မန္တလေးတွင် မီနီအိုးဝေလုယက်မှုဖြစ်စဉ် တိုးပွားလာသည့်အတွက် ယာဉ်မောင်းအချို့ ခရီးသည် အခြေအနေကိုအကဲခတ်ပြီးမှ လက်ခံနေကြရ

 6483

သန့်ဇင် (NP News) - ဇူလိုင် ၅

မန္တလေးတွင် မီနီအိုးဝေလုယက်မှုဖြစ်စဉ်များ တိုးပွားလာသည့်အတွက် ယာဉ် မောင်းအချို့က ခရီးသည်အခြေအနေကိုအကဲခတ်ပြီးမှ လက်ခံခြင်းများ ပိုမိုများပြားလာခဲ့ကြောင်း မန္တလေးမြို့ရှိ မီနီအိုးဝေယာဉ် မောင်းများထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

၂၀၂၂ ခုနှစ်မှစတင်ကာ မန္တလေးမြို့တွင် ယာဉ်မောင်းကိုသတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်းပြုလုပ်ကာ မီနီအိုးဝေလုယက်မှုဖြစ်စဉ်များ၊ အခိုးခံရမှုဖြစ်စဉ်များ ဖြစ်ပွားနေပြီး ချမ်းအေးသာစံမြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ရှိ မီနီအိုးဝေယာဉ် မောင်းတစ်ဦးက ပြောသည်။ “အိုးဝေ အခိုးခံရတာတို့၊ အလုခံရတာတို့က အခုနောက်ပိုင်း ပိုပြီးများလာတယ်ဗျ။ စုစုပေါင်း ဆိုရင် အစီး(၂၀)ကျော်လောက်ရှိပြီ။ အခိုးခံရတာဆိုရင်တော့။ ပြန်ရတာက မရှိသလောက်ရှားပါတယ်။ အခု နောက်ပိုင်းမှာ အိုးဝေတွေကို ပိုပြီးပစ်မှတ်ထား ကျူးလွန်လာကြတယ်။ ဆိုင်ကယ်နဲ့ ပတ်သက်ရင်တော့ မန္တလေးမှာကတော့ ဆိုင်ကယ်က နေ့စဉ်ပျောက်နေတာပါ” ဟု ၎င်းကပြောသည်။

ယခုနောက်ပိုင်းတွင် မီနီအိုးဝေဈေးများ ပိုမိုမြင့်တက်လာပြီး တစ်စီးလျှင် ငွေကျပ်သိန်း(၁၇၀)နှင့် ကျပ်သိန်း(၂၀ဝ)ကြား ပေါက်ဈေးရှိနေကြောင်း သိရသည်။ ထို့ပြင် မန္တလေး တိုင်းဒေသကြီးအတွင်း၌ မီနီအိုးဝေအစီးရေ (၄၀ဝဝဝ) ဝန်းကျင်ရှိပြီး ခရီးသည် ပို့ဆောင်ရေးလုပ်ကိုင်နေသည့် မီနီအိုးဝေများကို ပစ်မှတ်ထားကာ လုယက်မှုများကျူးလွန်လာသည့် အတွက် ယာဉ်မောင်းများမှာ ယခင်ကထက် ပိုမိုစိုးရိမ်နေရကြောင်း သိရသည်။ ထို့ပြင် မီနီအိုးဝေယာဉ်မောင်းများသည်လည်း ခရီးသည်ပို့ဆောင်ရာတွင် ယခင်ကထက် ပိုမို ဂရုစိုက်လာကြရပြီး နယ်ဝေးပို့ဆောင်ရမည်ကို ယာဉ်မောင်းများက ရှောင်ရှားလာကြကြောင်းသိရသည်။

“ လူကဲခတ်ပြီးတော့ပဲ(အငှား)လိုက်နေရတာပေါ့။ အခုနောက်ပိုင်းတော့ ကျွန်တော်တို့အဖွဲ့က နယ်ဝေးမလိုက်တော့ဘူးဗျ။ အဝေးဆုံးဆို ကျောက်ဆည်လောက်ပဲလိုက်တော့မယ်။ သူလည်းကိုယ့်မယုံ ကိုယ်လည်းသူ့မယုံဖြစ်နေတာပါ။ အိုးဝေသာဆွဲနေရတာ စိုးရိမ်စိတ်နဲ့ လူကြည့်ပြီးလိုက်နေရတယ်။ ဘာလို့ဆို အခုနောက်ပိုင်းက အိုးဝေတွေအလုခံရတာတို့ အခိုးခံရတာတို့က ပိုပြီးဖြစ်လာတယ်။ အရင်ကတောင် အဲဒီလောက်မဖြစ်ဘူး။ တစ်လကို အနည်းဆုံး တစ်ကြိမ်နှစ်ကြိမ်တော့ ဖြစ်နေတာပါ။ အိုးဝေမောင်းတဲ့လူကလည်း များလာတော့ လုပ်လို့ရမှန်းသိလို့လုပ်နေကြတာဖြစ်မှာပါ” ဟု မန္တလေးမြို့မှ အခြားမီနီအိုးဝေယာဉ်မောင်းတစ်ဦးက ထပ်မံပြောဆိုထားသည်။

ထိုသို့ မီနီအိုးဝေလုယက်ခံရမှုနှင့် ခိုးယူခံရမှုများသည် လတ်တလောဖြစ်ပေါ်နေသည့် စားဝတ် နေရေး အခက်အခဲများနှင့် လောင်းကစားဝိုင်းများအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အဓိကသက် ဆိုင်ကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။

“အခုကာလကတော့ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလိုပေါ့။ လူကောင်း တွေတောင်လူဆိုးတွေဖြစ်လာတဲ့ခေတ် ဖြစ်နေပါတယ်။ တချို့ကတော့ စားဝတ်နေရေးမပြေလည် လို့ လုပ်ကြတဲ့လူတွေလည်းရှိတာပေါ့။ အဲဒီအပြင်ကိုမှ လောင်းကစားတွေနဲ့ ဆေးချတဲ့ကောင်တွေကလည်း ဒီလိုမျိုးတွေလုပ်လာကြတာပါ” ဟု ၎င်းကဆက်လက် ပြောသည်။ မီနီအိုးဝေလုယက်မှုဖြစ်ပွားရာတွင် အနီးစပ်ဆုံး ဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မြို့ပတ်လမ်း အရှေ့ဘက်ခြမ်း ကန်ကောက်ရပ်ကွက်တွင် မီနီအိုးဝေ ယာဉ်မောင်းအမျိုးသားကို ခရီးသည်အမျိုးသားနှစ်ဦးက ဓားဖြင့်ထောက်ကာ အိုးဝေယာဉ်ကိုလုယက်ယူ ဆောင်ခံခဲ့ရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။မန္တလေးမြို့က မီနီအိုးဝေလုယက်ခံရမှုအထင်ရှားဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက် က ပုသိမ်ကြီးမြို့နယ်တွင် မီနီအိုးဝေမောင်းသူ လူမမည် အရွယ်ကလေးငယ်၏ဖခင်အမျိုးသားကို လည်ပင်းကို ဓားဖြင့်ရက်ရက်စက်စက်လှီးကာ မီနီအိုးဝေ လုယက်ယူဆောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

zawgyi version
မႏၲေလးတြင္ မီနီအိုးေဝလုယက္မႈျဖစ္စဥ္ တိုးပြားလာသည့္အတြက္ ယာဥ္ေမာင္းအခ်ိဳ႕ ခရီးသည္ အေျခအေနကိုအကဲခတ္ၿပီးမွ လက္ခံေနၾကရ
သန႔္ဇင္ (NP News) - ဇူလိုင္ ၅

မႏၲေလးတြင္ မီနီအိုးေဝလုယက္မႈျဖစ္စဥ္မ်ား တိုးပြားလာသည့္အတြက္ ယာဥ္ ေမာင္းအခ်ိဳ႕က ခရီးသည္အေျခအေနကိုအကဲခတ္ၿပီးမွ လက္ခံျခင္းမ်ား ပိုမိုမ်ားျပားလာခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ရွိ မီနီအိုးေဝယာဥ္ ေမာင္းမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

၂၀၂၂ ခုႏွစ္မွစတင္ကာ မႏၲေလးၿမိဳ႕တြင္ ယာဥ္ေမာင္းကိုသတ္ျဖတ္ျခင္း၊ အၾကမ္းဖက္ျခင္းျပဳလုပ္ကာ မီနီအိုးေဝလုယက္မႈျဖစ္စဥ္မ်ား၊ အခိုးခံရမႈျဖစ္စဥ္မ်ား ျဖစ္ပြားေနၿပီး ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ အမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ရွိ မီနီအိုးေဝယာဥ္ ေမာင္းတစ္ဦးက ေျပာသည္။ “အိုးေဝ အခိုးခံရတာတို႔၊ အလုခံရတာတို႔က အခုေနာက္ပိုင္း ပိုၿပီးမ်ားလာတယ္ဗ်။ စုစုေပါင္း ဆိုရင္ အစီး(၂၀)ေက်ာ္ေလာက္ရွိၿပီ။ အခိုးခံရတာဆိုရင္ေတာ့။ ျပန္ရတာက မရွိသေလာက္ရွားပါတယ္။ အခု ေနာက္ပိုင္းမွာ အိုးေဝေတြကို ပိုၿပီးပစ္မွတ္ထား က်ဴးလြန္လာၾကတယ္။ ဆိုင္ကယ္နဲ႔ ပတ္သက္ရင္ေတာ့ မႏၲေလးမွာကေတာ့ ဆိုင္ကယ္က ေန႔စဥ္ေပ်ာက္ေနတာပါ” ဟု ၎ကေျပာသည္။

ယခုေနာက္ပိုင္းတြင္ မီနီအိုးေဝေဈးမ်ား ပိုမိုျမင့္တက္လာၿပီး တစ္စီးလွ်င္ ေငြက်ပ္သိန္း(၁၇၀)ႏွင့္ က်ပ္သိန္း(၂၀ဝ)ၾကား ေပါက္ေဈးရွိေနေၾကာင္း သိရသည္။ ထို႔ျပင္ မႏၲေလး တိုင္းေဒသႀကီးအတြင္း၌ မီနီအိုးေဝအစီးေရ (၄၀ဝဝဝ) ဝန္းက်င္ရွိၿပီး ခရီးသည္ ပို႔ေဆာင္ေရးလုပ္ကိုင္ေနသည့္ မီနီအိုးေဝမ်ားကို ပစ္မွတ္ထားကာ လုယက္မႈမ်ားက်ဴးလြန္လာသည့္ အတြက္ ယာဥ္ေမာင္းမ်ားမွာ ယခင္ကထက္ ပိုမိုစိုးရိမ္ေနရေၾကာင္း သိရသည္။ ထို႔ျပင္ မီနီအိုးေဝယာဥ္ေမာင္းမ်ားသည္လည္း ခရီးသည္ပို႔ေဆာင္ရာတြင္ ယခင္ကထက္ ပိုမို ဂ႐ုစိုက္လာၾကရၿပီး နယ္ေဝးပို႔ေဆာင္ရမည္ကို ယာဥ္ေမာင္းမ်ားက ေရွာင္ရွားလာၾကေၾကာင္းသိရသည္။

“ လူကဲခတ္ၿပီးေတာ့ပဲ(အငွား)လိုက္ေနရတာေပါ့။ အခုေနာက္ပိုင္းေတာ့ ကြၽန္ေတာ္တို႔အဖြဲ႕က နယ္ေဝးမလိုက္ေတာ့ဘူးဗ်။ အေဝးဆုံးဆို ေက်ာက္ဆည္ေလာက္ပဲလိုက္ေတာ့မယ္။ သူလည္းကိုယ့္မယုံ ကိုယ္လည္းသူ႔မယုံျဖစ္ေနတာပါ။ အိုးေဝသာဆြဲေနရတာ စိုးရိမ္စိတ္နဲ႔ လူၾကည့္ၿပီးလိုက္ေနရတယ္။ ဘာလို႔ဆို အခုေနာက္ပိုင္းက အိုးေဝေတြအလုခံရတာတို႔ အခိုးခံရတာတို႔က ပိုၿပီးျဖစ္လာတယ္။ အရင္ကေတာင္ အဲဒီေလာက္မျဖစ္ဘူး။ တစ္လကို အနည္းဆုံး တစ္ႀကိမ္ႏွစ္ႀကိမ္ေတာ့ ျဖစ္ေနတာပါ။ အိုးေဝေမာင္းတဲ့လူကလည္း မ်ားလာေတာ့ လုပ္လို႔ရမွန္းသိလို႔လုပ္ေနၾကတာျဖစ္မွာပါ” ဟု မႏၲေလးၿမိဳ႕မွ အျခားမီနီအိုးေဝယာဥ္ေမာင္းတစ္ဦးက ထပ္မံေျပာဆိုထားသည္။

ထိုသို႔ မီနီအိုးေဝလုယက္ခံရမႈႏွင့္ ခိုးယူခံရမႈမ်ားသည္ လတ္တေလာျဖစ္ေပၚေနသည့္ စားဝတ္ ေနေရး အခက္အခဲမ်ားႏွင့္ ေလာင္းကစားဝိုင္းမ်ားအပါအဝင္ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားႏွင့္ အဓိကသက္ ဆိုင္ေၾကာင္း ၎ကသုံးသပ္ေျပာၾကားသည္။

“အခုကာလကေတာ့ ေတာမီးေလာင္ ေတာေၾကာင္လက္ခေမာင္းခတ္ဆိုသလိုေပါ့။ လူေကာင္း ေတြေတာင္လူဆိုးေတြျဖစ္လာတဲ့ေခတ္ ျဖစ္ေနပါတယ္။ တခ်ိဳ႕ကေတာ့ စားဝတ္ေနေရးမေျပလည္ လို႔ လုပ္ၾကတဲ့လူေတြလည္းရွိတာေပါ့။ အဲဒီအျပင္ကိုမွ ေလာင္းကစားေတြနဲ႔ ေဆးခ်တဲ့ေကာင္ေတြကလည္း ဒီလိုမ်ိဳးေတြလုပ္လာၾကတာပါ” ဟု ၎ကဆက္လက္ ေျပာသည္။ မီနီအိုးေဝလုယက္မႈျဖစ္ပြားရာတြင္ အနီးစပ္ဆုံး ျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ဇြန္လ ၂၅ ရက္က မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၿမိဳ႕ပတ္လမ္း အေရွ႕ဘက္ျခမ္း ကန္ေကာက္ရပ္ကြက္တြင္ မီနီအိုးေဝ ယာဥ္ေမာင္းအမ်ိဳးသားကို ခရီးသည္အမ်ိဳးသားႏွစ္ဦးက ဓားျဖင့္ေထာက္ကာ အိုးေဝယာဥ္ကိုလုယက္ယူ ေဆာင္ခံခဲ့ရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။မႏၲေလးၿမိဳ႕က မီနီအိုးေဝလုယက္ခံရမႈအထင္ရွားဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ဧၿပီလ ၁၀ ရက္ က ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ မီနီအိုးေဝေမာင္းသူ လူမမည္ အ႐ြယ္ကေလးငယ္၏ဖခင္အမ်ိဳးသားကို လည္ပင္းကို ဓားျဖင့္ရက္ရက္စက္စက္လွီးကာ မီနီအိုးေဝ လုယက္ယူေဆာင္မႈျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.