အဆိုတော်လေးဖြူကို Boycott လုပ်ရန် ပြည်ပြေးများက အုပ်စုဖွဲ့လှုံ့ဆော်နေကြ

 794

အိဖြူသိမ့် (NP News) - ဇူလိုင် ၆

ပြည်ပြေးအနုပညာသမားတွေက တေးသံ ရှင်လေးဖြူကို Boycott လုပ်ကြဖို့ ဝိုင်းဝန်းလှုံ့ဆော်နေကြပြီး အနုပညာလောကမှာ ပရိသတ်အားပေးမှုလျော့နည်းသွားစေဖို့နဲ့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲ အောင်လုပ်ဆောင်ကြဖို့ အုပ်စုဖွဲ့ကာ တိုက်ခိုက်နေပါတယ်။

လေးဖြူဟာ နေပြည်တော်ကVIP စားသောက်ဆိုင်မှာ သီဆိုဖျော်ဖြေခဲ့ချိန်အတွင်း "ထစ်ခ နဲရှိ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာ သူငယ်ချင်း တစ်ယောက်ကလာပြတယ်။ မင်းကိုBC (boycott) လုပ်မယ်လို့ ပြောနေကြတယ်ပေါ့။ ကျွန်တော် BC (boycott) မပြောနဲ့ A-Z တောင် နားမလည်ပါဘူး" လို့ ထည့်သွင်းပြောခဲ့တာပါ။

ပြည်ပြေးအုပ်စုက လူထုအပေါ် blame နေမှုတွေကို အနုပညာရှင်တွေဘက်က တန်ပြန်ပြော ဆိုမှုတွေ မရှိသလောက်ဆိုသလို နည်းပါးခဲ့ပေမယ့် တေးသံရှင်လေးဖြူ ကိုယ်တိုင်က အဲဒီအုပ်စုရဲ့ လုပ်ရပ်ကို ဂရုမစိုက်တဲ့သဘောမျိုး ပြောဆိုနေတဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာချိန်မှာတော့ ၎င်းတို့အနုပညာလောကနဲ့ နိုင်ငံရေးလောကကြား ပွဲဆူသွားစေခဲ့တာပါ။

NUG ထောက်ခံသူတွေနဲ့ ပြည်ပြေး အနုပညာသမားတွေက လေးဖြူကို ဝေဖန်ပြောဆို နေကြတဲ့အပြင် ပြည်တွင်းမှာနေထိုင်သူ အနုပညာ သမားအချို့ကပါ "ပွဲလန့်တုန်း ဖျာခင်း" ဆိုသလို လေးဖြူကို ပြောဆိုနေကြပြီး ခေတ်စကားအရ "ဘောမ"အမည် ကင်ပွန်းတပ်ကာ ပုတ်ခတ်ပြောဆိုနေကြတာကို တွေ့မြင်ရပါတယ်။

" BC ကို နားမလည်ဘူးဆိုရင် နားလည်အောင်ပြသင့်ပါတယ်"လို့ တပ်မတော်ကို လက်နက် ကိုင်ပုန်ကန်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေ ကြတဲ့ ပြည်ပြေးအနုပညာသမား သရုပ်ဆောင်ခါရာ၊ မင်းမော်ကွန်းနဲ့ မောင်မောင်အေးတို့က သူ့တို့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ လှုံ့ဆော်ရေးသားထားကြ ပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့်လည်း လက်နက်ကိုင်ပုန်ကန်သူ ပြည်ပြေးအနုပညာသမား တွေဟာ ဒီမိုကရေစီရရှိဖို့ တော်လှန်နေကြသူများ အဖြစ် အမည်ခံထားကြပေမယ့် လူသားတစ်ဦးရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ရပ်တည်ချက်အပေါ်မှာ လေးစားမှု၊ လက်ခံပေးနိုင်မှုမရှိတာကို မျက်ဝါးထင်ထင် ပိုမိုတွေ့မြင်လာရပါတယ်။

အလားတူ သရုပ်ဆောင်ပိုင်တံခွန် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ပြီးနောက် အနုပညာအလုပ်များ စတင်လုပ်ကိုင်ချိန်မှာလည်း ဝိုင်းဝန်းဝေဖန် တိုက်ခိုက်မှုများလုပ်ခဲ့ကြကာ ခင်လှိုင် တို့မိသားစုကိုလည်း NUG ထောက်ခံအားပေးသူ တွေက ခြိမ်းခြောက်ပြောဆိုမှုတွေပြုလုပ်ခဲ့ဖူးပါတယ်။ ၎င်းတို့ရဲ့လုပ်ရပ်တွေဟာ အာဏာရှင်ဆန့်ကျင်ရေးအမည်ခံထားပေမယ့် ၎င်းတို့ ကိုယ်တိုင်အာဏာရှင်တွေဖြစ်နေကြပြီလားလို့ အနုပညာသမား အချင်းချင်း နဲ့ ပညာတတ်အသိုင်းအဝိုင်းအချို့ကပင် မေးခွန်း ထုတ်မှုများစွာ ရှိလို့နေပြီဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ခံဝန်နဲ့ ပြန်လည်လွတ်မြောက်ထားသူ ဒါရိုက်တာမိုက်တီးက " အရင်က ကိုလေးနဲ့တူတယ်ပြောရင် သဘောကျ တယ်။ ကိုယ်ကြိုက်တဲ့အဆိုတော်ကြီးကို၊ အခုတော့ ဘယ်လိုလုပ်ရမလဲ။ တွဲဘောနဲ့ ကိုယ်ပါရောအဆဲခံထိဦးမယ်" လို့ လေးဖြူကို ပြောဆိုထားတာကိုတွေ့ရပါတယ်။

သရုပ်ဆောင်ဟန်နီထွန်းက လေးဖြူကို BC (boycott) လုပ်ကြဖို့ နဲ့ ရေဘေးအတွက် ၅၅ သိန်းပဲ လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစုအပေါ် " ကျန်တဲ့သူတွေကို အားမနာရင်တောင် သောက်ကြွားထူသမျှ ထိုင်ကြည့် အားပေး/ အားကျနေခဲ့ရတဲ့ Follower တွေကိုတော့ အားနာသင့်ပါတယ်"လို့ ပြောဆိုထားတာပါ။ ဟန်နီထွန်းက ၂၀၂၁ ခုနှစ် မြန် မာနိုင်ငံရေးပြဿနာတွေ မဖြစ်ခင်ကတည်းက ပြည်ပ နိုင်ငံမှာ အခြေချနေထိုင်နေသူတစ်ဦးဖြစ်ပြီး တပ်မ တော်အာဏာထိန်းပြီးနောက် တပ်မတော်အပေါ် ပုန်ကန်ရေးလှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေလုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေကို ခြုံငုံကြည့်တဲ့အခါ ပြည်ပြေးအနုပညာသမားတွေက ပိုမိုစုစည်းညီညွတ် မှုရှိနေတာကိုတွေ့ရပြီး ပြည်တွင်းမှာ ကျန်ရစ်နေထိုင် ခဲ့ကြတဲ့ အနုပညာသမားတစ်ယောက်ချင်းစီတိုင်းကို ပြည်ပကနေ စွပ်စွဲပြောဆို တိုက်ခိုက်မှုတွေ လုပ် ဆောင်နေကြပေမယ့် ပြည်တွင်းနေ အနုပညာရှင် တွေကတော့ စည်းလုံးညီညွတ်မှုမရှိ၊ မိမိနဲ့ မဆိုင်သ ယောင်ဆောင်ကာ ပြည်ပြေးအုပ်စုပြောဆိုစွပ်စွဲသမျှ ကို ခေါင်းငုံ့ခံနေကြတာကိုတော့ တွေ့ရပါတယ်။

zawgyi version
အဆိုေတာ္ေလးျဖဴကို Boycott လုပ္ရန္ ျပည္ေျပးမ်ားက အုပ္စုဖြဲ႕လႈံ႕ေဆာ္ေနၾက
အိျဖဴသိမ့္ (NP News) - ဇူလိုင္ ၆

ျပည္ေျပးအႏုပညာသမားေတြက ေတးသံ ရွင္ေလးျဖဴကို Boycott လုပ္ၾကဖို႔ ဝိုင္းဝန္းလႈံ႕ေဆာ္ေနၾကၿပီး အႏုပညာေလာကမွာ ပရိသတ္အားေပးမႈေလ်ာ့နည္းသြားေစဖို႔နဲ႔ ဆက္လက္ရပ္တည္ဖို႔ ခက္ခဲ ေအာင္လုပ္ေဆာင္ၾကဖို႔ အုပ္စုဖြဲ႕ကာ တိုက္ခိုက္ေနပါတယ္။

ေလးျဖဴဟာ ေနျပည္ေတာ္ကVIP စားေသာက္ဆိုင္မွာ သီဆိုေဖ်ာ္ေျဖခဲ့ခ်ိန္အတြင္း "ထစ္ခ နဲရွိ ဘာလုပ္မယ္၊ ညာလုပ္မယ္ဆိုတာ သူငယ္ခ်င္း တစ္ေယာက္ကလာျပတယ္။ မင္းကိုBC (boycott) လုပ္မယ္လို႔ ေျပာေနၾကတယ္ေပါ့။ ကြၽန္ေတာ္ BC (boycott) မေျပာနဲ႔ A-Z ေတာင္ နားမလည္ပါဘူး" လို႔ ထည့္သြင္းေျပာခဲ့တာပါ။

ျပည္ေျပးအုပ္စုက လူထုအေပၚ blame ေနမႈေတြကို အႏုပညာရွင္ေတြဘက္က တန္ျပန္ေျပာ ဆိုမႈေတြ မရွိသေလာက္ဆိုသလို နည္းပါးခဲ့ေပမယ့္ ေတးသံရွင္ေလးျဖဴ ကိုယ္တိုင္က အဲဒီအုပ္စုရဲ႕ လုပ္ရပ္ကို ဂ႐ုမစိုက္တဲ့သေဘာမ်ိဳး ေျပာဆိုေနတဲ့ ႐ုပ္သံဖိုင္ထြက္ေပၚလာခ်ိန္မွာေတာ့ ၎တို႔အႏုပညာေလာကနဲ႔ ႏိုင္ငံေရးေလာကၾကား ပြဲဆူသြားေစခဲ့တာပါ။

NUG ေထာက္ခံသူေတြနဲ႔ ျပည္ေျပး အႏုပညာသမားေတြက ေလးျဖဴကို ေဝဖန္ေျပာဆို ေနၾကတဲ့အျပင္ ျပည္တြင္းမွာေနထိုင္သူ အႏုပညာ သမားအခ်ိဳ႕ကပါ "ပြဲလန႔္တုန္း ဖ်ာခင္း" ဆိုသလို ေလးျဖဴကို ေျပာဆိုေနၾကၿပီး ေခတ္စကားအရ "ေဘာမ"အမည္ ကင္ပြန္းတပ္ကာ ပုတ္ခတ္ေျပာဆိုေနၾကတာကို ေတြ႕ျမင္ရပါတယ္။

" BC ကို နားမလည္ဘူးဆိုရင္ နားလည္ေအာင္ျပသင့္ပါတယ္"လို႔ တပ္မေတာ္ကို လက္နက္ ကိုင္ပုန္ကန္ေရးလုပ္ငန္းစဥ္မွာ ပါဝင္ေဆာင္႐ြက္ေန ၾကတဲ့ ျပည္ေျပးအႏုပညာသမား သ႐ုပ္ေဆာင္ခါရာ၊ မင္းေမာ္ကြန္းနဲ႔ ေမာင္ေမာင္ေအးတို႔က သူ႔တို႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကေန လႈံ႕ေဆာ္ေရးသားထားၾက ပါတယ္။ ဒီအခ်က္ကိုၾကည့္ျခင္းအားျဖင့္လည္း လက္နက္ကိုင္ပုန္ကန္သူ ျပည္ေျပးအႏုပညာသမား ေတြဟာ ဒီမိုကေရစီရရွိဖို႔ ေတာ္လွန္ေနၾကသူမ်ား အျဖစ္ အမည္ခံထားၾကေပမယ့္ လူသားတစ္ဦးရဲ႕ လြတ္လပ္စြာ ေ႐ြးခ်ယ္ပိုင္ခြင့္၊ ရပ္တည္ခ်က္အေပၚမွာ ေလးစားမႈ၊ လက္ခံေပးႏိုင္မႈမရွိတာကို မ်က္ဝါးထင္ထင္ ပိုမိုေတြ႕ျမင္လာရပါတယ္။

အလားတူ သ႐ုပ္ေဆာင္ပိုင္တံခြန္ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္ၿပီးေနာက္ အႏုပညာအလုပ္မ်ား စတင္လုပ္ကိုင္ခ်ိန္မွာလည္း ဝိုင္းဝန္းေဝဖန္ တိုက္ခိုက္မႈမ်ားလုပ္ခဲ့ၾကကာ ခင္လႈိင္ တို႔မိသားစုကိုလည္း NUG ေထာက္ခံအားေပးသူ ေတြက ၿခိမ္းေျခာက္ေျပာဆိုမႈေတြျပဳလုပ္ခဲ့ဖူးပါတယ္။ ၎တို႔ရဲ႕လုပ္ရပ္ေတြဟာ အာဏာရွင္ဆန႔္က်င္ေရးအမည္ခံထားေပမယ့္ ၎တို႔ ကိုယ္တိုင္အာဏာရွင္ေတြျဖစ္ေနၾကၿပီလားလို႔ အႏုပညာသမား အခ်င္းခ်င္း နဲ႔ ပညာတတ္အသိုင္းအဝိုင္းအခ်ိဳ႕ကပင္ ေမးခြန္း ထုတ္မႈမ်ားစြာ ရွိလို႔ေနၿပီျဖစ္ပါတယ္။

က်န္းမာေရးအေျခအေနေၾကာင့္ ခံဝန္နဲ႔ ျပန္လည္လြတ္ေျမာက္ထားသူ ဒါ႐ိုက္တာမိုက္တီးက " အရင္က ကိုေလးနဲ႔တူတယ္ေျပာရင္ သေဘာက် တယ္။ ကိုယ္ႀကိဳက္တဲ့အဆိုေတာ္ႀကီးကို၊ အခုေတာ့ ဘယ္လိုလုပ္ရမလဲ။ တြဲေဘာနဲ႔ ကိုယ္ပါေရာအဆဲခံထိဦးမယ္" လို႔ ေလးျဖဴကို ေျပာဆိုထားတာကိုေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ဟန္နီထြန္းက ေလးျဖဴကို BC (boycott) လုပ္ၾကဖို႔ နဲ႔ ေရေဘးအတြက္ ၅၅ သိန္းပဲ လႉဒါန္းခဲ့တဲ့ စမိုင္းလ္တို႔မိသားစုအေပၚ " က်န္တဲ့သူေတြကို အားမနာရင္ေတာင္ ေသာက္ႂကြားထူသမွ် ထိုင္ၾကည့္ အားေပး/ အားက်ေနခဲ့ရတဲ့ Follower ေတြကိုေတာ့ အားနာသင့္ပါတယ္"လို႔ ေျပာဆိုထားတာပါ။ ဟန္နီထြန္းက ၂၀၂၁ ခုႏွစ္ ျမန္ မာႏိုင္ငံေရးျပႆနာေတြ မျဖစ္ခင္ကတည္းက ျပည္ပ ႏိုင္ငံမွာ အေျခခ်ေနထိုင္ေနသူတစ္ဦးျဖစ္ၿပီး တပ္မ ေတာ္အာဏာထိန္းၿပီးေနာက္ တပ္မေတာ္အေပၚ ပုန္ကန္ေရးလႈံ႕ေဆာ္မႈေတြ၊ ဝါဒျဖန႔္မႈေတြလုပ္ေဆာင္ေနသူတစ္ဦး ျဖစ္ပါတယ္။

ဒီလိုျဖစ္စဥ္ေတြကို ၿခဳံငုံၾကည့္တဲ့အခါ ျပည္ေျပးအႏုပညာသမားေတြက ပိုမိုစုစည္းညီၫြတ္ မႈရွိေနတာကိုေတြ႕ရၿပီး ျပည္တြင္းမွာ က်န္ရစ္ေနထိုင္ ခဲ့ၾကတဲ့ အႏုပညာသမားတစ္ေယာက္ခ်င္းစီတိုင္းကို ျပည္ပကေန စြပ္စြဲေျပာဆို တိုက္ခိုက္မႈေတြ လုပ္ ေဆာင္ေနၾကေပမယ့္ ျပည္တြင္းေန အႏုပညာရွင္ ေတြကေတာ့ စည္းလုံးညီၫြတ္မႈမရွိ၊ မိမိနဲ႔ မဆိုင္သ ေယာင္ေဆာင္ကာ ျပည္ေျပးအုပ္စုေျပာဆိုစြပ္စြဲသမွ် ကို ေခါင္းငုံ႔ခံေနၾကတာကိုေတာ့ ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.