ဆီးချိုသွေးချိုမှာဖြစ်တတ်သော အရေပြားပြဿနာများ (ကျန်းမာရေး ဆောင်းပါး)

 1578

ဒေါက်တာလွင်သန့် (NP News) - ဇူလိုင် ၆

ကိုယ့်မှာအမျိုးစား(၂)သွေးချိုဆီးချိုရောဂါရှိပါက ခန္ဓာကိုယ်တစ်ကိုယ်လုံးရဲ့ကျန်းမာရေးကို ဂရုစိုက်ရသလို၊ အရေပြားကိုဂရုစိုက်ဖို့လည်းလိုအပ်ပါတယ်။ ဆီးချိုသွေးချိုရှိသူတွေဟာ အန္တရာယ်နှစ်မျိုးနဲ့ရင်ဆိုင်ရပါတယ်။ အာရုံကြောတွေပျက်စီးတာကြောင့် ထုံတာ၊ကျဉ်တာအပြင်၊ သွေးတွင်းသကြားဓာတ်များတာ၊ သွေးလှည့်ပတ်မှုမကောင်းတာတွေကြောင့် ပိုးဝင်နိုင်ခြေများပြီး အနာကျက်လည်းနှေးလို့ခြေထောက်နဲ့လက်တွေမှာထိခိုက်ဒဏ်ရာရနိုင်ခြေပိုများပါတယ်။ အမျိုးစား(၂)ဆီးချိုသွေးချိုရှိသူတွေနဲ့သုံးပုံတစ်ပုံက အရေပြားပြဿနာတွေဖြစ်ပွါးတတ်ပါတယ်။ ပြဿနာအများစုကို နေ့စဉ်အရေပြားထိန်းသိမ်းစောင့်ရှောက်မှုပြုသင့်တယ်။

သွေးတွင်းသကြားပမာဏကိုပုံမှန်ဖြစ်အောင်ထိန်းသင့်ပါတယ်။ သွေးတွင်းသကြားဓာတ်များနေတာက အရေပြားခြောက်သွေ့တာ၊ ကွဲအက်တာတွေဖြစ်စေပြီး ပိုးမွှားတွေဝင်ရောက်ဖို့တံခါးဖွင့်ပေးနေသလိုပဲ၊ဒါပြင်ရောဂါပိုးမွှားတွေဝင်ရောက်လာပြီးဆိုရင်လည်းခန္ဓာကိုယ်ကတိုက်ခိုက်နိုင်ဖို့အလွန်ပဲခက်ခဲတယ်။ကိုယ့်မှာဆီးချိုသွေးချိုရောဂါရှိပါက‌သွေးတွင်းသကြားဓာတ်ကိုပုံမှန်ဖြစ်အောင်ထိန်းတာ၊အရေပြားဆရာဝန်နဲ့ပြသစစ်ဆေးတာတွေပြုလုပ်သင့်ပါတယ်။

ရေများများသောက်သင့်ပါတယ်။ကဖင်းနဲ့အချိုရည်တွေကအရေပြားကျန်းမာရေးအတွက်မကောင်းတာကြောင့်အရေပြားကျန်းမာရေးအတွက်မကောင်းတာကြောင့်ရေများများသောက်သင့်ပါတယ်။လေ့လာမှုအရတစ်နေ့ကိုရေ(၆-၈)ဖန်ခွက်(သို့)သောက်ရေသန့်(၂-၃)လီတာသောက်သင့်ပါတယ်။ပုံမှန်ရေသောက်သူတွေဟာရေ(၂)ဖန်ခွက်အောက်သောက်သူတွေထက်သွေးတွင်းသကြားဓာတ်မြင့်မားတတ်တာတွေ့ရပါတယ်။ခန္ဓာကိုယ်မှာရေဓာတ်ခန်းခြောက်တဲ့အခါ ဗေဆိုပ လေဆင်(vasopresin)ဟော်မုန်းမြင့်မားလာပြီးအသည်းကသွေးတွင်းကိုသကြားဓာတ်ပိုမိုထုတ်လုပ်ပါတယ်။

သွေးဖိအားထိန်းချုပ်သင့်ပါတယ်။ဆီးချိုသွေးချိုရှိသူတွေဟာသွေးပေါင်ချိန်လည်းမြင့်တတ်ကြပြီး၊အရေပြားအပေါ်သက်ရောက်မှုရှိတတ်ကြပါတယ်။အရေပြားကခန္ဓာကိုယ်မှာအကြီးမားအကျယ်ပြန့်ဆုံးအစိတ်အပိုင်းဖြစ်တာကြောင့်ကျန်းမာရေးပြဿနာ‌တွေဖြစ်ပေါ်လာတဲ့အခါအရေပြားအပေါ်ဆက်ဆံရေးပြုတတ်ကြပါတယ်။သွေးဖိအားလျော့နည်းအောင်ဆေးဝါးသောက်သုံးတာ၊လေ့ကျင့်ခန်းလုပ်တာတွေပြုလုပ်သင့်ပါတယ်။ပုံမှန်ဖြစ်သွားပါက၊အကောင်းဆုံးဖြစ်လို့အရေပြားပြဿနာတွေဖြစ်ပွါးမှုမှတားဆီးနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစာတွေစားသုံးသင့်ပါတယ်။ပြည့်ဝဆီပါဝင်မှုနည်းတာ၊ကောက်နှံတစ်ခုလုံးပါဝင်တဲ့သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကကျန်းမာရေးနဲ့ညီညွှတ်တဲ့အစာဖြစ်တယ်။ဒါပေမယ့်ဆီးချိုသွေးချိုရှိသူတွေကသစ်သီးအားလုံးစားသုံးဖို့မသင့်တော်ပါဘူး။သစ်သီးတွေမှာကာဗိုဟိုက်ဒြိတ်ပါဝင်ပြီး၊သွေးတွင်းသကြားဓာတ်ကိုမြင့်မားစေပါတယ်။သစ်သီးခြောက်တွေမှာသကြားပါဝင်မှုမြင့်မားတာကြောင့်ဆီချိုသွေးချိုရှိသူတွေမစားသင့်ဘူး။

ရေပူပူချိုးခြင်းမှရှောင်ကြဉ်သင့်ပါတယ်။ရေနွေးနွေးနဲ့ရေချိုးတာ၊အရေပြားခြောက်သွေ့မှုကိုဖြစ်စေလို့ဆီးချိုသွေးချိုရောဂါရှိသူတွေမချိုးသင့်ပါဘူး။အပူချိန်မြင့်မားတဲ့ရေဆိုရင်ရေမချိုးသင့်ပါဘူး။ရေစိမ်ချိုးတတ်သူတစ်ယောက်ဖြစ်မယ်ဆိုရင်(၁၀-၁၅)မိနစ်လောက်ပိုပြီးစိမ်မချိုးသင့်ပါဘူး။ဆီးချိုသွေးချိုကြောင့်အာရုံကြောထိခိုက်နေသူတွေမှာအပူလောင်တာဖြစ်နိုင်ခြေပိုများတယ်။ဒါကြောင့်ရေမချိုးခင်ရေနွေးဖွင့်ချိုးမယ်ဆိုရင်၊သေချာစွာစမ်းသပ်ပြီး၊အနေတော်အနေထားမှာထားပြီးမှသာချိုးသင့်ပါတယ်။

ပြင်အားများတဲ့အသုံးအဆောင်ပစ္စည်းတွေကိုမသုံးသင့်ပါဘူး။ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ဆပ်ပြာအစိုဓာတ်ထိန်းခရင်မ်(Wet cream)စတာတွေကိုသုံးတဲ့အခါဓာတုပစ္စည်းပါဝင်မှုများတဲ့ပြင်အားများတဲ့ပစ္စည်းတွေကိုမသုံးသင့်ပါဘူး။ဓာတ်မတည့်မှုတွေဖြစ်ပြီး၊အရေပြားကိုထိခိုက်စေတယ်။မိန်းမကိုယ်ခြောက်သွေ့နိုင်တာကြောင့်မိန်းမကိုယ်သန့်စင်ဆေးရည်တွေအသုံးမပြုသင့်ပါဘူး။အကောင်းဆုံးကတော့အုတ်ဂျုံနဲ့ကြေးချွတ်ပေးပြီးအသားအရေကိုအစိုဓာတ်ထိန်းပေးတာကအကောင်းဆုံးပဲဖြစ်တယ်။

အစိုဓာတ်ဖြည့်ပေးသင့်ပါတယ်။ပုံမှန်အစိုဓာတ်ဖြည့်ပေးပါကအရေပြားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ခြေထောက်၊လက်မောင်းနောက်ကျောဝမ်းဗိုက်နေရာတွေကခြောက်သွေ့တတ်တာကြောင့်၊အစိုဓာတ်ဖြည့်ပေးတာကိုမဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ဆီးချိုသွေးချိုရှိသူတွေအတွက်သီသန့်ထုတ်ထားတဲ့အစိုဓာတ်ထိန်းခရင်မ်(wet cream)ရွေးဝယ်ပြီး၊လိမ်းမယ်ဆိုရင်ပိုသင့်တော်တယ်။

ခြေထောက်ကိုနေ့စဉ်စစ်ဆေးသင့်ပါတယ်။ဆီချိုသွေးချိုရှိသူတွေဟာအာရုံကြောတွေဖျက်ဆီးခံရတာကြောင့်ခြေလက်တွေထုံကာ၊ကျဉ်တာတွေခံစားရနိုင်ပါတယ်။ဒါကြောင့်ထိမှု၊သိမှုအားနည်းပြီးခြေလက်တွေမှာထိလွယ်ဖြစ်တာကြောင့်ဒဏ်ရာအနာရတာတွေဖြစ်နိုင်ခြေများပါတယ်။သွေးစီးဆင်းမှုကလည်းအားနည်းနေတာကြောင့်၊ထိခိုက်မိတဲ့နေရာတွေမှာပိုးဝင်လွယ်တာ၊အနာကျက်နှေးတာကြောင့်အရေပြားပုပ်လွယ်ပြီး၊အခြားနောက်ဆက်တွဲပြဿနာတွေလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်နေ့စဉ်ခြေထောက်ကိုသေချာစွာသန့်စင်စေပြီးစစ်ဆေးဖို့လိုတယ်။ခြေမနဲ့ခြေညှိုးကြားနေရာကိုသေချာစွာစစ်ဆေးကြည့်ရှုဖို့လိုတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရပြီး၊နီရဲနေတာ၊တဖြည်းဖြည်းနဲ့ပျံ့နှံ့သွားတာတွေဖြစ်ပါကအနာမကျက်တာကိုသတိထားမိပြီး၊ဆရာဝန်နဲ့ပြသဖို့၊အချိန်မဆွဲသင့်ပါဘူး။

အရေပြားကိုသန့်စင်ပြီးခြောက်သွေ့အောင်ထားသင့်ပါတယ်။အရေပြားစိုစွက်ပြီး၊အလင်းရောင်နည်းနိုင်တဲ့နေရာတွေဖြစ်တဲ့ချိုင်းကြား၊ရင်သားအောက်ဘက်၊ပေါင်ခြား၊ခြေချောင်းကြားစတဲ့နေရာတွေကမှိုပိုးတွေတွယ်နိုင်ခြေများပါတယ်။ဒါကြောင့်ရေချိုးတဲ့အခါ၊အဲဒီနေရာတွေကို၊သေချာစွာသန့်စင်ပေးသင့်ပါတယ်။ပြီးတဲ့အခါသဘက်နဲ့ခြောက်သွေ့အောင်ရေသုတ်ဖို့လိုပါတယ်။

အသားမာတွေမဖြတ်သင့်ပါဘူး။ခြေထောက်မှာအသားမာတွေရှိနေပေမယ့်ဆီချိုသွေးချိုရှိသူတွေအနေနဲ့အဆိုပါအသားမာတွေကိုမဖယ်ရှားသင့်ပါဘူး။ဖိနပ်စီးတာကြောင့်ဖြစ်တာ(သို့)ဖိအားတစ်ခုခုကြောင့်ဖြစ်လာတဲ့အသားမာတွေခြေထောက်မှာရှိနေပေမယ့်အဆိုပါအသားမာတွေကိုဖယ်ရှားပေးလိုက်ပါကအရေပြားမှာအလွယ်တကူထိခိုက်ဒဏ်ရာရစေပါတယ်။ ရာသီဥတုအပူအအေးကိုဂရုပြုသင့်ပါတယ်။အေးတဲ့ရာသီဥတုမှာလေးအေးတွေကိုခေတ်တာကြောင့်အရေပြားတွေအလွယ်တကူခြောက်သွေ့လွယ်စေပါတယ်။နူတ်ခမ်းဆိုးဆေးအဆီထိုးပေးတာကနူတ်ခမ်းသားတွေခြောက်သွေ့မှုမှကာကွယ်ပေးနိုင်ပါတယ်။ပူအိုက်တဲ့ရာသီဥတုမှာဆိုရင်လည်းနေလောင်တာမျိုးမဖြစ်အောင်နေရောင်ကာခရင်မ်(sun scream)ကိုလိမ်းပေးဖို့လိုပါတယ်။ဖိနပ်မပါပဲ၊နေပူထဲလမ်းလျှောက်တာမျိုးကိုလည်းရှောင်သင့်ပါတယ်။

ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဆီးချိုသွေးချိုရှိသူတွေဟာ၊အနာကျက်နှေးပြီး၊ပိုးဝင်ကူးစက်နိုင်ခြေမြင့်မားတာကြောင့်ထိခိုက်ဒဏ်ရာရပြီဆိုရင်၊ဆရာဝန်ထံပြသပြီး၊ကုသမှုကိုချက်ချင်းခံယူသင့်ပါတယ်။ပြတ်ရှဒဏ်ရာ၊မီးလောင်ဒဏ်ရာ(သို့)ပိုးဝင်တာဖြစ်လာပြီး၊နှစ်ရက်ထက်ကြာလာတဲ့အခါအဆိုပါဒဏ်ရာကပိုးပျံ့နှံ့လာပြီး၊ဖျားနာတာပါ၊ဆွဲပြီးဖြစ်လာခဲ့ရင်၊ပိုဆိုးလာတဲ့လက္ခဏာဖြစ်တာကြောင့်၊ဆရာဝန်နဲ့မဖြစ်မနေပြသသင့်ပါတယ်။အဲဒီကနေမှနောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်ရှောင်ရှားနိုင်ဖို့ဆိုရင်တော့ကုသမှုကိုအလျင်အမြန်ခံယူတာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ဆီးချိုကိုမနက်(၆)နာရီဆီးချိုစက် (Glucometer)နဲ့စစ်သင့်တယ်။ဆီးချိုဆေးကိုအနည်းဆုံးနှစ်မျိုးဥပမာမက်ဖော်မင် (Metformin 500 Mg)ဂလစ်(Glidz 80 Mg)တစ်နေ့နှစ်ကြိမ်သောက်သင့်ပါတယ်။ ဆီးချို‌ဆေးနှစ်မျိုးထက်ပို‌ပေးတာကဆေးရလဒ်‌ကောင်း‌ စေပြီး၊‌ဘေးထွက်ဆိုးကျိုးနည်းကာ ဆေးယဥ်ပါးမှုနည်း‌စေပါတယ်။ ဆီချိုထိန်းနိုင်ရင်အစာရှောင်ပြီး၊လူ့သက်တမ်းစေ့နေထိုင်နိုင်ပါတယ်။

zawgyi version













Related news

© 2021. All rights reserved.