ပြည်ပကြားဝင်စွက်ဖက်မှုများကို ခုခံကာကွယ်နိုင်ရန် အရှိန်မြှင့်ကြိုးပမ်းရမည်ဖြစ် ကြောင်း တရုတ်သမ္မတ ပြော

 516

ဂျန်ဇက် (NP News) - ဇူလိုင် ၇

ပြည်ပကြားဝင်စွက်ဖက်မှုများကို ခုခံကာကွယ်ရန်အရှိန်မြှင့်ကြိုးပမ်းရမည်ဖြစ်ကြောင်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော် ပြောဆိုလိုက်ကြောင်းသိရသည်။တရုတ်သမ္မတရှီကျင့်ဖျင်က 'ကျွန်တော် တို့အားလုံးဟာ ပြည်ပနိုင်ငံတွေရဲ့ကြားဝင်စွက်ဖက်မှုတွေကို ခုခံနိုင်အောင် တစ်နိုင်ငံနဲ့တစ်နိုင်ငံလက် ချင်းချိတ်ပူးပေါင်းလုပ်ဆောင်ရမယ်။ တစ်ဦးကို တစ် ဦး ကူညီထောက်ပံ့ပေးရမယ်။ တစ်နိုင်ငံရဲ့စိုးရိမ်မှု တွေကို အခြားနိုင်ငံတွေက ဂရုစိုက်ပေးရမယ်။ ကျွန် တော်တို့ လက်နဲ့ဒေသအတွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေကို ထိန်းချုပ်လုပ်ကိုင်နိုင်အောင် လုပ်ဆောင်ရမယ်'ဟုပြောသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးကို ကာဇက်စတန်နိုင်ငံက အိမ်ရှင်အ ဖြစ်လက်ခံကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအဖြစ်ကာ ဇက်စတန်၊ အိန္ဒိယ၊ တရုတ်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အီရန်နိုင်ငံ တို့ ပူးပေါင်းပါဝင်ခဲ့ရာ ဘီလာရုစ်နိုင်ငံကို အဖွဲ့ဝင်နိုင်ငံ အသစ်အဖြစ် လက်ခံသွားမည်ဖြစ်သည်။ တရုတ် သမ္မတက 'ကမ္ဘာကြီးဟာ လမ်းဆုံလမ်းခွကို ရောက်ရှိနေတယ်။ ကျွန်တော်တို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ဟာ ကမ္ဘာ့သမိုင်းမှာ မှန်ကန်တဲ့ဘက်ခြမ်းက ရပ်တည်နေတယ်။ တရားမျှတမှုတွေလည်း လုပ် ဆောင်သွားမယ်'ဟု ပြောသည်။

တရုတ်သမ္မတသည် အဆိုပါအစည်းအ ဝေးအတွင်း ရုရှားသမ္မတနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံစလုံးက တရားမျှတမှု အပြည့်အဝရှိ မည့် ဝင်ရိုးစုံကမ္ဘာတည်ဆောက်ရေးတွင် အဓိက ထောက်တိုင်များအဖြစ် ရှိနေမည်ဖြစ်ကြောင်းပြော သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဓိက ယုံကြည်မှုသည် အဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေရန် ဖြစ် ကြောင်းသိရသည်။ ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီး နောက်ပိုင်း ရုရှားနှင့် တရုတ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးသည် ယခင်ထက်ပိုမိုကောင်းမွန်လာခဲ့ရာ အမေရိကန်ဦးဆောင်သောအနောက်အုပ်စုနိုင်ငံများအပေါ် စိုးရိမ်မှုမြင့်တက်လာစေခဲ့ကြောင်းသိရသည်။

zawgyi version
ျပည္ပၾကားဝင္စြက္ဖက္မႈမ်ားကို ခုခံကာကြယ္ႏိုင္ရန္ အရွိန္ျမႇင့္ႀကိဳးပမ္းရမည္ ျဖစ္ေၾကာင္း တ႐ုတ္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၇

ျပည္ပၾကားဝင္စြက္ဖက္မႈမ်ားကို ခုခံကာကြယ္ရန္အရွိန္ျမႇင့္ႀကိဳးပမ္းရမည္ျဖစ္ေၾကာင္း ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ ထိပ္သီးအစည္းအေဝးအတြင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ထုတ္ေဖာ္ ေျပာဆိုလိုက္ေၾကာင္းသိရသည္။တ႐ုတ္သမၼတရွီက်င့္ဖ်င္က 'ကြၽန္ေတာ္ တို႔အားလုံးဟာ ျပည္ပႏိုင္ငံေတြရဲ႕ၾကားဝင္စြက္ဖက္မႈေတြကို ခုခံႏိုင္ေအာင္ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံလက္ ခ်င္းခ်ိတ္ပူးေပါင္းလုပ္ေဆာင္ရမယ္။ တစ္ဦးကို တစ္ ဦး ကူညီေထာက္ပံ့ေပးရမယ္။ တစ္ႏိုင္ငံရဲ႕စိုးရိမ္မႈ ေတြကို အျခားႏိုင္ငံေတြက ဂ႐ုစိုက္ေပးရမယ္။ ကြၽန္ ေတာ္တို႔ လက္နဲ႔ေဒသအတြင္းၿငိမ္းခ်မ္းေရး၊ ဖြံ႕ၿဖိဳး တိုးတက္ေရးေတြကို ထိန္းခ်ဳပ္လုပ္ကိုင္ႏိုင္ေအာင္ လုပ္ေဆာင္ရမယ္'ဟုေျပာသည္။

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးထိပ္သီးအစည္းအေဝးကို ကာဇက္စတန္ႏိုင္ငံက အိမ္ရွင္အ ျဖစ္လက္ခံက်င္းပခဲ့ၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ားအျဖစ္ကာ ဇက္စတန္၊ အိႏၵိယ၊ တ႐ုတ္၊ ကာဂ်စၥတန္၊ ပါကစၥတန္၊ ႐ုရွား၊ တာဂ်စၥတန္၊ ဥဇဘက္ကစၥတန္၊ အီရန္ႏိုင္ငံ တို႔ ပူးေပါင္းပါဝင္ခဲ့ရာ ဘီလာ႐ုစ္ႏိုင္ငံကို အဖြဲ႕ဝင္ႏိုင္ငံ အသစ္အျဖစ္ လက္ခံသြားမည္ျဖစ္သည္။ တ႐ုတ္ သမၼတက 'ကမာၻႀကီးဟာ လမ္းဆုံလမ္းခြကို ေရာက္ရွိေနတယ္။ ကြၽန္ေတာ္တို႔ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ ေရးအဖြဲ႕ဟာ ကမာၻ႔သမိုင္းမွာ မွန္ကန္တဲ့ဘက္ျခမ္းက ရပ္တည္ေနတယ္။ တရားမွ်တမႈေတြလည္း လုပ္ ေဆာင္သြားမယ္'ဟု ေျပာသည္။

တ႐ုတ္သမၼတသည္ အဆိုပါအစည္းအ ေဝးအတြင္း ႐ုရွားသမၼတႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ၎တို႔ႏွစ္ႏိုင္ငံစလုံးက တရားမွ်တမႈ အျပည့္အဝရွိ မည့္ ဝင္႐ိုးစုံကမာၻတည္ေဆာက္ေရးတြင္ အဓိက ေထာက္တိုင္မ်ားအျဖစ္ ရွိေနမည္ျဖစ္ေၾကာင္းေျပာ သည္။ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕၏ အဓိက ယုံၾကည္မႈသည္ အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈပိုမိုေကာင္းမြန္ေစရန္ ျဖစ္ ေၾကာင္းသိရသည္။ ယူကရိန္းစစ္ပြဲျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ ဆက္ဆံေရးသည္ ယခင္ထက္ပိုမိုေကာင္းမြန္လာခဲ့ရာ အေမရိကန္ဦးေဆာင္ေသာအေနာက္အုပ္စုႏိုင္ငံမ်ားအေပၚ စိုးရိမ္မႈျမင့္တက္လာေစခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.