မွာပါဝင္တဲ့ေပၚလီဖီေနာေတြက ပိုးမႊားေတြနဲ႔အနံ႔ဆိုးေတြကိုဖယ္ရွားႏိုင္တဲ့ဂုဏ္သတၱိရွိပါတယ္။ လက္ဖက္ရည္ၾကမ္း (Green Tea)နဲ႔လက္ဖက္ရည္(Black Tea)ႏွစ္မ်ိဳးလုံးေသာက္ႏိုင္ပါတယ္။ လိေမၼာ္သီးစားႏိုင္ပါတယ္။ ဗီတာမင္စီက တံေထြးအထြက္မ်ားေစႏိုင္တဲ့အတြက္ ခံတြင္းအနံ႔ဆိုးေပ်ာက္ေစႏိုင္ပါတယ္။ ပန္းသီးစားသင့္ပါတယ္။ ေလ့လာမႈအရ ပန္းသီးကၾကက္သြန္ျဖဴစားသုံးတာေၾကာင့္ျဖစ္တဲ့ ခံတြင္းအနံ႔ဆိုးအေပၚအစြမ္းထက္တဲ့ထိေရာက္မႈရွိတယ္လို႔သိရပါတယ္။

စမုန္စပါးစားသင့္ပါတယ္။ စမုန္စပါးကခံတြင္းနံကင္းေစႏိုင္တာေၾကာင့္ အစာစားၿပီးစမုန္စပါးဝါးသင့္တယ္။ သြပ္ဓာတ္ပါဝင္တဲ့ငုံေဆးျပား၊ ပီေက နဲ႔ ခံတြင္းသန႔္စင္ရည္ေတြကခံတြင္းအနံ႔ဆိုးေပ်ာက္ကင္းႏိုင္ပါတယ္။ သြပ္ဟာ ခံတြင္းရနံ႔၊ ဆာလ္ဖာျဒပ္ေပါင္းေတြကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။ သြားနဲ႔သြားဖုံးကိုအနည္းဆုံး၊ မနက္အိပ္ရာထနဲ႔ ညဖက္အိပ္ရာဝင္မွာႏွစ္ႀကိမ္သန႔္စင္သင့္ပါတယ္။ ဖလို႐ိုက္(Fluoride)ပါတဲ့ သြားတိုက္ေဆးနဲ႔အနည္းဆုံး(၂)မိနစ္ၾကာေအာင္သြားတိုက္သင့္တယ္။ သြားေၾကာထဲညႇပ္ေနတဲ့အစာေတြေၾကာင့္ ဘက္တီးရီးယားမေပါက္ဖြားႏိုင္ေအာင္သြားေၾကာပြတ္ႀကိဳးနဲ႔သြားၾကားေတြကို သန႔္စင္သင့္ပါတယ္။ လွ်ာေပၚမွာလည္း ဘက္တီးရီးယားမေပါက္ဖြားႏိုင္ေအာင္ သြားေၾကာပြတ္ႀကိဳးနဲ႔သြားၾကားေတြကိုသန႔္စင္သင့္ပါတယ္။ သြားဆရာဝန္နဲ႔ျပသသင့္ပါတယ္။ ခံတြင္းရနံ႔ဆိုးအမ်ားစုက ခံတြင္းသန႔္ရွင္းေရးမေကာင္းတာေၾကာင့္ျဖစ္တဲ့အတြက္ ခံတြင္းသန႔္စင္ေအာင္ျပဳလုပ္ေပး႐ုံနဲ႔ေပ်ာက္ကင္းႏိုင္ပါတယ္။ ဒါေပမဲ့ အခ်ိဳ႕အနံ႔ဆိုးေတြက ဆီးခ်ိဳဓာတ္လြန္းတာ(Diabetes ketoacedosis) ေက်ာက္ကပ္ပ်က္စီးကာ(သို႔)ေရာဂါပိုးကူးစက္ခံရတာေၾကာင့္ျဖစ္တတ္တဲ့အတြက္ေဖာ္ျပပါနည္းလမ္းေတြနဲ႔မသက္သာရင္သြား၊ ခံတြင္းဆရာဝန္နဲ႔ျပသသင့္ပါတယ္။

စကားေျပာမယ္ႀကံတိုင္းခံတြင္းအနံ႔ဆိုးဝါးတာေၾကာင့္တစ္ဖက္သားအခံရခက္မွာစိတ္ညစ္ရတတ္တယ္။ သည္လိုခံတြင္းက်န္းမာေရးမေကာင္းတာလိုေဖာ္ျပေန႐ုံသာမကပဲ၊ အမ်ားသူငါနဲ႔ဆက္ဆံရာမွာေျပာဆိုရာမွာယုံၾကည္မႈက်ေစပါတယ္။ ခံတြင္းအနံ႔ဆိုးျခင္း(Halitosis)ဟာသာမန္က်န္းမာတဲ့လူေတြမွာလဲျဖစ္တတ္ၿပီး၊အမ်ားအားျဖင့္မနက္အိပ္ရာႏိုးထခ်ိန္မွာခံတြင္းနံ႔ဆိုးထြက္ေလ့ရွိပါတယ္။ ခံတြင္းအနံ႔ဆိုးျခင္းဟာ အဓိကသြားျပႆနာေၾကာင့္ျဖစ္တယ္။ သြားၾကာထဲမွာညပ္ေနတဲ့အစာေတြေၾကာင့္ျဖစ္တယ္။ ညပ္ေနတဲ့အစာေတြေၾကာင့္ ဆာလ္ဖာ (Sulphur)ထုတ္ေပးတဲ့ ဘက္တီးရီးယားေတြေပါက္ပြါးၿပီး အစာေတြက ပုပ္သိုးလာပါတယ္။အဲဒါေၾကာင့္ အနံ႔ဆိုးထြက္တယ္။ သြားတုထပ္ထားရတဲ့သူေတြမွာလည္းအစာစားၿပီးတဲ့အခ်ိန္အစာေတြညပ္က်န္တဲ့အခါျဖစ္ႏိုင္ပါတယ္။ ေနာက္ျပႆနာတစ္ခုက သြားဖုံးေရာင္တာပဲျဖစ္တယ္။သြားေအာက္ေျခမွာအနည္းထိုင္သလိုျဖစ္ေနတဲ့အနည္အႏွစ္ေတြေၾကာင့္သြားဖုံးေရာင္တဲ့အခါမွာခံတြင္းအနံ႔ဆိုးဆိုးထြက္တတ္ပါတယ္။ သြားဖုံးကနာၿပီးသြားတိုက္တဲ့အခါ ေသြးထြက္တက္ပါတယ္။ ေနာက္အေၾကာင္းရင္းတစ္ခုက အစာေတြကိုၿဖိဳခြဲၿပီးေနာက္ အစာအိမ္ကထြက္လာတဲ့ဂက္စ္ေတြေၾကာင့္ျဖစ္တယ္။ အစာခဏျဖတ္ထားတဲ့(Fasting)လို အေျခအ ေနေတြမွာဆိုပိုဆိုးတတ္တယ္။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီး၊ အရက္၊ ၾကက္အူေခ်ာင္း၊ အမဲအူေခ်ာင္းတို႔လို အသားေတြေၾကာင့္ခံတြင္းအနံ႔ပိုျပင္းတယ္။

ခံတြင္း၊ လည္ေခ်ာင္း နဲ႔ အစာရည္မ်ိဳႁပြန္မွာေရာဂါပိုးဝင္တာ၊ အာသီးေရာင္တာ၊ ႏွာေခါင္းေရာင္တာ၊ ထိပ္ကပ္နာေရာဂါ၊ အဆုတ္ေရာဂါ(ဥပမာ - တီဘီေရာဂါ၊ ေလႁပြန္က်ယ္တာ) ကင္ဆာေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ အသည္းေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ အခ်ိဳ႕ေဆးေတြနဲ႔ေဆးလိပ္ေသာက္ျခင္းေၾကာင့္လည္း ခံတြင္းနံ႔ဆိုးတတ္ၾကပါတယ္။ ဒါ့ျပင္စိတ္ဖိစီးမႈေၾကာင့္လည္းျဖစ္တတ္သလို ပါးစပ္နဲ႔အသက္ရႉတဲ့အခါပါးစပ္ထဲမွာရွိတဲ့သြားေတြေျခာက္ၿပီး ပါးစပ္ကစိုစြတ္ေနတဲ့အေနထားမဟုတ္တဲ့အခါေတြ လွ်ာရဲ႕အေနာက္မွာေပါက္ပြါးေနတဲ့ဘက္တီးရီးယားေတြကေနထုတ္တဲ့ဆလ္ဖာ(Sulphur)ေတြေၾကာင့္လည္း ခံတြင္းနံ႔ဆိုးတတ္ပါတယ္။ခံတြင္းနံ႔ဆိုးထြက္တာက အႏၲရာယ္ရွိတဲ့အေျခအေနမဟုတ္ပါဘူး။ ဒါေပမဲ့သည္လိုအနံ႔ဆိုးထြက္တာ‌ေၾကာင့္ အျခားသူေတြနဲ႔စေျပာဆိုဆက္ဆံတဲ့အခါမွာကိုယ္ရဲ႕ယုံၾကည္မႈေပ်ာက္ဆုံးေစပါတယ္။ အေရးႀကီးဆုံးကသြားနဲ႔ခံတြင္းကိုသန႔္ရွင္းေနေအာင္ထားဖို႔ျဖစ္တယ္။ သြားၾကားထဲမွာညပ္ေနတဲ့အစာေတြသြားေအာက္ေျခမွာအနည္းထိုင္ေနတဲ့အႏွစ္ေတြကိုသန႔္ရွင္းဖို႔အတြက္ ေန႔ဘက္ေတြမွာအစာစားၿပီးတာနဲ႔ခ်က္ခ်င္းသြားတိုက္ဖို႔လိုပါတယ္။ ေန႔စဥ္ပုံမွန္တိုက္ေပးရပါတယ္။ အစာစားၿပီးရင္ပလုပ္က်င္းေပးရပါတယ္။ သြားၾကားေတြကိုသန႔္ရွင္းဖို႔အတြက္သြားၾကားပြတ္ႀကိဳးကိုအသုံးျပဳသင့္ပါတယ္။ ပိုးသတ္ေဆးပါတဲ့ပါးစပ္သန႔္ရွင္းေဆးရည္ေတြကိုအသုံးျပဳသင့္တယ္။ ႏူးညံ့တဲ့သြားတိုက္တံအမွ်င္ေတြနဲ႔လွ်ာရဲ႕ေနာက္ပိုင္းပြတ္သင့္တယ္။

သြားတိုက္တံတစ္ေခ်ာင္းထဲကိုအၾကာႀကီးမသုံးသင့္ဘူး။ (၆)လတစ္ခါအနည္းဆုံးလဲ လွယ္ေပးသင့္ပါတယ္။ ညအိပ္ရာမဝင္ခင္၊ သြားမွန္မွန္တိုက္ေပးသင့္တယ္။ တစ္ေန႔ကို(၃)နပ္အခ်ိန္မွန္မွန္စားသင့္ပါတယ္။ ၾကက္သြန္၊ င႐ုတ္သီး ေတြလိုအရသာလြန္ကဲတဲ့အစားေသာက္ေတြစားၿပီးတဲ့ပူစီနန္လို႔အ႐ြက္ေတြဝါးသင့္ပါတယ္။ ေန႔ဘက္ေတြမွာနာရီအေတာ္ၾကာအစာျဖတ္တာမ်ိဳးေရွာင္သင့္တယ္။ အစာျဖတ္ထားတဲ့အခါေတြမွာ တံေထြးဂလင္းေတြကိုလႈံ႕ေဆာ္မႈနည္းတဲ့အတြက္ တံေထြးထုက္လုပ္မႈနည္းေနပါတယ္။ ဒါေၾကာင့္ခံတြင္းထဲကဘက္တီးရီးယားေတြကို မကာကြယ္ႏိုင္တဲ့အတြက္ေၾကာင့္ အနံ႔ဆိုးထြက္တာျဖစ္တယ္။ ေဆးလိပ္ျဖတ္သင့္ပါတယ္။ ေကာ္ဖီ၊ လက္ဖက္ရည္ အလြန္ကြၽံေသာက္သုံးတာ ေရွာင္ၾကည့္သင့္ပါတယ္။တစ္ေန႔ကိုသုံးခြက္ထက္ပိုမေသာက္သင့္ဘူး။ ကိုယ့္မွာအျခားသြားနဲ႔ခံတြင္းေရာဂါနားလည္တတ္ကြၽမ္းတဲ့ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ ခံတြင္းအနံ႔ဆိုးမထြက္ေအာင္၊ခံတြင္းေျခာက္တာက ေရေသာက္နည္းလို႔ျဖစ္ၿပီး ခံတြင္းေျခာက္တာအနံ႔ဆိုးထြက္တယ္။ ဒါေၾကာင့္ေန႔စဥ္ေရလုံေလာက္ေအာင္ေသာက္သုံးေပးသင့္ပါတယ္။ ခံတြင္းသန႔္ရွင္းေရးအား နည္းတာျဖစ္ႏိုင္ပါတယ္။ ခံတြင္းသန႔္ရွင္းေရးကမျဖစ္မေနလုပ္ေဆာင္သင့္တဲ့အခ်က္တစ္ခုျဖစ္တယ္။ တစ္ေန႔ကိုမနက္တစ္ႀကိမ္၊ ညအိပ္ခါနီးတစ္ႀကိမ္ သြားတိုက္ေပးဖို႔မေမ့သင့္ပါဘူး။ခံတြင္းသန႔္ရွင္းမႈအားနည္းတဲ့အခါ သြားနဲ႔သြားဖုံးမွာပိုးဝင္ကူးစက္ၿပီး ေရာဂါေတြျဖစ္ႏိုင္ပါတယ္။ ေရာဂါျဖစ္လာတဲ့အခါခံတြင္းနံ႔ဆိုးပါတယ္။

အနံ႔ျပင္းတဲ့အစာေတြစားတဲ့အခါ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဒညင္းသီး၊ ဆူးပုတ္႐ြက္တို႔ကိုအနံ႔ျပင္းတဲ့အစာေတြက ခံတြင္းနံ႔ဆိုးေစႏိုင္ပါတယ္။ ဖ်ားနာေနတာေၾကာင့္ ခံတြင္းနံ႔ဆိုးႏိုင္တယ္။ ႐ိုး႐ိုးဖ်ားတာျပင္ ဆီးခ်ိဳလိုမ်ိဳးေဝဒနာေၾကာင့္လည္း ခံတြင္းနံ႔ဆိုးတာျဖစ္ႏိုင္ပါတယ္။ ခံစားေနရတဲ့ေဝဒနာေၾကာင့္ ေသာက္သုံးေနရတဲ့ေဆးဝါးေတြေၾကာင့္လည္း ခံတြင္းအနံ႔ဆိုးႏိုင္ပါတယ္။ ခံတြင္းအနံ႔မဆိုးေအာင္အစားအေသာက္ျပဳျပင္ရမယ့္အျပင္ ေန႔စဥ္အနည္း ဆုံးသြား(၂)ႀကိမ္တိုက္သင့္ပါတယ္။ လိုအပ္ပါကႏွစ္စဥ္ သြား၊ ခံတြင္းဆရာဝန္နဲ႔ျပသသင့္ပါတယ္။

Related news

© 2021. All rights reserved.