အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေကို ယူကရိန်းသမ္မတ ဝေဖန်ပြစ်တင်

 1206

ဂျန်ဇက် (NP News) - ဇူလိုင် ၆

ယူကရိန်းနိုင်ငံအနေနဲ့ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရုရှားကို တန်ပြန်ထိုးစစ်ဆင်မှုတွေ အသစ်ထပ်မံလုပ်ဆောင်ဖို့ဆန္ဒရှိနေပေမယ့် ကူညီထောက်ပံ့ပေးမှုတွေက လျော့နည်းနေဆဲဖြစ်တယ်လို့ ယူကရိန်းသမ္မတက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းသမ္မတဟာ ၎င်းတို့ကို စစ်ရေးအကူအညီပေးမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေကို ဝေဖန်ပြစ်တင်လိုက်တာလည်း ဖြစ်ပါတယ်။ ယူကရိန်းသမ္မတက ရှေ့တန်းစစ်မြေပြင်အခြေအနေတွေဟာ အခက်အခဲပြဿနာတွေ အစားနောက်မဆုတ်ဘဲတိုက်ခိုက်ရမယ့်အခြေအနေမျိုးဖြစ်ကြောင်း၊ ဒါပေမဲ့လည်း အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ လုံလောက်မှုမရှိသေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းသမ္မတက "တန်ပြန်ထိုးစစ်အသစ်တွေထပ်မံလုပ်ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့စစ်ရေးအကူအညီလိုအပ်ချက်တွေရှိနေဆဲဖြစ်တယ်။ ကူညီပေးမယ့်စစ်လက်နက်ပစ္စည်းက လက်ရှိအချိန်အထိ ရောက်လာတာမျိုးမရှိသေးပါဘူး၊ စစ်လက်နက်ပစ္စည်းအပြည့်အစုံမရှိတဲ့တပ်ရင်းတွေရှိနေတယ်။ အရန်တပ်ဖွဲ့တွေမှာလည်း စစ်လက်နက်ပစ္စည်းတွေမရှိဘူး၊သင့်လျော်တဲ့ လက်နက်အပြည့်အစုံမတပ်ဆင်ပေးနိုင်တာမျိုးရှိတဲ့ တပ်ရင်းတပ်ဖွဲ့ပေါင်း ၁၄ ခုလောက်ရှိတယ်" လို့ပြောပါတယ်။

ယူကရိန်းသမ္မတဟာ စစ်လက်နက်ပစ္စည်းအပြည့်အစုံမတပ်ဆင်နိုင်သေးတဲ့ အရေအတွက် ကို အတိအကျမပြောခဲ့ပေမယ့် အရန်တပ်ဖွဲ့ဝင် (၄)သောင်းကျော်ဟာ စစ်လက်နက်ပစ္စည်းတွေ အပြည့်အစုံမတပ်ဆင်နိုင်သေးဘူးလို့ သိရပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာစစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးမယ်လို့ ကတိပြုထားပေမယ့် စစ်လက် နက်ပစ္စည်းတွေ လက်တွေ့ပေးပို့ရာမှာနှေးကွေးနေဆဲဖြစ်တယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။

zawgyi version




Related news

© 2021. All rights reserved.