သမ္မတဂျိုးဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရမ့် တိုက်တွန်းတောင်းဆို

 592

ဂျန်ဇက် (NP News) - ဇူလိုင် ၆

အမေရိကန်နိုင်ငံ၏အတိုက်ခံပါတီဖြစ်သော ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ပြိုင်ဘက်ဖြစ်သလို လက်ရှိအမေရိကန်နိုင်ငံ၏သမ္မတ ဂျိုးဘိုင်ဒန်ကိုလာမည့် နိုဝင်ဘာလအတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ခြင်းအပေါ် စွန့်လွှတ်ရုတ်သိမ်းသွားမည်ကို စိုးရိမ်ကြောင်း၊ ဂျိုးဘိုင်ဒန်ကို အမေရိကန်သမ္မတရွေးကောက်ပွဲမှနုတ်ထွက်သွားမည်ကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် သမ္မတဂျိုးဘိုင်ဒန်တို့သည် ပြီးခဲ့သောသီတင်းပတ်အတွင်း စကားစစ်ထိုးပွဲပြုလုပ်ခဲ့ပြီးနောက် ပြည်သူများအပြင် ဒီမိုကရက်တစ်ပါတီဝင်များက ဂျိုးဘိုင်ဒန်ကို သမ္မတရာထူးမှ အနားယူရန်အပြင် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်းမှနုတ်ထွက်ရန် ဖိအားပေးတောင်းဆိုခြင်းများရှိလာခဲ့ကြောင်းသိရသည်။ အဆိုပါစကားစစ်ထိုးပွဲအတွင်း ဂျိုးဘိုင်ဒန်၏ ကျန်းမာရေး နှင့် ကြံ့ခိုင်မှုအခြေအနေသည် အားရကျေနပ်စရာမကောင်းသည့်ပုံစံမျိုးရှိနေခဲ့ရာ အာဏာရ ဒီမိုကရက်တစ်ပါတီတာဝန်ရှိသူများကို စိုးရိမ်မှုမြင့်တက်စေခဲ့ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်သည် လက်ရှိအချိန်တွင်အသက် ၈၁ နှစ်အရွယ်ရှိနေပြီး လက်ရှိကျန်းမာရေးအခြေအနေများက အမေရိကန်သမ္မတအဖြစ် နောက်ထပ် လေးနှစ်တာဝန်ယူနိုင်မည်လားဆိုသောမေးခွန်းထုတ်မှုမှုများပိုမိုမြင့်တက်လာနေကြောင်းသိရသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်က "ဂျိုးဘိုင်ဒန်ဟာ မတူညီတဲ့ ပြိုင်ဘက်တွေကိုရင်ဆိုင်နိုင်ဖို့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ကာ ပြင်ဆင်မှုတွေလုပ်ဆောင်မယ်လို့မျှော်လင့်ထားတယ်"ဟုပြောသည်။

သို့သော်လည်း ဒီမိုကရက်တစ်ပါတီအတွင်းတွင် ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ဆက် လက်ရွေးချယ်ခွင့်ပြုရန် သင့်မသင့်အငြင်းပွားနေသလို ဒီမိုကရက်တစ်ပါတီကို ငွေကြေးကူညီထောက်ပံ့ပေးနေသည့် အစုအဖွဲ့များကလည်း ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ဆက်လက်မရွေးချယ်ရန်တိုက်တွန်းတောင်းဆိုနေကြောင်းသိရသည်။ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန်သမ္မတ ရာထူးမှနုတ်ထွက်မည် မဟုတ်သလို သမ္မတလောင်းနေရာမှ ဖယ်ရှားခံမည်မဟုတ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင်သတင်းထုတ်ပြန်ထားသည်။ အမေရိကန်အစိုးရအဖွဲ့အတွင်း၌ ဂျိုးဘိုင်ဒန်ကို အမေရိကန်သမ္မတလောင်းအဖြစ် ဆက်လက်ပါဝင်ယှဉ်ပြိုင်ရန် အားပေးထောက်ခံပေးမည်ဟု ပြောဆိုထားသည်။

zawgyi version
သမၼတဂ်ိဳးဘိုင္ဒန္ကို သမၼတေ႐ြးေကာက္ပြဲတြင္ ဆက္လက္ပါဝင္ယွဥ္ၿပိဳင္ေစလိုေၾကာင္း ၿပိဳင္ဘက္ျဖစ္သူ ေဒၚနယ္ထရမ့္ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၆

အေမရိကန္ႏိုင္ငံ၏အတိုက္ခံပါတီျဖစ္ေသာ ရီပတ္ဘလီကန္ပါတီ၏ သမၼတေလာင္း ေဒၚနယ္ထရမ့္က ၎၏ၿပိဳင္ဘက္ျဖစ္သလို လက္ရွိအေမရိကန္ႏိုင္ငံ၏သမၼတ ဂ်ိဳးဘိုင္ဒန္ကိုလာမည့္ ႏိုဝင္ဘာလအတြင္းက်င္းပမည့္ သမၼတေ႐ြးေကာက္ပြဲပါဝင္ယွဥ္ျခင္းအေပၚ စြန႔္လႊတ္႐ုတ္သိမ္းသြားမည္ကို စိုးရိမ္ေၾကာင္း၊ ဂ်ိဳးဘိုင္ဒန္ကို အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွႏုတ္ထြက္သြားမည္ကို စိုးရိမ္မိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ႏွင့္ သမၼတဂ်ိဳးဘိုင္ဒန္တို႔သည္ ၿပီးခဲ့ေသာသီတင္းပတ္အတြင္း စကားစစ္ထိုးပြဲျပဳလုပ္ခဲ့ၿပီးေနာက္ ျပည္သူမ်ားအျပင္ ဒီမိုကရက္တစ္ပါတီဝင္မ်ားက ဂ်ိဳးဘိုင္ဒန္ကို သမၼတရာထူးမွ အနားယူရန္အျပင္ သမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ျခင္းမွႏုတ္ထြက္ရန္ ဖိအားေပးေတာင္းဆိုျခင္းမ်ားရွိလာခဲ့ေၾကာင္းသိရသည္။ အဆိုပါစကားစစ္ထိုးပြဲအတြင္း ဂ်ိဳးဘိုင္ဒန္၏ က်န္းမာေရး ႏွင့္ ႀကံ့ခိုင္မႈအေျခအေနသည္ အားရေက်နပ္စရာမေကာင္းသည့္ပုံစံမ်ိဳးရွိေနခဲ့ရာ အာဏာရ ဒီမိုကရက္တစ္ပါတီတာဝန္ရွိသူမ်ားကို စိုးရိမ္မႈျမင့္တက္ေစခဲ့ေၾကာင္း သိရသည္။

ဂ်ိဳးဘိုင္ဒန္သည္ လက္ရွိအခ်ိန္တြင္အသက္ ၈၁ ႏွစ္အ႐ြယ္ရွိေနၿပီး လက္ရွိက်န္းမာေရးအေျခအေနမ်ားက အေမရိကန္သမၼတအျဖစ္ ေနာက္ထပ္ ေလးႏွစ္တာဝန္ယူႏိုင္မည္လားဆိုေသာေမးခြန္းထုတ္မႈမႈမ်ားပိုမိုျမင့္တက္လာေနေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေဒၚနယ္ထရမ့္က "ဂ်ိဳးဘိုင္ဒန္ဟာ မတူညီတဲ့ ၿပိဳင္ဘက္ေတြကိုရင္ဆိုင္ႏိုင္ဖို႔ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ဆက္လက္ပါဝင္ကာ ျပင္ဆင္မႈေတြလုပ္ေဆာင္မယ္လို႔ေမွ်ာ္လင့္ထားတယ္"ဟုေျပာသည္။

သို႔ေသာ္လည္း ဒီမိုကရက္တစ္ပါတီအတြင္းတြင္ ဂ်ိဳးဘိုင္ဒန္ကို သမၼတေလာင္းအျဖစ္ ဆက္ လက္ေ႐ြးခ်ယ္ခြင့္ျပဳရန္ သင့္မသင့္အျငင္းပြားေနသလို ဒီမိုကရက္တစ္ပါတီကို ေငြေၾကးကူညီေထာက္ပံ့ေပးေနသည့္ အစုအဖြဲ႕မ်ားကလည္း ဂ်ိဳးဘိုင္ဒန္ကို သမၼတေလာင္းအျဖစ္ ဆက္လက္မေ႐ြးခ်ယ္ရန္တိုက္တြန္းေတာင္းဆိုေနေၾကာင္းသိရသည္။ ဂ်ိဳးဘိုင္ဒန္ကေတာ့ အေမရိကန္သမၼတ ရာထူးမွႏုတ္ထြက္မည္ မဟုတ္သလို သမၼတေလာင္းေနရာမွ ဖယ္ရွားခံမည္မဟုတ္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္သတင္းထုတ္ျပန္ထားသည္။ အေမရိကန္အစိုးရအဖြဲ႕အတြင္း၌ ဂ်ိဳးဘိုင္ဒန္ကို အေမရိကန္သမၼတေလာင္းအျဖစ္ ဆက္လက္ပါဝင္ယွဥ္ၿပိဳင္ရန္ အားေပးေထာက္ခံေပးမည္ဟု ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.