တရုတ်ရဲ့ရန်စမှုတွေကို တုံ့ပြန်နိုင်အောင် ဖိလစ်ပိုင် နဲ့ ဂျပန်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မယ့် စာချုပ်အသစ်ချုပ်ဆို
824
ဂျန်ဇက် (NP News) - ဇူလိုင် ၈
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ ဂျပန်နိုင်ငံနဲ့ ကာကွယ်ရေးစာချုပ်ကို ဇူလိုင်လ ၈ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ကြောင်းသိရပါတယ်။ အဆိုပါစာချုပ်ထဲမှာ ဖိလစ်ပိုင် နဲ့ ဂျပန်တို့ဟာ ၎င်းတို့တပ်ဖွဲ့ဝင်တွေကို အပြန်အလှန်ဖြန့်ကြက်ချထားခွင့်ပေးမယ့်အချက်တွေလည်း ပါဝင်နေကြောင်းသိရပါတယ်။
ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံကြား အသစ်ချုပ်ဆိုလိုက်တဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ဟာ တရုတ်နိုင်ငံကို စိတ်ဆိုးဒေါသဖြစ်မှု ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။
ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့ဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ချုပ်ဆိုရေးအတွက် ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှာစတင်ဆွေးနွေးခဲ့ပြီးနောက် လက်ရှိအချိန်မှာသဘောတူညီခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင် နဲ့ ဂျပန်နိုင်ငံတို့ဟာ အမေရိကန်နိုင်ငံရဲ့အာရှတိုက်အတွင်းရှိ အဓိကမဟာမိတ်နိုင်ငံများအဖြစ် နှစ်ပေါင်းများစွာကြာရပ်တည်နေခဲ့ကြောင်းသိရပါတယ်။ တရုတ်အစိုးရက အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသမှာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့လိုမျိုးအဖွဲ့ဖွဲ့စည်းရပ်တည်ဖို့ ကြိုးပမ်းနေကြောင်း မကြာသေးမီက စွပ်စွဲခဲ့ဖူးပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေပြီး တရုတ်ကမ်းခြေစောင့်စစ်သင်္ဘောတွေက ဖိလစ်ပိုင်ကမ်းခြေစောင့်စစ်သင်္ဘောတွေကို ဝင်တိုက်တာ၊ တားဆီးနှောင့်ယှက်တာတွေရှိခဲ့ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံဟာလည်း လက်ရှိအချိန်မှာ အရှေ့တရုတ်ပင်လယ်အတွင်းမှာ ဂျပန်နိုင်ငံနဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်းသိရပါတယ်။
zawgyi version
တ႐ုတ္ရဲ႕ရန္စမႈေတြကို တုံ႔ျပန္ႏိုင္ေအာင္ ဖိလစ္ပိုင္ နဲ႔ ဂ်ပန္ႏိုင္ငံၾကား ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မယ့္ စာခ်ဳပ္အသစ္ခ်ဳပ္ဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၈
ဖိလစ္ပိုင္ႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံနဲ႔တင္းမာမႈေတြရွိေနခ်ိန္မွာပဲ ဂ်ပန္ႏိုင္ငံနဲ႔ ကာကြယ္ေရးစာခ်ဳပ္ကို ဇူလိုင္လ ၈ ရက္ေန႔မွာ လက္မွတ္ေရးထိုးလိုက္ေၾကာင္းသိရပါတယ္။ အဆိုပါစာခ်ဳပ္ထဲမွာ ဖိလစ္ပိုင္ နဲ႔ ဂ်ပန္တို႔ဟာ ၎တို႔တပ္ဖြဲ႕ဝင္ေတြကို အျပန္အလွန္ျဖန႔္ၾကက္ခ်ထားခြင့္ေပးမယ့္အခ်က္ေတြလည္း ပါဝင္ေနေၾကာင္းသိရပါတယ္။
ဖိလစ္ပိုင္နဲ႔ ဂ်ပန္ႏိုင္ငံၾကား အသစ္ခ်ဳပ္ဆိုလိုက္တဲ့ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈစာခ်ဳပ္ဟာ တ႐ုတ္ႏိုင္ငံကို စိတ္ဆိုးေဒါသျဖစ္မႈ ပိုမိုျမင့္တက္လာဖြယ္ရွိေနပါတယ္။
ဖိလစ္ပိုင္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈစာခ်ဳပ္ခ်ဳပ္ဆိုေရးအတြက္ ၂၀၂၃ ခုႏွစ္ႏိုဝင္ဘာလမွာစတင္ေဆြးေႏြးခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာသေဘာတူညီခဲ့တာျဖစ္ပါတယ္။ ဖိလစ္ပိုင္ နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာ အေမရိကန္ႏိုင္ငံရဲ႕အာရွတိုက္အတြင္းရွိ အဓိကမဟာမိတ္ႏိုင္ငံမ်ားအျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာရပ္တည္ေနခဲ့ေၾကာင္းသိရပါတယ္။ တ႐ုတ္အစိုးရက အေမရိကန္ဟာ အာရွ-ပစိဖိတ္ေဒသမွာ ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕လိုမ်ိဳးအဖြဲ႕ဖြဲ႕စည္းရပ္တည္ဖို႔ ႀကိဳးပမ္းေနေၾကာင္း မၾကာေသးမီက စြပ္စြဲခဲ့ဖူးပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ပိုင္နက္နယ္ေျမအျငင္းပြားေနၿပီး တ႐ုတ္ကမ္းေျခေစာင့္စစ္သေဘၤာေတြက ဖိလစ္ပိုင္ကမ္းေျခေစာင့္စစ္သေဘၤာေတြကို ဝင္တိုက္တာ၊ တားဆီးေႏွာင့္ယွက္တာေတြရွိခဲ့ေၾကာင္း သိရပါတယ္။ ဂ်ပန္ႏိုင္ငံဟာလည္း လက္ရွိအခ်ိန္မွာ အေရွ႕တ႐ုတ္ပင္လယ္အတြင္းမွာ ဂ်ပန္ႏိုင္ငံနဲ႔ ပိုင္နက္နယ္ေျမအျငင္းပြားေနေၾကာင္းသိရပါတယ္။