အမေရိကန်တပ်ဖွဲ့ဝင်များ၏ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို သည်းမခံနိုင်ကြောင်း ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး သတိပေး
1692
Pika (NP News) - ဇူလိုင် ၇
အမေရိကန်တပ်ဖွဲ့များပါဝင်သော နိုင်ငံတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို သည်းမခံနိုင် ကြောင်း ဂျပန်အစိုးရက ဇူလိုင်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ အနာဂတ်တွင် အဆိုပါ ဖြစ်ရပ်မျိုးထပ်မဖြစ်လာစေရန်အတွက် တားဆီးရန် အမေရိကန်အစိုးရကို ဂျပန်အစိုးရက တိုက်တွန်းခဲ့ ကြောင်းလည်းသိရသည်။ အမေရိကန်တပ်ဖွဲ့များ၏ လိင်ပိုင်းဆိုင်ရာစော်ကားမှု(၅)ခု ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါက ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရသည်။
ယိုကိုကာမီကာဝါက 'ဒီလိုဖြစ်ရပ်မျိုးတွေကို ကျွန်မ လုံးဝသည်းမခံနိုင်ပါဘူး'ဟု ပြောဆိုခဲ့သည်။ အမေရိကန်စစ်သားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကား မှုများ တိုးမြှင့်လာခြင်းနှင့်ပတ်သက်ပြီး သတင်း ထောက်များ၏မေးခွန်းများကို ယိုကိုကာမီကာဝါက ဖြေကြားခဲ့ကြောင်းလည်း သိရသည်။ နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်အရ ဂျပန်နိုင်ငံတွင် အမေရိ ကန်စစ်သား(၅)သောင်းဝန်းကျင်ကို ဖြန့်ကြက်ချထားပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ အိုကီနာဝါစီ ရင်စုတွင် ရှိကြောင်းသိရသည်။ အမေရိကန်တပ်ဖွဲ့များ၏ လိင်ပိုင်းဆိုင်ရာစော်ကားမှု(၅)ခုကို ပြီးခဲ့သည့်နှစ်တွင် စတင်ခြေရာခံမိခဲ့ခြင်းဖြစ်ပြီး အများစုမှာ အိုကီ နာဝါစီရင်စုတွင်ဖြစ်ကြောင်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီက ဇူလိုင်လ(၃)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်များကြောင့် ဒေသခံပြည်သူများတွင် စိုးရိမ်ပူပန်မှုများစွာကိုဖြစ် ပေါ်စေခဲ့ကြောင်း ယိုကိုကာမီကာဝါက ပြောကြားခဲ့ သည်။ ၎င်းက 'ဒါက ဘယ်တော့မှမဖြစ်သင့်တဲ့ အရာတစ်ခုပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နစ်နာသူတွေ အကြောင်းကိုတွေးလိုက်တိုင်း တကယ်ကိုစိတ်မ ကောင်းဖြစ်ရပါတယ်။ အမျိုးသမီးတွေရဲ့ လူ့အခွင့် အရေးနဲ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးရေး ပါဝင်တဲ့ စံနှုန်းတွေနဲ့အယူအဆတွေကို ကျွန်မတို့မြှင့်တင် နေပါတယ်'ဟု ပြောဆိုခဲ့သည်။
zawgyi version
အေမရိကန္တပ္ဖြဲ႕ဝင္မ်ား၏ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈကို သည္းမခံႏိုင္ေၾကာင္း ဂ်ပန္ႏိုင္ငံ ျခားေရးဝန္ႀကီး သတိေပး
Pika (NP News) - ဇူလိုင္ ၇
အေမရိကန္တပ္ဖြဲ႕မ်ားပါဝင္ေသာ ႏိုင္ငံတြင္း လိင္ပိုင္းဆိုင္ရာေစာ္ကားမႈမ်ားကို သည္းမခံႏိုင္ ေၾကာင္း ဂ်ပန္အစိုးရက ဇူလိုင္လ(၄)ရက္ေန႔တြင္ သတင္းထုတ္ျပန္လိုက္သည္။ အနာဂတ္တြင္ အဆိုပါ ျဖစ္ရပ္မ်ိဳးထပ္မျဖစ္လာေစရန္အတြက္ တားဆီးရန္ အေမရိကန္အစိုးရကို ဂ်ပန္အစိုးရက တိုက္တြန္းခဲ့ ေၾကာင္းလည္းသိရသည္။ အေမရိကန္တပ္ဖြဲ႕မ်ား၏ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ(၅)ခု ထြက္ေပၚလာျခင္းႏွင့္ ပတ္သက္ၿပီး စိုးရိမ္မႈမ်ားကို ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ယိုကိုကာမီကာဝါက ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္းသိရသည္။
ယိုကိုကာမီကာဝါက 'ဒီလိုျဖစ္ရပ္မ်ိဳးေတြကို ကြၽန္မ လုံးဝသည္းမခံႏိုင္ပါဘူး'ဟု ေျပာဆိုခဲ့သည္။ အေမရိကန္စစ္သားမ်ား၏ လိင္ပိုင္းဆိုင္ရာ ေစာ္ကား မႈမ်ား တိုးျမႇင့္လာျခင္းႏွင့္ပတ္သက္ၿပီး သတင္း ေထာက္မ်ား၏ေမးခြန္းမ်ားကို ယိုကိုကာမီကာဝါက ေျဖၾကားခဲ့ေၾကာင္းလည္း သိရသည္။ ႏွစ္ႏိုင္ငံလုံၿခဳံေရးသေဘာတူညီခ်က္အရ ဂ်ပန္ႏိုင္ငံတြင္ အေမရိ ကန္စစ္သား(၅)ေသာင္းဝန္းက်င္ကို ျဖန႔္ၾကက္ခ်ထားၿပီး ယင္းတို႔အနက္ ထက္ဝက္ခန႔္မွာ အိုကီနာဝါစီ ရင္စုတြင္ ရွိေၾကာင္းသိရသည္။ အေမရိကန္တပ္ဖြဲ႕မ်ား၏ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ(၅)ခုကို ၿပီးခဲ့သည့္ႏွစ္တြင္ စတင္ေျခရာခံမိခဲ့ျခင္းျဖစ္ၿပီး အမ်ားစုမွာ အိုကီ နာဝါစီရင္စုတြင္ျဖစ္ေၾကာင္း အစိုးရအဖြဲ႕အတြင္းဝန္ခ်ဳပ္ ယိုရွီမာဆာဟာယာရွီက ဇူလိုင္လ(၃)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ အဆိုပါျဖစ္ရပ္မ်ားေၾကာင့္ ေဒသခံျပည္သူမ်ားတြင္ စိုးရိမ္ပူပန္မႈမ်ားစြာကိုျဖစ္ ေပၚေစခဲ့ေၾကာင္း ယိုကိုကာမီကာဝါက ေျပာၾကားခဲ့ သည္။ ၎က 'ဒါက ဘယ္ေတာ့မွမျဖစ္သင့္တဲ့ အရာတစ္ခုပါ။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး နစ္နာသူေတြ အေၾကာင္းကိုေတြးလိုက္တိုင္း တကယ္ကိုစိတ္မ ေကာင္းျဖစ္ရပါတယ္။ အမ်ိဳးသမီးေတြရဲ႕ လူ႔အခြင့္ အေရးနဲ႔ဂုဏ္သိကၡာကို အကာအကြယ္ေပးေရး ပါဝင္တဲ့ စံႏႈန္းေတြနဲ႔အယူအဆေတြကို ကြၽန္မတို႔ျမႇင့္တင္ ေနပါတယ္'ဟု ေျပာဆိုခဲ့သည္။