တောင်ကိုရီးယားမင်းသား ဆောင်ဂျွန်ကီတို့ စုံတွဲ ဒုတိယမြောက် ရင်သွေးအတွက် ပြင်ဆင်နေ

 5967

ရောင်နီ(NP News) - ဇူလိုင် ၉

တောင်ကိုရီးယား သရုပ်ဆောင် မင်းသား ဆောင်ဂျွန်ကီနဲ့ ဇနီး ကေတီလူးဝစ်ဆောင်ဒါစ် တို့ဟာ ဒုတိယမြောက် ရင်သွေးအတွက် ကိုယ်ဝန်လွယ်ထားရပြီ ဆိုတဲ့အကြောင်း တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်) က တောင်ကိုရီးယားမီဒီယာတွေမှ အတည်ပြုပြောကြားလာခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယကိုယ်ဝန်ရဲ့ မွေးဖွားမယ့်ရက်နဲ့ ယောကျာ်းလေးလား၊မိန်းကလေးလားဆိုတာကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။ ဆောင်ဂျွန်ကီဟာ ၂၀၂၃ ခုနှစ် ဇွန်လမှာ သားဦးလေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ဖန်တီးပိုင်ဆိုင်ထားပါတယ်။ ဆောင်ဂျွန်ကီဟာ "Reborn Rich" ဒရာမာပြီးနောက် ဗြိတိန်သရုပ်ဆောင်မင်းသမီး ကေတီလူးဝစ်ဆောင်ဒါစ်နဲ့ သို့လောသို့လော သတင်းတွေထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ တရားဝင်တွဲခဲ့ကြပြီး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆောင်ဂျွန်ကီဟာ ၂၀၁၇ ခုနှစ်ကလည်း သူပါဝင်တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲ "Descendants Of The Sun" မှာအတူတွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဆောင်းဟေကိုနဲ့ ၂၀၁၇ ခုနှစ်က လက်ထပ်ခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်မှာတော့ ကွာရှင်းခဲ့ပါတယ်။

zawgyi version
ေတာင္ကိုရီးယားမင္းသား ေဆာင္ဂြၽန္ကီတို႔ စုံတြဲ ဒုတိယေျမာက္ ရင္ေသြးအတြက္ ျပင္ဆင္ေန
ေရာင္နီ(NP News) - ဇူလိုင္ ၉

ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသား ေဆာင္ဂြၽန္ကီနဲ႔ ဇနီး ေကတီလူးဝစ္ေဆာင္ဒါစ္ တို႔ဟာ ဒုတိယေျမာက္ ရင္ေသြးအတြက္ ကိုယ္ဝန္လြယ္ထားရၿပီ ဆိုတဲ့အေၾကာင္း တနလၤာေန႔ (ဇူလိုင္လ ၈ ရက္) က ေတာင္ကိုရီးယားမီဒီယာေတြမွ အတည္ျပဳေျပာၾကားလာခဲ့ပါတယ္။

ဒါေပမဲ့ ဒုတိယကိုယ္ဝန္ရဲ႕ ေမြးဖြားမယ့္ရက္နဲ႔ ေယာက်ာ္းေလးလား၊မိန္းကေလးလားဆိုတာကိုေတာ့ မသိရေသးဘူးလို႔ သိရပါတယ္။ ေဆာင္ဂြၽန္ကီဟာ ၂၀၂၃ ခုႏွစ္ ဇြန္လမွာ သားဦးေလးကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝကို ဖန္တီးပိုင္ဆိုင္ထားပါတယ္။ ေဆာင္ဂြၽန္ကီဟာ "Reborn Rich" ဒရာမာၿပီးေနာက္ ၿဗိတိန္သ႐ုပ္ေဆာင္မင္းသမီး ေကတီလူးဝစ္ေဆာင္ဒါစ္နဲ႔ သို႔ေလာသို႔ေလာ သတင္းေတြထြက္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွာ တရားဝင္တြဲခဲ့ၾကၿပီး လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။

ေဆာင္ဂြၽန္ကီဟာ ၂၀၁၇ ခုႏွစ္ကလည္း သူပါဝင္တဲ့ နာမည္ႀကီး ဇာတ္လမ္းတြဲ "Descendants Of The Sun" မွာအတူတြဲဖက္ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီးေဆာင္းေဟကိုနဲ႔ ၂၀၁၇ ခုႏွစ္က လက္ထပ္ခဲ့ဖူးၿပီး ၂၀၁၉ ခုႏွစ္မွာေတာ့ ကြာရွင္းခဲ့ပါတယ္။

Related news

© 2021. All rights reserved.