ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်း စစ်တုရင်နည်းပြ အမျိုးသားချန်ပီယံကြီး ဇီအာရာဟ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရင်းသေဆုံး

 3434

ရောင်နီ(NP News) - ဇူလိုင် ၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိပ်တန်း စစ်တုရင်ဆရာကြီး ဇီအာရာဟ်မန်ဟာ ဇူလိုင်လ ၅ ရက်နေ့က အမျိုးသားချန်ပီယံပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရင်း လေဖြတ်ပြီး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူ တစ်ဦးကပြောပါတာ်။

ဘင်္ဂလားဒေ့ရှ် စစ်တုရင်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှာဟက်အူဒင်ရှာမင်က ဇီအာရာဟ်ဟာ အခြားစစ်တုရင် ဆရာကြီး အန်နာမျူရယ်လ် ဟူစိန်နဲ့ ယှဉ်ပြိုင်နေစဉ် Round 12th match မှာ လဲကျခဲ့ပြီးနောက် မြို့တော်ဒါကာရှိ ဆေးရုံတစ်ခုကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ ယှဉ်ပြိုင်နေရင်း သူလဲကျသွားတော့ ရေပုလင်းကို ကောက်ကိုင်ဖို့ ခေါင်းငုံ့လိုက်တယ်ထင်တာ၊ ဒါပေမဲ့ သူလဲကျသွားတာကြောင့် ဆေးရုံပို့လိုက်ရပြီး အခြားပြိုင်ဘက်နဲ့ ဆက်ယှဉ်ပြိုင်ခဲ့တယ်"လို့ ၎င်းက ဆိုပါတယ်။

ဇီအာရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တုရင်ဆရာကြီး ငါးဦးမှာပါဝင်သူဖြစ်ပြီး
နိုင်ငံအလိုက် ချန်ပီယံဆုကို အကြိမ်များစွာ ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version
ဘဂၤလားေဒ့ရွ္ရဲ႕ ထိပ္တန္း စစ္တုရင္နည္းျပ အမ်ိဳးသားခ်န္ပီယံႀကီး ဇီအာရာဟ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနရင္းေသဆုံး
ေရာင္နီ(NP News) - ဇူလိုင္ ၇

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ထိပ္တန္း စစ္တုရင္ဆရာႀကီး ဇီအာရာဟ္မန္ဟာ ဇူလိုင္လ ၅ ရက္ေန႔က အမ်ိဳးသားခ်န္ပီယံၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနရင္း ေလျဖတ္ၿပီး ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူ တစ္ဦးကေျပာပါတာ္။

ဘဂၤလားေဒ့ရွ္ စစ္တုရင္အဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ရွာဟက္အူဒင္ရွာမင္က ဇီအာရာဟ္ဟာ အျခားစစ္တုရင္ ဆရာႀကီး အန္နာမ်ဴရယ္လ္ ဟူစိန္နဲ႔ ယွဥ္ၿပိဳင္ေနစဥ္ Round 12th match မွာ လဲက်ခဲ့ၿပီးေနာက္ ၿမိဳ႕ေတာ္ဒါကာရွိ ေဆး႐ုံတစ္ခုကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေပမယ့္ ကြယ္လြန္သြားခဲ့တယ္လို႔ ဆိုပါတယ္။ "ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ေနရင္း သူလဲက်သြားေတာ့ ေရပုလင္းကို ေကာက္ကိုင္ဖို႔ ေခါင္းငုံ႔လိုက္တယ္ထင္တာ၊ ဒါေပမဲ့ သူလဲက်သြားတာေၾကာင့္ ေဆး႐ုံပို႔လိုက္ရၿပီး အျခားၿပိဳင္ဘက္နဲ႔ ဆက္ယွဥ္ၿပိဳင္ခဲ့တယ္"လို႔ ၎က ဆိုပါတယ္။

ဇီအာရာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ စစ္တုရင္ဆရာႀကီး ငါးဦးမွာပါဝင္သူျဖစ္ၿပီး
ႏိုင္ငံအလိုက္ ခ်န္ပီယံဆုကို အႀကိမ္မ်ားစြာ ဆြတ္ခူးခဲ့သူလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.