(၃)လ အရစ်ကျငွေချေစနစ် ခရီးသွားအစီအစဉ်သစ် မကြာခင်စတင်မည်

 2854

ယွန်း (NP News) - ဇူလိုင် ၇

ပြည်တွင်းရှိခရီးစဉ်များကို အရစ်ကျစနစ်ဖြင့်သွားရောက်နိုင်မည့်အစီအစဉ်စတင်ရန် ပြုလုပ်နေရာ စိတ်ဝင်းစားသူများပြားနေကြောင်း သိရသည်။

ပြည်တွင်းခရီးစဉ်များ အပါအဝင် ပြည်ပခရီးစဉ် များကို အရစ်ကျစနစ်ဖြင့် သွားရောက်လည်ပတ်နိုင်ရေးကို Let´s Travel Easily ခရီးသွားကုမ္ပဏီမှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိတွင် ပြည် တွင်းရှိ စီးပွားရေးအခြေအနေ အဆင်မပြေမှုများနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့် အထက်ပါကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ပြီး (၃)လ အရစ်ကျစနစ်ဖြင့် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

"အခုကာလမှာ တချို့ကကျတော့ ခရီးလည်းသွားချင်ကြတယ်။ ဒါပေမဲ့ လက်ရှိစီးပွားရေးအခြေအနေတွေက အဆင်မပြေကြတာတွေရှိတယ်။ ပြီးရင် ကုန်ဈေးနှုန်းတွေကလည်း တက်နေတော့ ကျွန်တော်တို့ရဲ့ခရီးသွားတဲ့ ကုန်ကျစရိတ်တွေကို တစ်ခါတည်းနဲ့ ကုန်ကျသွားတာမျိုးဖြစ်နေတဲ့အခါကျတော့ ဒီလိုမျိုးလေးလုပ်ဖြစ်တာပါ။ မိုးရာသီမှာ ခရီးလည်းတကယ် သွားချင်တဲ့သူတွေကို (၃)လအရစ်ကျစနစ်ဆိုပြီး စီစဉ်ပေးလိုက်တာပါ"ဟု Let´s Travel Easily ခရီးသွားကုမ္ပဏီမှတာဝန်ရှိသူ ကိုရဲရင့်ထွန်းက NP News ကို ပြောသည်။

အဆိုပါခရီးသွားကုမ္ပဏီအနေဖြင့် လက်ရှိတွင် ကလော- အင်းလေးခရီးစဉ် နှင့် ပုဂံ-ညောင်ဦးခရီးစဉ်များကို စတင်အကောင်အထည်ဖော်နေပြီး ပထမဆုံး ပြည်တွင်းခရီးစဉ်ကို ဇူလိုင်လ (၁၈)ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ ပုဂံ- ညောင်ဦး သုံးညအိပ်လေးရက်ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ်(၂ဝဝဝဝဝ)နှင့် ကလော- အင်းလေးခရီးစဉ် အတွက် တစ်ဦးလျှင် ငွေကျပ် (၂၄၅ဝဝဝ) ကျသင့်မည်ဖြစ်ကာ ပထမလတွင် ခရီးစဉ်ကုန်ကျစရိတ်၏ တစ်ဝက်ကို ပေးသွင်းရမည်ဖြစ်ကြောင်း ကိုရဲရင့်ထွန်းက ပြောသည်။

"(၃)လ အရစ်ကျဖြစ်တဲ့အတွက်ကြောင့် ခရီး စဉ်ရဲ့ကုန်ကျစရိတ် တစ်ဝက်ကို ပထမလမှာပေးရ မယ်။ ပြီးရင် ကျွန်တော်တို့နဲ့အတူ ခရီးသွားလို့ရပြီ။ ကျန်တဲ့ကုန်ကျစရိတ်ကိုကျတော့ ကျန်တဲ့ (၂)လမှ တစ်ဝက်စီခွဲသွင်းရမယ့်သဘောပါ။ တကယ်ခရီးသွား ချင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေပါတယ်။ တချို့ကတော့ ပြည်ပခရီးစဉ်တွေမှာ အရစ်ကျပေး ချေလို့ရတယ်ဆိုပြီး ကြေညာတာတွေ့ဖူးတယ်။ သူတို့ကတော့ တစ်နှစ်အရစ်ကျအထိကို ပေးကြ တာတွေရှိတယ်။ သူတို့ကတော့ ကျွန်တော်ထင်တယ် ရာခိုင်နှုန်းပိုပြီးတော့ ကောက်တာမျိုးတွေ ရှိကောင်းရှိ နိုင်တာပေါ့နော်။ ကျွန်တော်တို့က (၃)လပဲ စောင့်ရတဲ့ အတွက်ကြောင့် အတတ်နိုင်ဆုံးအနည်းဆုံး ထိုက် သင့်တဲ့ ရာခိုင်နှုန်းပဲယူပြီးတော့ စီစဉ်ထားပေးပါတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါအစီအစဉ်ကို စိတ်ဝင်စားသူ များပြားလျက်ရှိပြီး ပြည်ပခရီးစဉ်များကို အရစ်ကျ စီစဉ်နိုင်ရေးကိုလည်း မေးမြန်းမှုများရှိနေကြောင်း သိရသည်။ "ပြည်ပခရီးစဉ်ကတော့ လောလောဆယ် မလုပ်သေးပါဘူး။ မေးတဲ့သူတော့ရှိတယ်။ ပြည်ပခရီး စဉ်ကိုတော့ လာမယ့် ပွင့်လင်းရာသီမှာ စီစဉ်ဖို့တော့ တိုင်ပင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ပ ခရီးစဉ်က ကုန်ကျစရိတ်လည်းပိုများလာမယ်။ လက်ရှိမှာ ဒေါ်လာဈေးတွေကလည်း မငြိမ်တဲ့အခါ ကျတော့ ပြည်ပခရီးစဉ်ကိုတော့ မလုပ်သေးပါဘူး။ ပြည်တွင်းခရီးစဉ်ပဲ လုပ်ပါတယ်"ဟု ကိုရဲရင့်ထွန်းက ဆက်လက်ပြောသည်။

အရစ်ကျစနစ်ဖြင့် ခရီးသွားလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက် (သို့မဟုတ်) မြို့နယ်နေထိုင်ကြောင်း မူရင်းထောက်ခံစာ၊ HR ၏ အလုပ်လုပ်ကြောင်း ထောက်ခံစာမူရင်း နှင့် LTE Tour က သတ်မှတ်ထားသည့် From တွင် ဖြည့်သွင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
(၃)လ အရစ္က်ေငြေခ်စနစ္ ခရီးသြားအစီအစဥ္သစ္ မၾကာခင္စတင္မည္
ယြန္း (NP News) - ဇူလိုင္ ၇

ျပည္တြင္းရွိခရီးစဥ္မ်ားကို အရစ္က်စနစ္ျဖင့္သြားေရာက္ႏိုင္မည့္အစီအစဥ္စတင္ရန္ ျပဳလုပ္ေနရာ စိတ္ဝင္းစားသူမ်ားျပားေနေၾကာင္း သိရသည္။

ျပည္တြင္းခရီးစဥ္မ်ား အပါအဝင္ ျပည္ပခရီးစဥ္ မ်ားကို အရစ္က်စနစ္ျဖင့္ သြားေရာက္လည္ပတ္ႏိုင္ေရးကို Let´s Travel Easily ခရီးသြားကုမၸဏီမွ စီစဥ္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။ လက္ရွိတြင္ ျပည္ တြင္းရွိ စီးပြားေရးအေျခအေန အဆင္မေျပမႈမ်ားႏွင့္ ကုန္ေဈးႏႈန္းျမင့္တက္မႈမ်ားေၾကာင့္ အထက္ပါကဲ့သို႔ စီစဥ္ခဲ့ျခင္းျဖစ္ၿပီး (၃)လ အရစ္က်စနစ္ျဖင့္ ေပးေခ်ရမည္ျဖစ္ေၾကာင္း သိရသည္။

"အခုကာလမွာ တခ်ိဳ႕ကက်ေတာ့ ခရီးလည္းသြားခ်င္ၾကတယ္။ ဒါေပမဲ့ လက္ရွိစီးပြားေရးအေျခအေနေတြက အဆင္မေျပၾကတာေတြရွိတယ္။ ၿပီးရင္ ကုန္ေဈးႏႈန္းေတြကလည္း တက္ေနေတာ့ ကြၽန္ေတာ္တို႔ရဲ႕ခရီးသြားတဲ့ ကုန္က်စရိတ္ေတြကို တစ္ခါတည္းနဲ႔ ကုန္က်သြားတာမ်ိဳးျဖစ္ေနတဲ့အခါက်ေတာ့ ဒီလိုမ်ိဳးေလးလုပ္ျဖစ္တာပါ။ မိုးရာသီမွာ ခရီးလည္းတကယ္ သြားခ်င္တဲ့သူေတြကို (၃)လအရစ္က်စနစ္ဆိုၿပီး စီစဥ္ေပးလိုက္တာပါ"ဟု Let´s Travel Easily ခရီးသြားကုမၸဏီမွတာဝန္ရွိသူ ကိုရဲရင့္ထြန္းက NP News ကို ေျပာသည္။

အဆိုပါခရီးသြားကုမၸဏီအေနျဖင့္ လက္ရွိတြင္ ကေလာ- အင္းေလးခရီးစဥ္ ႏွင့္ ပုဂံ-ေညာင္ဦးခရီးစဥ္မ်ားကို စတင္အေကာင္အထည္ေဖာ္ေနၿပီး ပထမဆုံး ျပည္တြင္းခရီးစဥ္ကို ဇူလိုင္လ (၁၈)ရက္တြင္ စတင္မည္ျဖစ္ေၾကာင္း သိရသည္။ ပုဂံ- ေညာင္ဦး သုံးညအိပ္ေလးရက္ခရီးစဥ္အတြက္ တစ္ဦးလွ်င္ ေငြက်ပ္(၂ဝဝဝဝဝ)ႏွင့္ ကေလာ- အင္းေလးခရီးစဥ္ အတြက္ တစ္ဦးလွ်င္ ေငြက်ပ္ (၂၄၅ဝဝဝ) က်သင့္မည္ျဖစ္ကာ ပထမလတြင္ ခရီးစဥ္ကုန္က်စရိတ္၏ တစ္ဝက္ကို ေပးသြင္းရမည္ျဖစ္ေၾကာင္း ကိုရဲရင့္ထြန္းက ေျပာသည္။

"(၃)လ အရစ္က်ျဖစ္တဲ့အတြက္ေၾကာင့္ ခရီး စဥ္ရဲ႕ကုန္က်စရိတ္ တစ္ဝက္ကို ပထမလမွာေပးရ မယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔နဲ႔အတူ ခရီးသြားလို႔ရၿပီ။ က်န္တဲ့ကုန္က်စရိတ္ကိုက်ေတာ့ က်န္တဲ့ (၂)လမွ တစ္ဝက္စီခြဲသြင္းရမယ့္သေဘာပါ။ တကယ္ခရီးသြား ခ်င္တဲ့သူေတြအတြက္ကေတာ့ အဆင္ေျပပါတယ္။ တခ်ိဳ႕ကေတာ့ ျပည္ပခရီးစဥ္ေတြမွာ အရစ္က်ေပး ေခ်လို႔ရတယ္ဆိုၿပီး ေၾကညာတာေတြ႕ဖူးတယ္။ သူတို႔ကေတာ့ တစ္ႏွစ္အရစ္က်အထိကို ေပးၾက တာေတြရွိတယ္။ သူတို႔ကေတာ့ ကြၽန္ေတာ္ထင္တယ္ ရာခိုင္ႏႈန္းပိုၿပီးေတာ့ ေကာက္တာမ်ိဳးေတြ ရွိေကာင္းရွိ ႏိုင္တာေပါ့ေနာ္။ ကြၽန္ေတာ္တို႔က (၃)လပဲ ေစာင့္ရတဲ့ အတြက္ေၾကာင့္ အတတ္ႏိုင္ဆုံးအနည္းဆုံး ထိုက္ သင့္တဲ့ ရာခိုင္ႏႈန္းပဲယူၿပီးေတာ့ စီစဥ္ထားေပးပါတယ္"ဟု ၎က ေျပာသည္။

လက္ရွိတြင္ အဆိုပါအစီအစဥ္ကို စိတ္ဝင္စားသူ မ်ားျပားလ်က္ရွိၿပီး ျပည္ပခရီးစဥ္မ်ားကို အရစ္က် စီစဥ္ႏိုင္ေရးကိုလည္း ေမးျမန္းမႈမ်ားရွိေနေၾကာင္း သိရသည္။ "ျပည္ပခရီးစဥ္ကေတာ့ ေလာေလာဆယ္ မလုပ္ေသးပါဘူး။ ေမးတဲ့သူေတာ့ရွိတယ္။ ျပည္ပခရီး စဥ္ကိုေတာ့ လာမယ့္ ပြင့္လင္းရာသီမွာ စီစဥ္ဖို႔ေတာ့ တိုင္ပင္ထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပည္ပ ခရီးစဥ္က ကုန္က်စရိတ္လည္းပိုမ်ားလာမယ္။ လက္ရွိမွာ ေဒၚလာေဈးေတြကလည္း မၿငိမ္တဲ့အခါ က်ေတာ့ ျပည္ပခရီးစဥ္ကိုေတာ့ မလုပ္ေသးပါဘူး။ ျပည္တြင္းခရီးစဥ္ပဲ လုပ္ပါတယ္"ဟု ကိုရဲရင့္ထြန္းက ဆက္လက္ေျပာသည္။

အရစ္က်စနစ္ျဖင့္ ခရီးသြားလိုသူမ်ားအေနျဖင့္ မွတ္ပုံတင္မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴ၊ ရပ္ကြက္ (သို႔မဟုတ္) ၿမိဳ႕နယ္ေနထိုင္ေၾကာင္း မူရင္းေထာက္ခံစာ၊ HR ၏ အလုပ္လုပ္ေၾကာင္း ေထာက္ခံစာမူရင္း ႏွင့္ LTE Tour က သတ္မွတ္ထားသည့္ From တြင္ ျဖည့္သြင္းေပးရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.