ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မှာဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် အက်တယ် သတင်းထုတ်ပြန်

 750

ဂျန်ဇက် (NP News) - ဇူလိုင် ၈

ပြင်သစ်ဝန်ကြီးချုပ် ဂါဘရီရယ် အက်တယ်လ်က ၎င်းအနေနဲ့ရာထူးက နုတ်ထွက်တော့မှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ အက်တယ်လ်က နုတ်ထွက်မယ့်အကြောင်းကို ပြင်သစ်သမ္မတမက်ခရွန်ကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း ၎င်းရဲ့လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့နုတ်ထွက်ခြင်းဖြစ်ကြောင်း ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ဇူလိုင်လ ၇ ရက်နေ့က ကျင်းပခဲ့တဲ့လွှတ်တော်ရွေးကောက်ပွဲ ဒုတိယအကျော့မှာ လက်ဝဲစွန်းပါတီဖြစ်တဲ့ New Popular Front ပါတီနဲ့မဟာမိတ်ပါတီဟာ မဲအများဆုံးအနိုင်ရခဲ့ပြီး ပြင်သစ်လွှတ်တော်မှာနေရာအများအပြားရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲ ပထမအကျော့မှာတုန်းက မဲအများဆုံးရရှိခဲ့တဲ့ လက်ယာစွန်းရောက်ပါတီဟာ ဒုတိယအကျော့မှာတော့ တတိယနေရာမှာသာရှိနေခဲ့ကြောင်း သိရပါတယ်။ အက်တယ်လ်က နုတ်ထွက်စာတင်ထားပေမယ့် နုတ်ထွက်မှုကို ငြင်းဆန်မယ်ဆိုရင် ဝန်ကြီးချုပ်ရုံးမှာ ဆက်ရှိမှာဖြစ်ပြီး တာဝန်တွေကို ထမ်းဆောင်မှာဖြစ်ကြောင်းပြောပါတယ်။
ရွေးကောက်ပွဲဒုတိယအကျော့ပြီးချိန်မှာ ပြင်သစ်လွှတ်တော်အတွင်း လက်ယာစွန်းရောက်ပါတီ၊ လက်ဝဲစွန်းရောက်ပါတီအပါအဝင် ပါတီကြီးသုံးခုက မဲအများဆုံးရရှိထားပြီး ညွန့်ပေါင်းအစိုးရအဖွဲ့ဖွဲ့စည်းနိုင်ဖို့ ရုန်းကန်ရဖွယ်ရှိနေကြောင်းသိရပါတယ်။

အဆိုပါ ပါတီကြီးသုံးပါတီဟာ ပြင်သစ်နိုင်ငံသမိုင်းမှာအတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးတဲ့သမိုင်းမျိုးမရှိတဲ့အတွက် ပြင်သစ်နိုင်ငံရဲ့လွှတ်တော်က အခက်အခဲအရှုပ်ထွေးတွေဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

zawgyi version
ဝန္ႀကီးခ်ဳပ္ရာထူးက ႏုတ္ထြက္မွာျဖစ္ေၾကာင္း ျပင္သစ္ဝန္ႀကီးခ်ဳပ္ အက္တယ္ သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၈

ျပင္သစ္ဝန္ႀကီးခ်ဳပ္ ဂါဘရီရယ္ အက္တယ္လ္က ၎အေနနဲ႔ရာထူးက ႏုတ္ထြက္ေတာ့မွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။ အက္တယ္လ္က ႏုတ္ထြက္မယ့္အေၾကာင္းကို ျပင္သစ္သမၼတမက္ခ႐ြန္ကိုလည္း အသိေပးထားၿပီးျဖစ္ေၾကာင္း ၎ရဲ႕လုပ္ငန္းေတြကို ျပန္လည္လုပ္ကိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ႏုတ္ထြက္ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။

ျပင္သစ္ႏိုင္ငံမွာ ဇူလိုင္လ ၇ ရက္ေန႔က က်င္းပခဲ့တဲ့လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့မွာ လက္ဝဲစြန္းပါတီျဖစ္တဲ့ New Popular Front ပါတီနဲ႔မဟာမိတ္ပါတီဟာ မဲအမ်ားဆုံးအႏိုင္ရခဲ့ၿပီး ျပင္သစ္လႊတ္ေတာ္မွာေနရာအမ်ားအျပားရယူႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
ျပင္သစ္လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ပထမအေက်ာ့မွာတုန္းက မဲအမ်ားဆုံးရရွိခဲ့တဲ့ လက္ယာစြန္းေရာက္ပါတီဟာ ဒုတိယအေက်ာ့မွာေတာ့ တတိယေနရာမွာသာရွိေနခဲ့ေၾကာင္း သိရပါတယ္။ အက္တယ္လ္က ႏုတ္ထြက္စာတင္ထားေပမယ့္ ႏုတ္ထြက္မႈကို ျငင္းဆန္မယ္ဆိုရင္ ဝန္ႀကီးခ်ဳပ္႐ုံးမွာ ဆက္ရွိမွာျဖစ္ၿပီး တာဝန္ေတြကို ထမ္းေဆာင္မွာျဖစ္ေၾကာင္းေျပာပါတယ္။
ေ႐ြးေကာက္ပြဲဒုတိယအေက်ာ့ၿပီးခ်ိန္မွာ ျပင္သစ္လႊတ္ေတာ္အတြင္း လက္ယာစြန္းေရာက္ပါတီ၊ လက္ဝဲစြန္းေရာက္ပါတီအပါအဝင္ ပါတီႀကီးသုံးခုက မဲအမ်ားဆုံးရရွိထားၿပီး ၫြန္႔ေပါင္းအစိုးရအဖြဲ႕ဖြဲ႕စည္းႏိုင္ဖို႔ ႐ုန္းကန္ရဖြယ္ရွိေနေၾကာင္းသိရပါတယ္။

အဆိုပါ ပါတီႀကီးသုံးပါတီဟာ ျပင္သစ္ႏိုင္ငံသမိုင္းမွာအတူတကြ ပူးေပါင္းေဆာင္႐ြက္ခဲ့ဖူးတဲ့သမိုင္းမ်ိဳးမရွိတဲ့အတြက္ ျပင္သစ္ႏိုင္ငံရဲ႕လႊတ္ေတာ္က အခက္အခဲအရႈပ္ေထြးေတြျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ သုံးသပ္မႈေတြရွိေနပါတယ္။

Related news

© 2021. All rights reserved.