ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ကြရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

 774

မြူနစ် (NP News) - ဇူလိုင် ၈

ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ကြရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက တိုက်တွန်းလိုက်သည်။ ၎င်းက ယမန်နေ့ (ဇူလိုင်လ ၇ ရက်)တွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသော မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဝန်ထမ်းများကို အထက်ပါကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲစာရင်းမှားယွင်းမှုများကို စစ်ဆေးဆောင်ရွက်ပြီးချိန်မှစ၍ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်နေသည်ဟု ဥက္ကဋ္ဌ ဦးကိုကိုက ဆိုသည်။ ထို့ပြင် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်ရေးသာမက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမီုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲအကြိုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများကို ယခုထက်အရှိန် အဟုန်မြှင့်ကာ အသင့်ဖြစ်နေရေး ဆောင်ရွက်ထားကြရန် ကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းများကို တိုက်တွန်းပြောဆိုထားသည်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုလည်း ထုတ်ပြန်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအစိုးရအနေဖြင့် အထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ် အတွင်း ပြန်လည်ကျင်းပပေးရန် ကြိုတင်ပြင်ဆင်နေလျက်ရှိသည်။

zawgyi version
ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရန္ ႀကိဳတင္ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ားကို အရွိန္ျမႇင့္ေဆာင္႐ြက္ၾကရန္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ တိုက္တြန္း

ျမဴနစ္ (NP News) - ဇူလိုင္ ၈

ေ႐ြးေကာက္ပြဲက်င္းပႏိုင္ရန္ ႀကိဳတင္ေဆာင္႐ြက္ရမည့္လုပ္ငန္းမ်ားကို အရွိန္ျမႇင့္ေဆာင္႐ြက္ၾကရန္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးကိုကိုက တိုက္တြန္းလိုက္သည္။ ၎က ယမန္ေန႔ (ဇူလိုင္လ ၇ ရက္)တြင္ ေနျပည္ေတာ္ရွိ ဆင္ျဖဴရွင္ခန္းမ၌ က်င္းပေသာ မဲဆႏၵရွင္စာရင္းမ်ား စီမံခန႔္ခြဲမႈစနစ္ဆိုင္ရာအလုပ္႐ုံေဆြးေႏြးပြဲတြင္ ေကာ္မရွင္ဝန္ထမ္းမ်ားကို အထက္ပါကဲ့သို႔ တိုက္တြန္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ျဖစ္ပြားခဲ့ေသာ မဲစာရင္းမွားယြင္းမႈမ်ားကို စစ္ေဆးေဆာင္႐ြက္ၿပီးခ်ိန္မွစ၍ မဲဆႏၵရွင္စာရင္းျပည့္စုံမွန္ကန္ေရးကို တစိုက္မတ္မတ္ေဆာင္႐ြက္ေနသည္ဟု ဥကၠ႒ ဦးကိုကိုက ဆိုသည္။ ထို႔ျပင္ အေျခခံမဲစာရင္းမ်ား ျပည့္စုံမွန္ကန္ေရးသာမက လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံဒီမီုကေရစီအေထြေထြေ႐ြး ေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္လည္း ျပင္ဆင္ေဆာင္႐ြက္ရမည့္ ေ႐ြးေကာက္ပြဲအႀကိဳလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ရန္ရွိသည့္လုပ္ငန္းမ်ားကို ယခုထက္အရွိန္ အဟုန္ျမႇင့္ကာ အသင့္ျဖစ္ေနေရး ေဆာင္႐ြက္ထားၾကရန္ ေကာ္မရွင္ဥကၠ႒က ဝန္ထမ္းမ်ားကို တိုက္တြန္းေျပာဆိုထားသည္။ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္အေနျဖင့္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒ၊ နည္းဥပေဒမ်ားကိုလည္း ထုတ္ျပန္ႏိုင္ေရး လုပ္ေဆာင္ေနေၾကာင္း သိရသည္။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ နစကအစိုးရအေနျဖင့္ အေထြေထြေ႐ြးေကာက္ပြဲကို လာမည့္ ၂၀၂၅ ခုႏွစ္ အတြင္း ျပန္လည္က်င္းပေပးရန္ ႀကိဳတင္ျပင္ဆင္ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.