လက်ရှိဘဏ္ဍာနှစ်(၃)လ၌ ကုန်သွယ်မှုပိုငွေပြနေသော်လည်း ကုန်သွယ်နိုင်မှုပမာဏ ဒေါ်လာတစ်ဘီလျံကျော် လျော့ကျ

 987

မြူနစ် (NP News) - ဇူလိုင် ၉

လက်ရှိဘဏ္ဍာနှစ်၏ (၃)လတာကာလအတွင်း၌ ကုန်သွယ်မှုပိုငွေပြနေသော်လည်း ယခင်ဘဏ္ဍာနှစ်၏ အလားတူ(၃)လတာကာလနှင့်နှိုင်းယှဉ်ပါက ကုန် သွယ်နိုင်မှုပမာဏမှာ ဒေါ်လာတစ်ဘီလျံကျော် လျော့ ကျနေလျက်ရှိသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၏ ဧပြီလ၊ မေလ၊ ဇွန်လ (၃)လအတွင်း၌ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများသို့ပို့ကုန်တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၃၂၁၁ ဒသမ ၄၀၇ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အဆိုပါ (၃)လတာကာလအတွင်း၌ မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှသွင်းကုန်ပြန်လည်တင်သွင်းရာ တွင် အမေရိကန်ဒေါ်လာ ၃၀၁၂ ဒသမ ၃၀၇ သန်းရှိ ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်နိုင်မှုမှာ အမေရိကန် ဒေါ်လာ ၆၂၂၃ ဒသမ ၇၁၄ သန်းရှိခဲ့ပြီး ကုန်သွယ်မှု ပိုငွေအနေဖြင့် အမေရိကန်ဒေါ်လာသန်း (၂၀ဝ) နီးပါးရရှိထားသည်။

သို့သော် ပြီးခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၏ ဧပြီလ၊ မေလ၊ ဇွန်လ (၃)လတာကာလနှင့် နှိုင်း ယှဉ်ကြည့်ပါက ယခုနှစ်ကုန်သွယ်နိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၁)ဘီလျံကျော် လျော့နည်းနေသည်ကို တွေ့ရှိရသည်။ "ပါမစ်အပိုင်းမှာလည်း အ ခက်အခဲတွေတော့ ရှိတယ်။ တချို့ဆိုရင် အောက် လမ်းကနေ သွင်းတာတွေ၊ ပို့တာတွေ ရှိတယ်။ နယ် စပ်တင်ပို့မှုကတော့ လျော့ကျတာပေါ့ တိုက်ပွဲတွေ ကြောင့်လည်းပါသလို လမ်းခရီးအခက်အခဲတွေလည်း အများကြီးရှိတယ်။ အရင်က နယ်စပ်ကနေ တင်ပို့တဲ့ ဂိတ်တွေက အဆင်မပြေတော့ ပင်လယ်ရေကြောင်း ဘက်ကို လှည့်လာရတာပေါ့။ အဲဒီတော့ ပင်လယ်ရေ ကြောင်းကနေ တင်ပို့မှုတွေ တက်လာတာပေါ့"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၃၄၄၃ ဒသမ ၈၂၆ သန်းရရှိခဲ့ပြီး သွင်းကုန် ပြန်လည်တင်သွင်းမှုမှာ ဒေါ်လာ ၄၂၇၃ ဒသမ ၂၄၆ သန်းရှိကာ စုစုပေါင်းကုန်သွယ်နိုင်မှုပမာဏမှာ ဒေါ် လာ ၇ ဒသမ ၇ ဘီလျံကျော်ရှိခဲ့သည်ကို တွေ့ရှိရ သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေလျက်ရှိပြီး နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများသည်လည်း ရပ်တန့်နေလျက်ရှိကာ ပင်လယ်ရေကြောင်း ကုန် သွယ်ရေးကိုသာ အဓိကအားထားနေရလျက်ရှိကြောင်း တွေ့ရှိရသည်။

ယခုဘဏ္ဍာနှစ်၏ (၃)လတာကာလတွင် ပင်လယ်ရေကြောင်းဖြင့် ပို့ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၂၂၆ ဒသမ ၁၈၁ သန်းရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် (၃)လတာကာလတွင် အမေရိကန်ဒေါ်လာ ၁၈၀၈ ဒသမ ၃၅၂ သန်းသာရှိခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ယခုဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ် ရေးမှ ပို့ကုန်ဝင်ငွေရရှိမှုသည် ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အမေရိကန်ဒေါ်လာသန်း (၆၅၀)ကျော်အထိ လျော့နည်းကျဆင်းသွားသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ မတည်ငြိမ်မှုများသည် ကုန်သွယ် ရေးအပေါ် များစွာသက်ရောက်လျက်ရှိနေသည်ကို တွေ့ရသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်း နှင့် စက်မှုကုန်ချောများကို အဓိကတင်ပို့နေ လျက်ရှိကြောင်း သိရသည်။

zawgyi version
လက္ရွိဘ႑ာႏွစ္(၃)လ၌ ကုန္သြယ္မႈပိုေငြျပေနေသာ္လည္း ကုန္သြယ္ႏိုင္မႈပမာဏ ေဒၚလာတစ္ဘီလ်ံေက်ာ္ ေလ်ာ့က်
ျမဴနစ္ (NP News) - ဇူလိုင္ ၉

လက္ရွိဘ႑ာႏွစ္၏ (၃)လတာကာလအတြင္း၌ ကုန္သြယ္မႈပိုေငြျပေနေသာ္လည္း ယခင္ဘ႑ာႏွစ္၏ အလားတူ(၃)လတာကာလႏွင့္ႏႈိင္းယွဥ္ပါက ကုန္ သြယ္ႏိုင္မႈပမာဏမွာ ေဒၚလာတစ္ဘီလ်ံေက်ာ္ ေလ်ာ့ က်ေနလ်က္ရွိသည္။ ယခု ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္ ၏ ဧၿပီလ၊ ေမလ၊ ဇြန္လ (၃)လအတြင္း၌ ျမန္မာႏိုင္ငံ အေနျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ပို႔ကုန္တင္ပို႔မႈမွ အေမရိ ကန္ေဒၚလာ ၃၂၁၁ ဒသမ ၄၀၇ သန္းရရွိထားေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ (၃)လတာကာလအတြင္း၌ ျမန္မာႏိုင္ငံ အေနျဖင့္ ျပည္ပမွသြင္းကုန္ျပန္လည္တင္သြင္းရာ တြင္ အေမရိကန္ေဒၚလာ ၃၀၁၂ ဒသမ ၃၀၇ သန္းရွိ ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ႏိုင္မႈမွာ အေမရိကန္ ေဒၚလာ ၆၂၂၃ ဒသမ ၇၁၄ သန္းရွိခဲ့ၿပီး ကုန္သြယ္မႈ ပိုေငြအေနျဖင့္ အေမရိကန္ေဒၚလာသန္း (၂၀ဝ) နီးပါးရရွိထားသည္။

သို႔ေသာ္ ၿပီးခဲ့ေသာ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္ ၏ ဧၿပီလ၊ ေမလ၊ ဇြန္လ (၃)လတာကာလႏွင့္ ႏႈိင္း ယွဥ္ၾကည့္ပါက ယခုႏွစ္ကုန္သြယ္ႏိုင္မႈပမာဏသည္ အေမရိကန္ေဒၚလာ (၁)ဘီလ်ံေက်ာ္ ေလ်ာ့နည္းေနသည္ကို ေတြ႕ရွိရသည္။ "ပါမစ္အပိုင္းမွာလည္း အ ခက္အခဲေတြေတာ့ ရွိတယ္။ တခ်ိဳ႕ဆိုရင္ ေအာက္ လမ္းကေန သြင္းတာေတြ၊ ပို႔တာေတြ ရွိတယ္။ နယ္ စပ္တင္ပို႔မႈကေတာ့ ေလ်ာ့က်တာေပါ့ တိုက္ပြဲေတြ ေၾကာင့္လည္းပါသလို လမ္းခရီးအခက္အခဲေတြလည္း အမ်ားႀကီးရွိတယ္။ အရင္က နယ္စပ္ကေန တင္ပို႔တဲ့ ဂိတ္ေတြက အဆင္မေျပေတာ့ ပင္လယ္ေရေၾကာင္း ဘက္ကို လွည့္လာရတာေပါ့။ အဲဒီေတာ့ ပင္လယ္ေရ ေၾကာင္းကေန တင္ပို႔မႈေတြ တက္လာတာေပါ့"ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္ ပို႔ကုန္တင္ပို႔မႈမွ ေဒၚလာ ၃၄၄၃ ဒသမ ၈၂၆ သန္းရရွိခဲ့ၿပီး သြင္းကုန္ ျပန္လည္တင္သြင္းမႈမွာ ေဒၚလာ ၄၂၇၃ ဒသမ ၂၄၆ သန္းရွိကာ စုစုေပါင္းကုန္သြယ္ႏိုင္မႈပမာဏမွာ ေဒၚ လာ ၇ ဒသမ ၇ ဘီလ်ံေက်ာ္ရွိခဲ့သည္ကို ေတြ႕ရွိရ သည္။ ျမန္မာႏိုင္ငံ၏ နယ္စပ္ေဒသမ်ားတြင္ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားေနလ်က္ရွိၿပီး နယ္စပ္ကုန္သြယ္ ေရးလမ္းေၾကာင္းမ်ားသည္လည္း ရပ္တန႔္ေနလ်က္ရွိကာ ပင္လယ္ေရေၾကာင္း ကုန္ သြယ္ေရးကိုသာ အဓိကအားထားေနရလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

ယခုဘ႑ာႏွစ္၏ (၃)လတာကာလတြင္ ပင္လယ္ေရေၾကာင္းျဖင့္ ပို႔ကုန္တင္ပို႔မႈမွ အေမရိကန္ ေဒၚလာ ၂၂၂၆ ဒသမ ၁၈၁ သန္းရွိခဲ့ၿပီး ယခင္ဘ႑ာႏွစ္ (၃)လတာကာလတြင္ အေမရိကန္ေဒၚလာ ၁၈၀၈ ဒသမ ၃၅၂ သန္းသာရွိခဲ့သည္ကို ေတြ႕ရသည္။ ထို႔ျပင္ ယခုဘ႑ာႏွစ္တြင္ နယ္စပ္ကုန္သြယ္ ေရးမွ ပို႔ကုန္ဝင္ေငြရရွိမႈသည္ ယခင္ဘ႑ာႏွစ္ႏွင့္ ႏႈိင္းယွဥ္ၾကည့္မည္ဆိုပါက အေမရိကန္ေဒၚလာသန္း (၆၅၀)ေက်ာ္အထိ ေလ်ာ့နည္းက်ဆင္းသြားသည္ကို ေတြ႕ရွိရသည္။

ျမန္မာႏိုင္ငံ၏ နယ္စပ္ေဒသမ်ားတြင္ ျဖစ္ပြားေန သည့္ တိုက္ပြဲမ်ား၊ မတည္ၿငိမ္မႈမ်ားသည္ ကုန္သြယ္ ေရးအေပၚ မ်ားစြာသက္ေရာက္လ်က္ရွိေနသည္ကို ေတြ႕ရသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ လယ္ယာထြက္ပစၥည္း၊ ေရထြက္ပစၥည္း၊ သတၱဳတြင္းထြက္ပစၥည္း၊ သစ္ေတာထြက္ ပစၥည္း ႏွင့္ စက္မႈကုန္ေခ်ာမ်ားကို အဓိကတင္ပို႔ေန လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.