အီရန်သမ္မတရွေးကောက်ပွဲမှာ ကျန်းမာရေးဝန်ကြီးဟောင်း အနိုင်ရ

 485

ဂျန်ဇက် (NP News) - ဇူလိုင် ၆

အီရန်နိုင်ငံမှာတစ်ကျော့ပြန်ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲအတွင်း ပြုပြင်ပြောင်းလဲရေးသမားလို့ သတ်မှတ်ခံထားရသူ မာဆွတ်ပီဇီရှာကန်ဟာ ပြိုင်ဘက်ဂျာလီဆိုသူကို အနိုင်ရခဲ့ကြောင်းသိရပါတယ်။ အီရန်နိုင်ငံရှိ ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်က သမ္မတရွေးကောက်ပွဲဒုတိယအကျော့မှာ ပီဇီရှာကန်ဟာ အဓိကပြိုင်ဘက်ကိုဆန္ဒမဲပေါင်း (၃)သန်းကျော်အသာနဲ့ အနိုင်ရခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ အီရန်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ ပီဇီရှာကန်ဟာ ဆန္ဒမဲစုစုပေါင်း ၁၆ ဒသမ ၄ သန်းကျော်ရရှိခဲ့ပြီး ဂျာလီကတော့ ဆန္ဒမဲပေါင်း ၁၃ ဒသမ ၅ သန်းကျော်သာရရှိခဲ့ကြောင်း သိရပါတယ်။ မဲပေးခွင့်ရှိသူအားလုံးရဲ့ တစ်ဝက်နီးပါးပေးခဲ့ပြီး အီရန်သမ္မတအသစ်ကိုရွေးချယ်နိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အီရန်နိုင်ငံ သမ္မတ အီဘရာဟင်ရိုင်စီဟာ ပြီးခဲ့တဲ့မေလအတွင်း အီရန်နိုင်ငံအရှေ့ဘက်ပိုင်းကို သွားရောက်ချိန်အတွင်းရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့ရကြောင်း သိရပါတယ်။

အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ပထမအကျော့ကို ဇွန်လ ၂၈ ရက်နေ့ကကျင်းပခဲ့ပြီး သမ္မတလောင်း အားလုံးဟာ ဆန္ဒမဲပေးခွင့်ရှိသူအားလုံးရဲ့ မဲတစ်ဝက်ကျော်ထောက်ခံမဲမရတဲ့အတွက် မဲအများဆုံးရရှိသူနှစ်ဦးကို ဒုတိယအကျော့ထပ်မံယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပီဇီရှာကန်ဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က အီရန်ကျန်းမာရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်းသိရပါတယ်။

zawgyi version
အီရန္သမၼတေ႐ြးေကာက္ပြဲမွာ က်န္းမာေရးဝန္ႀကီးေဟာင္း အႏိုင္ရ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၆

အီရန္ႏိုင္ငံမွာတစ္ေက်ာ့ျပန္က်င္းပတဲ့ သမၼတေ႐ြးေကာက္ပြဲအတြင္း ျပဳျပင္ေျပာင္းလဲေရးသမားလို႔ သတ္မွတ္ခံထားရသူ မာဆြတ္ပီဇီရွာကန္ဟာ ၿပိဳင္ဘက္ဂ်ာလီဆိုသူကို အႏိုင္ရခဲ့ေၾကာင္းသိရပါတယ္။ အီရန္ႏိုင္ငံရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးခ်ဳပ္က သမၼတေ႐ြးေကာက္ပြဲဒုတိယအေက်ာ့မွာ ပီဇီရွာကန္ဟာ အဓိကၿပိဳင္ဘက္ကိုဆႏၵမဲေပါင္း (၃)သန္းေက်ာ္အသာနဲ႔ အႏိုင္ရခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

အဆိုပါ အီရန္သမၼတေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့မွာ ပီဇီရွာကန္ဟာ ဆႏၵမဲစုစုေပါင္း ၁၆ ဒသမ ၄ သန္းေက်ာ္ရရွိခဲ့ၿပီး ဂ်ာလီကေတာ့ ဆႏၵမဲေပါင္း ၁၃ ဒသမ ၅ သန္းေက်ာ္သာရရွိခဲ့ေၾကာင္း သိရပါတယ္။ မဲေပးခြင့္ရွိသူအားလုံးရဲ႕ တစ္ဝက္နီးပါးေပးခဲ့ၿပီး အီရန္သမၼတအသစ္ကိုေ႐ြးခ်ယ္ႏိုင္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ အီရန္ႏိုင္ငံ သမၼတ အီဘရာဟင္႐ိုင္စီဟာ ၿပီးခဲ့တဲ့ေမလအတြင္း အီရန္ႏိုင္ငံအေရွ႕ဘက္ပိုင္းကို သြားေရာက္ခ်ိန္အတြင္းရဟတ္ယာဥ္ပ်က္က်ကာ ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။

အီရန္ႏိုင္ငံမွာ သမၼတေ႐ြးေကာက္ပြဲ ပထမအေက်ာ့ကို ဇြန္လ ၂၈ ရက္ေန႔ကက်င္းပခဲ့ၿပီး သမၼတေလာင္း အားလုံးဟာ ဆႏၵမဲေပးခြင့္ရွိသူအားလုံးရဲ႕ မဲတစ္ဝက္ေက်ာ္ေထာက္ခံမဲမရတဲ့အတြက္ မဲအမ်ားဆုံးရရွိသူႏွစ္ဦးကို ဒုတိယအေက်ာ့ထပ္မံယွဥ္ၿပိဳင္ေစခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ပီဇီရွာကန္ဟာ ခြဲစိတ္ဆရာဝန္တစ္ဦးျဖစ္ၿပီး ၂၀၀၀ ျပည့္ႏွစ္က အီရန္က်န္းမာေရးဝန္ႀကီးအျဖစ္တာဝန္ယူခဲ့ဖူးသူျဖစ္ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.