တက်သစ်စအဆိုတော်တစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု မြို့သစ်မြို့နယ်တွင်ဖြစ်ပွား

 6230

သန့်ဇင် (NP News) - ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တက်သစ်စအဆိုတော်တစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ကာသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်၊ ညနေ ၅နာရီအချိန်က မြို့သစ်မြို့နယ်၊ မကျည်းကုန်းကျေးရွာ၊ မြို့သစ်-နတ်မောက်သွားကားလမ်းဘေးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူက အဲဒီကားလမ်းလေးမှာ တာချီလိတ်တို့၊ ရန်ကုန်တို့ဘက်ကိုသွားတဲ့ကားတွေအတွက် လက်မှတ်အရောင်းဆိုင်လေးဖွင့်ထားတာ။ မကျည်းကုန်းရွာအထွက်လမ်းမှာပေါ့။ အဲဒီနေ့မှာ ညနေ ၅နာရီလောက်မှာ လူ ၂ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး လက်မှတ်ဖြတ်ချင်လို့ပါဆိုပြီး အိမ်ထဲဝင်ပြီးပစ်သတ်သွားတာ။ တစ်ယောက်က ဆိုင်ရှေ့မှာကျန်ခဲ့ပြီး တစ်ယောက်က ထမင်းစားတဲ့နေရာထိဝင်လာပြီး ပစ်သတ်သွားတာပါ"ဟု ဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြော သည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် အသက် ၂၅ နှစ်အရွယ် ကိုအောင်လွှမ်းနိုင်တွင် ကျည်ထိမှန်ဒဏ် ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။ "သူက​သီချင်းဆိုပါတယ်။ Album နှစ်ခုလောက်ထွက်ထားတယ်။ ရပ်ရွာမီးလင်းရေးတို့။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့လူပါ။ နိုင်ငံရေးလုပ်နေတဲ့လူမဟုတ်ပါဘူး။ အဲဒါကို ဒလန်လို့ပြောပြီး ဝင်ပစ်သွားတာ။ (၇)ချက်လောက်ပစ်သွားတယ်လို့ သိရတယ်။ ခေါင်းကိုမှန်တဲ့ ဒဏ်ရာနဲ့ဆုံးတာလို့ ပြောပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် ဇူလိုင်လ ၆ ရက်နေ့တွင် မကျည်းကုန်းရွာသုသာန်တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

zawgyi version
တက္သစ္စအဆိုေတာ္တစ္ဦးကို PDF အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္ကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္မႈ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ျဖစ္ပြား
သန္႔ဇင္ (NP News) - ဇူလိုင္ ၈

မေကြးတိုင္းေဒသႀကီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ တက္သစ္စအဆိုေတာ္တစ္ဦးကို PDF အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္ကာေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္း ျဖစ္စဥ္အားသိရွိသူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇူလိုင္လ ၅ ရက္၊ ညေန ၅နာရီအခ်ိန္က ၿမိဳ႕သစ္ၿမိဳ႕နယ္၊ မက်ည္းကုန္းေက်း႐ြာ၊ ၿမိဳ႕သစ္-နတ္ေမာက္သြားကားလမ္းေဘးတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"သူက အဲဒီကားလမ္းေလးမွာ တာခ်ီလိတ္တို႔၊ ရန္ကုန္တို႔ဘက္ကိုသြားတဲ့ကားေတြအတြက္ လက္မွတ္အေရာင္းဆိုင္ေလးဖြင့္ထားတာ။ မက်ည္းကုန္း႐ြာအထြက္လမ္းမွာေပါ့။ အဲဒီေန႔မွာ ညေန ၅နာရီေလာက္မွာ လူ ၂ေယာက္က ဆိုင္ကယ္နဲ႔ေရာက္လာၿပီး လက္မွတ္ျဖတ္ခ်င္လို႔ပါဆိုၿပီး အိမ္ထဲဝင္ၿပီးပစ္သတ္သြားတာ။ တစ္ေယာက္က ဆိုင္ေရွ႕မွာက်န္ခဲ့ၿပီး တစ္ေယာက္က ထမင္းစားတဲ့ေနရာထိဝင္လာၿပီး ပစ္သတ္သြားတာပါ"ဟု ျဖစ္စဥ္အား သိရွိသူတစ္ဦးက ေျပာ သည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ အသက္ ၂၅ ႏွစ္အ႐ြယ္ ကိုေအာင္လႊမ္းႏိုင္တြင္ က်ည္ထိမွန္ဒဏ္ ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ "သူက​သီခ်င္းဆိုပါတယ္။ Album ႏွစ္ခုေလာက္ထြက္ထားတယ္။ ရပ္႐ြာမီးလင္းေရးတို႔။ ေက်း႐ြာဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္တဲ့လူပါ။ ႏိုင္ငံေရးလုပ္ေနတဲ့လူမဟုတ္ပါဘူး။ အဲဒါကို ဒလန္လို႔ေျပာၿပီး ဝင္ပစ္သြားတာ။ (၇)ခ်က္ေလာက္ပစ္သြားတယ္လို႔ သိရတယ္။ ေခါင္းကိုမွန္တဲ့ ဒဏ္ရာနဲ႔ဆုံးတာလို႔ ေျပာပါတယ္"ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ၿမိဳ႕သစ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီးေနာက္ ဇူလိုင္လ ၆ ရက္ေန႔တြင္ မက်ည္းကုန္း႐ြာသုသာန္တြင္ မီးသၿဂႋဳလ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.