ထိုင်းဖိုက်တာကို ဒုတိယအချီတွင် အလဲထိုးအနိုင်ယူကာ ဘောနပ်ဆုကြေးအပြင် ဒေါ်လာတစ်သိန်းတန်စာချုပ်ရရှိခဲ့သည့် သံမဏိစိုးလင်းဦး

 1128

သန့်ဇင် (NP News) - ဇူလိုင် ၆

မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးသည် ထိုင်းဖိုက်တာကို ဒုတိယအချီတွင် အလဲထိုးအနိုင်ယူကာ အနိုင်ဘောနပ်စ်ဆုကြေးအပြင် ဒေါ်လာတစ်သိန်းတန် စာချုပ်ကိုပါရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးသည် ဇူလိုင်လ ၅ ရက်၊ ညပိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပသည့် One Friday Fight ပြိုင်ပွဲ၌ အိမ်ရှင် ထိုင်းနိုင်ငံသား ပွန်ဆီရီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်တွင် သံမဏိစိုးလင်းဦးအနေဖြင့် ၎င်းထက်(၅)ပေါင်နီးပါး ဝိတ်တန်းပိုများသည့် ပြိုင်ဘက်ထိုင်းဖိုက်တာ ပွန်ဆီရီကို ပထမပိုင်း အမာခံယှဉ်ပြိုင်ကာ ဒုတိယအချီပြန်လည်စတင်ပြီး တစ်မိနစ်အကျော်တွင် ၎င်း၏အားပါလွန်းသည့် ပင့်လက်သီးဖြင့် ပြိုင်ဘက်ကို အလဲထိုးအနိုင်ရယူခဲ့ခြင်းဖြစ်သည်။

ထိုသို့အလဲထိုးအနိုင်ရရှိခဲ့သဖြင့် မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦး(ခ)စိုးကြီးသည် အနိုင်ဘောနပ်စ်ဆုကြေးဘတ် ၃၅၀၀၀ အပြင် One Championship က ဒေါ်လာတစ်သိန်းတန်စာချုပ်ကို ၎င်းနှင့်အတူ ချုပ်ဆိုခဲ့မည်ဟု ကြေညာခဲ့သည်။ မြန်မာ့ဂုဏ်ဆောင် သံမဏိစိုးလင်းဦးအနေဖြင့် One Championship တွင် ၃ ပွဲထိုးသတ်ထားပြီး ၃ ပွဲစလုံးကို အလဲထိုးအနိုင်ရရှိထားသည်။

zawgyi version
ထိုင္းဖိုက္တာကို ဒုတိယအခ်ီတြင္ အလဲထိုးအႏိုင္ယူကာ ေဘာနပ္ဆုေၾကးအျပင္ ေဒၚလာတစ္သိန္းတန္စာခ်ဳပ္ရရွိခဲ့သည့္ သံမဏိစိုးလင္းဦး

သန႔္ဇင္ (NP News) - ဇူလိုင္ ၆

ျမန္မာ့လက္ေဝွ႔ေက်ာ္ သံမဏိစိုးလင္းဦးသည္ ထိုင္းဖိုက္တာကို ဒုတိယအခ်ီတြင္ အလဲထိုးအႏိုင္ယူကာ အႏိုင္ေဘာနပ္စ္ဆုေၾကးအျပင္ ေဒၚလာတစ္သိန္းတန္ စာခ်ဳပ္ကိုပါရရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာ့လက္ေဝွ႔ေက်ာ္ စိုးလင္းဦးသည္ ဇူလိုင္လ ၅ ရက္၊ ညပိုင္းက ထိုင္းႏိုင္ငံတြင္ က်င္းပသည့္ One Friday Fight ၿပိဳင္ပြဲ၌ အိမ္ရွင္ ထိုင္းႏိုင္ငံသား ပြန္ဆီရီႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ျခင္းျဖစ္သည္။ အဆိုပါပြဲစဥ္တြင္ သံမဏိစိုးလင္းဦးအေနျဖင့္ ၎ထက္(၅)ေပါင္နီးပါး ဝိတ္တန္းပိုမ်ားသည့္ ၿပိဳင္ဘက္ထိုင္းဖိုက္တာ ပြန္ဆီရီကို ပထမပိုင္း အမာခံယွဥ္ၿပိဳင္ကာ ဒုတိယအခ်ီျပန္လည္စတင္ၿပီး တစ္မိနစ္အေက်ာ္တြင္ ၎၏အားပါလြန္းသည့္ ပင့္လက္သီးျဖင့္ ၿပိဳင္ဘက္ကို အလဲထိုးအႏိုင္ရယူခဲ့ျခင္းျဖစ္သည္။

ထိုသို႔အလဲထိုးအႏိုင္ရရွိခဲ့သျဖင့္ ျမန္မာ့လက္ေဝွ႔ေက်ာ္ သံမဏိစိုးလင္းဦး(ခ)စိုးႀကီးသည္ အႏိုင္ေဘာနပ္စ္ဆုေၾကးဘတ္ ၃၅၀၀၀ အျပင္ One Championship က ေဒၚလာတစ္သိန္းတန္စာခ်ဳပ္ကို ၎ႏွင့္အတူ ခ်ဳပ္ဆိုခဲ့မည္ဟု ေၾကညာခဲ့သည္။ ျမန္မာ့ဂုဏ္ေဆာင္ သံမဏိစိုးလင္းဦးအေနျဖင့္ One Championship တြင္ ၃ ပြဲထိုးသတ္ထားၿပီး ၃ ပြဲစလုံးကို အလဲထိုးအႏိုင္ရရွိထားသည္။

Related news

© 2021. All rights reserved.