လွိုင်ကော်မြို့မှ KNDF အဖွဲ့များ စတင်ဆုတ်ခွာနေပြီဖြစ်သော်လည်း မြို့တွင်ပြန်လည်အခြေချမည့်ဒေသခံများကို ခြိမ်းခြောက်မှုများလုပ်နေ

 2560

သန့်ဇင် (NP News) - ဇူလိုင် ၈

ကယားပြည်နယ် လွိုင်ကော်မြို့မှ KNDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ စတင်ဆုတ် ခွာနေရပြီဖြစ်သော်လည်း မြို့တွင်ပြန်လည်အခြေချမည့် ဒေသခံများကို ခြိမ်းခြောက်မှုများ လုပ်နေကြောင်း လွိုင်ကော်မြို့ခံများထံ NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။

ထိုသို့ဆုတ်ခွာရသည့် ကိစ္စနှင့်ပတ်သက်၍ ပြည်ပြေးမီဒီယာတစ်ခုဖြစ်သော Myanmar Now က ဇူလိုင်လ ၅ ရက် မနက်ပိုင်းတွင် “လွိုင်ကော်မြို့မှ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ” ဟု ဝန်ခံရေးသားထားသည်ကိုလည်း တွေ့မြင်ရသည်။KNDF နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၁ ရက်နေ့မှစတင်ကာ ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့ကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သော် လည်း ယခုအခါ တပ်မတော်၏ နယ်မြေရှင်းလင်းစစ် ဆင်မှုများကြောင့် ဆုတ်ခွာနေရခြင်းဖြစ်သည်။

“ ပြန်ဆုတ်သွားတယ်ဆိုတာက အရမ်းကြီး ပြန်ဆုတ်သွားတာမဟုတ်ဘူး။ မြို့ထဲမှာ ပြောက်ကျား နဲ့ ကြိုကြားကြိုကြားတော့ရှိနေတယ်။ ဒါပေမဲ့ အရင် ရှိနေတဲ့ နောင်ယားတို့၊ ဒေါဥခူတို့ဘက်မှာတော့ ဒီ ကောင်တွေ ဆုတ်သွားပြီ။ ဆုတ်သွားပြီးတော့ နမ့်ဘော်ဝမ်တို့ ကြည် သာယာတို့ဘက်မှာ ၆လ၊ ၇လလုံး လုံးမပြေးကြဘူး။ အဲဒီဘက်ကို ဝင်လှည့်လာတာပေါ့” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိ လွိုင်ကော်မြို့တွင် သက်ဆိုင်ရာပြည်နယ်အစိုးရမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြန်လည်လုပ် ဆောင်ပေးနေသဖြင့် မြို့ခံပြည်သူများ ဝင်ရောက်နေ ထိုင်ရန် ဆန္ဒရှိသော်လည်း KNDFလက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ခြိမ်းခြောက်ခြင်းများကြောင့် စိုး ရိမ်နေကြရကြောင်း အထက်ပါဒေသခံက ဆိုသည်။

“ ပြည်သူတွေတော်တော်များများကတော့ ပြန်ဝင်လာချင်ကြတယ်။ ဒါပေမဲ့ ဟိုကောင်တွေ ကာ ဆီးထားတာလေ။ အသက်အပိုပါရင်ဝင်ပေါ့။ အဲဒီလို ကြေညာထားတာ။ အစိုးရဘက်ကတော့ပြန်ဝင်တာ ကို ပိုပြီးလက်ခံကြိုဆိုတယ်။ တောင်ကြီး မီးသတ်က နေ လွိုင်ကော်-ဆီဆိုင်လမ်းအတိုင်း ကားတန်းကြီး နဲ့ အားလုံးပေါင်းခေါ်လာတာ။ အစစ်အဆေးတောင် သိပ်မရှိဘူး။ ချယ်ရီကုန်းဘက်က ဝင်တဲ့လမ်းတွေက တော့ အခက်အခဲရှိနိုင်တယ်။ ဘာလို့ဆို တပ်က အဲဒီ ဘက်ကိုထိုးနေပြီဆိုတော့ တိုက်ပွဲဖြစ်နိုင်တယ်။ အရင်တုန်းကတော့။ သူတို့က အဲဒီလမ်းကနေ ခရီး သည်တစ်ယောက်ဆိုရင် ဆက်ကြေးပုံစံမျိုး ကျပ် (၇၀ဝဝဝ)၊ ကျပ်(၈၀ဝဝဝ)တောင်းတာ”ဟု အထက်ပါမြို့ခံက ဆိုသည်။

လွိုင်ကော်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်လိုသည့် ဒေသခံများအနေဖြင့်လည်း တိုက်ပွဲ များ ထပ်မံဖြစ်ပေါ်လာနိုင်သည့်ပြဿနာအပြင် ပျက် စီးသွားသည့်နေအိမ်များကို ပြန်လည်တည်ဆောက် ရာ၌ ငွေကြေးကုန်ကျစရိတ်များပြားသည့် ပြဿနာ များနှင့် အဓိကရင်ဆိုင်နေကြရကြောင်း ၎င်းက ရှင်းပြသည်။

“ ပြန်လည် ထူထောင်ရေးလုပ်မယ်ဆိုရင် အင်မတန်မှခက်ခဲမယ့်အရာပေါ့။ ပြည်သူတွေဘက် ကပြန်ဝင်ချင်သော်လည်း တိုက်ပွဲပြန်ဖြစ်လာနိုင်တာ ကိုလည်း စိုးရိမ်နေကြရတာပေါ့။ တချို့ကလည်း ဘယ်လိုပဲဖြစ်ဖြစ်၊ တိုက်ပွဲပဲဖြစ်ဖြစ် နေကြမယ်ဆိုတဲ့ လူတွေလည်း ရှိတာပေါ့။ နောက်တစ်ခုက မြို့ခံတွေက ဒီဘက်ကိုပြန်လာပြီး စီးပွားပြန်လုပ်ဖို့က ကြာဦးမယ်။ အခုဖြစ်သွားတာဆို စီးပွားပျက်သွားကြတာလေ။ အဲဒီ က (၃)ထပ်အိမ်(၄)အိမ်ကြီးတွေမှာက ကျန်ခဲ့သမျှ ပစ္စည်းတွေ ပျောက်သွားတာ။ ဘာမှမကျန်တော့ဘူး။ အိမ်ကျန်တဲ့လူက ကံကောင်းတာပဲ။ တချို့အိမ်တွေ ဆို လက်နက်ကြီးဒဏ်မိသွားတယ်။ အဲဒါမျိုးတွေဆို ဖြိုပစ်ရမှာလေ။ အသစ်ပြန်ဆောက်တာကမှ တော် သေးတယ်။ ဖြိုလိုက်ရင် ဖြိုခရှိသေးတယ်။ အဲဒါမျိုး တွေကြောင့်လည်း တော်တော်များများက စိတ်အကြီး အကျယ် နာသွားကြပြီ”ဟု အထက်ပါသတင်းအရင်းအမြစ်က ထပ်မံပြောသည်။

zawgyi version
လြိဳင္ေကာ္ၿမိဳ႕မွ KNDF အဖြဲ႕မ်ား စတင္ဆုတ္ခြာေနၿပီျဖစ္ေသာ္လည္း ၿမိဳ႕တြင္ျပန္လည္အေျခခ်မည့္ေဒသခံမ်ားကို ၿခိမ္းေျခာက္မႈမ်ားလုပ္ေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၈

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕မွ KNDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ား စတင္ဆုတ္ ခြာေနရၿပီျဖစ္ေသာ္လည္း ၿမိဳ႕တြင္ျပန္လည္အေျခခ်မည့္ ေဒသခံမ်ားကို ၿခိမ္းေျခာက္မႈမ်ား လုပ္ေနေၾကာင္း လြိဳင္ေကာ္ၿမိဳ႕ခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။

ထိုသို႔ဆုတ္ခြာရသည့္ ကိစၥႏွင့္ပတ္သက္၍ ျပည္ေျပးမီဒီယာတစ္ခုျဖစ္ေသာ Myanmar Now က ဇူလိုင္လ ၅ ရက္ မနက္ပိုင္းတြင္ “လြိဳင္ေကာ္ၿမိဳ႕မွ ကရင္နီေတာ္လွန္ေရး ပူးေပါင္းတပ္ေတြ ေနာက္ဆုတ္ေပးလိုက္ရၿပီ” ဟု ဝန္ခံေရးသားထားသည္ကိုလည္း ေတြ႕ျမင္ရသည္။KNDF ႏွင့္ PDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕တို႔သည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ လ ၁၁ ရက္ေန႔မွစတင္ကာ ကယားျပည္နယ္၏ၿမိဳ႕ေတာ္ လြိဳင္ေကာ္ၿမိဳ႕ကို ထိုးစစ္ဆင္ခဲ့ျခင္းျဖစ္ေသာ္ လည္း ယခုအခါ တပ္မေတာ္၏ နယ္ေျမရွင္းလင္းစစ္ ဆင္မႈမ်ားေၾကာင့္ ဆုတ္ခြာေနရျခင္းျဖစ္သည္။

“ ျပန္ဆုတ္သြားတယ္ဆိုတာက အရမ္းႀကီး ျပန္ဆုတ္သြားတာမဟုတ္ဘူး။ ၿမိဳ႕ထဲမွာ ေျပာက္က်ား နဲ႔ ႀကိဳၾကားႀကိဳၾကားေတာ့ရွိေနတယ္။ ဒါေပမဲ့ အရင္ ရွိေနတဲ့ ေနာင္ယားတို႔၊ ေဒါဥခူတို႔ဘက္မွာေတာ့ ဒီ ေကာင္ေတြ ဆုတ္သြားၿပီ။ ဆုတ္သြားၿပီးေတာ့ နမ့္ေဘာ္ဝမ္တို႔ ၾကည္ သာယာတို႔ဘက္မွာ ၆လ၊ ၇လလုံး လုံးမေျပးၾကဘူး။ အဲဒီဘက္ကို ဝင္လွည့္လာတာေပါ့” ဟု လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။ လက္ရွိ လြိဳင္ေကာ္ၿမိဳ႕တြင္ သက္ဆိုင္ရာျပည္နယ္အစိုးရမွ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ျပန္လည္လုပ္ ေဆာင္ေပးေနသျဖင့္ ၿမိဳ႕ခံျပည္သူမ်ား ဝင္ေရာက္ေန ထိုင္ရန္ ဆႏၵရွိေသာ္လည္း KNDFလက္နက္ကိုင္ ပူးေပါင္းအဖြဲ႕မ်ား၏ ၿခိမ္းေျခာက္ျခင္းမ်ားေၾကာင့္ စိုး ရိမ္ေနၾကရေၾကာင္း အထက္ပါေဒသခံက ဆိုသည္။

“ ျပည္သူေတြေတာ္ေတာ္မ်ားမ်ားကေတာ့ ျပန္ဝင္လာခ်င္ၾကတယ္။ ဒါေပမဲ့ ဟိုေကာင္ေတြ ကာ ဆီးထားတာေလ။ အသက္အပိုပါရင္ဝင္ေပါ့။ အဲဒီလို ေၾကညာထားတာ။ အစိုးရဘက္ကေတာ့ျပန္ဝင္တာ ကို ပိုၿပီးလက္ခံႀကိဳဆိုတယ္။ ေတာင္ႀကီး မီးသတ္က ေန လြိဳင္ေကာ္-ဆီဆိုင္လမ္းအတိုင္း ကားတန္းႀကီး နဲ႔ အားလုံးေပါင္းေခၚလာတာ။ အစစ္အေဆးေတာင္ သိပ္မရွိဘူး။ ခ်ယ္ရီကုန္းဘက္က ဝင္တဲ့လမ္းေတြက ေတာ့ အခက္အခဲရွိႏိုင္တယ္။ ဘာလို႔ဆို တပ္က အဲဒီ ဘက္ကိုထိုးေနၿပီဆိုေတာ့ တိုက္ပြဲျဖစ္ႏိုင္တယ္။ အရင္တုန္းကေတာ့။ သူတို႔က အဲဒီလမ္းကေန ခရီး သည္တစ္ေယာက္ဆိုရင္ ဆက္ေၾကးပုံစံမ်ိဳး က်ပ္ (၇၀ဝဝဝ)၊ က်ပ္(၈၀ဝဝဝ)ေတာင္းတာ”ဟု အထက္ပါၿမိဳ႕ခံက ဆိုသည္။

လြိဳင္ေကာ္ၿမိဳ႕အတြင္း ျပန္လည္ဝင္ေရာက္ ေနထိုင္လိုသည့္ ေဒသခံမ်ားအေနျဖင့္လည္း တိုက္ပြဲ မ်ား ထပ္မံျဖစ္ေပၚလာႏိုင္သည့္ျပႆနာအျပင္ ပ်က္ စီးသြားသည့္ေနအိမ္မ်ားကို ျပန္လည္တည္ေဆာက္ ရာ၌ ေငြေၾကးကုန္က်စရိတ္မ်ားျပားသည့္ ျပႆနာ မ်ားႏွင့္ အဓိကရင္ဆိုင္ေနၾကရေၾကာင္း ၎က ရွင္းျပသည္။

“ ျပန္လည္ ထူေထာင္ေရးလုပ္မယ္ဆိုရင္ အင္မတန္မွခက္ခဲမယ့္အရာေပါ့။ ျပည္သူေတြဘက္ ကျပန္ဝင္ခ်င္ေသာ္လည္း တိုက္ပြဲျပန္ျဖစ္လာႏိုင္တာ ကိုလည္း စိုးရိမ္ေနၾကရတာေပါ့။ တခ်ိဳ႕ကလည္း ဘယ္လိုပဲျဖစ္ျဖစ္၊ တိုက္ပြဲပဲျဖစ္ျဖစ္ ေနၾကမယ္ဆိုတဲ့ လူေတြလည္း ရွိတာေပါ့။ ေနာက္တစ္ခုက ၿမိဳ႕ခံေတြက ဒီဘက္ကိုျပန္လာၿပီး စီးပြားျပန္လုပ္ဖို႔က ၾကာဦးမယ္။ အခုျဖစ္သြားတာဆို စီးပြားပ်က္သြားၾကတာေလ။ အဲဒီ က (၃)ထပ္အိမ္(၄)အိမ္ႀကီးေတြမွာက က်န္ခဲ့သမွ် ပစၥည္းေတြ ေပ်ာက္သြားတာ။ ဘာမွမက်န္ေတာ့ဘူး။ အိမ္က်န္တဲ့လူက ကံေကာင္းတာပဲ။ တခ်ိဳ႕အိမ္ေတြ ဆို လက္နက္ႀကီးဒဏ္မိသြားတယ္။ အဲဒါမ်ိဳးေတြဆို ၿဖိဳပစ္ရမွာေလ။ အသစ္ျပန္ေဆာက္တာကမွ ေတာ္ ေသးတယ္။ ၿဖိဳလိုက္ရင္ ၿဖိဳခရွိေသးတယ္။ အဲဒါမ်ိဳး ေတြေၾကာင့္လည္း ေတာ္ေတာ္မ်ားမ်ားက စိတ္အႀကီး အက်ယ္ နာသြားၾကၿပီ”ဟု အထက္ပါသတင္းအရင္းအျမစ္က ထပ္မံေျပာသည္။

Related news

© 2021. All rights reserved.