မြင့်မြတ်၊ ခင်လှိုင်တို့ပါ တက်ရောက်ဆုယူခဲ့သည့် ဟာသပညာရှင်ဆုချီးမြှင့်ပွဲနှင့် သက်ကြီးဟာသပညာရှင် ကန်တော့ပွဲ

 9855

အိဖြူသိမ့် (NP News) - ဇူလိုင် ၇

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) မှ ကြီးမှူးကျင်းပသည့် ဟာသပညာရှင်ထူးချွန်ဆု ချီးမြှင့်ပွဲနှင့် (၁၄)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ပူဇော်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ ၇ ရက်၊ နံနက် ၈ နာရီအချိန်တွင် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC 2 မှာ ကျင်းပခဲ့ကြသည်။

အဆိုပါပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဇနီး၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဒိန်းဒေါင်၊ ဒုတိယဥက္ကဋ္ဌ ဦးအုန်းသီး၊ ဦးငြိမ်းချမ်းနှင့် အစည်းအရုံး ဝင်များ၊ ကန်တော့ခံ သက်ကြီးပုဂ္ဂိုလ်များ၊ လူရွှင်တော်အဖွဲ့သားများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် အကယ်ဒမီ မြင့်မြတ်၊ ခင်လှိုင်၊ စိုးသူ၊ ဒါရိုက်တာမောင်သီ၊ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ ထူးခန့်ကျော်၊ ယုန်လေး၊ မိုးယံဇွန်၊ မေသန်းနု၊ မေသဥ္ဇာဦး၊ စိုးမြတ်နန္ဒာ၊ ယဥ်လက်၊ ပုဏ္ဏာမီ၊ မမဆောင်းတို့တက်ရောက်ခဲ့ကြပြီး တေးသီချင်းများဖြင့် ဖျော်ဖြေဂုဏ်ပြုခဲ့ကြသည်။

ကန်တော့ခံသက်ကြီးဟာသပညာရှင်လူပုဂ္ဂိုလ် ၁၅၀ ခန့်ရှိသည့်အနက် ယနေ့ ပွဲအခမ်းအနားသို့ ၁၂၀ ဦးခန့်သာ တက်ရောက်နိုင်ခဲ့ကြောင်းသိရကာ၊ အစည်းအရုံးက ကန်တော့ငွေနှင့်တကွ လက်ဆောင်ပစ္စည်းများ ပေးအပ် ကန်တော့ခဲ့ကြခြင်းဖြစ်သည်။
“ကန်တော့ပွဲအတွက် နှစ်တိုင်းကြိုးပမ်းအားထုတ်ခဲ့တာ ၁၄ ကြိမ်မြောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီ။ ကျွန်တော်တို့ ဟာသလူရွှင်တော်တွေအတွက် ဟာသပညာထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ဖို့ စိတ်ကူးယဥ◌်ခဲ့တာ ကြာလှပါပြီ။ ဒီနေ့မှာတော့ အကောင်အထည်ဖော် အောင်မြင်ခဲ့ပါပြီ။ ကျွန်တော်တို့လို ဟာသလူရွှင်တော်တွေက တကယ်ရယ်ရပြီး အကယ်ဒမီမရတဲ့သူတွေ အများကြီးရှိတယ်။ ငိုမှ ရမယ်ဆိုတာမျိုး။ ရှေ့ပြေးနိမိတ်အနေနဲ့ဆိုရင် ကိုခင်လှိုင်ဆိုရင် အရမ်းတော်တဲ့ဟာသပညာရှင်တစ်ယောက် သူ့ခဗျာ တကယ်ရယ်ရပြီး အကယ်ဒမီမရခဲ့ဘူး။ ဒါကတော့ သူတို့တွေရဲ့စံနှုန်းပါ။ ကျွန်တော်တို့တွေနဲ့တော့ မဆိုင်ပါဘူး။ ကျွန်တော်တို့က ဟာသအစည်းအရုံးဖြစ် တဲ့အတွက် ဟာသနဲ့ပတ်သက်ရင် မင်းသားတွေလည်း ကောင်းရင်ပေးမှာပဲ။ လူရွှင်တော်တွေလည်း ကောင်းရင် ပေးမှာပဲ၊ အရပ်သားတွေထဲက ဟာသနဲ့ကောင်းရင် ပေးမှာပါပဲ” ဟု ဥက္ကဋ္ဌ ဥ◌ီးဒိန်းဒေါင် က ပြောသည်။

ဟာသပညာထူးချွန်ဆု ချီးမြင့်ပွဲကို ယခု ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ပရိသတ်များကို ရယ်မောပျော်ရွှင်စေခဲ့သူများအနက် ပညာထူးချွန်ဆု ကို အကယ်ဒမီ မြင့်မြတ်နဲ့ ခင်လှိုင်တို့ ရရှိခဲ့ကြသည်။ လူမှုထူးချွန်ဆုကို မင်းသားထူးခန့်ကျော်၊ ဟာသပညာဖန်တီးမှု အကောင်းဆုံးသူများအဖြစ် ဒါရိုက်တာမောင်သီ၊ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး) အစရှိသူများက ထူးချွန်ဆုများ အသီးသီးရရှိခဲ့ကြသည်။ ယင်းအပြင် မိုးညို၊ အုန်းဒိုင်း၊ မာမီသက်တို့က ဆိုရှယ်ပလက်ဖောင်းများတွင် လူကြိုက်အများဆုံး ဟာသဖန်တီးမှုဆုများ အသီးသီး ရရှိခဲ့ကြသည်။

Zawgyi Version;
ျမင့္ျမတ္၊ ခင္လႈိင္တို႔ပါ တက္ေရာက္ဆုယူခဲ့သည့္ ဟာသပညာရွင္ဆုခ်ီးျမႇင့္ပြဲႏွင့္ သက္ႀကီးဟာသပညာရွင္ ကန္ေတာ့ပြဲ
အိျဖဴသိမ့္ (NP News) - ဇူလိုင္လ ၇

ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို) မွ ႀကီးမႉးက်င္းပသည့္ ဟာသပညာရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲႏွင့္ (၁၄)ႀကိမ္ေျမာက္ သက္ႀကီးဟာသပညာရွင္မ်ားအား ပူေဇာ္ပြဲအခမ္းအနားကို ယေန႔ ဇူလိုင္လ ၇ ရက္၊ နံနက္ ၈ နာရီအခ်ိန္တြင္ ျမန္မာႏိုင္ငံအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန MICC 2 မွာ က်င္းပခဲ့ၾကသည္။

အဆိုပါပြဲအခမ္းအနားသို႔ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္း၊ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေခါင္းေဆာင္၊ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ဇနီး၊ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)ဥကၠ႒ ဦးဒိန္းေဒါင္၊ ဒုတိယဥကၠ႒ ဦးအုန္းသီး၊ ဦးၿငိမ္းခ်မ္းႏွင့္ အစည္းအ႐ုံး ဝင္မ်ား၊ ကန္ေတာ့ခံ သက္ႀကီးပုဂၢိဳလ္မ်ား၊ လူ႐ႊင္ေတာ္အဖြဲ႕သားမ်ား တက္ေရာက္ခဲ့ၾကသည္။

ထို႔ျပင္ အကယ္ဒမီ ျမင့္ျမတ္၊ ခင္လႈိင္၊ စိုးသူ၊ ဒါ႐ိုက္တာေမာင္သီ၊ ဒါ႐ိုက္တာ ကိုေဇာ္(အာ႐ုဏ္ဦး)၊ ထူးခန္႔ေက်ာ္၊ ယုန္ေလး၊ မိုးယံဇြန္၊ ေမသန္းႏု၊ ေမသၪၨာဦး၊ စိုးျမတ္နႏၵာ၊ ယဥ္လက္၊ ပုဏၰာမီ၊ မမေဆာင္းတို႔တက္ေရာက္ခဲ့ၾကၿပီး ေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖဂုဏ္ျပဳခဲ့ၾကသည္။

ကန္ေတာ့ခံသက္ႀကီးဟာသပညာရွင္လူပုဂၢိဳလ္ ၁၅၀ ခန္႔ရွိသည့္အနက္ ယေန႔ ပြဲအခမ္းအနားသို႔ ၁၂၀ ဦးခန္႔သာ တက္ေရာက္ႏိုင္ခဲ့ေၾကာင္းသိရကာ၊ အစည္းအ႐ုံးက ကန္ေတာ့ေငြႏွင့္တကြ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ ကန္ေတာ့ခဲ့ၾကျခင္းျဖစ္သည္။
“ကန္ေတာ့ပြဲအတြက္ ႏွစ္တိုင္းႀကိဳးပမ္းအားထုတ္ခဲ့တာ ၁၄ ႀကိမ္ေျမာက္ပြဲကို က်င္းပႏိုင္ခဲ့ၿပီ။ ကြၽန္ေတာ္တို႔ ဟာသလူ႐ႊင္ေတာ္ေတြအတြက္ ဟာသပညာထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္းအနားက်င္းပႏိုင္ဖို႔ စိတ္ကူးယဥ◌္ခဲ့တာ ၾကာလွပါၿပီ။ ဒီေန႔မွာေတာ့ အေကာင္အထည္ေဖာ္ ေအာင္ျမင္ခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔လို ဟာသလူ႐ႊင္ေတာ္ေတြက တကယ္ရယ္ရၿပီး အကယ္ဒမီမရတဲ့သူေတြ အမ်ားႀကီးရွိတယ္။ ငိုမွ ရမယ္ဆိုတာမ်ိဳး။ ေရွ႕ေျပးနိမိတ္အေနနဲ႔ဆိုရင္ ကိုခင္လႈိင္ဆိုရင္ အရမ္းေတာ္တဲ့ဟာသပညာရွင္တစ္ေယာက္ သူ႔ခဗ်ာ တကယ္ရယ္ရၿပီး အကယ္ဒမီမရခဲ့ဘူး။ ဒါကေတာ့ သူတို႔ေတြရဲ႕စံႏႈန္းပါ။ ကြၽန္ေတာ္တို႔ေတြနဲ႔ေတာ့ မဆိုင္ပါဘူး။ ကြၽန္ေတာ္တို႔က ဟာသအစည္းအ႐ုံးျဖစ္ တဲ့အတြက္ ဟာသနဲ႔ပတ္သက္ရင္ မင္းသားေတြလည္း ေကာင္းရင္ေပးမွာပဲ။ လူ႐ႊင္ေတာ္ေတြလည္း ေကာင္းရင္ ေပးမွာပဲ၊ အရပ္သားေတြထဲက ဟာသနဲ႔ေကာင္းရင္ ေပးမွာပါပဲ” ဟု ဥကၠ႒ ဥ◌ီးဒိန္းေဒါင္ က ေျပာသည္။

ဟာသပညာထူးခြၽန္ဆု ခ်ီးျမင့္ပြဲကို ယခု ၂၀၂၄ ခုႏွစ္တြင္ ပထမဆုံးအႀကိမ္အျဖစ္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ၂၀၂၂-၂၀၂၃ ခုႏွစ္အတြက္ ပရိသတ္မ်ားကို ရယ္ေမာေပ်ာ္႐ႊင္ေစခဲ့သူမ်ားအနက္ ပညာထူးခြၽန္ဆု ကို အကယ္ဒမီ ျမင့္ျမတ္နဲ႔ ခင္လႈိင္တို႔ ရရွိခဲ့ၾကသည္။ လူမႈထူးခြၽန္ဆုကို မင္းသားထူးခန္႔ေက်ာ္၊ ဟာသပညာဖန္တီးမႈ အေကာင္းဆုံးသူမ်ားအျဖစ္ ဒါ႐ိုက္တာေမာင္သီ၊ ဒါ႐ိုက္တာကိုေဇာ္(အာ႐ုဏ္ဦး) အစရွိသူမ်ားက ထူးခြၽန္ဆုမ်ား အသီးသီးရရွိခဲ့ၾကသည္။ ယင္းအျပင္ မိုးညိဳ၊ အုန္းဒိုင္း၊ မာမီသက္တို႔က ဆိုရွယ္ပလက္ေဖာင္းမ်ားတြင္ လူႀကိဳက္အမ်ားဆုံး ဟာသဖန္တီးမႈဆုမ်ား အသီးသီး ရရွိခဲ့ၾကသည္။

Related news

© 2021. All rights reserved.